International

အသင်းဖော်တွေရဲ့ မွေးနေ့စပရိုက်ကြောင့် ရှက်ကိုးရှက်ကန်းဖြစ်ခဲ့ရတဲ့ ကွန်တေ

အန်ဂိုလို ကွန်တေရဲ့ အသက် ၃၁ နှစ်ပြည့် မွေးနေ့အတွက် ပြင်သစ်အသင်းသားတွေအားလုံးဟာ အထူးမွေးနေ့ကိတ်မုန့် လျှို့ဝှက် စီစဉ်ထားပြီး အံ့အားသင့်စေခဲ့ကြပါတယ်။

အင်္ဂါနေ့ညမှာ တောင်အာဖရိကကို ၅-၀ နဲ့ အနိုင်ရခဲ့တဲ့ ချစ်ကြည်ရေး ခြေစမ်းပွဲစဉ်အတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေချိန်မှာ အသင်းသားတွေဟာ အစည်းအဝေးခန်းထဲမှာ စုဝေးပြီး ချဲလ်ဆီးကွင်းလယ်ကြယ်ပွင့်ကို အံ့အားသင့်စေခဲ့တာဖြစ်ပါတယ်။ ကွန်တေဟာ တသက်နဲ့တကိုယ် တစ်ခါမှ မွေးနေ့ပါတီပွဲ မကျင်းပခဲ့ဖူးတာကြောင့် အသင်းဖော်ဟောင်းတွေကို မွေးနေ့လက်ဆောင်အတွက် တစ်ခါတုန်းက တောင်းပန်စကားပြောခဲ့ဖူးပြီး လက်ဆောင်ကြောင့် နေရခက်ခဲ့တယ်ဆိုတာ ရှင်းပါတယ်။

ဗီဒီယိုဖိုင်ထဲမှာ ပေါ့ဂ်ဘာ၊ အမ်ဘာပေ၊ ကင်ပန်ဘီတို့လို အသင်းဖော်တွေက ကွန်တေအတွက် မွေးနေ့ဆုတောင်းသီချင်း သီဆိုပေးခဲ့ကြတာကို မြင်တွေ့ခဲ့ရပြီး ပြီးတဲ့နောက်မှာတော့ ကွန်တေက မတ်တပ်ထရပ်ပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။ အခန်းထဲမှာရှိတဲ့ အသင်းဖော်တွေအားလုံးကို ကျေးဇူးတင်စကားမပြောခင် ကွန်တေက “ငါတို့ ဒီနေ့ညမှာ ပွဲကောင်းတစ်ပွဲ ကစားရပြီး ကောင်းမွန်တဲ့အနိုင်ရလဒ်ရရှိနိုင်မယ်လို့ မျှော်လင့်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ပြင်သစ်အသင်းဟာ ကွန်တေ မျှော်လင့်ထားတဲ့အတိုင်းပဲ တောင်အာဖရိကအသင်းကို အမ်ဘာပေရဲ့ သွင်းဂိုး ၂ ဂိုး၊ ဂျီရူး၊ ဘန် ယက်ဒါ၊ ဂွမ်ဒူဇီတို့ရဲ့ သွင်းဂိုးတွေနဲ့ အပြတ်အသတ် ချေမှုန်းနိုင်ခဲ့ကြတာဖြစ်ပါတယ်။ ဒက်စ်ချမ့်ဟာ ကွန်တေရဲ့ အမာခံပရိသတ်ဖြစ်ပြီး တကယ်တော့ မနှစ်က ချဲလ်ဆီးကွင်းလယ်ကစားသမားဟာ ပြင်သစ်လက်ရွေးစင်အသင်းလူစာရင်းမှာ ပထမဆုံး ရွေးချယ်ခံရတဲ့ နာမည်ဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကွင်းလယ်ကစားသမားက နောက်ကွယ်ကနေပဲ အလုပ်လုပ်တယ်။ သူက မီဒီယာတွေ အာရုံစိုက်တာ မခံခဲ့ရဘူး။ ဘာလို့လဲဆိုတော့ သူက အဆုံးအဖြတ်ပေးနိုင်တဲ့သူမဟုတ်လို့ပါ။ အခါအားလျော်စွာ အလင်းရောင်တွေက သူတို့အပေါ်မှာ တောက်ပခဲ့ကြတယ်။ အခု ကွန်တေက အဲဒီလိုပါပဲ။ သူက အသင်းလေ့ကျင့်ရေးမှာ အသင်းဖော်တွေ ဝိုင်းပြီး ရွေးချယ်တဲ့ ပထမဆုံးကစားသမားပါ။ သူက လက်ရွေးစင်အသင်းနည်းပြ သူ့ရဲ့ ပွဲွထွက် ၁၁ ဦးစာရင်းကို ဆုံးဖြတ်တဲ့အချိန်မှာ ပထမဆုံး ချရေးရတဲ့ နာမည်ဖြစ်ပါတယ်”လို့ ဒက်စ်ချမ့်က ပြောကြားခဲ့ပါတယ်။

