International

အချစ်ကြမ်းတဲ့ အီကွေဒေါပရိသတ်ကြောင့် အောင့်သက်သက်နဲ့ ခံလိုက်ရတဲ့ မက်ဆီ

လီယွန်နယ် မက်ဆီဟာ အင်္ဂါနေ့ညနေက အီကွေဒေါနဲ့ သရေကျခဲ့တဲ့ အာဂျင်တီးနားအသင်းရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ပွဲထွက်လူစာရင်းမှာ ပါဝင်ကစားပေးခဲ့ပါတယ်။

အာဂျင်တီးနားဂန္တဝင်တိုက်စစ်မှူးဟာ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ မိနစ် ၉၀ အပြည့် ကစားပေးခဲ့ပြီး ယူလီယန် အဲဗားရက်ဇ်ရဲ့ ၂၄ မိနစ်က သွင်းဂိုးကြောင့် အာဂျင်တီးနားအသင်းဟာ ကျဉ်းမြောင်းတဲ့ရလဒ်နဲ့ အနိုင်ရရှိတော့မယ့်ပုံပေါ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အန်းနား ဗလင်စီယာရဲ့ နာကျင်အချိန်ပို ၃ မိနစ်မှာ သွင်းယူခဲ့တဲ့ ချေပဂိုးကြောင့် အီကွေဒေါနဲ့အာဂျင်တီးနားအသင်းတို့ဟာ သရေရလဒ်နဲ့ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။

ပွဲပြီး ဝီစီမှုတ်ပြီးနောက်ပိုင်း မက်ဆီဟာ ကွင်းအတွင်း ကျူးကျော်ဝင်ရောက်လာသူတစ်ဦးရဲ့ အချစ်ကြမ်းခြင်းကို ခံခဲ့ရပြီး ပရိသတ်ဖြစ်နေတာကြောင့် အောင့်သက်သက်နဲ့ ခံခဲ့ရတာကို ဓာတ်ပုံထဲမှာ မြင်တွေ့ခဲ့ရပါတယ်။ လီယွန်နယ် မက်ဆီဟာ ကမ္ဘာတလွှားက ပရိသတ်တွေရဲ့ ချစ်ခင်လေးစားခြင်းကို ခံနေရတဲ့ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်တာကြောင့် အီကွေဒေါပရိသတ်ဟာ ပွဲအပြီးမှာ မက်ဆီနဲ့အတူ ဆယ်လ်ဖီဓာတ်ပုံရိုက်ဖို့ ကွင်းထဲကို ပြေးဝင်လာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အီကွေဒေါပရိသတ်ဟာ မက်ဆီရဲ့ ပုခုံးကို ဖက်ရမယ့်အစား မက်ဆီရဲ့ လည်ပင်းကို လက်နဲ့ ကြမ်းကြမ်းတမ်းတမ်း ဆုပ်ကိုင်ခဲ့တာကြောင့် အသက် ၃၄ နှစ်အရွယ် တိုက်စစ်မှူးဟာ တော်တော်လေး သက်တောင့်သက်သာမဖြစ်တဲ့ပုံစံကို မြင်တွေ့ရပါတယ်။ ပြီးတဲ့နောက်မှာ ကွင်းထဲကျူးကျော်ဝင်ရောက်လာတဲ့ အီကွေဒေါပရိသတ်ကို လုံခြုံရေးတွေက ဝိုင်းဖမ်းခဲ့ပြီး ချက်ချင်းပဲ ကွင်းအတွင်းကနေ ဝေးရာကို ခေါ်ထုတ်သွားခဲ့တာဖြစ်ပါတယ်။

အီကွေဒေါပရိသတ်က ကွင်းအတွင်း ဝင်ရောက်ပုံကအစ မက်ဆီနဲ့ ဆယ်လ်ဖီ ဗီဒီယို တွဲရိုက်တဲ့ပုံအဆုံး ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ကို လူမှုကွန်ရက်မှာ တင်လိုက်ပြီးကတည်းက ပရိသတ်တွေကြားမှာ မတူညီတဲ့ အမြင်တွေရှိခဲ့ကြတာဖြစ်ပါတယ်။ “လည်ပင်းကို ညှစ်ပြီးကိုင်ထားတာကို သူ မတွန်းလှန်နိုင်ဘူး။ ခွီးတဲ့မှပဲ”လို့ တွစ်တာအသုံးပြုသူတစ်ဦးက မှတ်ချက်ပေးခဲ့ပြီး နောက်ထပ် တွစ်တာအသုံးပြုသူတစ်ဦးကလည်း “သူက သနားစရာကောင်းတဲ့လူကို ဆွဲလားရမ်းလားလုပ်နေတာပဲ”လို့ ရေးသားခဲ့ပါတယ်။

