Premier League

ရက်ရှ်ဖို့ဒ် အပြောင်းအရွှေ့မှာ အာဆင်နယ် ဘာကြောင့် လက်ရှောင်သင့်တာလဲ

ရာသီကုန်ဖို့ လအနည်းငယ် ကျန်ရှိနေသေးပေမယ့် အာဆင်နယ်အတွက် အပြောင်းအရွှေ့ ကောလာဟလတွေကတော့ စတင် လှုပ်လှုပ်ခတ်ခတ် ဖြစ်လာနေခဲ့ပြီး ဖြစ်ပါတယ်။

အာဆင်နယ်ရဲ့ တိုက်စစ်မှူးသစ် ခေါ်ယူချင်တဲ့ စိတ်အားထက်သန်မှုနဲ့အတူ ပြောင်းရွှေ့နိုင်တဲ့ တိုက်စစ်မှူးတွေရော မပြောင်းရွှေ့နိုင်တဲ့ တိုက်စစ်မှူးတွေတောင်မှ မြောက်လန်ဒန်ကလပ်အသင်းနဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့တာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ Mirror ရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်မှာ မပျော်မရွှင်ဖြစ်နေတဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်ဟာ ထိပ်ဆုံး ၄ နေရာပြိုင်ဘက် အာဆင်နယ်ကို ပြောင်းရွှေ့နိုင်ခြေရှိတယ်ဆိုတဲ့ အကြောင်းအရာဟာ မကြာသေးမီက ခေါင်းကြီးပိုင်းတွေမှာ နေရာယူနေခဲ့တာဖြစ်ပါတယ်။

ကောလာဟလတွေက ဘယ်လောက်ပဲ ထွက်ပေါ်နေနေ အာတီတာအနေနဲ့ စိတ်ဝင်စားကောင်း စိတ်ဝင်စားနိုင်တဲ့ အကြောင်းအရင်းအနည်းငယ်ရှိနေပြီး ရက်ရှ်ဖို့ဒ်ဟာ အသက် ၂၄ နှစ်အရွယ်သာရှိသေးတာကြောင့် ရှေ့မှာ အနာဂတ်များစွာရှိနေသေးသလို တန်ဖိုးရှိတဲ့ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်အတွေ့အကြုံတွေကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ၄၆ ပွဲ ပါဝင်ကစားပေးထားတဲ့ ရက်ရှ်ဖို့ဒ်ဟာ အရေးပါတဲ့ နည်းဗျူဟာပိုင်းမှာ ပြုလွယ်ပြင်လွယ်ရှိမှုဆိုတဲ့ အရည်အချင်းကိုလည်း ပိုင်ဆိုင်ထားပြီး အထောင်တိုက်စစ်အနေနဲ့ တိုက်စစ်ကို ဦးဆောင်နိုင်သလို တောင်ပံတိုက်စစ်မှာလည်း ကစားနိုင်သူဖြစ်ပါတယ်။

အာတီတာအနေနဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်ကို အသင်းလူစာရင်းထဲမှာ တန်ဖိုးရှိတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ပြောင်းလဲပေးနိုင်မယ်လို့ ယုံကြည်ရလောက်တဲ့ အကြောင်းအရင်းတွေကလည်း ရှိနေပါတယ်။ ဒါပေမယ့် အသင်းအတွက် အရေးအကြီးဆုံးအကြောင်းအရင်းက ရက်ရှ်ဖို့ဒ်ကို လက်ရှောင်ဖို့ဖြစ်ပြီး မန်ယူနိုက်တက် တိုက်စစ်မှူးနဲ့ပတ်သက်ပြီး ဘာမှ လုပ်စရာမရှိတာဖြစ်ပါတယ်။ အသင်းမှာ ရှိနေနှင့်ပြီးသား ကစားသမားတွေကိုသာ အာရုံစိုက်ရမှာဖြစ်ပြီး ဂါဘရီယယ်လ် မာတီနယ်လီ၊ စမစ် ရိုး၊ ဆာကာတို့ဟာ ဒီရာသီမှာ ခြေစွမ်း တဟုန်ထိုး မြင့်တက်လာကြသူတွေ ဖြစ်ပါတယ်။

