International

မြောက်မက်ဆီဒိုးနီးယားကို အနိုင်ယူပြီးနောက် နေရာမှန်ရောက်သွားပြီလို့ ပြောလိုက်တဲ့ ရော်နယ်လ်ဒို

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ပေါ်တူဂီအသင်းက မြောက်မက်ဆီဒိုးနီးယားကို ဘရူနို ဖာနန်ဒက်စ်ရဲ့ သွင်းဂိုး ၂ ဂိုးနဲ့ အနိုင်ယူပြီး ၂၀၂၂ ကမ္ဘာ့ဖလားဝင်ခွင့်ရရှိခဲ့ပြီးနောက် နေရာမှန်ကို ရောက်ရှိသွားပြီလို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်က အီတလီအသင်းဟာ မြောက်မက်ဆီဒိုးနီးယားကို ရှုံးနိမ့်ခဲ့ပြီး ကာတာ ကမ္ဘာ့ဖလားကို လွဲချော်ခဲ့တာကို မြင်တွေ့ခဲ့ရပြီးနောက် ပေါ်တူဂီအသင်းဟာ အလားတူကံကြမ္မာမျိုးကို ရှောင်လွှဲချင်ခဲ့တာဖြစ်ပါတယ်။ ပေါ်တူဂီအသင်းဟာ ကြာသပတေးနေ့မှာ တူရကီကို ၃-၁ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် အင်္ဂါနေ့ညနေမှာ မြောက်မက်ဆီဒိုးနီယားနဲ့ တွေ့ဆုံယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး ဖာနန်ဒက်စ်ရဲ့ သွင်းဂိုးတွေကြောင့် ယခုနှစ် ကမ္ဘာ့ဖလားဝင်ခွင့်ကို ရရှိသွားခဲ့တာဖြစ်ပါတယ်။

“ရည်မှန်းချက် အောင်မြင်သွားခဲ့ပြီ။ ကျွန်တော်တို့ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ခွင့်ရသွားပါပြီ။ ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ရဲ့ နေရာမှန်မှာ ရှိနေပါပြီ။ မမောနိုင်မပမ်းနိုင် အားပေးခဲ့တဲ့အတွက် ပေါ်တူဂီပရိသတ်အားလုံးကို ကျေးဇူးတင်ပါတယ်။ ခိုင်မာတဲ့အရည်အသွေးနဲ့ ပေါ်တူဂီ”လို့ အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။

ပေါ်တူဂီအသင်းဟာ လက်ရှိမှာတော့ ကမ္ဘာ့ဖလား ၆ ကြိမ်ဆက် ဝင်ခွင့်ရရှိခဲ့ပြီဖြစ်ပြီး အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူး ရော်နယ်လ်ဒိုဟာ နောက်ဆုံးအကြိမ်လည်း ဖြစ်နိုင်ခြေရှိတဲ့ ၅ ကြိမ်မြောက် ကမ္ဘာ့ဖလားကို ပေါ်တူဂီအသင်းနဲ့အတူ ပါဝင်ယှဉ်ပြိုင်သွားဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။ ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ပေါ်တူဂီအသင်းအတွက် ဘရူနို ဖာနန်ဒက်စ် ပထမဆုံးသွင်းယူခဲ့တဲ့ ဦးဆောင်ဂိုးမှာ တကိုယ်ကောင်း မဆန်မှုကို ပြသခဲ့ပြီး အလွန်ကောင်းမွန်တဲ့ ဂိုးဖန်တီးမှုကို ပြုလုပ်ပေးခဲ့တာစြဖ်ပါတယ်။

ပွဲကစားချိန် နာရီဝက်ကျော်မှာ ခံစစ်ပိုင်း အမှားကနေတဆင့် ရော်နယ်လ်ဒိုက ကမ္ဘာ့အဆင့် ခြေစွမ်းမျိုးကို ပြသခဲ့တာဖြစ်ပြီး ဖာနန်ဒက်စ်က စတီဖန် ရစ်တော့ဗ်စကီးရဲ့ ပေးပို့မှုကို ကြားဖြတ်ခဲ့ရာကနေ ပေါ်တူဂီအသင်းခေါင်းဆောင်ဆီ ဘောလုံး ရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။ ရော်နယ်လ်ဒိုဟာ ဘောလုံးကို ပင်နယ်တီဧရိယာထိပ်အထိ ဆွဲပြေးသွားခဲ့ပြီး အားလုံးက ဂိုးကန်သွင်းလိမ့်မယ်လို့ မျှော်မှန်းထားချိန်မှာ မြောက်မက်ဆီဒိုးနီးယားနောက်ခံကစားသမားရဲ့ ပေါင်ကြားထဲကနေ ပင်နယ်တီဧရိယာထဲ ပြေးဝင်လာတဲ့ ဖာနန်ဒက်စ်ကို ထိုးပေးခဲ့တာဖြစ်ပါတယ်။

