Analysis Article International

ရော်နယ်လ်ဒိုတစ်ယောက်တည်း မဟုတ်တဲ့ ကမ္ဘာ့ဖလား ၅ ကြိမ်ကစားတဲ့ စာရင်းဝင်များ

မြောက်မက်ဆီဒိုးနီးယားကို အနိုင်ယူပြီး ပေါ်တူဂီအသင်း ခြေစစ်ပွဲအောင်လိုက်တော့ ၃၇ နှစ်သားကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုအနေနဲ့ ကမ္ဘာ့ဖလားကို အကြိမ်ရေအများဆုံး ကစားမယ့်သူဖြစ်သွားပြီလို့ တချို့တွေက ဆိုနေကြပေမယ့် တကယ်တမ်းမှာတော့ ဒီစံချိန်ဟာ သူတစ်ယောက်တည်း ရရှိမယ့် စံချိန်မျိုး မဟုတ်ဘဲ ရှေ့က ရထားသူတွေနဲ့ ကာတာမှာ ရရှိကြမယ့်သူတွေကို စုစည်းဖော်ပြလိုက်ပါတယ်။

ရရှိပြီးသူ ၁။ အန်တိုနီယို ကာဘာဟယ်လ်
ဒီစံချိန်ကို အစောဆုံးရရှိနိုင်ခဲ့တဲ့ မက္ကဆီကိုလက်ရွေးစင်ဟာ ၁၉၅၀ မှာ အသင်းနဲ့အတူ ဘရာဇီးလ်မြေမှာ ကစားခွင့်ရခဲ့တဲ့ ဂိုးသမားကြီး ဖြစ်ပါတယ်။ လက်ရှိအချိန်အထိ သက်ရှိထင်ရှားရှိနေဆဲ အသက် ၉၂ နှစ်အရွယ် ကာဘာဟယ်လ်ဟာ ၁၉၅၄ ဆွစ်ဇာလန်၊ ၁၉၅၈ ဆွီဒင်၊ ၁၉၆၂ ချီလီနဲ့ ၁၉၆၆ အင်္ဂလန်ကမ္ဘာ့ဖလားတွေမှာ ပါဝင်ကစားခဲ့သူဖြစ်ပြီး ဒီလိုမျိုး ၅ ကြိမ်ဆက်တိုက် ယှဉ်ပြိုင်နိုင်တဲ့ ပထမဆုံးကစားသမားလည်းဖြစ်လာခဲ့တာပါ။

ရရှိပြီးသူ ၂။ လိုသာ မက်သေးယပ်စ်
ဂျာမန်ဂန္ထဝင်ဟာ ကာဘရယ်လ်ရဲ့ စံချိန်ကို လိုက်မီနိုင်သူအဖြစ် မှတ်တမ်းဝင်နိုင်ဖို့ နောက်ထပ် ၁၆ နှစ်အကြာမှာမှ သူ့ရဲ့ ပထမဆုံး ကမ္ဘာ့ဖလားနဲ့ ၁၉၈၂ ခုနှစ် စပိန်မြေမှာ ပွဲထွက်ခဲ့သူဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်း ဂန္ထဝင်အဖြစ် လူတွေ မှတ်မိနေကြတဲ့ မက်သေးယပ်စ်ဟာ မွန်ချန်ဂလာဘက်ချ်နဲ့ အင်တာမီလန်အသင်းတွေမှာလည်း ပွဲပေါင်း ရာကျော်ကစားခဲ့ဖူးသူဖြစ်ပြီး ၁၉၈၆ မက္ကဆီကို၊ ၁၉၉၀ အီတလီ၊ ၁၉၉၄ အမေရိကန်နဲ့ ၁၉၉၈ ပြင်သစ်ကမ္ဘာ့ဖလားတွေမှာ ၅ ကြိမ်ဆက်တိုက်စံချိန်ကို လိုက်မီခဲ့တာဖြစ်ပါတယ်။

