Analysis International

ကာတာကမ္ဘာဖလားမှာ GOAT နှစ်ဦးရဲ့ အသင်းတွေအတွက် ပွဲဆူစရာ ကလင်ဒါကျတွေရှိနေ

ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ လီယွန်နယ် မက်ဆီတို့ကြားက အစဉ်အလာရော စွမ်းဆောင်ရည်ပါမက ထိပ်တိုက်တွေ့ဆုံမှုနဲ့ ဆုဖလား အောင်မြင်မှုတွေမှာ အမျိုးမျိုး ပြိုင်ဆိုင်မှုတွေ ရှိနေချိန်မှာ ဒီနှစ်ယောက်စလုံး မရဖူးသေးတဲ့ အောင်မြင်မှုဖြစ်တဲ့ ကမ္ဘာ့ဖလားကို သိမ်းပိုက်နိုင်ဖို့က ရှေ့က ဖြစ်ပျက်ခဲ့တဲ့ ကလင်ဒါက အစဉ်အလာတွေနဲ့ ပိုပြီး ပွဲဆူစရာဖြစ်လာခဲ့ပါတယ်။

တောင်အမေရိကမြေမှာ ၂၀၁၄ ခုနှစ်က ကမ္ဘာ့ဖလားကြီးနဲ့ လက်တစ်ကမ်းအလိုထိ မက်ဆီတို့အဖွဲ့ ရောက်ခဲ့လို့ CR7 ဖန်တွေ မျက်လုံးပြူးခဲ့ရချိန်မှာ ဂျာမနီရဲ့ လူစားဝင်ကစားသမား မာရီယို ဂေါ့ဇာက ကယ်တင်ခဲ့လို့ သူတို့တွေ အနှိမ်ခံရမယ့် ဘေးက လွတ်ကင်းခဲ့ရပြီးတဲ့နောက် လာမယ့် ကာတာမှာရော ဘယ်လိုဖြစ်နိုင်မှာလဲဆိုတာ ကလင်ဒါကျတွေကို ကြည့်ကြရအောင်ပါ။

ကလင်ဒါကျဆိုတာကတော့ ဘယ်အဖြစ်အပျက်က ကြိုတင်ဖြစ်ပွားခဲ့ရင် နောက်ကနေ ဘယ်လိုမျိုး လိုက်လာတတ်တယ်ဆိုတဲ့ Domino Effect or Chain Reaction ဖြစ်ပြီး ဒီထဲမှာတော့ ပေါ်တူဂီတို့ရဲ့ အားသာချက်ရော အာဂျင်တီးနားတို့ရဲ့ အားသာချက်တွေပါ ရှိနေခဲ့တာဖြစ်ပါတယ်။

ပေါ်တူဂီတို့အတွက် အရင်ကြည့်မယ်ဆိုရင်တော့ ဥရောပ ယူရိုပြိုင်ပွဲမှာ ဂိုးအများဆုံးသွင်းသူရဲ့အသင်း ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲတယ်ဆိုတာပါ။ ဒါကို ၂၀၀၈ ခုနှစ်က ဒေးဗစ် ဆေးလ်ဗားရဲ့ စပိန်က ၂၀၁၀ မှာ လုပ်ပြခဲ့သလို ၂၀၁၂ မှာ မာရီယို ဂိုမက်ဇ်ရဲ့ ဂျာမနီက ၂၀၁၄ မှာ ဗိုလ်စွဲခဲ့ပြီး ၂၀၁၆ မှာ အွန်ထွာ ဂရစ်ဇ်မန်းရဲ့ ပြင်သစ်က ၂၀၁၈ မှာ ဗိုလ်စွဲခဲ့တာကြောင့် ၂၀၂၀ ဂိုးသွင်းဘုရင် ရော်နယ်လ်ဒိုကရော သူတို့ခြေရာနင်းနိုင်မလားဆိုတာပါ။

မက်ဆီဦးဆောင်တဲ့ အာဂျင်တီးနားတို့ရဲ့ ရေချိန်ကတော့ ကနေဒါအသင်းနဲ့ ဆက်စပ်နေတာဖြစ်ပြီး ၁၉၈၆ ခုနှစ် ကမ္ဘာ့ဖလားကို ကနေဒါတွေ ခြေစစ်ပွဲအောင်ခဲ့တုန်းက အာဂျင်တီးနားတို့ ဗိုလ်စွဲခဲ့တာကြောင့် ဒီကြားထဲမှာ တစ်ကြိမ်မှ ခြေစစ်ပွဲမအောင်ဘဲ ရှိနေတဲ့ မြောက်အမေရိကဇုန်အသင်းအနေနဲ့ ဒီတစ်ခါမှာ ၃၆ နှစ်ကြာမှ ခြေစစ်ပွဲအောင်မြင်ခဲ့ချိန်မှာရော တန်ဂိုတေးသွားတွေ မြူးနိုင်မလားဆိုတာ စောင့်ကြည့်ရဖို့ ရှိနေခဲ့တာဖြစ်ပါတယ်။

