International

ဧပြီလ ၁ ရက်နေ့ ကမ္ဘာ့ဖလားအုပ်စုအဆင့် မဲခွဲပွဲအကြောင်း တစေ့တစောင်း

ကမ္ဘာ့ဖလား ခြေစစ်ပွဲ play-offs ပွဲတွေ ပြီးဆုံးသွားခဲ့ပြီဖြစ်တာကြောင့် ခြေစစ်ပွဲ အောင်တဲ့အသင်းတွေအနေနဲ့ ၎င်းတို့ရဲ့ ကံကြမ္မာကို လာမယ့် ရက်အနည်းငယ်အတွင်း မြင်တွေ့ရတော့မှာဖြစ်ပါတယ်။

ကမ္ဘာ့ဟဲဗီးဝိတ်အသင်းကြီးတွေဟာ ကမ္ဘ့ဖလားပြိုင်ပွဲမှာ ဝင်ခွင့် ရရှိထားပြီးဖြစ်ပြီး အချို့ နိုင်ငံအသင်းတွေကတော့ play-offs ကနေတဆင့် ကမ္ဘာ့ဖလားဝင်ခွင့်ရဖို့အတွက် တိုက်ပွဲဝင်နေရဆဲဖြစ်ပါတယ်။ ကမ္ဘာ့ဖလား အုပ်စုအဆင့် မဲခွဲပွဲကို လာမယ့် ဧပြီလ ၁ ရက်နေ့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး အဲဒီမဲခွဲပွဲမတိုင်ခင် သိထားသင့်တဲ့အကြောင်းအရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

အခုအချိန်အထိ ဘယ်သူတွေ ဝင်ခွင့်အောင်သွားပြီလဲ

အိမ်ရှင် ကာတာအသင်းကတော့ ၂၀၁၀ ခုနှစ်ကတည်းက ၂၀၂၂ ကမ္ဘာ့ဖလားဝင်ခွင့် အလိုအလျောက် အောင်မြင်ထားပြီးဖြစ်ပြီး ဂျာမနီအသင်းကလည်း ပုံမှန် ခြေစစ်ပွဲလမ်းကြောင်းအတိုင်း အုပ်စုဗိုလ်အဖြစ် ခြေစစ်ပွဲ အောင်မြင်ထားပြီးဖြစ်ပါတယ်။ အင်္ဂလန်အသင်းကလည်း နိုဝင်ဘာလကတည်းက အုပ်စု I က အုပ်စုဗိုလ်အဖြစ်နဲ့ ဝင်ခွင့်အောင်မြင်ထားပြီးဖြစ်ပြီး တောင်အမေရိကဇုန်က ဥရုဂွေး၊ အီကွေဒေါတို့ကလည်း အလိုအလျောက် ခြေစစ်ပွဲအောင်မြင်ခဲ့တဲ့ ဘရာဇီးလ်၊ အာဂျင်တီးနားတို့နဲ့အတူ ဝင်ခွင့်ရရှိခဲ့ပြီဖြစ်ပါတယ်။ မက္ကဆီကိုနဲ့ ယူအက်စ်အေတို့ရဲ့ ကံကြမ္မာကတော့ မသေချာသေးဘဲ ကော်စတာရီကာကလည်း ကမ္ဘာ့ဖလားဝင်ခွင့်အတွက် ယှဉ်ပြိုင်နေဆဲဖြစ်ပါတယ်။ ကနေဒါအသင်းကတော့ ဂျမေကာကို ၄-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ၃၆ နှစ်ကြာ ဝေးကွာခဲ့တဲ့ ကမ္ဘာ့ဖလားဝင်ခွင့်ကို ဒုတိယအကြိမ်မြောက် အောင်မြင်ခဲ့ပြီဖြစ်ပါတယ်။

