International Match Report

ဘရာဇီးလ်တို့ လေးဂိုးပြတ် နိုင်ပွဲဆင်ချိန်မှာ သရေသာရတဲ့ မက်ဆီရဲ့ အာဂျင်တီးနား

ဘရာဇီးလ်အသင်းအနေနဲ့ ဒီနေ့မှာ ဘိုလီဗီးယားရဲ့ ကစားရခက်တဲ့ ပင်လယ်ရေမျက်နှာပြင်အထက် ၁၁၉၃၂ ပေအမြင့်မှာ ရှိတဲ့ အက်စတေဒီယို ဟာနန်ဒို ဆီလက်စ်ကွင်းမှာ လာရောက်ကစားခဲ့ရပေမယ့် နေမာကို ခေါ်မလာခဲ့ဘဲ ကျန်တဲ့ ရစ်ချာလစ်ဆန်၊ ပါကေးတာ၊ ကော်တင်ညို၊ အန်တိုနီတို့လို တိုက်စစ်ကစားသမားတွေရဲ့ အင်အားနဲ့ အကောင်းဆုံးကစားပြသွားနိုင်ခဲ့ပါတယ်။

အယ်လစ်ဆန်၊ ဒါနီ အဲလ်ဗက်စ်၊ အဲလက်စ် တဲလက်စ်၊ မားကင်ညို့စ်၊ အီဒါ မီလီတို၊ ဖာဘင်ညိုနဲ့ ဘရူနို ဂီမာရိုင်စ်တို့ ပါဝင်လာတဲ့ ခံစစ်နဲ့ ကွင်းလယ်ကလည်း ဒီနေ့မှာ ပွဲကို အကောင်းဆုံး ထိန်းချုပ်သွားနိုင်ခဲ့သလို အိမ်ရှင် ဘိုလီဗီးယားတို့ဘက်က ခြေစစ်ပွဲ ဂိုးသွင်းဘုရင် ဝါရင့်တိုက်စစ်မှူး မာဆယ်လို မိုရီနိုတို့အဖွဲ့ ယှဉ်ကစားဖို့ မဖြစ်နိုင်ခဲ့တာပါ။

ပွဲချိန် ၂၄ မိနစ်မှာ ဘရာဇီးလ်တို့ အဖွင့်ဂိုး စတင်ရယူနိုင်ခဲ့ပြီး ကွင်းလယ်က ဝမ်းတူးရိုက်ပြီး ဆွဲထွက်လာခဲ့တဲ့ ဘရူနို ဂီမာရိုင်စ်ရဲ့ ဖိအားအောက်က အကောင်းဆုံး ဖန်တီးပေးမှုကို ညာတောင်ပံမှာ နေရာယူထားတဲ့ ပါကေးတာက ဂိုးသမား ကော်ဒါနိုနဲ့အတွေ့မှာ အနိမ့်ဘောကန်သွင်းပြီး အနိုင်ယူနိုင်ခဲ့လို့ ဧည့်သည်တွေ စတင်ဦးဆောင်ခဲ့ပါတယ်။

ဂိုးပေးရအပြီးမှာ အိမ်ကွင်းရဲ့ အောက်ဆီဂျင်နည်းမှုကို အသားကျနေတဲ့ အိမ်ရှင်တွေအနေနဲ့ ဖိကစားခဲ့ပေမယ့် ပိုမိုကြံ့ခိုင်သန်စွမ်းလာပုံရပြီး ကျန်းမာရေးဆို နောက်ဆုံးကနေတဲ့ နေမာလို ကစားသမားမျိုးနဲ့ သက်ကြီးကစားသမားတွေကို သုံးစွဲမထားတဲ့ ဘရာဇီးလ်တို့ ဘိုလီဗီးယားတိုက်စစ်ကို ထိန်းချုပ်သွားနိုင်ခဲ့တာပါ။