ရရှိပြီးသူ ၃။ ရာဖေးလ် မားကက်ဇ်
ဘာစီလိုနာအသင်းနဲ့အတူ လူသိများခဲ့တဲ့ ဝါရင့်နောက်ခံလူဟာ လူကြီးလူငယ်တော်တော်များများ အသိအမှတ်ပြုကြတဲ့ ကစားသမားကောင်းနဲ့ ဒီစံချိန်ကို ရရှိခဲ့တဲ့အထဲမှာ ပိုပြီး သတိထားမိခဲ့ရသူလည်းဖြစ်ပါတယ်။ ကာတာလန်ကလပ်နဲ့ အောင်မြင်မှုများစွာ ရယူခဲ့တဲ့ မားကက်ဇ်ဟာ ၁၉၉၈ ပြင်သစ်ကမ္ဘာ့ဖလားကို မက္ကဆီကိုအသင်း ပါဝင်ခွင့်ရခဲ့ပေမယ့် ရွေးချယ်မခံရလို့ လွဲချော်ခဲ့သူဖြစ်ပြီး ၂၀၀၂ ကိုရီးယား-ဂျပန်မှာ စတင်ယှဉ်ပြိုင်ခွင့်ရခဲ့သူဖြစ်သလို ၂၀၀၆ ဂျာမနီ၊ ၂၀၁၀ တောင်အာဖရိက၊ ၂၀၁၄ ဘရာဇီးလ်၊ ၂၀၁၈ ရုရှားကမ္ဘာ့ဖလားတွေကို ၅ ကြိမ်ပြည့်အောင် ကစားနိုင်ခဲ့ပါတယ်။

ရရှိပြီးသူ ၄။ ဂျန်လွီဂျီ ဘူဖွန်
ဂျူဗင်တပ်စ်အသင်းနဲ့ အီတလီဂန္ထဝင်ဂိုးသမားကတော့ လက်ရှိမှာ နိုင်ငံအသင်းကသာ အနားမယူခဲ့ဘူးဆိုရင် ၆ ကြိမ်မြောက် ကမ္ဘာ့ဖလားနဲ့ စံချိန်တင်နိုင်မယ့်သူဖြစ်ပါတယ်။ ၁၉၉၈ ပြင်သစ်မှာ ရွေးချယ်ခံခဲ့ရပေမယ့် စီနီယာ ပက်ဂ်လျူကာကြောင့် တော်လ်ဒိုနဲ့အတူ အရန်ခုံထိုင်ခဲ့ရတဲ့ ဘူဖွန်ဟာ ၂၀၀၂ ခုနှစ် ကိုရီးယား-ဂျပန်မှာတော့ ဦးစားပေးကစားသမားအဖြစ် ပွဲထွက်ခွင့်ရခဲ့ပြီး ၂၀၀၆ ဂျာမနီ၊ ၂၀၁၀ တောင်အာဖရိက၊ ၂၀၁၄ ဘရာဇီးလ်၊ ၂၀၁၈ ရုရှားကမ္ဘာ့ဖလားတွေမှာ ဆက်တိုက်ကစားခွင့်ရခဲ့ချိန်မှာ ရှေ့က သုံးယောက်နဲ့ ယှဉ်ရင်တော့ အနည်းငယ် စံချိန်နိမ့်ပါးနေခဲ့တာပါ။

ဒီကစားသမားတွေရဲ့ နောက်မှာလည်း ကာတာကို ရောက်ရင် ပြိုင်ပွဲ ၅ ကြိမ်ဆက် ကစားနိုင်ဖို့ အဆင်သင့်ဖြစ်နေသူတွေ ရှိနေပါတယ်။ သူတို့ကိုတော့ ၂၀၀၆ အုပ်စုလို့ ခေါ်ရမှာဖြစ်ပြီး ဂျာမနီကမ္ဘာ့ဖလားမှာ စတင်ပွဲထွက်ခွင့် ရရှိထားခဲ့တဲ့ ဝါရင့်သမ္ဘာရင့် လက်ရွေးစင်အသင်းခေါင်းဆောင်တွေလည်း ဖြစ်နေကြသလို ပါဝင်ဖို့ အခွင့်အရေး ရှိနေကြဆဲဖြစ်ပါတယ်။

ရရှိမယ့်သူ ၁။ ခရစ္စတီယာနို ရော်နယ်လ်ဒို
လက်ရှိအချိန်အထိ ၂၀၀၆ ဂျာမနီ ကမ္ဘာ့ဖလားကစလို့ ၄ ကြိမ်ဆက်တိုက် ကစားထားခဲ့သူတွေထဲမှာ ပေါ်တူဂီအသင်းခေါင်းဆောင်က ကာတာမှာ ၅ ကြိမ်ဆက်ကစားသူအဖြစ် မှတ်တမ်းဝင်ဖို့ တာစူနေပါတယ်။ အုပ်စုကနေ တိုက်ရိုက် မတက်နိုင်ခဲ့ဘဲ ခြေစစ်ပွဲ Play-off ကစားပြီး ရင်ခုန်ခဲ့ရတဲ့ အသက် ၃၇ နှစ်အရွယ် ကစားသမားဟာ ၂၀၀၆ ဂျာမနီ၊ ၂၀၁၀ တောင်အာဖရိက၊ ၂၀၁၄ ဘရာဇီးလ်၊ ၂၀၁၈ ရုရှားမြေတွေမှာ ခြေစွမ်းပြနိုင်ခဲ့သူဖြစ်ပြီး လက်ရှိမှာတော့ အသက်အရွယ်အရ အနည်းငယ် ခြေစွမ်းကျဆင်းမှုနဲ့ မော်ဒန်ဘောလုံးရဲ့ ခပ်ကြမ်းကြမ်းကစားတတ်မှုတွေမှာ သူ့ကိုယ်သူ ကာတာအထိ Save လုပ်ထားနိုင်မလား စောင့်ကြည့်ရမှာပါ။