ဟေးလ် အမ်းအကယ်ဒမီထွက်တွေနဲ့ ဘရာဇီးလ်က ထွန်းတောက်စ ကြယ်ပွင့်တို့ ပေါင်းစပ်ပြီး သာမန်ထက် ပိုမိုတဲ့ ပုံစံနဲ့ အသင်းကို ကူညီပေးနေကြတာဖြစ်ပြီး ရက်ရှ်ဖို့ဒ်ဟာ ဒီတိုက်စစ်ကစားသမားတွေနဲ့ယှဉ်ရင် အသက်အရွယ်ပိုမိုကြီးရင့်တဲ့ အခြားရွေးချယ်စရာဖြစ်လာနိုင်မှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာဆင်နယ်ကြယ်ပွင့်ကစားသမား ၃ ဦးကို တိုက်ရိုက်တော့ အဆင့်မြှင့်တင်မှုမျိုး ဖြစ်လာမှာမဟုတ်သလို ၎င်းတို့ရဲ့ နေရာကို စိန်ခေါ်နိုင်ဖို့လည်း နီးစပ်မှာ မဟုတ်တာဖြစ်ပါတယ်။ အာတီတာက ဘယ်သန် ညာတောင်ပံ၊ ညာသန် ဘယ်တောင်ပံ ကစားသမားတွေနဲ့ ကစားချင်တာကြောင့် ဆာကာအနေနဲ့ နေရာ ဆက်ရမှာဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်က ဘယ်တောင်ပံမှာ ကစားချိန်မှာ မာတီနယ်လီနဲ့ စမစ် ရိုးတို့က တိုက်စစ်နဲ့ ကွင်းလယ်ကို ပိတ်ချထားပြီး တောင်ပံကစားသမား ၃ ဦးစလုံးအနေနဲ့ အတွင်းထဲ ချိုးဝင် ကန်သွင်းနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ်တိုက်စစ်ကစားသမား ၂ ဦးစလုံး(မာတီနယ်လီနဲ့ ဆာကာ)ဟာ ရက်ရှ်ဖို့ဒ်ထက်စာရင် ပိုမိုငယ်ရွယ်ပြီး နည်းဗျူဟာပိုင်း သိရှိမှုနဲ့ အဆုံးသတ်ပိုမို ကောင်းမွန်ကြတာဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်အနေနဲ့ တောင်ပံနေရာတွေမှာ ယှဉ်ပြိုင်မှုအဖြစ် ရောက်ရှိလာမှာဖြစ်ပြီး အင်္ဂလန်တိုက်စစ်မှူးဟာ အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ပေမယ့် တိုက်စစ်မှူးစစ်စစ် မဟုတ်လာခဲ့ဘဲ လစာပမာဏကို လျှော့ချဖို့ ပြင်းပြင်းထန်ထန် ကြိုးပမ်းနေခဲ့တဲ့ အာဆင်နယ်အတွက်လည်း ၎င်းရဲ့လစာက အနှောင့်အယှက်ဖြစ်လာမှာဖြစ်ပါတယ်။

ဒီအချက်တွေအားလုံးဟာ ရက်ရှ်ဖို့ဒ်က ဘာလဲ၊ ဘာတွေ ဖြစ်လာနိုင်မလဲဆိုတာကို အခြေခံတာဖြစ်ပြီး အရင်တုန်းက ရမ်းစ်ဒေးလ်လိုမျိုး ကစားသမားတွေနဲ့အတူ အန္တရာယ်ရှိတဲ့ အတွေးအခေါ်တွေကို ပရိသတ်တွေ မြင်တွေ့ခဲ့ရပီးဖြစ်ပါတယ်။ တကယ်လို့ အာတီတာအနေနဲ့ ရက်ရှ်ဖို့ဒ်ကို ပရီးမီးယားလိဂ်မှာ အကောင်းဆုံးတိုက်စစ်မှူးတွေထဲက တစ်ဦးအဖြစ် ပြောင်းလဲပေးနိုင်မယ်ဆိုရင် ပရိသတ်တွေ စောဒကတက်ပါဦးမလားဆိုတာ သံသယရှိနိုင်ပါတယ်။ အဲဒီလိုဖြစ်လာဖို့ အာတီတာ ဘယ်လောက်တောင် လုပ်ယူရမလဲဆိုတာကတော့ မေးခွန်းထုတ်စရာအဖြစ်ရှိနေကြောင်း တင်ပြအပ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ရာသီကုန္ဖို႔ လအနည္းငယ္ က်န္ရွိေနေသးေပမယ့္ အာဆင္နယ္အတြက္ အေျပာင္းအေရႊ႕ ေကာလာဟလေတြကေတာ့ စတင္ လႈပ္လႈပ္ခတ္ခတ္ ျဖစ္လာေနခဲ့ၿပီး ျဖစ္ပါတယ္။