ပွဲချိန် ၄၅ မိနစ်မှာတော့ ဘိုလီဗီးယားတို့ ဘောလုံးအပေးမှားရာကနေ ဘရာဇီးလ်တို့ တန်ပြန်တိုက်စစ်ဆင်ခဲ့ပြီး ကော်တင်ညိုက ညာဘက်ကို ချပေးခဲ့ရာမှာ တောင်ပံကစားသမား အန်တိုနီက တစ်ဖက်နောက်ခံလူ လေးယောက်ကြားက ဖြတ်ချိုးပေးခဲ့တဲ့ ဘောလုံးကို ဘယ်ခြမ်းမှာ တစ်ယောက်တည်း လွတ်နေတဲ့ ရစ်ချာလစ်ဆန်က ပိတ်သွင်းပြီး ပထမပိုင်းမှာ နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း ဘရာဇီးလ်တို့ပဲ ဖိကစားခဲ့ပြီး ပွဲချိန် ၅၄ မိနစ်မှာ ခြေစွမ်းသိပ်မပြနိုင်တဲ့ ဘယ်တောင်ပံက ကော်တင်ညိုအစား မာတီနယ်လီ ဝင်လာခဲ့သလို ပွဲချိန် ၆၅ မိနစ်မှာတော့ ဘိုလီဗီးယားကွင်းလယ်က ဘောလုံးပျက်တာကို မာတီနယ်လီဖြတ်ယူပြီး ကန်ဖို့ ကြိုးစားရာမှာ လှဲချခံခဲ့ရလို့ ပြန်ထွက်လာတဲ့ ဘောလုံးကို ပါကေးတာက အသာမ,ပေးလိုက်ရာမှာ နောက်က ပါလာတဲ့ ဘရူနို ဂီမာရိုင်စ်က ကန်သွင်းပြီး တတိယဂိုး ယူခဲ့တာပါ။

ဒီနောက်ပိုင်းမှာတော့ ဘရာဇီးလ်တို့ဘက်က ဘရူနို ဂီမာရိုင်စ်၊ အန်တိုနီနဲ့ အဲလက်စ် တဲလက်စ်တို့နေရာမှာ အာတူ၊ ရိုဒရီဂိုနဲ့ အရာညာတို့ကို ထည့်သွင်းလူစားလဲသွားခဲ့ပြီး နာကျင်အချိန်ပို ၁ မိနစ်မှာတော့ လူစားဝင် ရိုဒရီဂိုရဲ့ ကန်ချက်ကို ဂိုးသမား ပုတ်လို့ ပြန်ထွက်လာတာကနေ ရစ်ချာလစ်ဆန်က သူ့ရဲ့ ဒုတိယဂိုးအဖြစ် သွင်းယူပြီး လေးဂိုး-ဂိုးမရှိနဲ့ ပွဲသိမ်းလှစေခဲ့တာဖြစ်ပါတယ်။

ဒီပွဲရလဒ်ကြောင့် အသင်းအားလုံး ပွဲကုန်သွားခဲ့ချိန်မှာ အာဂျင်တီးနားနဲ့ ပွဲပျက်ခဲ့တဲ့ ဘရာဇီးလ်တို့ ၁၇ ပွဲကစား ၁၄ ပွဲနိုင် ၃ ပွဲသရေနဲ့ ရှုံးပွဲမရှိဘဲ ရမှတ် ၄၅ မှတ်နဲ့ အုပ်စုဗိုလ်အဖြစ် ခြေစစ်ပွဲအောင်သွားခဲ့ပြီး အာဂျင်တီးနားကတော့ ၁၇ ပွဲမှာ ၁၁ ပွဲနိုင် ၆ ပွဲသရေ၊ ရမှတ် ၃၉ မှတ်နဲ့ ဒုတိယနေရာက ရပ်တည်ခဲ့တာဖြစ်ပါတယ်။

တစ်ချိန်တည်းမှာ ကစားခဲ့တဲ့ ပွဲမှာတော့ အဝေးကွင်းမှာ အီကွေဒေါနဲ့ ကစားခဲ့ရတဲ့ မက်ဆီရဲ့ အာဂျင်တီးနားကတော့ ဟူလီယို အယ်လ်ဗာရက်ဇ် သွင်းယူခဲ့တဲ့ ဂိုးနဲ့ ဦးဆောင်ခဲ့ပေမယ့် နာကျင်အချိန်ပိုမှာ အင်နာ ဗလင်စီယာရဲ့ ဂိုးနဲ့ ချေပခံခဲ့ရတာကြောင့် နိုင်ပွဲပျောက်ခဲ့ရပြီး သူတို့နဲ့ ဘရာဇီးလ်တို့ရဲ့ အရေးမပါတော့တဲ့ ပွဲကျန်ကို ပြန်ကစားမယ့် ရက်ကိုတော့ ထပ်မံသတ်မှတ်သွားဖို့ ရှိနေပါတယ်။