ကွန်တေဟာ ဘောလုံးလောကရဲ့ သဘောအကောင်းဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ် ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်ခြင်းခံခဲ့ရသူဖြစ်ပေမယ့်လည်း ၎င်းရဲ့ ပုံရိပ်ဟာ အတိုင်းအတာတစ်ခုအထိ ချဲ့ကားခြင်းခံခဲ့ရတယ်လို့ ခံစားနေရတာဖြစ်ပါတယ်။

“တစ်ခါတလေ ဒီပုံရိပ်က နည်းနည်း အံ့အားသင့်စရာလည်းကောင်းပြီး နည်းနည်းလည်း လှပတယ်ဆိုတာတော့ အမှန်ပါပဲ။ ဒါပေမယ့် နောက်ဆုံးတော့ ကျွန်တော်က သာမန်လူတစ်ယောက်ပါ။ တခြားကစားသမားတွေထဲက ကစားသမားတစ်ဦးပါ။ ကျွန်တော်က အကြင်နာတတ်ဆုံး ဒါမှမဟုတ် သဘောအကောင်းဆုံးလို့ ပြောစရာမလိုပါဘူး။ ကျွန်တော်က တခြားကစားသမားတွေလိုပဲ ကစားသမားတစ်ဦးပါ။ ကျွန်တော် တွေးမိတာက တစ်ခါတလေ အဲဒါက အရမ်းကို ချဲ့ကားလွန်းပါတယ်။ အဲဒါက အဲဒီလောက် ချဲ့ကားဖို့ မလိုပါဘူး။ ကျွန်တော့် အသင်းဖော်တွေနဲ့ ကျွန်တော် လျှောက်လာတဲ့ လမ်းမပေါ်က လူတွေ၊ ဘောလုံးလောကက လူတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိချင်တယ်ဆိုတာတော့ အမှန်ပါပဲ”

“ဒါပေမယ့် ကျွန်တော့်အပြင် ဘောလုံးလောကမှာ ဒီလိုလူမျိုးတွေလည်း ရှိနေပါတယ်။ ကျွန်တော်တို့ ဇာတ်လမ်းတစ်ခုလုံးကို ဖန်တီးဖို့ ဒါမှမဟုတ် တခါတလေ ချဲ့ကားတာတွေလုပ်ဖို့ မလိုအပ်ပါဘူး”လို့ ကွန်တေက မနှစ်က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားခဲ့ဖူးပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အန္ဂိုလို ကြန္ေတရဲ့ အသက္ ၃၁ ႏွစ္ျပည့္ ေမြးေန႔အတြက္ ျပင္သစ္အသင္းသားေတြအားလုံးဟာ အထူးေမြးေန႔ကိတ္မုန႔္ လၽွို႔ဝွက္ စီစဥ္ထားၿပီး အံ့အားသင့္ေစခဲ့ၾကပါတယ္။