အာဆင္နယ္ရဲ့ တိုက္စစ္မႉးသစ္ ေခၚယူခ်င္တဲ့ စိတ္အားထက္သန္မႈနဲ႔အတူ ေျပာင္းေရႊ႕နိုင္တဲ့ တိုက္စစ္မႉးေတြေရာ မေျပာင္းေရႊ႕နိုင္တဲ့ တိုက္စစ္မႉးေတြေတာင္မွ ေျမာက္လန္ဒန္ကလပ္အသင္းနဲ႔ သတင္းေတြ ထြက္ေပၚေနခဲ့တာကို ျမင္ေတြ႕ရမွာျဖစ္ပါတယ္။ Mirror ရဲ့ ေဖာ္ျပခ်က္အရ မန္ခ်က္စတာယူနိုက္တက္မွာ မေပ်ာ္မရႊင္ျဖစ္ေနတဲ့ မားကပ္စ္ ရက္ရွ္ဖို႔ဒ္ဟာ ထိပ္ဆုံး ၄ ေနရာၿပိဳင္ဘက္ အာဆင္နယ္ကို ေျပာင္းေရႊ႕နိုင္ေျခရွိတယ္ဆိုတဲ့ အေၾကာင္းအရာဟာ မၾကာေသးမီက ေခါင္းႀကီးပိုင္းေတြမွာ ေနရာယူေနခဲ့တာျဖစ္ပါတယ္။

ေကာလာဟလေတြက ဘယ္ေလာက္ပဲ ထြက္ေပၚေနေန အာတီတာအေနနဲ႔ စိတ္ဝင္စားေကာင္း စိတ္ဝင္စားနိုင္တဲ့ အေၾကာင္းအရင္းအနည္းငယ္ရွိေနၿပီး ရက္ရွ္ဖို႔ဒ္ဟာ အသက္ ၂၄ ႏွစ္အရြယ္သာရွိေသးတာေၾကာင့္ ေရွ႕မွာ အနာဂတ္မ်ားစြာရွိေနေသးသလို တန္ဖိုးရွိတဲ့ ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္အေတြ႕အၾကဳံေတြကို ပိုင္ဆိုင္ထားတာျဖစ္ပါတယ္။

အဂၤလန္လက္ေရြးစင္အသင္းအတြက္ ၄၆ ပြဲ ပါဝင္ကစားေပးထားတဲ့ ရက္ရွ္ဖို႔ဒ္ဟာ အေရးပါတဲ့ နည္းဗ်ဴဟာပိုင္းမွာ ျပဳလြယ္ျပင္လြယ္ရွိမႈဆိုတဲ့ အရည္အခ်င္းကိုလည္း ပိုင္ဆိုင္ထားၿပီး အေထာင္တိုက္စစ္အေနနဲ႔ တိုက္စစ္ကို ဦးေဆာင္နိုင္သလို ေတာင္ပံတိုက္စစ္မွာလည္း ကစားနိုင္သူျဖစ္ပါတယ္။