ခြေစစ်ပွဲအောင်မြင်ထားတဲ့အသင်းများ

ကာတာ(အိမ်ရှင်)၊ ခြေစစ်ပွဲအောင်သည့်နေ့ -၂.၁၂.၂၀၁၀

ဂျာမနီ(ဥရောပဇုန် အုပ်စု J ဗိုလ်)၊ ခြေစစ်ပွဲအောင်သည့်နေ့-၁၁.၁၀.၂၀၂၁

ဒိန်းမတ်(ဥရောပဇုန် အုပ်စု F ဗိုလ်)၊ ခြေစစ်ပွဲအောင်သည့်နေ့- ၁၂.၁၀.၂၀၂၁

ဘရာဇီးလ်( တောင်အမေရိကဇုန် ထိပ်ဆုံး ၄ သင်း)၊ ခြေစစ်ပွဲအောင်သည့်နေ့- ၁၁.၁၁.၂၀၂၁

ပြင်သစ်(ဥရောပဇုန် အုပ်စု D ဗိုလ်)၊ ခြေစစ်ပွဲအောင်သည့်နေ့- ၁၃.၁၁.၂၀၂၁

ဘယ်လ်ဂျီယမ်(ဥရောပဇုန် အုပ်စု E ဗိုလ်)၊ ခြေစစ်ပွဲအောင်သည့်နေ့-၁၃.၁၁.၂၀၂၁

ခရိုအေးရှား(ဥရောပဇုန် အုပ်စု H ဗိုလ်)၊ ခြေစစ်ပွဲအောင်သည့်နေ့- ၁၄.၁၁.၂၀၂၁

စပိန်(ဥရောပဇုန် အုပ်စု B ဗိုလ်)၊ ခြေစစ်ပွဲအောင်သည့်နေ့- ၁၄.၁၁.၂၀၂၁

ဆားဘီးယား(ဥရောပဇုန် အုပ်စု A ဗိုလ်)၊ ခြေစစ်ပွဲအောင်သည့်နေ့- ၁၄.၁၁.၂၀၂၁

အင်္ဂလန်(ဥရောပဇုန် အုပ်စု I ဗိုလ်)၊ ခြေစစ်ပွဲအောင်သည့်နေ့- ၁၅.၁၁.၂၀၂၁

ဆွစ်ဇာလန်(ဥရောပဇုန် အုပ်စု C ဗိုလ်)၊ ခြေစစ်ပွဲအောင်သည့်နေ့- ၁၅.၁၁.၂၀၂၁

နယ်သာလန်(ဥရောပဇုန် အုပ်စု G ဗိုလ်)၊ ခြေစစ်ပွဲအောင်သည့်နေ့- ၁၆.၁၁.၂၀၂၁

အာဂျင်တီးနား(တောင်အမေရိကဇုန် ထိပ်ဆုံး ၄ သင်း)၊ ခြေစစ်ပွဲအောင်သည့်နေ့- ၁၆.၁၁.၂၀၂၁

အီရန်(အာရှဇုန်တတိယအဆင့် အုပ်စု A ထိပ်ဆုံး ၂ သင်းထဲက တစ်သင်း)၊ ခြေစစ်ပွဲအောင်သည့်နေ့- ၂၇.၁.၂၀၂၂

တောင်ကိုရီးယား(အာရှဇုန်တတိယအဆင့် အုပ်စု A ထိပ်ဆုံး ၂ သင်းထဲက တစ်သင်း)၊ ခြေစစ်ပွဲအောင်သည့်နေ့- ၁.၂.၂၀၂၂

ဂျပန်(အာရှဇုန်တတိယအဆင့် အုပ်စု B ထိပ်ဆုံး ၂ သင်းထဲက တစ်သင်း)၊ ခြေစစ်ပွဲအောင်သည့်နေ့- ၂၄.၃.၂၀၂၂

ဆော်ဒီအာရေဗျ(အာရှဇုန်တတိယအဆင့် အုပ်စု B ထိပ်ဆုံး ၂ သင်းထဲက တစ်သင်း)၊ ခြေစစ်ပွဲအောင်သည့်နေ့- ၂၄.၃.၂၀၂၂