ပေါ်တူဂီအသင်းအနေနဲ့ ဥရောပဇုန်ကနေ Play-off ကစားအပြီးမှာ တူရကီနဲ့ မြောက်မက်ဆီဒိုးနီးယားတို့ကို ကျော်ဖြတ်ပြီး ကာတာသွားခွင့် လက်မှတ်တစ်စောင်ကို ရရှိခဲ့ချိန်မှာ အာဂျင်တီးနားအသင်းကတော့ တောင်အမေရိကဇုန်မှာ ပွဲပျက်ခဲ့တဲ့ ဘရာဇီးလ်နဲ့ကလွဲလို့ ၁၇ ပွဲ ကစားအပြီးမှာ ၁၁ ပွဲနိုင် ၆ ပွဲသရေ ရှုံးပွဲမရှိဘဲ ဒုတိယနေရာက ကမ္ဘာ့ဖလားအုပ်စုအဆင့်ကို တက်ရောက်လာခဲ့တာပါ။

ဒါကြောင့် ဥရောပဇုန်မှာ ရုန်းကန်ခဲ့ရတဲ့ ရော်နယ်လ်ဒိုရဲ့ ပေါ်တူဂီနဲ့ တောင်အမေရိက,ကနေ သာသာယာယာ တက်လှမ်းလာခဲ့တဲ့ မက်ဆီရဲ့ အာဂျင်တီးနားတို့အနေနဲ့ လာမယ့် ကာတာကမ္ဘာ့ဖလားမှာတော့ အုပ်စုအဆင့်မှာ ဦးစားပေးသတ်မှတ်ခံရတာကြောင့် အချင်းချင်းတွေ့ဆုံမှုကိုတော့ ရှောင်လွှဲထားနိုင်ခဲ့လို့ သူတို့တွေ ဘာဖြစ်မလဲဆိုတာကို ရှုံးထွက်အဆင့်က စတင်စောင့်ကြည့်ရဖွယ်ရှိကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ လီယြန္နယ္ မက္ဆီတို႔ၾကားက အစဥ္အလာေရာ စြမ္းေဆာင္ရည္ပါမက ထိပ္တိုက္ေတြ႕ဆုံမႈနဲ႔ ဆုဖလား ေအာင္ျမင္မႈေတြမွာ အမ်ိဳးမ်ိဳး ၿပိဳင္ဆိုင္မႈေတြ ရွိေနခ်ိန္မွာ ဒီႏွစ္ေယာက္စလုံး မရဖူးေသးတဲ့ ေအာင္ျမင္မႈျဖစ္တဲ့ ကမာၻ႔ဖလားကို သိမ္းပိုက္ႏိုင္ဖို႔က ေရွ႕က ျဖစ္ပ်က္ခဲ့တဲ့ ကလင္ဒါက အစဥ္အလာေတြနဲ႔ ပိုၿပီး ပြဲဆူစရာျဖစ္လာခဲ့ပါတယ္။

ေတာင္အေမရိကေျမမွာ ၂၀၁၄ ခုႏွစ္က ကမာၻ႔ဖလားႀကီးနဲ႔ လက္တစ္ကမ္းအလိုထိ မက္ဆီတို႔အဖြဲ႕ ေရာက္ခဲ့လို႔ CR7 ဖန္ေတြ မ်က္လုံးျပဴးခဲ့ရခ်ိန္မွာ ဂ်ာမနီရဲ႕ လူစားဝင္ကစားသမား မာရီယို ေဂါ့ဇာက ကယ္တင္ခဲ့လို႔ သူတို႔ေတြ အႏွိမ္ခံရမယ့္ ေဘးက လြတ္ကင္းခဲ့ရၿပီးတဲ့ေနာက္ လာမယ့္ ကာတာမွာေရာ ဘယ္လိုျဖစ္ႏိုင္မွာလဲဆိုတာ ကလင္ဒါက်ေတြကို ၾကည့္ၾကရေအာင္ပါ။

ကလင္ဒါက်ဆိုတာကေတာ့ ဘယ္အျဖစ္အပ်က္က ႀကိဳတင္ျဖစ္ပြားခဲ့ရင္ ေနာက္ကေန ဘယ္လိုမ်ိဳး လိုက္လာတတ္တယ္ဆိုတဲ့ Domino Effect or Chain Reaction ျဖစ္ၿပီး ဒီထဲမွာေတာ့ ေပၚတူဂီတို႔ရဲ႕ အားသာခ်က္ေရာ အာဂ်င္တီးနားတို႔ရဲ႕ အားသာခ်က္ေတြပါ ရွိေနခဲ့တာျဖစ္ပါတယ္။

