International

ဆီနီဂေါနဲ့ပွဲကို ပြန်ကစားခွင့်ပေးဖို့ တောင်းဆိုနေတဲ့ အီဂျစ်ဆန္ဒ ပြည့်ဝနိုင်မလား

ဒေါသထွက်နေတဲ့ အီဂျစ်အသင်းတာဝန်ရှိသူတွေဟာ ၎င်းတို့ရဲ့ ကမ္ဘာ့ဖလားဝင်ခွင့်အတွက် အဆုံးအဖြတ်ဖြစ်ခဲ့တဲ့ ဆီနီဂေါနဲ့ပွဲစဉ်မှာ ပရိသတ်တွေက မိုဟာမက် ဆာလား ပင်နယ်တီကန်သွင်းမယ့်အချိန်မှာ လေဆာရောင်ခြည်နဲ့ တိုက်ခိုက်ခြင်းခံခဲ့ရတာကြောင့် ပြန်လည်ကစားခွင့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဆာလားနဲ့ အီဂျစ်အသင်းသားတွေဟာ ကာတာ ကမ္ဘာ့ဖလားဝင်ခွင့်အတွက် play-off ပထမအကျော့က ၁-၀ နဲ့ အနိုင်ရလဒ်ကို ကာကွယ်ဖို့အတွက် ကြိုးပမ်းခဲ့ကြပေမယ့်လည်း ဟမ်ဒီ ဖာသီက ၄ မိနစ်မှာ ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ် ခံယူခဲ့ရတာဖြစ်ပါတယ်။

ဆီနီဂေါအသင်းဟာ ပင်နယ်တီ အဆုံးအဖြတ်မှာ ၃-၁ နဲ့ အနိုင်ရရှိပြီး ယခုနှစ် နှောင်းပိုင်း ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ခွင့်တစ်နေရာ အခိုင်အမာ ရရှိသွားခဲ့တာဖြစ်ပြီး အီဂျစ်အသင်းဘက်က တိုက်စစ်မှူး ဆာလားက ပင်နယ်တီ လွဲချော်သွားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဆာလားအနေနဲ့ ပင်နယ်တီ ကန်သွင်းဖို့ ပြင်ဆင်နေချိန်မှာ လေဆာရောင်ခြည်အများအပြားက ၎င်းရဲ့ မျက်နှာပေါ်ကို ကျရောက်နေခဲ့တာဖြစ်ပြီး အဲဒါကြောင့် ပင်နယ်တီ လွဲချော်သွားခဲ့တာဖြစ်ပါတယ်။ အီဂျစ်အသင်းဟာ ဆီနီဂေါကို အာဖရိကဖလားဗိုလ်လုပွဲမှာ ပင်နယ်တီ အဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ကမ္ဘာ့ဖလားဝင်ခွင့်အတွက် အဆုံးအဖြတ်ပွဲမှာပါ နောက်ထပ် ပင်နယ်တီ အဆုံးအဖြတ်နဲ့ အသည်းကွဲခဲ့တာကြောင့် ခါးသီးတဲ့ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ အီဂျစ်အသင်းဟာ ဖီဖာကို စောဒကတက်ခဲ့ပြီး စိတ်လှုပ်ရှားစရာကောင်းစွာနဲ့ပဲ အဲဒီ စောဒကတက်မှုထဲမှာ ဆီနီဂေါနဲ့ ပွဲကို ပြန်လည် ကစားခွင့်ပေးဖို့အတွက် တောင်းဆိုမှုလည်း ပါဝင်နေခဲ့တာဖြစ်ပါတယ်။