တောင်အမေရိကရဲ့ နောက်ဆုံးပွဲစဉ်တွေမှ နိုင်မှ သူများကို မရဲတရဲ ကြည့်ခွင့်ရမယ့် ချီလီကို အဝေးကွင်းလာကစားတဲ့ ဥရုဂွေးကို နှစ်ဂိုး-ဂိုးမရှိနဲ့ နှိပ်ကွပ်ခဲ့ပြီး တတိယနေရာက ခြေစစ်ပွဲအောင်ခဲ့သလို အာဂျင်တီးနားကို သရေကစားခဲ့တဲ့ အီကွေဒေါကတော့ စတုတ္ထနေရာက တိုက်ရိုက် ခြေစစ်ပွဲ အောင်ခဲ့ပြီး ပါရာဂွေးကို အနိုင်ရခဲ့တဲ့ ပီရူးကတော့ နောက်တစ်ဆင့်အဖြစ် အာရှအသင်းတစ်သင်းနဲ့ နေရာလုတော့မှာပါ။

နာမည်ကြီး ကိုလံဘီယာကတော့ နောက်ဆုံးနေ့မှာ ဟားမက်စ် ရိုဒရီးရက်ဇ်ရဲ့ ပင်နယ်တီနဲ့ ဗင်နီဇွဲလားကို အနိုင်ရခဲ့ပေမယ့် ပီရူးနဲ့ တစ်မှတ် အကွာက အဆင့် ၆ ကိုသာ ရရှိခဲ့သလို ချီလီကတော့ နောက်ဆုံးနှစ်ပွဲဆက်ရှုံးပြီး အဆင့် ၅ နဲ့ ခပ်ဝေးဝေး ၅ မှတ်အကွာကနေ လက်ပြနှုတ်ဆက်ခဲ့ရတာ ဖြစ်ပါတယ်။

တောင်အမေရိကနဲ့ အာရှတိုက်နှစ်တိုက်ကြား Play-off ကစားခွင့်ရခဲ့တဲ့ ပီရူးကတော့ အာရှရဲ့ နောက်ဆုံးအဆင့် ၀.၅ နေရာကို လုကြမယ့် ယူအေအီးနဲ့ ဩစတေးလျတို့နှစ်သင်းထဲက အနိုင်ရရှိသူနဲ့ ကစားရမှာဖြစ်ပြီး ဒီလက်ကျန်တစ်နေရာအတွက်ကတော့ ခက်ခဲဦးမယ်လို့လည်း ခန့်မှန်းရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘရာဇီးလ္အသင္းအေနနဲ႔ ဒီေန႔မွာ ဘိုလီဗီးယားရဲ႕ ကစားရခက္တဲ့ ပင္လယ္ေရမ်က္ႏွာျပင္အထက္ ၁၁၉၃၂ ေပအျမင့္မွာ ရွိတဲ့ အက္စေတဒီယို ဟာနန္ဒို ဆီလက္စ္ကြင္းမွာ လာေရာက္ကစားခဲ့ရေပမယ့္ ေနမာကို ေခၚမလာခဲ့ဘဲ က်န္တဲ့ ရစ္ခ်ာလစ္ဆန္၊ ပါေကးတာ၊ ေကာ္တင္ညိဳ၊ အန္တိုနီတို႔လို တိုက္စစ္ကစားသမားေတြရဲ႕ အင္အားနဲ႔ အေကာင္းဆုံးကစားျပသြားႏိုင္ခဲ့ပါတယ္။

အယ္လစ္ဆန္၊ ဒါနီ အဲလ္ဗက္စ္၊ အဲလက္စ္ တဲလက္စ္၊ မားကင္ညိဳ႕စ္၊ အီဒါ မီလီတို၊ ဖာဘင္ညိဳနဲ႔ ဘ႐ူႏို ဂီမာ႐ိုင္စ္တို႔ ပါဝင္လာတဲ့ ခံစစ္နဲ႔ ကြင္းလယ္ကလည္း ဒီေန႔မွာ ပြဲကို အေကာင္းဆုံး ထိန္းခ်ဳပ္သြားႏိုင္ခဲ့သလို အိမ္ရွင္ ဘိုလီဗီးယားတို႔ဘက္က ေျခစစ္ပြဲ ဂိုးသြင္းဘုရင္ ဝါရင့္တိုက္စစ္မႉး မာဆယ္လို မိုရီႏိုတို႔အဖြဲ႕ ယွဥ္ကစားဖို႔ မျဖစ္ႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၂၄ မိနစ္မွာ ဘရာဇီးလ္တို႔ အဖြင့္ဂိုး စတင္ရယူႏိုင္ခဲ့ၿပီး ကြင္းလယ္က ဝမ္းတူး႐ိုက္ၿပီး ဆြဲထြက္လာခဲ့တဲ့ ဘ႐ူႏို ဂီမာ႐ိုင္စ္ရဲ႕ ဖိအားေအာက္က အေကာင္းဆုံး ဖန္တီးေပးမႈကို ညာေတာင္ပံမွာ ေနရာယူထားတဲ့ ပါေကးတာက ဂိုးသမား ေကာ္ဒါႏိုနဲ႔အေတြ႕မွာ အနိမ့္ေဘာကန္သြင္းၿပီး အႏိုင္ယူႏိုင္ခဲ့လို႔ ဧည့္သည္ေတြ စတင္ဦးေဆာင္ခဲ့ပါတယ္။