ေပၚတူဂီတို႔အတြက္ အရင္ၾကည့္မယ္ဆိုရင္ေတာ့ ဥေရာပ ယူ႐ိုၿပိဳင္ပြဲမွာ ဂိုးအမ်ားဆုံးသြင္းသူရဲ႕အသင္း ကမာၻ႔ဖလားမွာ ဗိုလ္စြဲတယ္ဆိုတာပါ။ ဒါကို ၂၀၀၈ ခုႏွစ္က ေဒးဗစ္ ေဆးလ္ဗားရဲ႕ စပိန္က ၂၀၁၀ မွာ လုပ္ျပခဲ့သလို ၂၀၁၂ မွာ မာရီယို ဂိုမက္ဇ္ရဲ႕ ဂ်ာမနီက ၂၀၁၄ မွာ ဗိုလ္စြဲခဲ့ၿပီး ၂၀၁၆ မွာ အြန္ထြာ ဂရစ္ဇ္မန္းရဲ႕ ျပင္သစ္က ၂၀၁၈ မွာ ဗိုလ္စြဲခဲ့တာေၾကာင့္ ၂၀၂၀ ဂိုးသြင္းဘုရင္ ေရာ္နယ္လ္ဒိုကေရာ သူတို႔ေျခရာနင္းႏိုင္မလားဆိုတာပါ။

မက္ဆီဦးေဆာင္တဲ့ အာဂ်င္တီးနားတို႔ရဲ႕ ေရခ်ိန္ကေတာ့ ကေနဒါအသင္းနဲ႔ ဆက္စပ္ေနတာျဖစ္ၿပီး ၁၉၈၆ ခုႏွစ္ ကမာၻ႔ဖလားကို ကေနဒါေတြ ေျခစစ္ပြဲေအာင္ခဲ့တုန္းက အာဂ်င္တီးနားတို႔ ဗိုလ္စြဲခဲ့တာေၾကာင့္ ဒီၾကားထဲမွာ တစ္ႀကိမ္မွ ေျခစစ္ပြဲမေအာင္ဘဲ ရွိေနတဲ့ ေျမာက္အေမရိကဇုန္အသင္းအေနနဲ႔ ဒီတစ္ခါမွာ ၃၆ ႏွစ္ၾကာမွ ေျခစစ္ပြဲေအာင္ျမင္ခဲ့ခ်ိန္မွာေရာ တန္ဂိုေတးသြားေတြ ျမဴးႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရဖို႔ ရွိေနခဲ့တာျဖစ္ပါတယ္။

ေပၚတူဂီအသင္းအေနနဲ႔ ဥေရာပဇုန္ကေန Play-off ကစားအၿပီးမွာ တူရကီနဲ႔ ေျမာက္မက္ဆီဒိုးနီးယားတို႔ကို ေက်ာ္ျဖတ္ၿပီး ကာတာသြားခြင့္ လက္မွတ္တစ္ေစာင္ကို ရရွိခဲ့ခ်ိန္မွာ အာဂ်င္တီးနားအသင္းကေတာ့ ေတာင္အေမရိကဇုန္မွာ ပြဲပ်က္ခဲ့တဲ့ ဘရာဇီးလ္နဲ႔ကလြဲလို႔ ၁၇ ပြဲ ကစားအၿပီးမွာ ၁၁ ပြဲႏိုင္ ၆ ပြဲသေရ ရႈံးပြဲမရွိဘဲ ဒုတိယေနရာက ကမာၻ႔ဖလားအုပ္စုအဆင့္ကို တက္ေရာက္လာခဲ့တာပါ။

ဒါေၾကာင့္ ဥေရာပဇုန္မွာ ႐ုန္းကန္ခဲ့ရတဲ့ ေရာ္နယ္လ္ဒိုရဲ႕ ေပၚတူဂီနဲ႔ ေတာင္အေမရိက,ကေန သာသာယာယာ တက္လွမ္းလာခဲ့တဲ့ မက္ဆီရဲ႕ အာဂ်င္တီးနားတို႔အေနနဲ႔ လာမယ့္ ကာတာကမာၻ႔ဖလားမွာေတာ့ အုပ္စုအဆင့္မွာ ဦးစားေပးသတ္မွတ္ခံရတာေၾကာင့္ အခ်င္းခ်င္းေတြ႕ဆုံမႈကိုေတာ့ ေရွာင္လႊဲထားႏိုင္ခဲ့လို႔ သူတို႔ေတြ ဘာျဖစ္မလဲဆိုတာကို ရႈံးထြက္အဆင့္က စတင္ေစာင့္ၾကည့္ရဖြယ္ရွိေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.