အီကွေဒေါ(တောင်အမေရိကဇုန်ထိပ်ဆုံး ၄ သင်း)၊ ခြေစစ်ပွဲအောင်သည့်နေ့- ၂၄.၃.၂၀၂၂

ဥရုဂွေ(တောင်အမေရိကဇုန်ထိပ်ဆုံး ၄ သင်း)၊ ခြေစစ်ပွဲအောင်သည့်နေ့- ၂၄.၃.၂၀၂၂

ကနေဒါ(CONCACAFတတိယအဆင့် ထိပ်ဆုံး ၃ သင်း)၊ ခြေစစ်ပွဲအောင်သည့်နေ့- ၂၇.၃.၂၀၂၂

ပေါ်တူဂီ(play-offs)၊ ခြေစစ်ပွဲအောင်သည့်နေ့- ၂၉.၃.၂၀၂၂

ပိုလန်(play-offs)၊ ခြေစစ်ပွဲအောင်သည့်နေ့- ၂၉.၃.၂၀၂၂

ဂါနာ(play-offs)၊ ခြေစစ်ပွဲအောင်သည့်နေ့- ၂၉.၃.၂၀၂၂

ဆီနီဂေါ(play-offs)၊ ခြေစစ်ပွဲအောင်သည့်နေ့- ၂၉.၃.၂၀၂၂

ကင်မရွန်း(play-offs)၊ ခြေစစ်ပွဲအောင်သည့်နေ့- ၂၉.၃.၂၀၂၂

မော်ရိုကို(play-offs)၊ ခြေစစ်ပွဲအောင်သည့်နေ့- ၂၉.၃.၂၀၂၂

တူနီးရှား(play-offs)၊ ခြေစစ်ပွဲအောင်သည့်နေ့- ၂၉.၃.၂၀၂၂

ဘယ်သူတွေ ခြေစစ်ပွဲအောင်ဖို့ ကျန်နေသေးလဲ

ကမ္ဘာ့ဖလားဝင်ခွင့် ၃၂ နေရာအတွက် ၂၇ နေရာ ဝင်ခွင့်ရရှိထားပြီးဖြစ်လို့ ၅ နေရာအတွက် ကျန်တဲ့ နိုင်ငံတွေက တိုက်ပွဲဝင်ရတော့မှာဖြစ်ပါတယ်။ အဲဒီထဲက တစ်နိုင်ငံကတော့ ယူကရိန်း စစ်ပွဲကြောင့် play-off ကစားဖို့ လုပ်ငန်းစဉ် နှေးကွေးနေတာကြောင့် ဥရောပတစ်နိုင်ငံကို သွားကစားရမှာဖြစ်ပြီး ပိုလန်နဲ့ ပေါ်တူဂီတို့ကတော့ ဒီအပတ်မှာ ဝင်ခွင့်နေရာတွေ ရရှိသွားခဲ့ပြီဖြစ်ပါတယ်။ ဝေးလ်ကတော့ စကော့တလန်နဲ့ တွေ့မလား၊ ယူကရိန်းနဲ့ တွေ့ရမလားဆိုတာကို စောင့်ဆိုင်းနေရဆဲဖြစ်ပြီး အဲဒီပွဲစဉ်ဟာ ဇွန်လမတိုင်ခင် ကစားသွားရဖွယ်ရှိနေတာဖြစ်ပါတယ်။ အရှေ့၊ ဗဟို အမေရိကနဲ့ ကမ်းရိုးတန်းဇုန်ရဲ့ ဝင်ခွင့်လုပ်ငန်းစဉ်တွေကတော့ ပြီးမြောက်ဖို့ အရမ်းကို နီးစပ်နေပြီဖြစ်ပြီး ကနေဒါအသင်းက ဝင်ခွင့်ရသွားပြီဖြစ်သလို ယူအက်စ်အေ၊ မက္ကဆီကိုတို့လည်း ကာတာမှာ မြင်ရဖို့ များနေပါတယ်။

ဒီ ၂ သင်းဟာ အဆင့် ၄ နေရာက ကော်စတာရီကာကို ၃ မှတ်အသာနဲ့ ဦးဆောင်နေပေမယ့်လည်း အပြောင်းအလဲဖြစ်လာဖို့ မျှော်လင့်ချက် အနည်းငယ်တော့ ရှိနေပါသေးတယ်။ ကော်စတာရီကာ အနေနဲ့ ယူအက်စ်အေကို ၁၀ ဂိုးလောက်သွင်းပြီး အနိုင်ရမှ ဝင်ခွင့်အတွက် မျှော်လင့်နိုင်မှာဖြစ်ပြီး မက္ကဆီကိုကတော့ အယ်ဆယ်ဗေဒေါ်ကို သရေကျရင် ဝင်ခွင့်ရမှာပါ။ ဒါမှမဟုတ် ရှုံးပြီး ကော်စတာရီကာက ယူအက်စ်အေကို အနည်းဆုံး ၃ ဂိုးအထက်နဲ့ အနိုင်မယူနိုင်ခဲ့ဘူးဆိုရင် ဝင်ခွင့်ရမှာပါ။ ကြောင်တောင်တောင်သွင်းဂိုးတွေ မရှိလာနိုင်ဘူးလို့ ယူဆရရင်တော့ ယူအက်စ်နဲ့ မက္ကဆီကိုတို့ ကမ္ဘာ့ဖလားဝင်ခွင့်ရသွားပြီး ကော်စတာရီကာကတော့ တိုက်များကြား play-off ကစားဖို့ ကျန်ရစ်ခဲ့မှာဖြစ်ပါတယ်။