ဂိုးေပးရအၿပီးမွာ အိမ္ကြင္းရဲ႕ ေအာက္ဆီဂ်င္နည္းမႈကို အသားက်ေနတဲ့ အိမ္ရွင္ေတြအေနနဲ႔ ဖိကစားခဲ့ေပမယ့္ ပိုမိုႀကံ့ခိုင္သန္စြမ္းလာပုံရၿပီး က်န္းမာေရးဆို ေနာက္ဆုံးကေနတဲ့ ေနမာလို ကစားသမားမ်ိဳးနဲ႔ သက္ႀကီးကစားသမားေတြကို သုံးစြဲမထားတဲ့ ဘရာဇီးလ္တို႔ ဘိုလီဗီးယားတိုက္စစ္ကို ထိန္းခ်ဳပ္သြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၄၅ မိနစ္မွာေတာ့ ဘိုလီဗီးယားတို႔ ေဘာလုံးအေပးမွားရာကေန ဘရာဇီးလ္တို႔ တန္ျပန္တိုက္စစ္ဆင္ခဲ့ၿပီး ေကာ္တင္ညိဳက ညာဘက္ကို ခ်ေပးခဲ့ရာမွာ ေတာင္ပံကစားသမား အန္တိုနီက တစ္ဖက္ေနာက္ခံလူ ေလးေယာက္ၾကားက ျဖတ္ခ်ိဳးေပးခဲ့တဲ့ ေဘာလုံးကို ဘယ္ျခမ္းမွာ တစ္ေယာက္တည္း လြတ္ေနတဲ့ ရစ္ခ်ာလစ္ဆန္က ပိတ္သြင္းၿပီး ပထမပိုင္းမွာ ႏွစ္ဂိုး-ဂိုးမရွိျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာလည္း ဘရာဇီးလ္တို႔ပဲ ဖိကစားခဲ့ၿပီး ပြဲခ်ိန္ ၅၄ မိနစ္မွာ ေျခစြမ္းသိပ္မျပႏိုင္တဲ့ ဘယ္ေတာင္ပံက ေကာ္တင္ညိဳအစား မာတီနယ္လီ ဝင္လာခဲ့သလို ပြဲခ်ိန္ ၆၅ မိနစ္မွာေတာ့ ဘိုလီဗီးယားကြင္းလယ္က ေဘာလုံးပ်က္တာကို မာတီနယ္လီျဖတ္ယူၿပီး ကန္ဖို႔ ႀကိဳးစားရာမွာ လွဲခ်ခံခဲ့ရလို႔ ျပန္ထြက္လာတဲ့ ေဘာလုံးကို ပါေကးတာက အသာမ,ေပးလိုက္ရာမွာ ေနာက္က ပါလာတဲ့ ဘ႐ူႏို ဂီမာ႐ိုင္စ္က ကန္သြင္းၿပီး တတိယဂိုး ယူခဲ့တာပါ။

ဒီေနာက္ပိုင္းမွာေတာ့ ဘရာဇီးလ္တို႔ဘက္က ဘ႐ူႏို ဂီမာ႐ိုင္စ္၊ အန္တိုနီနဲ႔ အဲလက္စ္ တဲလက္စ္တို႔ေနရာမွာ အာတူ၊ ႐ိုဒရီဂိုနဲ႔ အရာညာတို႔ကို ထည့္သြင္းလူစားလဲသြားခဲ့ၿပီး နာက်င္အခ်ိန္ပို ၁ မိနစ္မွာေတာ့ လူစားဝင္ ႐ိုဒရီဂိုရဲ႕ ကန္ခ်က္ကို ဂိုးသမား ပုတ္လို႔ ျပန္ထြက္လာတာကေန ရစ္ခ်ာလစ္ဆန္က သူ႔ရဲ႕ ဒုတိယဂိုးအျဖစ္ သြင္းယူၿပီး ေလးဂိုး-ဂိုးမရွိနဲ႔ ပြဲသိမ္းလွေစခဲ့တာျဖစ္ပါတယ္။