အီဂျစ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဂျမားလ် အယ်လန်က “ဟာနီ အဘူ ရီဒါ၊ ဟာဆန် မူစတာဖာနဲ့ အာဖရိကနဲ့ နိုင်ငံတကာဖက်ဒရေးရှင်းမှာရှိနေကြတဲ့ အီဂျစ်လူမျိုး တာဝန်ရှိသူတွေအနေနဲ့ အီဂျစ်အသင်းကို အားပေးထောက်ခံဖို့အတွက် ကြားဝင်ရပါမယ်။ ကြာသပတေးနေ့ညနေ ဖီဖာ ကွန်ဂရက်ကို တက်ရောက်ဖို့ ကျွန်တော် ကာတာကို သွားနေပါတယ်”

“ကျွန်တော်တို့ ဖီဖာဥက္ကဌ အင်ဖန်တီနိုရော အာဖရိကဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ပက်ထရိစ် မော့တ်ဆီပီကိုပါ တွေ့ဆုံခွင့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ကျွန်တော်တို့ ဆီနီဂေါနဲ့ပွဲကိုပါ ပြန်ကစားခွင့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ပွဲစဉ်က ထူးဆန်းတဲ့ ပတ်ဝန်းကျင်မှာ ကျင်းပခဲ့ရလို့ပါ”

“ကျွန်တော်တို့ သာမန်အခြေအနေမှာ ရှုံးနိမ့်ခဲ့တာဆိုရင် ဆီနီဂေါအသင်းကို ဂုဏ်ပြုသွားမှာပါ။ ဘာတွေဖြစ်ခဲ့လဲဆိုတာကို ဖက်ဒရေးရှင်းက စည်းကမ်းထိန်းသိမ်းရေးကော်မတီကို တင်ပြသွားမှာဖြစ်ပြီး တုံ့ပြန်မှုကို စောင့်ဆိုင်းသွားမှာပါ။ ကျွန်တော်တို့ ပွဲစဉ်အတွင်းမှာ ဖြစ်ပျက်ခဲ့တာတွေ အများကြီး ရှိနေခဲ့ပါတယ်”

“ကျွန်တော်တို့ ကစားသမားတွေဟာ တိုက်ခိုက်ခြင်း ခံခဲ့ရပါတယ်။ မိုဟာမက် ဆာလားက ဆီနီဂေါပရိသတ်တွေရဲ့ တိုက်ခိုက်မှုကို အများဆုံး ခံခဲ့ရပြီး ဒါရိုက်တာဘုတ်အဖွဲ့ကို အရန်ခုံတန်းမှာ ရှိနေဖို့ တောင်းဆိုခဲ့ပေမယ့်လည်း သူတို့တွေ ငြင်းဆိုခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

အီဂျစ်အသင်းရဲ့ စောဒကတက်မှုမှာ ကစားသမားတွေအနေနဲ့ လူမျိုးရေးခွဲခြားခံခဲ့ရပြီး သွေးပူလေ့ကျင့်ရေးလုပ်နေချိန်နဲ့ ဘတ်စ်ကားပေါ်မှာ ရှိနေချိန်တွေမှာ အရာဝတ္ထုတွေနဲ့ ပစ်ပေါက်ပြီး တိုက်ခိုက်ခံခဲ့ရတယ်ဆိုတဲ့အချက်လည်း ပါဝင်ခဲ့ပါတယ်။

ဖီဖာက နောက်ထပ်တဆင့် မဆုံးဖြတ်ခင် ပွဲအစီရင်ခံစာကို အကဲဖြတ်စစ်ဆေးသွားမှာဖြစ်ပြီး “ဖီဖာအနေနဲ့ ဆီနီဂေါနဲ့ အီဂျစ်တို့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပွဲအစီရင်ခံစာကို ခွဲခြမ်းစိတ်ဖြာတဲ့ လုပ်ငန်းစဉ်ကို လုပ်ဆောင်နေပါတယ်။ ပွဲအစီရင်ခံစာထဲမှာ ပါဝင်တဲ့ သက်ဆိုင်ရာအချက်အလက်တွေကို နောက်ထပ်လုပ်ဆောင်ရမယ့် အဆင့်တွေကို မဆုံးဖြတ်မီ ပြိုင်ပွဲ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က အကဲဖြတ်သွားမှာဖြစ်ပါတယ်”လို့ ထုတ်ပြန်ကြေညာချက်ထဲမှာ ပြောကြားထားပါတယ်။