အဲဒီပွဲစဉ်ဟာ သမုဒ္ဒရာပိုင်းဇုန် ဗိုလ်လုပွဲ အနိုင်ရရှိသူနဲ့ ရင်ဆိုင်ရမြှဖြစ်ပြီး ဆော်လမွန်ကျွန်းနိုင်ငံဟာ ဗုဒ္ဓဟူးနေ့ ဒိုဟာမြို့မှာ နယူးဇီလန်နဲ့ ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။ အဲဒီပွဲက အနိုင်ရသူဟာ ကာတာကို သွားရမှာဖြစ်ပြီး ကမ္ဘာ့ဖလား ဝင်ခွင့် ၃၂ နေရာထဲက နောက်ဆုံး ၁ နေရာသာ ကျန်တော့မှာဖြစ်ပါတယ်။ တောင်အမေရိကဇုန်မှာ ပီရူးက အဆင့် ၅ နေရာမှာ ပြီးဆုံးခဲ့ပြီး play-off ပွဲစဉ်အဖြစ် အာရှဇုန်က သြစတြေးလျ သို့မဟုတ် ယူအေအီးနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

မဲခွဲတာ ဘယ်လိုလဲ

ရှင်းရှင်းပြောရရင် ဝင်ခွင့်ရ ၃၂ သင်းကို တစ်အိုးကို ၈ သင်းနဲ့ ၄ အိုးထဲ ထည့်လိုက်မှာဖြစ်ပါတယ်။ ပြီးရင် တစ်အိုးချင်းဆီကနေ နှိုက်ပြီး အုပ်စု ၈ ခု ခွဲမှာပါ။ အိုး ၁ ကတော့ ပထမဆုံး စနှိုက်ခံရမှာဖြစ်ပြီး ပြီးတဲ့နောက် ၂၊ ၃၊ နောက်ဆုံးမှာ ၄ ကို နှိုက်မှာပါ။ မဲခွဲမှုအတွက် မဖြစ်မနေ လိုက်နာရမယ့် လိုအပ်ချက်တွေလည်း ရှိနေသေးပြီး ယခုနှစ်အတွက် မတ်လ ၃၁ ရက်နေ့မှာ ကြေညာမယ့် ဖီဖာအဆင့်သတ်မှတ်ချက်အပေါ် မူတည်ပြီး ခွဲခြားထားတဲ့ seeding ၄ ခုရှိမှာဖြစ်ပါတယ်။ အိုး ၁ မှာ အိမ်ရှင်ကာတာနဲ့ အဆင့်သတ်မှတ်ချက်အမြင့်ဆုံး ခြေစစ်ပွဲအောင် ၇ သင်း ရှိနေမှာဖြစ်ပြီး နောက်အိုးမှာတော့ အဆင့်သတ်မှတ်ချက် အမြင့်ဆုံး ၈ သင်းရှိမှာဖြစ်ပါတယ်။ အိုး ၃ မှာတော့ အိုး ၂ ပြီးရင် အဆင့်သတ်မှတ်ချက်အကောင်းဆုံး ၈ သင်း ပါဝင်မှာဖြစ်ပြီး အိုး ၄ ကတော့ နောက်ထပ် အဆင့်သတ်မှတ်ချက် အမြင့်ဆုံး ၅ သင်းနဲ့ တိုက်ကြီးများကြား play-off အနိုင်ရရှိတဲ့ ၂ သင်းနဲ့ နောက်ဆုံး ဥရောပ play-off အနိုင်ရရှိသူတို့ ပါဝင်မှာဖြစ်ပါတယ်။

SEEDED ထားခံရမယ့်အသင်းက ဘယ်အသင်းလဲ

စကော့တလန်နဲ့ ဝေးလ်တို့ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက်တော့ အဆင့်သတ်မှတ်ချက် အနိမ့်ဆုံးအသင်းတွေဖြစ်မှာဖြစ်ပြီး အပေါ်မှာ ရှင်းပြခဲ့သလိုပဲ SEEDED လုပ်မယ့်အသင်းကို မတ်လ ၃၁ ရက်နေ့ ဖီဖာရဲ့ ယခုနှစ်အတွက် အဆင့်သတ်မှတ်ချက်တွေ ကြေညာမှပဲ ဆုံးဖြတ်မှာဖြစ်ပါတယ်။ အင်္ဂလန်ကတော့ လက်ရှိ ကမ္ဘာ့အဆင့် ၅ ဖြစ်ပြီး ဘယ်လ်ဂျီယမ်၊ ဘရာဇီးလ်၊ ပြင်သစ်နဲ့ အာဂျင်တီးနားတို့က အင်္ဂလန်ရဲ့အထက်မှာ ရပ်တည်နေပါတယ်။