အဂၤါေန႔ညမွာ ေတာင္အာဖရိကကို ၅-၀ နဲ႔ အနိုင္ရခဲ့တဲ့ ခ်စ္ၾကည္ေရး ေျခစမ္းပြဲစဥ္အတြက္ ႀကိဳတင္ျပင္ဆင္မႈေတြ ျပဳလုပ္ေနခ်ိန္မွာ အသင္းသားေတြဟာ အစည္းအေဝးခန္းထဲမွာ စုေဝးၿပီး ခ်ဲလ္ဆီးကြင္းလယ္ၾကယ္ပြင့္ကို အံ့အားသင့္ေစခဲ့တာျဖစ္ပါတယ္။ ကြန္ေတဟာ တသက္နဲ႔တကိုယ္ တစ္ခါမွ ေမြးေန႔ပါတီပြဲ မက်င္းပခဲ့ဖူးတာေၾကာင့္ အသင္းေဖာ္ေဟာင္းေတြကို ေမြးေန႔လက္ေဆာင္အတြက္ တစ္ခါတုန္းက ေတာင္းပန္စကားေျပာခဲ့ဖူးၿပီး လက္ေဆာင္ေၾကာင့္ ေနရခက္ခဲ့တယ္ဆိုတာ ရွင္းပါတယ္။

ဗီဒီယိုဖိုင္ထဲမွာ ေပါ့ဂ္ဘာ၊ အမ္ဘာေပ၊ ကင္ပန္ဘီတို႔လို အသင္းေဖာ္ေတြက ကြန္ေတအတြက္ ေမြးေန႔ဆုေတာင္းသီခ်င္း သီဆိုေပးခဲ့ၾကတာကို ျမင္ေတြ႕ခဲ့ရၿပီး ၿပီးတဲ့ေနာက္မွာေတာ့ ကြန္ေတက မတ္တပ္ထရပ္ၿပီး ေက်းဇူးတင္စကား ေျပာၾကားခဲ့ပါတယ္။ အခန္းထဲမွာရွိတဲ့ အသင္းေဖာ္ေတြအားလုံးကို ေက်းဇူးတင္စကားမေျပာခင္ ကြန္ေတက “ငါတို႔ ဒီေန႔ညမွာ ပြဲေကာင္းတစ္ပြဲ ကစားရၿပီး ေကာင္းမြန္တဲ့အနိုင္ရလဒ္ရရွိနိုင္မယ္လို႔ ေမၽွာ္လင့္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ျပင္သစ္အသင္းဟာ ကြန္ေတ ေမၽွာ္လင့္ထားတဲ့အတိုင္းပဲ ေတာင္အာဖရိကအသင္းကို အမ္ဘာေပရဲ့ သြင္းဂိုး ၂ ဂိုး၊ ဂ်ီ႐ူး၊ ဘန္ ယက္ဒါ၊ ဂြမ္ဒူဇီတို႔ရဲ့ သြင္းဂိုးေတြနဲ႔ အျပတ္အသတ္ ေခ်မႈန္းနိုင္ခဲ့ၾကတာျဖစ္ပါတယ္။ ဒက္စ္ခ်မ့္ဟာ ကြန္ေတရဲ့ အမာခံပရိသတ္ျဖစ္ၿပီး တကယ္ေတာ့ မႏွစ္က ခ်ဲလ္ဆီးကြင္းလယ္ကစားသမားဟာ ျပင္သစ္လက္ေရြးစင္အသင္းလူစာရင္းမွာ ပထမဆုံး ေရြးခ်ယ္ခံရတဲ့ နာမည္ျဖစ္တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ကြင္းလယ္ကစားသမားက ေနာက္ကြယ္ကေနပဲ အလုပ္လုပ္တယ္။ သူက မီဒီယာေတြ အာ႐ုံစိုက္တာ မခံခဲ့ရဘူး။ ဘာလို႔လဲဆိုေတာ့ သူက အဆုံးအျဖတ္ေပးနိုင္တဲ့သူမဟုတ္လို႔ပါ။ အခါအားေလ်ာ္စြာ အလင္းေရာင္ေတြက သူတို႔အေပၚမွာ ေတာက္ပခဲ့ၾကတယ္။ အခု ကြန္ေတက အဲဒီလိုပါပဲ။ သူက အသင္းေလ့က်င့္ေရးမွာ အသင္းေဖာ္ေတြ ဝိုင္းၿပီး ေရြးခ်ယ္တဲ့ ပထမဆုံးကစားသမားပါ။ သူက လက္ေရြးစင္အသင္းနည္းၿပ သူ႔ရဲ့ ပြဲြထြက္ ၁၁ ဦးစာရင္းကို ဆုံးျဖတ္တဲ့အခ်ိန္မွာ ပထမဆုံး ခ်ေရးရတဲ့ နာမည္ျဖစ္ပါတယ္”လို႔ ဒက္စ္ခ်မ့္က ေျပာၾကားခဲ့ပါတယ္။