ရရှိမယ့်သူ ၂။ လီယွန်နယ် မက်ဆီ
ရော်နယ်လ်ဒိုတစ်ယောက် ဒီပြိုင်ပွဲမှာ ၅ ကြိမ်ဆက် စံချိန်ကို ရရှိမယ်ဆိုလို့ ထိုင်မနေဘဲ တူညီဖို့ ရှိနေသူကတော့ အာဂျင်တီးနားရဲ့ လီယွန်နယ် မက်ဆီပဲ ဖြစ်ပါတယ်။ တစ်ခေတ်တစ်ခါမှာ အကောင်းဆုံး GOAT နှစ်ဦးအဖြစ် ယှဉ်ပြိုင်ဖို့ ဖြစ်လာခဲ့တဲ့ ပြိုင်ဆိုင်မှုမှာ ပီအက်စ်ဂျီတိုက်စစ်မှူးအတွက်တော့ ကလပ်မှာ ဘာပဲဖြစ်နေဖြစ်နေ လက်ရွေးစင်မှာ အသင်းခေါင်းဆောင်နေရာတစ်နေရာ ရှိနေခဲ့တာပါ။ နိုင်ငံအဆင့်မှာ ကမ္ဘာ့ဖလားအောင်မြင်မှုမျိုး မရသေးတဲ့ သူ့အတွက်တော့ ကာတာ ပြိုင်ပွဲဟာ နောက်ဆုံးအကြိမ် ကြိုးစားမှုလည်း ဖြစ်လာနိုင်ပြီး ရော်နယ်လ်ဒိုနဲ့ ဘယ်သူပိုသာမလဲ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ရရှိမယ့်သူ ၃။ အန်းဒရက်စ် ဂွါဒါဒို
ကမ္ဘာ့ဖလားသက်တော်ရှည်စာရင်းမှာ မက္ကဆီကန်တွေချည်း ဦးဆောင်နေတယ်ဆိုရင် မမှားနိုင်ပါဘူး။ ၅ ကြိမ်ဆက်တိုက်ကစားထားသူ ၂ ဦးကို ပိုင်ဆိုင်ထားချိန်မှာ တစ်ချိန်က လျှမ်းလျှမ်းတောက် လူငယ်လေးဖြစ်ခဲ့တဲ့ ဂွါဒါဒိုကလည်း သူ့ရဲ့ ပဉ္စမမြောက် ကမ္ဘာ့ဖလားအတွက် အသင်းခေါင်းဆောင်အဖြစ် ပါဝင်ဖို့ အဆင်သင့် ရှိနေတာပါ။ မက္ကဆီကိုနဲ့ ကွန်ကာကက်ဖ်ဇုန် ခြေစစ်ပွဲတွေမှာ ၂ ပွဲ ပါဝင်ကစားထားတဲ့ အသက် ၃၅ နှစ်အရွယ် တောင်ပံကစားသမားဟောင်းဟာ အရွယ်ရလာချိန်မှာ ကွင်းလယ်အဖျက်အဖြစ် ပြောင်းလဲကစားခဲ့သူဖြစ်ပြီး စပိန်ကလပ် ရီးရဲလ်ဘက်တစ်နဲ့ ပုံမှန်နီးပါး ကစားခွင့်ရနေသူဖြစ်တာကြောင့် နည်းပြ ဂျရတ်ဒို(တာတာ) မာတီနိုရဲ့ ခေါ်ယူမှုကို ခံရဖို့ များနေတာပါ။