ပေါ်တူဂီအသင်းကလည်း သီးခြားဖယ်ထားမယ့်အသင်းဖြစ်မှာဖြစ်ပြီး သီအိုရီအရ အင်္ဂလန်ဟာ အဆင့် ၁၁ မှာရပ်တည်နေပြီး ဒုတိယ seeds အိုးထဲမှာ ရှိနေတဲ့ ဂျာမနီနဲ့ တစ်အုပ်စုတည်းကျဖို့များပါတယ်။ တချိန်တည်းမှာပဲ ဖီဖာက မဲခွဲတဲ့အချိန်မှာ play-off လမ်းကြောင်းပေါ်မှာ တိုက်ပွဲဝင်နေဆဲ ၃ သင်းထဲက တစ်သင်းကိုသာ ပြိုင်ပွဲဝင်အဖြစ် သတ်မှတ်မယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အဲဒီအသင်းတွေကတော့ အဆင့်သတ်မှတ်ချက်အနိမ့်ဆုံး နိုင်ငံအသင်းတွေနဲ့အတူ အိုး ၄ ထဲမှာ ထည့်ခံရမှာဖြစ်ပါတယ်။

ဥရောပ play-off ကစားနေတာ ဘယ်အသင်းတွေလဲ

အင်္ဂလန်ဟာ အုပ်စုဗိုလ်အဖြစ် ခြေစစ်ပွဲ အလိုအလျောက်အောင်မြင်ခဲ့ပေမယ့်လည်း အခြားအသင်းတွေကတော့ play-offs ကနေ ဝင်ခွင့်ရဖို့ အသည်းအသန် ရုန်းခဲ့ရပါတယ်။ ဒီလမ်းကြောင်းကနေ နောက်ထပ် ၃ သင်းဟာ ကာတာကမ္ဘာ့ဖလားဝင်ခွင့်ရရှိမှာဖြစ်ပြီး ပေါ်တူဂီ၊ ပိုလန်တို့ကတော့ အင်္ဂါနေ့ညမှာ ဝင်ခွင့်ရသွားခဲ့ပြီဖြစ်ပါတယ်။ စကော့တလန်နဲ့ ဝေးလ်ဟာ ကမ္ဘာ့ဖလားဝင်ခွင့်ရဖို့အတွက် ကြိုးပမ်းနေရတဲ့ အသင်းတွေထဲမှာ ပါဝင်နေပြီး အံ့အားသင့်စရာကောင်းတာက စကော့တလန်နဲ့ ဝေးလ်တို့ဟာ တူညီတဲ့လမ်းကြောင်းပေါ်မှာ ထားရှိခြင်းခံခဲ့ရတာကြောင့် စကော့တလန်သာ ယူကရိန်းကို နိုင်ပြီး ဝင်ခွင့်ရမယ်ဆိုရင် ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ပြန်ရင်ဆိုင်ရဦးမယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။ စကော့တလန်နဲ့ ယူကရိန်းတို့ပွဲကို ဇွန်လထဲမှာ ကစားသွားဖို့ စီစဉ်ထားပါတယ်။

ကမ္ဘာ့ဖလားအုပ်စုအဆင့် မဲခွဲပွဲက ဘယ်အချိန်လဲ

၂၀၂၂ ကမ္ဘာ့ဖလားအုပ်စုအဆင့် မဲခွဲပွဲကို ဧပြီလ ၁ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပြီး ဒိုဟာ ကုန်စည်ပြခန်းနဲ့ ကွန်ဗင်းရှင်းစင်တာမှာ ဒေသစံတော်ချိန် ည ၇ နာရီမှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲ ဘယ်အချိန်စမှာလဲ

ပထမဆုံးအုပ်စုအဆင့်ပွဲစဉ်တွေဟာ နိုဝင်ဘာ ၂၁ ရက်နေ့မှာ စတင်မှာဖြစ်ပြီး အဖွင့်ပွဲစဉ်ကို အိမ်ရှင်ကာတာနဲ့ အုပ်စု A က အခြားအသင်းက ဒေသစံတော်ချိန် နေ့လယ် ၁ နာရီမှာ ကစားသွားမှာဖြစ်ပါတယ်။ ပြိုင်ပွဲဟာ စုစုပေါင်း ၁ လကြာမြင့်မှာဖြစ်ပြီး နောက်ဆုံးဗိုလ်လုပွဲကို ဒီဇင်ဘာ ၁၈ ရက်နေ့ ဒေသစံတော်ချိန် ညနေ ၆ နာရီမှာ ကစားဖို့ စီစဉ်ထားပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:





































မဲခွဲတာ ဘယ်လိုလဲ











REF: INTERNET SOURCES
SPORTS A2Z.