ကြန္ေတဟာ ေဘာလုံးေလာကရဲ့ သေဘာအေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးအျဖစ္ က်ယ္က်ယ္ျပန႔္ျပန႔္ သတ္မွတ္ျခင္းခံခဲ့ရသူျဖစ္ေပမယ့္လည္း ၎ရဲ့ ပုံရိပ္ဟာ အတိုင္းအတာတစ္ခုအထိ ခ်ဲ႕ကားျခင္းခံခဲ့ရတယ္လို႔ ခံစားေနရတာျဖစ္ပါတယ္။

“တစ္ခါတေလ ဒီပုံရိပ္က နည္းနည္း အံ့အားသင့္စရာလည္းေကာင္းၿပီး နည္းနည္းလည္း လွပတယ္ဆိုတာေတာ့ အမွန္ပါပဲ။ ဒါေပမယ့္ ေနာက္ဆုံးေတာ့ ကၽြန္ေတာ္က သာမန္လူတစ္ေယာက္ပါ။ တျခားကစားသမားေတြထဲက ကစားသမားတစ္ဦးပါ။ ကၽြန္ေတာ္က အၾကင္နာတတ္ဆုံး ဒါမွမဟုတ္ သေဘာအေကာင္းဆုံးလို႔ ေျပာစရာမလိုပါဘူး။ ကၽြန္ေတာ္က တျခားကစားသမားေတြလိုပဲ ကစားသမားတစ္ဦးပါ။ ကၽြန္ေတာ္ ေတြးမိတာက တစ္ခါတေလ အဲဒါက အရမ္းကို ခ်ဲ႕ကားလြန္းပါတယ္။ အဲဒါက အဲဒီေလာက္ ခ်ဲ႕ကားဖို႔ မလိုပါဘူး။ ကၽြန္ေတာ့္ အသင္းေဖာ္ေတြနဲ႔ ကၽြန္ေတာ္ ေလၽွာက္လာတဲ့ လမ္းမေပၚက လူေတြ၊ ေဘာလုံးေလာကက လူေတြနဲ႔ ေကာင္းမြန္တဲ့ ဆက္ဆံေရးရွိခ်င္တယ္ဆိုတာေတာ့ အမွန္ပါပဲ”

“ဒါေပမယ့္ ကၽြန္ေတာ့္အျပင္ ေဘာလုံးေလာကမွာ ဒီလိုလူမ်ိဳးေတြလည္း ရွိေနပါတယ္။ ကၽြန္ေတာ္တို႔ ဇာတ္လမ္းတစ္ခုလုံးကို ဖန္တီးဖို႔ ဒါမွမဟုတ္ တခါတေလ ခ်ဲ႕ကားတာေတြလုပ္ဖို႔ မလိုအပ္ပါဘူး”လို႔ ကြန္ေတက မႏွစ္က သတင္းစာရွင္းလင္းပြဲတစ္ခုမွာ ေျပာၾကားခဲ့ဖူးပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.