ဆီနီဂေါနဲ့ပွဲစဉ်က ရလဒ်အရ ဆာလားအနေနဲ့ ယခုဆောင်းရာသီ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်နိုင်မှာမဟုတ်ဘူးလို့ အဓိပ္ပာယ်ရပြီး လီဗာပူးလ်တိုက်စစ်မှူးဟာ ၂၀၂၄ ခုနှစ်အထိ အီဂျစ်အသင်းအတွက် ဆက်လက်ကစားပေးမယ်ဆိုတဲ့ အာမခံချက်မျိုး မပေးခဲ့တာဖြစ်ပါတယ်။

“ငါ မင်းနဲ့ ကစားရတာကို ဂုဏ်ယူမိပြီး အနာဂတ်မှာ မင်းနဲ့ အတူတူ ကစားရသည်ဖြစ်စေ၊ မကစားရသည်ဖြစ်စေ မင်းနဲ့ ကစားရတဲ့အတွက် ငါ ဂုဏ်ယူမိပါတယ်”လို့ ဆာလားက လူမှုကွန်ရက်ပေါ်က ဗီဒီယိုဖိုင်ထဲမှာ အီဂျစ်အသင်းဖော်တွေကို ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေဒါသထြက္ေနတဲ့ အီဂ်စ္အသင္းတာဝန္ရွိသူေတြဟာ ၎တို႔ရဲ႕ ကမာၻ႔ဖလားဝင္ခြင့္အတြက္ အဆုံးအျဖတ္ျဖစ္ခဲ့တဲ့ ဆီနီေဂါနဲ႔ပြဲစဥ္မွာ ပရိသတ္ေတြက မိုဟာမက္ ဆာလား ပင္နယ္တီကန္သြင္းမယ့္အခ်ိန္မွာ ေလဆာေရာင္ျခည္နဲ႔ တိုက္ခိုက္ျခင္းခံခဲ့ရတာေၾကာင့္ ျပန္လည္ကစားခြင့္ေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္။

ဆာလားနဲ႔ အီဂ်စ္အသင္းသားေတြဟာ ကာတာ ကမာၻ႔ဖလားဝင္ခြင့္အတြက္ play-off ပထမအေက်ာ့က ၁-၀ နဲ႔ အႏိုင္ရလဒ္ကို ကာကြယ္ဖို႔အတြက္ ႀကိဳးပမ္းခဲ့ၾကေပမယ့္လည္း ဟမ္ဒီ ဖာသီက ၄ မိနစ္မွာ ကိုယ့္ဂိုးကိုယ္ျပန္သြင္းမိခဲ့တာေၾကာင့္ ပင္နယ္တီအဆုံးအျဖတ္ ခံယူခဲ့ရတာျဖစ္ပါတယ္။

