International Match Report

ကနေဒါ၊ မက္ကဆီကိုတို့နောက် အမေရိကန်တို့ တတိယသာ ရခဲ့တဲ့ ကွန်ကာကက်ဖ်ခြေစစ်ပွဲများ

နာမည်ကြီး အမေရိကန် ပါဝင်ကစားနေတဲ့ မြောက်အမေရိကတိုက် ကွန်ကာကက်ဖ်ဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကတော့ ဒီနေ့မနက်မှာ ပြီးဆုံးခဲ့ကြပြီး အိမ်ရှင်အသင်းတွေရဲ့ မာကျောကျစ်လျစ်တဲ့ စိတ်ဓာတ်တွေနဲ့ ရုန်းအားတွေကို တွေ့မြင်ခဲ့ရသလို နောက်ဆုံး ခြေစစ်ပွဲအောင် ၃.၅ သင်းကတော့ ထွက်ပေါ်ခဲ့ပြီဖြစ်ပါတယ်။

အားလုံးစိတ်ဝင်စားနေတဲ့ ကော်စတာရီကာနဲ့ အမေရိကန်တို့ရဲ့ ပွဲစဉ်ကတော့ အိမ်ရှင်တွေအတွက်ပဲဖြစ်ခဲ့ပြီး နှစ်ဂိုး-ဂိုးမရှိနဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။ အမေရိကန်တို့ကတော့ ဒီပွဲမှာ အိမ်ရှင်ကို ကိုးဂိုးပြတ် မရှုံးဘူးဆိုရင် တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်နိုင်မှာဖြစ်လို့ သက်တောင့်သက်သာပဲ ကစားခဲ့ပြီး ကော်စတာရီကာဘက်က ဗားဂက်စ်၊ ကွန်ထရာရက်စ်တို့ရဲ့ ဂိုးတွေနဲ့ ပွဲပြီးဆုံးခဲ့တာပါ။

အုပ်စုကို ထိပ်ဆုံးက ဦးဆောင်တဲ့ ကနေဒါတို့ကတော့ အဝေးကွင်းမှာ လူချန်ကစားခဲ့ပြီး ဂိုးသွင်းဘုရင် လယ်ရင်ကို ချန်ထားခဲ့ချိန်မှာ ပနားမားကို တစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာပါ။ ကော်စတာရီကာ ရှုံးလည်း အဆင့် ၄ ကို မမီတော့ပေမယ့် တူးမြောင်းစီးပွားရေးနဲ့ နာမည်ကြီးတဲ့ နိုင်ငံကတော့ ကနေဒါကို ဖိဖိစီးစီးကစားခဲ့ပြီး အနိုင်ဂိုးကိုတော့ ပွဲချိန် ၄၉ မိနစ်မှာ ဂါဘရီယယ်လ် တောရက်စ်က သွင်းယူခဲ့ပါတယ်။

အစဉ်အလာ အိမ်နီးချင်းပြိုင်ဘက် အမေရိကန် ခြေချော်ရင် ဒုတိယနေရာကို ရယူပြီး ဂုဏ်ဆာခွင့် ရှိနေတဲ့ မက္ကဆီကိုကတော့ အိမ်ကွင်းမှာ အယ်လ်ဆာလ်ဗေဒိုကို အလွယ်တကူ အနိုင်ရခဲ့ပြီး အန်တူနာနဲ့ ရာအူးလ် ဟီမီနက်ဇ်တို့က နှစ်ဂိုး-ဂိုးမရှိနိုင်ပွဲမှာ သွင်းဂိုးတွေကို ရရှိခဲ့ပြီး ကနေဒါနဲ့ အမှတ်တူ ဂိုးကွာခြားချက်အနည်းနဲ့ အမေရိကန်ကို ကျော်ပြီး ခြေစစ်ပွဲအောင်သွားခဲ့တာပါ။

အမေရိကန်တို့ကတော့ တတိယနေရာက ခြေစစ်ပွဲအောင်မြင်နိုင်ခဲ့သလို သူတို့ကို အနိုင်ယူသွားခဲ့တဲ့ ကော်စတာရီကာတို့ကတော့ ၀.၅ နေရာကို ပိုင်ဆိုင်နိုင်ခဲ့ပြီး လာမယ့် ဇွန်လ ၁၃ သို့မဟုတ် ၁၄ ရက်နေ့မှာ ဩစတေးလျတို့ မရှိတော့တဲ့ သမုဒ္ဒရာပိုင်းဇုန်က ခြေစစ်ပွဲအောင် ကန်ထရိုက်ဆွဲထားခဲ့တဲ့ နယူးဇီလန်နဲ့ ကာတာသွားခွင့် လက်မှတ်ကို လုရဖို့ ရှိနေပါတယ်။