ရရှိမယ့်သူ ၄။ ဆာဂျီယို ရာမို့စ်
၂၀၀၆ ဂျာမနီ Batch တစ်ဦးပဲဖြစ်တဲ့ ဆာဂျီယို ရာမို့စ်ကတော့ ဒီစာရင်းထဲမှာ ငါးကြိမ်ပြည့်မှ ပြည့်ပါ့မလားလို့ ပရိသတ်တွေ စိတ်ပူနေရသူ ဖြစ်ပါတယ်။ ကျဆင်းလာတဲ့ ကြံ့ခိုင်မှုကြောင့် မကြာမကြာ ဝေးကွာလာခဲ့တဲ့ စပိန်လက်ရွေးစင်အသင်းရဲ့ ကပ္ပတိန်ရာထူးကို ဘာစီလိုနာရဲ့ ဆာဂျီယို ဘူးစကွက်စ်ဆီ လွှဲပေးခဲ့ရတဲ့ ရီးရဲလ်မက်ဒရစ်နောက်ခံလူဟောင်းဟာ ပီအက်စ်ဂျီအသင်းနဲ့ ဒီရာသီမှာ ၅ ပွဲသာ ကစားနိုင်သေးတာကြောင့် သူ့ကို နည်းပြ လူးဝစ် အန်ရီကေက ဆက်လက်ရွေးချယ်ဦးမလားဆိုတာကတော့ သံသယရှိစရာလည်းဖြစ်နေပါတယ်။ အတွေ့အကြုံထက် လူငယ်တွေကို ပိုကြိုက်တဲ့ နည်းပြရဲ့ အသင်းမှာ ကြံ့ခိုင်မှုပြည့်အောင် ကြိုးစားပြီး ဂုဏ်သိက္ခာအရ ပါဝင်နိုင်ဦးမလားဆိုတာတော့ စောင့်ကြည့်ရမှာပါ။

ရရှိမယ့်သူ ၅။ ဂီယာမို အိုချိုအာ
လက်ရှိ မက္ကဆီကို လက်ရွေးစင်အသင်းရဲ့ ဦးစားပေးဂိုးသမား အိုချိုအာကတော့ အသက် ၃၆ နှစ်အရွယ်မှာ ပွဲပေါင်း ၁၂၈ ပွဲအထိ ကစားပေးထားပြီး သူ့ရဲ့ ကမ္ဘာ့ဖလား ၅ ကြိမ်ဆက်တိုက် ပါဝင်မှုကို ရရှိဖို့ သေချာနေပါတယ်။ ဒါပေမယ့် အိုချိုအာဟာလည်း ဘူဖွန်လိုပဲ ရှေ့က ၂၀၀၆ ဂျာမနီနဲ့ ၂၀၁၀ တောင်အာဖရိကကမ္ဘာ့ဖလားတွေမှာ အရန်ခုံသာ ထိုင်ခဲ့ရပြီး ၂၀၁၄ ဘရာဇီးလ်မှာမှ ဦးစားပေးဖြစ်ခဲ့တာကြောင့် ၅ ကြိမ်ဆက်စာရင်းမှာ အားနည်းချက်နဲ့သူလို့ အပြောခံရဖို့တော့ ရှိနေခဲ့တာဖြစ်ပါတယ်။

ဒီစာရင်းရဲ့ နောက်ဆုံးနားကနေ မော်ဒရေးရှင်းထိုင်ပြီး ပါဝင်ခွင့်အတွက် မျှော်လင့်နိုင်သူကတော့ အသက် ၃၉ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ လာဇီယို ဂိုးသမား ပီပီ ရေးနားပဲဖြစ်ပါတယ်။ သူကတော့ ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄ နဲ့ ၂၀၂၀ ကမ္ဘာ့ဖလားတွေမှာ ပါဝင်ခွင့်ရထားပေမယ့် ၂၀၁၄ ဘရာဇီးလ်မြေမှာသာ ကစားခွင့်တစ်ကြိမ် ရဖူးသူဖြစ်သလို လက်ရွေးစင်အသင်းနဲ့ ယူရို ၂၀၂၀ ကိုလည်း လွဲချော်ထားတာကြောင့် သူ့အတွက် အခွင့်အရေးနဲ့ အသိအမှတ်ပြုမှုကတော့ များများစားစား မရှိနိုင်ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေျမာက္မက္ဆီဒိုးနီးယားကို အႏိုင္ယူၿပီး ေပၚတူဂီအသင္း ေျခစစ္ပြဲေအာင္လိုက္ေတာ့ ၃၇ ႏွစ္သားႀကီး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုအေနနဲ႔ ကမာၻ႔ဖလားကို အႀကိမ္ေရအမ်ားဆုံး ကစားမယ့္သူျဖစ္သြားၿပီလို႔ တခ်ိဳ႕ေတြက ဆိုေနၾကေပမယ့္ တကယ္တမ္းမွာေတာ့ ဒီစံခ်ိန္ဟာ သူတစ္ေယာက္တည္း ရရွိမယ့္ စံခ်ိန္မ်ိဳး မဟုတ္ဘဲ ေရွ႕က ရထားသူေတြနဲ႔ ကာတာမွာ ရရွိၾကမယ့္သူေတြကို စုစည္းေဖာ္ျပလိုက္ပါတယ္။