ဟာသအမြင်ရှိတဲ့ အခြား တွစ်တာအသုံးပြုသူတစ်ဦးက “ဟုတ်ပြီ ညီအစ်ကို။ ခင်ဗျားက တသက်တာအကောင်းဆုံးကစားသမားကို တွေ့ပြီး လည်ပင်းညှစ်ခဲ့တာပဲ”လို့ ဟာသဖောက်ခဲ့ပြီး “မက်ဆီကို လည်ပင်းညှစ်တယ်ဆိုတော့ ရော်နယ်လ်ဒိုဖန်ပဲ ဖြစ်ရမယ်”လို့ အခြား တွစ်တာအသုံးပြုသူတစ်ဦးက နောက်ပြောင်ခဲ့ပါတယ်။

ကံကောင်းထောက်မစွာနဲ့ အီကွေဒေါပရိသတ်ကို လုံခြုံရေးတွေက စက္ကန့်ပိုင်းအတွင်း ဖမ်းမိသွားတာကြောင့် မက်ဆီအနေနဲ့ ဘာထိခိုက်ဒဏ်ရာမှ မရရှိခဲ့ဘဲ အဆင်ပြေပုံပေါ်ပေမယ့် အီကွေဒေါပရိသတ်ရဲ့ လုပ်ရပ်ကိုတော့ စိတ်ဆိုးသွားမှာ သေချာပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီယြန္နယ္ မက္ဆီဟာ အဂၤါေန႔ညေနက အီေကြေဒါနဲ႔ သေရက်ခဲ့တဲ့ အာဂ်င္တီးနားအသင္းရဲ့ ကမၻာ့ဖလားေျခစစ္ပြဲအတြက္ ပြဲထြက္လူစာရင္းမွာ ပါဝင္ကစားေပးခဲ့ပါတယ္။

အာဂ်င္တီးနားဂႏၲဝင္တိုက္စစ္မႉးဟာ တစ္ဖက္ ၁ ဂိုးစီ သေရက်ခဲ့တဲ့ပြဲစဥ္မွာ မိနစ္ ၉၀ အျပည့္ ကစားေပးခဲ့ၿပီး ယူလီယန္ အဲဗားရက္ဇ္ရဲ့ ၂၄ မိနစ္က သြင္းဂိုးေၾကာင့္ အာဂ်င္တီးနားအသင္းဟာ က်ဥ္းေျမာင္းတဲ့ရလဒ္နဲ႔ အနိုင္ရရွိေတာ့မယ့္ပုံေပၚခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း အန္းနား ဗလင္စီယာရဲ့ နာက်င္အခ်ိန္ပို ၃ မိနစ္မွာ သြင္းယူခဲ့တဲ့ ေခ်ပဂိုးေၾကာင့္ အီေကြေဒါနဲ႔အာဂ်င္တီးနားအသင္းတို႔ဟာ သေရရလဒ္နဲ႔ ေက်နပ္ခဲ့ရတာျဖစ္ပါတယ္။