အမှတ်ပေးဇယားမှာတော့ ကနေဒါ၊ မက္ကဆီကို၊ အမေရိကန်၊ ကော်စတာရီကာတို့က ဝမ်းသာရမယ့် အသင်းတွေအဖြစ် အဆင့် ၁ ကနေ အဆင့် ၄ အထိ အသီးသီး ရပ်တည်နိုင်ခဲ့ပြီး ပနားမားကတော့ ကော်စတာရီကာနောက် ၄ မှတ်အကွာနဲ့ ပဉ္စမနေရာက ကျေနပ်ခဲ့ရချိန်မှာ ဂျမေကာ၊ အယ်လ်ဆာဗေဒို၊ ဟွန်ဒူရပ်စ်တို့ကတော့ အဆင့် ၆ ကနေ အဆင့် ၈ အထိ အိမ်ဖြည့်သဘောမျိုးပဲဖြစ်ခဲ့ရတာပါ။

ကွန်ကာကက်ဖ်ဇုန်ရဲ့ ခြေစစ်ပွဲ ဂိုးသွင်းဘုရင်အဖြစ် ကနေဒါတိုက်စစ်မှူး ခိုင်လ် လယ်ရင်က သွင်းဂိုး ၁၃ ဂိုးနဲ့ ရပ်တည်နိုင်ခဲ့သလို ပြင်သစ် လိဂန်က နာမည်ကြီးတိုက်စစ်မှူး ဂျိုနသန် ဒေးဗစ်ကတော့ ၉ ဂိုးနဲ့ ဒုတိယနေရာမှာ ရပ်တည်သွားခဲ့ပြီး နာမည်ကြီး အမေရိကန်ရဲ့ ခရစ္စတီယန် ပူလီရှစ်ချ် ကတော့ ၅ ဂိုးသာ ရရှိခဲ့ကြောင်းလည်း စုစည်းဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

နာမည္ႀကီး အေမရိကန္ ပါဝင္ကစားေနတဲ့ ေျမာက္အေမရိကတိုက္ ကြန္ကာကက္ဖ္ဇုန္ ကမာၻ႔ဖလားေျခစစ္ပြဲေတြကေတာ့ ဒီေန႔မနက္မွာ ၿပီးဆုံးခဲ့ၾကၿပီး အိမ္ရွင္အသင္းေတြရဲ႕ မာေက်ာက်စ္လ်စ္တဲ့ စိတ္ဓာတ္ေတြနဲ႔ ႐ုန္းအားေတြကို ေတြ႕ျမင္ခဲ့ရသလို ေနာက္ဆုံး ေျခစစ္ပြဲေအာင္ ၃.၅ သင္းကေတာ့ ထြက္ေပၚခဲ့ၿပီျဖစ္ပါတယ္။

အားလုံးစိတ္ဝင္စားေနတဲ့ ေကာ္စတာရီကာနဲ႔ အေမရိကန္တို႔ရဲ႕ ပြဲစဥ္ကေတာ့ အိမ္ရွင္ေတြအတြက္ပဲျဖစ္ခဲ့ၿပီး ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ပြဲၿပီးဆုံးခဲ့ပါတယ္။ အေမရိကန္တို႔ကေတာ့ ဒီပြဲမွာ အိမ္ရွင္ကို ကိုးဂိုးျပတ္ မရႈံးဘူးဆိုရင္ တိုက္႐ိုက္ေျခစစ္ပြဲေအာင္ျမင္ႏိုင္မွာျဖစ္လို႔ သက္ေတာင့္သက္သာပဲ ကစားခဲ့ၿပီး ေကာ္စတာရီကာဘက္က ဗားဂက္စ္၊ ကြန္ထရာရက္စ္တို႔ရဲ႕ ဂိုးေတြနဲ႔ ပြဲၿပီးဆုံးခဲ့တာပါ။

အုပ္စုကို ထိပ္ဆုံးက ဦးေဆာင္တဲ့ ကေနဒါတို႔ကေတာ့ အေဝးကြင္းမွာ လူခ်န္ကစားခဲ့ၿပီး ဂိုးသြင္းဘုရင္ လယ္ရင္ကို ခ်န္ထားခဲ့ခ်ိန္မွာ ပနားမားကို တစ္ဂိုး-ဂိုးမရွိနဲ႔ ရႈံးနိမ့္ခဲ့တာပါ။ ေကာ္စတာရီကာ ရႈံးလည္း အဆင့္ ၄ ကို မမီေတာ့ေပမယ့္ တူးေျမာင္းစီးပြားေရးနဲ႔ နာမည္ႀကီးတဲ့ ႏိုင္ငံကေတာ့ ကေနဒါကို ဖိဖိစီးစီးကစားခဲ့ၿပီး အႏိုင္ဂိုးကိုေတာ့ ပြဲခ်ိန္ ၄၉ မိနစ္မွာ ဂါဘရီယယ္လ္ ေတာရက္စ္က သြင္းယူခဲ့ပါတယ္။