ဆီနီေဂါအသင္းဟာ ပင္နယ္တီ အဆုံးအျဖတ္မွာ ၃-၁ နဲ႔ အႏိုင္ရရွိၿပီး ယခုႏွစ္ ေႏွာင္းပိုင္း ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲကို ဝင္ခြင့္တစ္ေနရာ အခိုင္အမာ ရရွိသြားခဲ့တာျဖစ္ၿပီး အီဂ်စ္အသင္းဘက္က တိုက္စစ္မႉး ဆာလားက ပင္နယ္တီ လြဲေခ်ာ္သြားခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဆာလားအေနနဲ႔ ပင္နယ္တီ ကန္သြင္းဖို႔ ျပင္ဆင္ေနခ်ိန္မွာ ေလဆာေရာင္ျခည္အမ်ားအျပားက ၎ရဲ႕ မ်က္ႏွာေပၚကို က်ေရာက္ေနခဲ့တာျဖစ္ၿပီး အဲဒါေၾကာင့္ ပင္နယ္တီ လြဲေခ်ာ္သြားခဲ့တာျဖစ္ပါတယ္။ အီဂ်စ္အသင္းဟာ ဆီနီေဂါကို အာဖရိကဖလားဗိုလ္လုပြဲမွာ ပင္နယ္တီ အဆုံးအျဖတ္နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ကမာၻ႔ဖလားဝင္ခြင့္အတြက္ အဆုံးအျဖတ္ပြဲမွာပါ ေနာက္ထပ္ ပင္နယ္တီ အဆုံးအျဖတ္နဲ႔ အသည္းကြဲခဲ့တာေၾကာင့္ ခါးသီးတဲ့ အရႈံးနဲ႔ ရင္ဆိုင္ခဲ့ရတာျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ အီဂ်စ္အသင္းဟာ ဖီဖာကို ေစာဒကတက္ခဲ့ၿပီး စိတ္လႈပ္ရွားစရာေကာင္းစြာနဲ႔ပဲ အဲဒီ ေစာဒကတက္မႈထဲမွာ ဆီနီေဂါနဲ႔ ပြဲကို ျပန္လည္ ကစားခြင့္ေပးဖို႔အတြက္ ေတာင္းဆိုမႈလည္း ပါဝင္ေနခဲ့တာျဖစ္ပါတယ္။

အီဂ်စ္ေဘာလုံးအဖြဲ႕ခ်ဳပ္ ဥကၠဌ ဂ်မားလ္ အယ္လန္က “ဟာနီ အဘူ ရီဒါ၊ ဟာဆန္ မူစတာဖာနဲ႔ အာဖရိကနဲ႔ ႏိုင္ငံတကာဖက္ဒေရးရွင္းမွာရွိေနၾကတဲ့ အီဂ်စ္လူမ်ိဳး တာဝန္ရွိသူေတြအေနနဲ႔ အီဂ်စ္အသင္းကို အားေပးေထာက္ခံဖို႔အတြက္ ၾကားဝင္ရပါမယ္။ ၾကာသပေတးေန႔ညေန ဖီဖာ ကြန္ဂရက္ကို တက္ေရာက္ဖို႔ ကြၽန္ေတာ္ ကာတာကို သြားေနပါတယ္”

“ကြၽန္ေတာ္တို႔ ဖီဖာဥကၠဌ အင္ဖန္တီႏိုေရာ အာဖရိကေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠဌ ပက္ထရိစ္ ေမာ့တ္ဆီပီကိုပါ ေတြ႕ဆုံခြင့္ေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ ဆီနီေဂါနဲ႔ပြဲကိုပါ ျပန္ကစားခြင့္ေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္။ ဘာလို႔လဲဆိုေတာ့ ပြဲစဥ္က ထူးဆန္းတဲ့ ပတ္ဝန္းက်င္မွာ က်င္းပခဲ့ရလို႔ပါ”

“ကြၽန္ေတာ္တို႔ သာမန္အေျခအေနမွာ ရႈံးနိမ့္ခဲ့တာဆိုရင္ ဆီနီေဂါအသင္းကို ဂုဏ္ျပဳသြားမွာပါ။ ဘာေတြျဖစ္ခဲ့လဲဆိုတာကို ဖက္ဒေရးရွင္းက စည္းကမ္းထိန္းသိမ္းေရးေကာ္မတီကို တင္ျပသြားမွာျဖစ္ၿပီး တုံ႔ျပန္မႈကို ေစာင့္ဆိုင္းသြားမွာပါ။ ကြၽန္ေတာ္တို႔ ပြဲစဥ္အတြင္းမွာ ျဖစ္ပ်က္ခဲ့တာေတြ အမ်ားႀကီး ရွိေနခဲ့ပါတယ္”