ဖာနန်ဒက်စ်ကလည်း အမှားအယွင်းမရှိ ရော်နယ်လ်ဒိုရဲ့ လှပသေသပ်တဲ့ ပေးပို့မှုကို အပြင်းကန်သွင်းယူသွားခဲ့ပြီး လူဇင်ဘတ်ကို ၅-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်အပြီး ပထမဆုံး ပြိုင်ပွဲသွင်းဂိုးလည်း ဖြစ်ခဲ့တာဖြစ်ပါတယ်။ သိပ်မကြာခင်မှာပဲ ဘရူနို ဖာနန်ဒက်စ်ဟာ ဒုတိယပိုင်းအလယ်လောက်မှာ အနိုင်သေချာစေမယ့် နောက်ထပ်ဦးဆောင်ဂိုးကို ထပ်မံသွင်းယူပေးသွားခဲ့ပေမယ့်လည်း အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးရဲ့ မှော်ဆန်တဲ့ ဖန်တီးပေးပို့မှုကိုပဲ ပရိသတ်တွေက ပါးစပ်က မချနိုင်အောင် ဖြစ်ခဲ့ကြတာဖြစ်ပါတယ်။

“ပေါ်တူဂီရဲ့သမိုင်းမှာ အဆုံးအဖြတ်အဖြစ်ဆုံးပွဲမှာ ရော်နယ်လ်ဒိုက ဂိုးဖန်တီးမှု ပြုလုပ်ခဲ့ပြီးပါပီ။ သူက လူသားရော ဟုတ်ရဲ့လား”လို့ တွစ်တာအသုံးပြုသူတစ်ဦးက ချီးကျူးခဲ့ပြီး “အဲဒါက ရော်နယ်လ်ဒိုရဲ့ အမိုက်စား ဂိုးဖန်တီးမှုဖြစ်ခဲ့တယ် မဟုတ်လား”လို့ နောက်ထပ် တွစ်တာအသုံးပြုသူတစ်ဦးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခရစၥတီယာနို ေရာ္နယ္လ္ဒိုဟာ ေပၚတူဂီအသင္းက ေျမာက္မက္ဆီဒိုးနီးယားကို ဘ႐ူနို ဖာနန္ဒက္စ္ရဲ့ သြင္းဂိုး ၂ ဂိုးနဲ႔ အနိုင္ယူၿပီး ၂၀၂၂ ကမၻာ့ဖလားဝင္ခြင့္ရရွိခဲ့ၿပီးေနာက္ ေနရာမွန္ကို ေရာက္ရွိသြားၿပီလို႔ ေျပာၾကားခဲ့ပါတယ္။

ၿပီးခဲ့တဲ့အပတ္က အီတလီအသင္းဟာ ေျမာက္မက္ဆီဒိုးနီးယားကို ရႈံးနိမ့္ခဲ့ၿပီး ကာတာ ကမၻာ့ဖလားကို လြဲေခ်ာ္ခဲ့တာကို ျမင္ေတြ႕ခဲ့ရၿပီးေနာက္ ေပၚတူဂီအသင္းဟာ အလားတူကံၾကမၼာမ်ိဳးကို ေရွာင္လႊဲခ်င္ခဲ့တာျဖစ္ပါတယ္။ ေပၚတူဂီအသင္းဟာ ၾကာသပေတးေန႔မွာ တူရကီကို ၃-၁ နဲ႔ အနိုင္ရရွိခဲ့ၿပီးေနာက္ အဂၤါေန႔ညေနမွာ ေျမာက္မက္ဆီဒိုးနီယားနဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္ခဲ့ရတာျဖစ္ၿပီး ဖာနန္ဒက္စ္ရဲ့ သြင္းဂိုးေတြေၾကာင့္ ယခုႏွစ္ ကမၻာ့ဖလားဝင္ခြင့္ကို ရရွိသြားခဲ့တာျဖစ္ပါတယ္။

“ရည္မွန္းခ်က္ ေအာင္ျမင္သြားခဲ့ၿပီ။ ကၽြန္ေတာ္တို႔ ကာတာ ကမၻာ့ဖလားၿပိဳင္ပြဲမွာ ပါဝင္ခြင့္ရသြားပါၿပီ။ ကၽြန္ေတာ္တို႔အေနနဲ႔ ကၽြန္ေတာ္တို႔ရဲ့ ေနရာမွန္မွာ ရွိေနပါၿပီ။ မေမာနိုင္မပမ္းနိုင္ အားေပးခဲ့တဲ့အတြက္ ေပၚတူဂီပရိသတ္အားလုံးကို ေက်းဇူးတင္ပါတယ္။ ခိုင္မာတဲ့အရည္အေသြးနဲ႔ ေပၚတူဂီ”လို႔ အင္စတာဂရမ္မွာ ေရးသားခဲ့ပါတယ္။