အစဥ္အလာ အိမ္နီးခ်င္းၿပိဳင္ဘက္ အေမရိကန္ ေျခေခ်ာ္ရင္ ဒုတိယေနရာကို ရယူၿပီး ဂုဏ္ဆာခြင့္ ရွိေနတဲ့ မကၠဆီကိုကေတာ့ အိမ္ကြင္းမွာ အယ္လ္ဆာလ္ေဗဒိုကို အလြယ္တကူ အႏိုင္ရခဲ့ၿပီး အန္တူနာနဲ႔ ရာအူးလ္ ဟီမီနက္ဇ္တို႔က ႏွစ္ဂိုး-ဂိုးမရွိႏိုင္ပြဲမွာ သြင္းဂိုးေတြကို ရရွိခဲ့ၿပီး ကေနဒါနဲ႔ အမွတ္တူ ဂိုးကြာျခားခ်က္အနည္းနဲ႔ အေမရိကန္ကို ေက်ာ္ၿပီး ေျခစစ္ပြဲေအာင္သြားခဲ့တာပါ။

အေမရိကန္တို႔ကေတာ့ တတိယေနရာက ေျခစစ္ပြဲေအာင္ျမင္ႏိုင္ခဲ့သလို သူတို႔ကို အႏိုင္ယူသြားခဲ့တဲ့ ေကာ္စတာရီကာတို႔ကေတာ့ ၀.၅ ေနရာကို ပိုင္ဆိုင္ႏိုင္ခဲ့ၿပီး လာမယ့္ ဇြန္လ ၁၃ သို႔မဟုတ္ ၁၄ ရက္ေန႔မွာ ဩစေတးလ်တို႔ မရွိေတာ့တဲ့ သမုဒၵရာပိုင္းဇုန္က ေျခစစ္ပြဲေအာင္ ကန္ထ႐ိုက္ဆြဲထားခဲ့တဲ့ နယူးဇီလန္နဲ႔ ကာတာသြားခြင့္ လက္မွတ္ကို လုရဖို႔ ရွိေနပါတယ္။

အမွတ္ေပးဇယားမွာေတာ့ ကေနဒါ၊ မကၠဆီကို၊ အေမရိကန္၊ ေကာ္စတာရီကာတို႔က ဝမ္းသာရမယ့္ အသင္းေတြအျဖစ္ အဆင့္ ၁ ကေန အဆင့္ ၄ အထိ အသီးသီး ရပ္တည္ႏိုင္ခဲ့ၿပီး ပနားမားကေတာ့ ေကာ္စတာရီကာေနာက္ ၄ မွတ္အကြာနဲ႔ ပၪၥမေနရာက ေက်နပ္ခဲ့ရခ်ိန္မွာ ဂ်ေမကာ၊ အယ္လ္ဆာေဗဒို၊ ဟြန္ဒူရပ္စ္တို႔ကေတာ့ အဆင့္ ၆ ကေန အဆင့္ ၈ အထိ အိမ္ျဖည့္သေဘာမ်ိဳးပဲျဖစ္ခဲ့ရတာပါ။

ကြန္ကာကက္ဖ္ဇုန္ရဲ႕ ေျခစစ္ပြဲ ဂိုးသြင္းဘုရင္အျဖစ္ ကေနဒါတိုက္စစ္မႉး ခိုင္လ္ လယ္ရင္က သြင္းဂိုး ၁၃ ဂိုးနဲ႔ ရပ္တည္ႏိုင္ခဲ့သလို ျပင္သစ္ လိဂန္က နာမည္ႀကီးတိုက္စစ္မႉး ဂ်ိဳနသန္ ေဒးဗစ္ကေတာ့ ၉ ဂိုးနဲ႔ ဒုတိယေနရာမွာ ရပ္တည္သြားခဲ့ၿပီး နာမည္ႀကီး အေမရိကန္ရဲ႕ ခရစၥတီယန္ ပူလီရွစ္ခ်္ ကေတာ့ ၅ ဂိုးသာ ရရွိခဲ့ေၾကာင္းလည္း စုစည္းေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.