ပြဲၿပီး ဝီစီမႈတ္ၿပီးေနာက္ပိုင္း မက္ဆီဟာ ကြင္းအတြင္း က်ဴးေက်ာ္ဝင္ေရာက္လာသူတစ္ဦးရဲ့ အခ်စ္ၾကမ္းျခင္းကို ခံခဲ့ရၿပီး ပရိသတ္ျဖစ္ေနတာေၾကာင့္ ေအာင့္သက္သက္နဲ႔ ခံခဲ့ရတာကို ဓာတ္ပုံထဲမွာ ျမင္ေတြ႕ခဲ့ရပါတယ္။ လီယြန္နယ္ မက္ဆီဟာ ကမၻာတလႊားက ပရိသတ္ေတြရဲ့ ခ်စ္ခင္ေလးစားျခင္းကို ခံေနရတဲ့ အေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးျဖစ္တာေၾကာင့္ အီေကြေဒါပရိသတ္ဟာ ပြဲအၿပီးမွာ မက္ဆီနဲ႔အတူ ဆယ္လ္ဖီဓာတ္ပုံရိုက္ဖို႔ ကြင္းထဲကို ေျပးဝင္လာခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အီေကြေဒါပရိသတ္ဟာ မက္ဆီရဲ့ ပုခုံးကို ဖက္ရမယ့္အစား မက္ဆီရဲ့ လည္ပင္းကို လက္နဲ႔ ၾကမ္းၾကမ္းတမ္းတမ္း ဆုပ္ကိုင္ခဲ့တာေၾကာင့္ အသက္ ၃၄ ႏွစ္အရြယ္ တိုက္စစ္မႉးဟာ ေတာ္ေတာ္ေလး သက္ေတာင့္သက္သာမျဖစ္တဲ့ပုံစံကို ျမင္ေတြ႕ရပါတယ္။ ၿပီးတဲ့ေနာက္မွာ ကြင္းထဲက်ဴးေက်ာ္ဝင္ေရာက္လာတဲ့ အီေကြေဒါပရိသတ္ကို လုံျခဳံေရးေတြက ဝိုင္းဖမ္းခဲ့ၿပီး ခ်က္ခ်င္းပဲ ကြင္းအတြင္းကေန ေဝးရာကို ေခၚထုတ္သြားခဲ့တာျဖစ္ပါတယ္။

အီေကြေဒါပရိသတ္က ကြင္းအတြင္း ဝင္ေရာက္ပုံကအစ မက္ဆီနဲ႔ ဆယ္လ္ဖီ ဗီဒီယို တြဲရိုက္တဲ့ပုံအဆုံး ရိုက္ကူးထားတဲ့ ဗီဒီယိုဖိုင္ကို လူမႈကြန္ရက္မွာ တင္လိုက္ၿပီးကတည္းက ပရိသတ္ေတြၾကားမွာ မတူညီတဲ့ အျမင္ေတြရွိခဲ့ၾကတာျဖစ္ပါတယ္။ “လည္ပင္းကို ညႇစ္ၿပီးကိုင္ထားတာကို သူ မတြန္းလွန္နိုင္ဘူး။ ခြီးတဲ့မွပဲ”လို႔ တြစ္တာအသုံးျပဳသူတစ္ဦးက မွတ္ခ်က္ေပးခဲ့ၿပီး ေနာက္ထပ္ တြစ္တာအသုံးျပဳသူတစ္ဦးကလည္း “သူက သနားစရာေကာင္းတဲ့လူကို ဆြဲလားရမ္းလားလုပ္ေနတာပဲ”လို႔ ေရးသားခဲ့ပါတယ္။

ဟာသအျမင္ရွိတဲ့ အျခား တြစ္တာအသုံးျပဳသူတစ္ဦးက “ဟုတ္ၿပီ ညီအစ္ကို။ ခင္ဗ်ားက တသက္တာအေကာင္းဆုံးကစားသမားကို ေတြ႕ၿပီး လည္ပင္းညႇစ္ခဲ့တာပဲ”လို႔ ဟာသေဖာက္ခဲ့ၿပီး “မက္ဆီကို လည္ပင္းညႇစ္တယ္ဆိုေတာ့ ေရာ္နယ္လ္ဒိုဖန္ပဲ ျဖစ္ရမယ္”လို႔ အျခား တြစ္တာအသုံးျပဳသူတစ္ဦးက ေနာက္ေျပာင္ခဲ့ပါတယ္။

ကံေကာင္းေထာက္မစြာနဲ႔ အီေကြေဒါပရိသတ္ကို လုံျခဳံေရးေတြက စကၠန႔္ပိုင္းအတြင္း ဖမ္းမိသြားတာေၾကာင့္ မက္ဆီအေနနဲ႔ ဘာထိခိုက္ဒဏ္ရာမွ မရရွိခဲ့ဘဲ အဆင္ေျပပုံေပၚေပမယ့္ အီေကြေဒါပရိသတ္ရဲ့ လုပ္ရပ္ကိုေတာ့ စိတ္ဆိုးသြားမွာ ေသခ်ာပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.