ရရွိၿပီးသူ ၁။ အန္တိုနီယို ကာဘာဟယ္လ္
ဒီစံခ်ိန္ကို အေစာဆုံးရရွိႏိုင္ခဲ့တဲ့ မကၠဆီကိုလက္ေ႐ြးစင္ဟာ ၁၉၅၀ မွာ အသင္းနဲ႔အတူ ဘရာဇီးလ္ေျမမွာ ကစားခြင့္ရခဲ့တဲ့ ဂိုးသမားႀကီး ျဖစ္ပါတယ္။ လက္ရွိအခ်ိန္အထိ သက္ရွိထင္ရွားရွိေနဆဲ အသက္ ၉၂ ႏွစ္အ႐ြယ္ ကာဘာဟယ္လ္ဟာ ၁၉၅၄ ဆြစ္ဇာလန္၊ ၁၉၅၈ ဆြီဒင္၊ ၁၉၆၂ ခ်ီလီနဲ႔ ၁၉၆၆ အဂၤလန္ကမာၻ႔ဖလားေတြမွာ ပါဝင္ကစားခဲ့သူျဖစ္ၿပီး ဒီလိုမ်ိဳး ၅ ႀကိမ္ဆက္တိုက္ ယွဥ္ၿပိဳင္ႏိုင္တဲ့ ပထမဆုံးကစားသမားလည္းျဖစ္လာခဲ့တာပါ။

ရရွိၿပီးသူ ၂။ လိုသာ မက္ေသးယပ္စ္
ဂ်ာမန္ဂႏၴဝင္ဟာ ကာဘရယ္လ္ရဲ႕ စံခ်ိန္ကို လိုက္မီႏိုင္သူအျဖစ္ မွတ္တမ္းဝင္ႏိုင္ဖို႔ ေနာက္ထပ္ ၁၆ ႏွစ္အၾကာမွာမွ သူ႔ရဲ႕ ပထမဆုံး ကမာၻ႔ဖလားနဲ႔ ၁၉၈၂ ခုႏွစ္ စပိန္ေျမမွာ ပြဲထြက္ခဲ့သူျဖစ္ပါတယ္။ ဘိုင္ယန္ျမဴးနစ္အသင္း ဂႏၴဝင္အျဖစ္ လူေတြ မွတ္မိေနၾကတဲ့ မက္ေသးယပ္စ္ဟာ မြန္ခ်န္ဂလာဘက္ခ်္နဲ႔ အင္တာမီလန္အသင္းေတြမွာလည္း ပြဲေပါင္း ရာေက်ာ္ကစားခဲ့ဖူးသူျဖစ္ၿပီး ၁၉၈၆ မကၠဆီကို၊ ၁၉၉၀ အီတလီ၊ ၁၉၉၄ အေမရိကန္နဲ႔ ၁၉၉၈ ျပင္သစ္ကမာၻ႔ဖလားေတြမွာ ၅ ႀကိမ္ဆက္တိုက္စံခ်ိန္ကို လိုက္မီခဲ့တာျဖစ္ပါတယ္။

ရရွိၿပီးသူ ၃။ ရာေဖးလ္ မားကက္ဇ္
ဘာစီလိုနာအသင္းနဲ႔အတူ လူသိမ်ားခဲ့တဲ့ ဝါရင့္ေနာက္ခံလူဟာ လူႀကီးလူငယ္ေတာ္ေတာ္မ်ားမ်ား အသိအမွတ္ျပဳၾကတဲ့ ကစားသမားေကာင္းနဲ႔ ဒီစံခ်ိန္ကို ရရွိခဲ့တဲ့အထဲမွာ ပိုၿပီး သတိထားမိခဲ့ရသူလည္းျဖစ္ပါတယ္။ ကာတာလန္ကလပ္နဲ႔ ေအာင္ျမင္မႈမ်ားစြာ ရယူခဲ့တဲ့ မားကက္ဇ္ဟာ ၁၉၉၈ ျပင္သစ္ကမာၻ႔ဖလားကို မကၠဆီကိုအသင္း ပါဝင္ခြင့္ရခဲ့ေပမယ့္ ေ႐ြးခ်ယ္မခံရလို႔ လြဲေခ်ာ္ခဲ့သူျဖစ္ၿပီး ၂၀၀၂ ကိုရီးယား-ဂ်ပန္မွာ စတင္ယွဥ္ၿပိဳင္ခြင့္ရခဲ့သူျဖစ္သလို ၂၀၀၆ ဂ်ာမနီ၊ ၂၀၁၀ ေတာင္အာဖရိက၊ ၂၀၁၄ ဘရာဇီးလ္၊ ၂၀၁၈ ႐ုရွားကမာၻ႔ဖလားေတြကို ၅ ႀကိမ္ျပည့္ေအာင္ ကစားႏိုင္ခဲ့ပါတယ္။