ဒီပြဲရလဒ္ေၾကာင့္ အသင္းအားလုံး ပြဲကုန္သြားခဲ့ခ်ိန္မွာ အာဂ်င္တီးနားနဲ႔ ပြဲပ်က္ခဲ့တဲ့ ဘရာဇီးလ္တို႔ ၁၇ ပြဲကစား ၁၄ ပြဲႏိုင္ ၃ ပြဲသေရနဲ႔ ရႈံးပြဲမရွိဘဲ ရမွတ္ ၄၅ မွတ္နဲ႔ အုပ္စုဗိုလ္အျဖစ္ ေျခစစ္ပြဲေအာင္သြားခဲ့ၿပီး အာဂ်င္တီးနားကေတာ့ ၁၇ ပြဲမွာ ၁၁ ပြဲႏိုင္ ၆ ပြဲသေရ၊ ရမွတ္ ၃၉ မွတ္နဲ႔ ဒုတိယေနရာက ရပ္တည္ခဲ့တာျဖစ္ပါတယ္။

တစ္ခ်ိန္တည္းမွာ ကစားခဲ့တဲ့ ပြဲမွာေတာ့ အေဝးကြင္းမွာ အီေကြေဒါနဲ႔ ကစားခဲ့ရတဲ့ မက္ဆီရဲ႕ အာဂ်င္တီးနားကေတာ့ ဟူလီယို အယ္လ္ဗာရက္ဇ္ သြင္းယူခဲ့တဲ့ ဂိုးနဲ႔ ဦးေဆာင္ခဲ့ေပမယ့္ နာက်င္အခ်ိန္ပိုမွာ အင္နာ ဗလင္စီယာရဲ႕ ဂိုးနဲ႔ ေခ်ပခံခဲ့ရတာေၾကာင့္ ႏိုင္ပြဲေပ်ာက္ခဲ့ရၿပီး သူတို႔နဲ႔ ဘရာဇီးလ္တို႔ရဲ႕ အေရးမပါေတာ့တဲ့ ပြဲက်န္ကို ျပန္ကစားမယ့္ ရက္ကိုေတာ့ ထပ္မံသတ္မွတ္သြားဖို႔ ရွိေနပါတယ္။

ေတာင္အေမရိကရဲ႕ ေနာက္ဆုံးပြဲစဥ္ေတြမွ ႏိုင္မွ သူမ်ားကို မရဲတရဲ ၾကည့္ခြင့္ရမယ့္ ခ်ီလီကို အေဝးကြင္းလာကစားတဲ့ ဥ႐ုေဂြးကို ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ႏွိပ္ကြပ္ခဲ့ၿပီး တတိယေနရာက ေျခစစ္ပြဲေအာင္ခဲ့သလို အာဂ်င္တီးနားကို သေရကစားခဲ့တဲ့ အီေကြေဒါကေတာ့ စတုတၳေနရာက တိုက္႐ိုက္ ေျခစစ္ပြဲ ေအာင္ခဲ့ၿပီး ပါရာေဂြးကို အႏိုင္ရခဲ့တဲ့ ပီ႐ူးကေတာ့ ေနာက္တစ္ဆင့္အျဖစ္ အာရွအသင္းတစ္သင္းနဲ႔ ေနရာလုေတာ့မွာပါ။

နာမည္ႀကီး ကိုလံဘီယာကေတာ့ ေနာက္ဆုံးေန႔မွာ ဟားမက္စ္ ႐ိုဒရီးရက္ဇ္ရဲ႕ ပင္နယ္တီနဲ႔ ဗင္နီဇြဲလားကို အႏိုင္ရခဲ့ေပမယ့္ ပီ႐ူးနဲ႔ တစ္မွတ္ အကြာက အဆင့္ ၆ ကိုသာ ရရွိခဲ့သလို ခ်ီလီကေတာ့ ေနာက္ဆုံးႏွစ္ပြဲဆက္ရႈံးၿပီး အဆင့္ ၅ နဲ႔ ခပ္ေဝးေဝး ၅ မွတ္အကြာကေန လက္ျပႏႈတ္ဆက္ခဲ့ရတာ ျဖစ္ပါတယ္။

ေတာင္အေမရိကနဲ႔ အာရွတိုက္ႏွစ္တိုက္ၾကား Play-off ကစားခြင့္ရခဲ့တဲ့ ပီ႐ူးကေတာ့ အာရွရဲ႕ ေနာက္ဆုံးအဆင့္ ၀.၅ ေနရာကို လုၾကမယ့္ ယူေအအီးနဲ႔ ဩစေတးလ်တို႔ႏွစ္သင္းထဲက အႏိုင္ရရွိသူနဲ႔ ကစားရမွာျဖစ္ၿပီး ဒီလက္က်န္တစ္ေနရာအတြက္ကေတာ့ ခက္ခဲဦးမယ္လို႔လည္း ခန႔္မွန္းရပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.