“ကြၽန္ေတာ္တို႔ ကစားသမားေတြဟာ တိုက္ခိုက္ျခင္း ခံခဲ့ရပါတယ္။ မိုဟာမက္ ဆာလားက ဆီနီေဂါပရိသတ္ေတြရဲ႕ တိုက္ခိုက္မႈကို အမ်ားဆုံး ခံခဲ့ရၿပီး ဒါ႐ိုက္တာဘုတ္အဖြဲ႕ကို အရန္ခုံတန္းမွာ ရွိေနဖို႔ ေတာင္းဆိုခဲ့ေပမယ့္လည္း သူတို႔ေတြ ျငင္းဆိုခဲ့ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

အီဂ်စ္အသင္းရဲ႕ ေစာဒကတက္မႈမွာ ကစားသမားေတြအေနနဲ႔ လူမ်ိဳးေရးခြဲျခားခံခဲ့ရၿပီး ေသြးပူေလ့က်င့္ေရးလုပ္ေနခ်ိန္နဲ႔ ဘတ္စ္ကားေပၚမွာ ရွိေနခ်ိန္ေတြမွာ အရာဝတၳဳေတြနဲ႔ ပစ္ေပါက္ၿပီး တိုက္ခိုက္ခံခဲ့ရတယ္ဆိုတဲ့အခ်က္လည္း ပါဝင္ခဲ့ပါတယ္။

ဖီဖာက ေနာက္ထပ္တဆင့္ မဆုံးျဖတ္ခင္ ပြဲအစီရင္ခံစာကို အကဲျဖတ္စစ္ေဆးသြားမွာျဖစ္ၿပီး “ဖီဖာအေနနဲ႔ ဆီနီေဂါနဲ႔ အီဂ်စ္တို႔ ကစားခဲ့တဲ့ ကမာၻ႔ဖလားေျခစစ္ပြဲ ပြဲအစီရင္ခံစာကို ခြဲျခမ္းစိတ္ျဖာတဲ့ လုပ္ငန္းစဥ္ကို လုပ္ေဆာင္ေနပါတယ္။ ပြဲအစီရင္ခံစာထဲမွာ ပါဝင္တဲ့ သက္ဆိုင္ရာအခ်က္အလက္ေတြကို ေနာက္ထပ္လုပ္ေဆာင္ရမယ့္ အဆင့္ေတြကို မဆုံးျဖတ္မီ ၿပိဳင္ပြဲ စည္းကမ္းထိန္းသိမ္းေရးအဖြဲ႕က အကဲျဖတ္သြားမွာျဖစ္ပါတယ္”လို႔ ထုတ္ျပန္ေၾကညာခ်က္ထဲမွာ ေျပာၾကားထားပါတယ္။

ဆီနီေဂါနဲ႔ပြဲစဥ္က ရလဒ္အရ ဆာလားအေနနဲ႔ ယခုေဆာင္းရာသီ ကာတာ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ပါဝင္ႏိုင္မွာမဟုတ္ဘူးလို႔ အဓိပၸာယ္ရၿပီး လီဗာပူးလ္တိုက္စစ္မႉးဟာ ၂၀၂၄ ခုႏွစ္အထိ အီဂ်စ္အသင္းအတြက္ ဆက္လက္ကစားေပးမယ္ဆိုတဲ့ အာမခံခ်က္မ်ိဳး မေပးခဲ့တာျဖစ္ပါတယ္။

“ငါ မင္းနဲ႔ ကစားရတာကို ဂုဏ္ယူမိၿပီး အနာဂတ္မွာ မင္းနဲ႔ အတူတူ ကစားရသည္ျဖစ္ေစ၊ မကစားရသည္ျဖစ္ေစ မင္းနဲ႔ ကစားရတဲ့အတြက္ ငါ ဂုဏ္ယူမိပါတယ္”လို႔ ဆာလားက လူမႈကြန္ရက္ေပၚက ဗီဒီယိုဖိုင္ထဲမွာ အီဂ်စ္အသင္းေဖာ္ေတြကို ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.