ရရွိၿပီးသူ ၄။ ဂ်န္လြီဂ်ီ ဘူဖြန္
ဂ်ဴဗင္တပ္စ္အသင္းနဲ႔ အီတလီဂႏၴဝင္ဂိုးသမားကေတာ့ လက္ရွိမွာ ႏိုင္ငံအသင္းကသာ အနားမယူခဲ့ဘူးဆိုရင္ ၆ ႀကိမ္ေျမာက္ ကမာၻ႔ဖလားနဲ႔ စံခ်ိန္တင္ႏိုင္မယ့္သူျဖစ္ပါတယ္။ ၁၉၉၈ ျပင္သစ္မွာ ေ႐ြးခ်ယ္ခံခဲ့ရေပမယ့္ စီနီယာ ပက္ဂ္လ်ဴကာေၾကာင့္ ေတာ္လ္ဒိုနဲ႔အတူ အရန္ခုံထိုင္ခဲ့ရတဲ့ ဘူဖြန္ဟာ ၂၀၀၂ ခုႏွစ္ ကိုရီးယား-ဂ်ပန္မွာေတာ့ ဦးစားေပးကစားသမားအျဖစ္ ပြဲထြက္ခြင့္ရခဲ့ၿပီး ၂၀၀၆ ဂ်ာမနီ၊ ၂၀၁၀ ေတာင္အာဖရိက၊ ၂၀၁၄ ဘရာဇီးလ္၊ ၂၀၁၈ ႐ုရွားကမာၻ႔ဖလားေတြမွာ ဆက္တိုက္ကစားခြင့္ရခဲ့ခ်ိန္မွာ ေရွ႕က သုံးေယာက္နဲ႔ ယွဥ္ရင္ေတာ့ အနည္းငယ္ စံခ်ိန္နိမ့္ပါးေနခဲ့တာပါ။

ဒီကစားသမားေတြရဲ႕ ေနာက္မွာလည္း ကာတာကို ေရာက္ရင္ ၿပိဳင္ပြဲ ၅ ႀကိမ္ဆက္ ကစားႏိုင္ဖို႔ အဆင္သင့္ျဖစ္ေနသူေတြ ရွိေနပါတယ္။ သူတို႔ကိုေတာ့ ၂၀၀၆ အုပ္စုလို႔ ေခၚရမွာျဖစ္ၿပီး ဂ်ာမနီကမာၻ႔ဖလားမွာ စတင္ပြဲထြက္ခြင့္ ရရွိထားခဲ့တဲ့ ဝါရင့္သမာၻရင့္ လက္ေ႐ြးစင္အသင္းေခါင္းေဆာင္ေတြလည္း ျဖစ္ေနၾကသလို ပါဝင္ဖို႔ အခြင့္အေရး ရွိေနၾကဆဲျဖစ္ပါတယ္။

ရရွိမယ့္သူ ၁။ ခရစၥတီယာႏို ေရာ္နယ္လ္ဒို
လက္ရွိအခ်ိန္အထိ ၂၀၀၆ ဂ်ာမနီ ကမာၻ႔ဖလားကစလို႔ ၄ ႀကိမ္ဆက္တိုက္ ကစားထားခဲ့သူေတြထဲမွာ ေပၚတူဂီအသင္းေခါင္းေဆာင္က ကာတာမွာ ၅ ႀကိမ္ဆက္ကစားသူအျဖစ္ မွတ္တမ္းဝင္ဖို႔ တာစူေနပါတယ္။ အုပ္စုကေန တိုက္႐ိုက္ မတက္ႏိုင္ခဲ့ဘဲ ေျခစစ္ပြဲ Play-off ကစားၿပီး ရင္ခုန္ခဲ့ရတဲ့ အသက္ ၃၇ ႏွစ္အ႐ြယ္ ကစားသမားဟာ ၂၀၀၆ ဂ်ာမနီ၊ ၂၀၁၀ ေတာင္အာဖရိက၊ ၂၀၁၄ ဘရာဇီးလ္၊ ၂၀၁၈ ႐ုရွားေျမေတြမွာ ေျခစြမ္းျပႏိုင္ခဲ့သူျဖစ္ၿပီး လက္ရွိမွာေတာ့ အသက္အ႐ြယ္အရ အနည္းငယ္ ေျခစြမ္းက်ဆင္းမႈနဲ႔ ေမာ္ဒန္ေဘာလုံးရဲ႕ ခပ္ၾကမ္းၾကမ္းကစားတတ္မႈေတြမွာ သူ႔ကိုယ္သူ ကာတာအထိ Save လုပ္ထားႏိုင္မလား ေစာင့္ၾကည့္ရမွာပါ။