ေပၚတူဂီအသင္းဟာ လက္ရွိမွာေတာ့ ကမၻာ့ဖလား ၆ ႀကိမ္ဆက္ ဝင္ခြင့္ရရွိခဲ့ၿပီျဖစ္ၿပီး အသက္ ၃၇ ႏွစ္အရြယ္ တိုက္စစ္မႉး ေရာ္နယ္လ္ဒိုဟာ ေနာက္ဆုံးအႀကိမ္လည္း ျဖစ္နိုင္ေျခရွိတဲ့ ၅ ႀကိမ္ေျမာက္ ကမၻာ့ဖလားကို ေပၚတူဂီအသင္းနဲ႔အတူ ပါဝင္ယွဥ္ၿပိဳင္သြားဖို႔ ျပင္ဆင္ေနၿပီျဖစ္ပါတယ္။ ခရစၥတီယာနို ေရာ္နယ္လ္ဒိုဟာ ေပၚတူဂီအသင္းအတြက္ ဘ႐ူနို ဖာနန္ဒက္စ္ ပထမဆုံးသြင္းယူခဲ့တဲ့ ဦးေဆာင္ဂိုးမွာ တကိုယ္ေကာင္း မဆန္မႈကို ျပသခဲ့ၿပီး အလြန္ေကာင္းမြန္တဲ့ ဂိုးဖန္တီးမႈကို ျပဳလုပ္ေပးခဲ့တာျစဖ္ပါတယ္။

ပြဲကစားခ်ိန္ နာရီဝက္ေက်ာ္မွာ ခံစစ္ပိုင္း အမွားကေနတဆင့္ ေရာ္နယ္လ္ဒိုက ကမၻာ့အဆင့္ ေျခစြမ္းမ်ိဳးကို ျပသခဲ့တာျဖစ္ၿပီး ဖာနန္ဒက္စ္က စတီဖန္ ရစ္ေတာ့ဗ္စကီးရဲ့ ေပးပို႔မႈကို ၾကားျဖတ္ခဲ့ရာကေန ေပၚတူဂီအသင္းေခါင္းေဆာင္ဆီ ေဘာလုံး ေရာက္ရွိသြားခဲ့တာျဖစ္ပါတယ္။ ေရာ္နယ္လ္ဒိုဟာ ေဘာလုံးကို ပင္နယ္တီဧရိယာထိပ္အထိ ဆြဲေျပးသြားခဲ့ၿပီး အားလုံးက ဂိုးကန္သြင္းလိမ့္မယ္လို႔ ေမၽွာ္မွန္းထားခ်ိန္မွာ ေျမာက္မက္ဆီဒိုးနီးယားေနာက္ခံကစားသမားရဲ့ ေပါင္ၾကားထဲကေန ပင္နယ္တီဧရိယာထဲ ေျပးဝင္လာတဲ့ ဖာနန္ဒက္စ္ကို ထိုးေပးခဲ့တာျဖစ္ပါတယ္။

ဖာနန္ဒက္စ္ကလည္း အမွားအယြင္းမရွိ ေရာ္နယ္လ္ဒိုရဲ့ လွပေသသပ္တဲ့ ေပးပို႔မႈကို အျပင္းကန္သြင္းယူသြားခဲ့ၿပီး လူဇင္ဘတ္ကို ၅-၀ နဲ႔ အနိုင္ရခဲ့တဲ့ပြဲစဥ္အၿပီး ပထမဆုံး ၿပိဳင္ပြဲသြင္းဂိုးလည္း ျဖစ္ခဲ့တာျဖစ္ပါတယ္။ သိပ္မၾကာခင္မွာပဲ ဘ႐ူနို ဖာနန္ဒက္စ္ဟာ ဒုတိယပိုင္းအလယ္ေလာက္မွာ အနိုင္ေသခ်ာေစမယ့္ ေနာက္ထပ္ဦးေဆာင္ဂိုးကို ထပ္မံသြင္းယူေပးသြားခဲ့ေပမယ့္လည္း အသက္ ၃၇ ႏွစ္အရြယ္ တိုက္စစ္မႉးရဲ့ ေမွာ္ဆန္တဲ့ ဖန္တီးေပးပို႔မႈကိုပဲ ပရိသတ္ေတြက ပါးစပ္က မခ်နိုင္ေအာင္ ျဖစ္ခဲ့ၾကတာျဖစ္ပါတယ္။

“ေပၚတူဂီရဲ့သမိုင္းမွာ အဆုံးအျဖတ္အျဖစ္ဆုံးပြဲမွာ ေရာ္နယ္လ္ဒိုက ဂိုးဖန္တီးမႈ ျပဳလုပ္ခဲ့ၿပီးပါပီ။ သူက လူသားေရာ ဟုတ္ရဲ့လား”လို႔ တြစ္တာအသုံးျပဳသူတစ္ဦးက ခ်ီးက်ဴးခဲ့ၿပီး “အဲဒါက ေရာ္နယ္လ္ဒိုရဲ့ အမိုက္စား ဂိုးဖန္တီးမႈျဖစ္ခဲ့တယ္ မဟုတ္လား”လို႔ ေနာက္ထပ္ တြစ္တာအသုံးျပဳသူတစ္ဦးကလည္း မွတ္ခ်က္ေပးခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.