ရရွိမယ့္သူ ၂။ လီယြန္နယ္ မက္ဆီ
ေရာ္နယ္လ္ဒိုတစ္ေယာက္ ဒီၿပိဳင္ပြဲမွာ ၅ ႀကိမ္ဆက္ စံခ်ိန္ကို ရရွိမယ္ဆိုလို႔ ထိုင္မေနဘဲ တူညီဖို႔ ရွိေနသူကေတာ့ အာဂ်င္တီးနားရဲ႕ လီယြန္နယ္ မက္ဆီပဲ ျဖစ္ပါတယ္။ တစ္ေခတ္တစ္ခါမွာ အေကာင္းဆုံး GOAT ႏွစ္ဦးအျဖစ္ ယွဥ္ၿပိဳင္ဖို႔ ျဖစ္လာခဲ့တဲ့ ၿပိဳင္ဆိုင္မႈမွာ ပီအက္စ္ဂ်ီတိုက္စစ္မႉးအတြက္ေတာ့ ကလပ္မွာ ဘာပဲျဖစ္ေနျဖစ္ေန လက္ေ႐ြးစင္မွာ အသင္းေခါင္းေဆာင္ေနရာတစ္ေနရာ ရွိေနခဲ့တာပါ။ ႏိုင္ငံအဆင့္မွာ ကမာၻ႔ဖလားေအာင္ျမင္မႈမ်ိဳး မရေသးတဲ့ သူ႔အတြက္ေတာ့ ကာတာ ၿပိဳင္ပြဲဟာ ေနာက္ဆုံးအႀကိမ္ ႀကိဳးစားမႈလည္း ျဖစ္လာႏိုင္ၿပီး ေရာ္နယ္လ္ဒိုနဲ႔ ဘယ္သူပိုသာမလဲ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

ရရွိမယ့္သူ ၃။ အန္းဒရက္စ္ ဂြါဒါဒို
ကမာၻ႔ဖလားသက္ေတာ္ရွည္စာရင္းမွာ မကၠဆီကန္ေတြခ်ည္း ဦးေဆာင္ေနတယ္ဆိုရင္ မမွားႏိုင္ပါဘူး။ ၅ ႀကိမ္ဆက္တိုက္ကစားထားသူ ၂ ဦးကို ပိုင္ဆိုင္ထားခ်ိန္မွာ တစ္ခ်ိန္က လွ်မ္းလွ်မ္းေတာက္ လူငယ္ေလးျဖစ္ခဲ့တဲ့ ဂြါဒါဒိုကလည္း သူ႔ရဲ႕ ပၪၥမေျမာက္ ကမာၻ႔ဖလားအတြက္ အသင္းေခါင္းေဆာင္အျဖစ္ ပါဝင္ဖို႔ အဆင္သင့္ ရွိေနတာပါ။ မကၠဆီကိုနဲ႔ ကြန္ကာကက္ဖ္ဇုန္ ေျခစစ္ပြဲေတြမွာ ၂ ပြဲ ပါဝင္ကစားထားတဲ့ အသက္ ၃၅ ႏွစ္အ႐ြယ္ ေတာင္ပံကစားသမားေဟာင္းဟာ အ႐ြယ္ရလာခ်ိန္မွာ ကြင္းလယ္အဖ်က္အျဖစ္ ေျပာင္းလဲကစားခဲ့သူျဖစ္ၿပီး စပိန္ကလပ္ ရီးရဲလ္ဘက္တစ္နဲ႔ ပုံမွန္နီးပါး ကစားခြင့္ရေနသူျဖစ္တာေၾကာင့္ နည္းျပ ဂ်ရတ္ဒို(တာတာ) မာတီႏိုရဲ႕ ေခၚယူမႈကို ခံရဖို႔ မ်ားေနတာပါ။

ရရွိမယ့္သူ ၄။ ဆာဂ်ီယို ရာမို႔စ္
၂၀၀၆ ဂ်ာမနီ Batch တစ္ဦးပဲျဖစ္တဲ့ ဆာဂ်ီယို ရာမို႔စ္ကေတာ့ ဒီစာရင္းထဲမွာ ငါးႀကိမ္ျပည့္မွ ျပည့္ပါ့မလားလို႔ ပရိသတ္ေတြ စိတ္ပူေနရသူ ျဖစ္ပါတယ္။ က်ဆင္းလာတဲ့ ႀကံ့ခိုင္မႈေၾကာင့္ မၾကာမၾကာ ေဝးကြာလာခဲ့တဲ့ စပိန္လက္ေ႐ြးစင္အသင္းရဲ႕ ကပၸတိန္ရာထူးကို ဘာစီလိုနာရဲ႕ ဆာဂ်ီယို ဘူးစကြက္စ္ဆီ လႊဲေပးခဲ့ရတဲ့ ရီးရဲလ္မက္ဒရစ္ေနာက္ခံလူေဟာင္းဟာ ပီအက္စ္ဂ်ီအသင္းနဲ႔ ဒီရာသီမွာ ၅ ပြဲသာ ကစားႏိုင္ေသးတာေၾကာင့္ သူ႔ကို နည္းျပ လူးဝစ္ အန္ရီေကက ဆက္လက္ေ႐ြးခ်ယ္ဦးမလားဆိုတာကေတာ့ သံသယရွိစရာလည္းျဖစ္ေနပါတယ္။ အေတြ႕အႀကဳံထက္ လူငယ္ေတြကို ပိုႀကိဳက္တဲ့ နည္းျပရဲ႕ အသင္းမွာ ႀကံ့ခိုင္မႈျပည့္ေအာင္ ႀကိဳးစားၿပီး ဂုဏ္သိကၡာအရ ပါဝင္ႏိုင္ဦးမလားဆိုတာေတာ့ ေစာင့္ၾကည့္ရမွာပါ။

ရရွိမယ့္သူ ၅။ ဂီယာမို အိုခ်ိဳအာ
လက္ရွိ မကၠဆီကို လက္ေ႐ြးစင္အသင္းရဲ႕ ဦးစားေပးဂိုးသမား အိုခ်ိဳအာကေတာ့ အသက္ ၃၆ ႏွစ္အ႐ြယ္မွာ ပြဲေပါင္း ၁၂၈ ပြဲအထိ ကစားေပးထားၿပီး သူ႔ရဲ႕ ကမာၻ႔ဖလား ၅ ႀကိမ္ဆက္တိုက္ ပါဝင္မႈကို ရရွိဖို႔ ေသခ်ာေနပါတယ္။ ဒါေပမယ့္ အိုခ်ိဳအာဟာလည္း ဘူဖြန္လိုပဲ ေရွ႕က ၂၀၀၆ ဂ်ာမနီနဲ႔ ၂၀၁၀ ေတာင္အာဖရိကကမာၻ႔ဖလားေတြမွာ အရန္ခုံသာ ထိုင္ခဲ့ရၿပီး ၂၀၁၄ ဘရာဇီးလ္မွာမွ ဦးစားေပးျဖစ္ခဲ့တာေၾကာင့္ ၅ ႀကိမ္ဆက္စာရင္းမွာ အားနည္းခ်က္နဲ႔သူလို႔ အေျပာခံရဖို႔ေတာ့ ရွိေနခဲ့တာျဖစ္ပါတယ္။

ဒီစာရင္းရဲ႕ ေနာက္ဆုံးနားကေန ေမာ္ဒေရးရွင္းထိုင္ၿပီး ပါဝင္ခြင့္အတြက္ ေမွ်ာ္လင့္ႏိုင္သူကေတာ့ အသက္ ၃၉ ႏွစ္အ႐ြယ္ ရွိေနၿပီျဖစ္တဲ့ လာဇီယို ဂိုးသမား ပီပီ ေရးနားပဲျဖစ္ပါတယ္။ သူကေတာ့ ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄ နဲ႔ ၂၀၂၀ ကမာၻ႔ဖလားေတြမွာ ပါဝင္ခြင့္ရထားေပမယ့္ ၂၀၁၄ ဘရာဇီးလ္ေျမမွာသာ ကစားခြင့္တစ္ႀကိမ္ ရဖူးသူျဖစ္သလို လက္ေ႐ြးစင္အသင္းနဲ႔ ယူ႐ို ၂၀၂၀ ကိုလည္း လြဲေခ်ာ္ထားတာေၾကာင့္ သူ႔အတြက္ အခြင့္အေရးနဲ႔ အသိအမွတ္ျပဳမႈကေတာ့ မ်ားမ်ားစားစား မရွိႏိုင္ေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.