အာတီတာအေနနဲ႔ မားကပ္စ္ ရက္ရွ္ဖို႔ဒ္ကို အသင္းလူစာရင္းထဲမွာ တန္ဖိုးရွိတဲ့ အစိတ္အပိုင္းတစ္ခုအျဖစ္ ေျပာင္းလဲေပးနိုင္မယ္လို႔ ယုံၾကည္ရေလာက္တဲ့ အေၾကာင္းအရင္းေတြကလည္း ရွိေနပါတယ္။ ဒါေပမယ့္ အသင္းအတြက္ အေရးအႀကီးဆုံးအေၾကာင္းအရင္းက ရက္ရွ္ဖို႔ဒ္ကို လက္ေရွာင္ဖို႔ျဖစ္ၿပီး မန္ယူနိုက္တက္ တိုက္စစ္မႉးနဲ႔ပတ္သက္ၿပီး ဘာမွ လုပ္စရာမရွိတာျဖစ္ပါတယ္။ အသင္းမွာ ရွိေနႏွင့္ၿပီးသား ကစားသမားေတြကိုသာ အာ႐ုံစိုက္ရမွာျဖစ္ၿပီး ဂါဘရီယယ္လ္ မာတီနယ္လီ၊ စမစ္ ရိုး၊ ဆာကာတို႔ဟာ ဒီရာသီမွာ ေျခစြမ္း တဟုန္ထိုး ျမင့္တက္လာၾကသူေတြ ျဖစ္ပါတယ္။

ေဟးလ္ အမ္းအကယ္ဒမီထြက္ေတြနဲ႔ ဘရာဇီးလ္က ထြန္းေတာက္စ ၾကယ္ပြင့္တို႔ ေပါင္းစပ္ၿပီး သာမန္ထက္ ပိုမိုတဲ့ ပုံစံနဲ႔ အသင္းကို ကူညီေပးေနၾကတာျဖစ္ၿပီး ရက္ရွ္ဖို႔ဒ္ဟာ ဒီတိုက္စစ္ကစားသမားေတြနဲ႔ယွဥ္ရင္ အသက္အရြယ္ပိုမိုႀကီးရင့္တဲ့ အျခားေရြးခ်ယ္စရာျဖစ္လာနိုင္မွာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အာဆင္နယ္ၾကယ္ပြင့္ကစားသမား ၃ ဦးကို တိုက္ရိုက္ေတာ့ အဆင့္ျမႇင့္တင္မႈမ်ိဳး ျဖစ္လာမွာမဟုတ္သလို ၎တို႔ရဲ့ ေနရာကို စိန္ေခၚနိုင္ဖို႔လည္း နီးစပ္မွာ မဟုတ္တာျဖစ္ပါတယ္။ အာတီတာက ဘယ္သန္ ညာေတာင္ပံ၊ ညာသန္ ဘယ္ေတာင္ပံ ကစားသမားေတြနဲ႔ ကစားခ်င္တာေၾကာင့္ ဆာကာအေနနဲ႔ ေနရာ ဆက္ရမွာျဖစ္ပါတယ္။

ရက္ရွ္ဖို႔ဒ္က ဘယ္ေတာင္ပံမွာ ကစားခ်ိန္မွာ မာတီနယ္လီနဲ႔ စမစ္ ရိုးတို႔က တိုက္စစ္နဲ႔ ကြင္းလယ္ကို ပိတ္ခ်ထားၿပီး ေတာင္ပံကစားသမား ၃ ဦးစလုံးအေနနဲ႔ အတြင္းထဲ ခ်ိဳးဝင္ ကန္သြင္းနိုင္မွာျဖစ္ပါတယ္။ ဒါေပမယ့္လည္း အာဆင္နယ္တိုက္စစ္ကစားသမား ၂ ဦးစလုံး(မာတီနယ္လီနဲ႔ ဆာကာ)ဟာ ရက္ရွ္ဖို႔ဒ္ထက္စာရင္ ပိုမိုငယ္ရြယ္ၿပီး နည္းဗ်ဴဟာပိုင္း သိရွိမႈနဲ႔ အဆုံးသတ္ပိုမို ေကာင္းမြန္ၾကတာျဖစ္ပါတယ္။

ရက္ရွ္ဖို႔ဒ္အေနနဲ႔ ေတာင္ပံေနရာေတြမွာ ယွဥ္ၿပိဳင္မႈအျဖစ္ ေရာက္ရွိလာမွာျဖစ္ၿပီး အဂၤလန္တိုက္စစ္မႉးဟာ အႀကိမ္ေပါင္းမ်ားစြာ ႀကိဳးစားခဲ့ေပမယ့္ တိုက္စစ္မႉးစစ္စစ္ မဟုတ္လာခဲ့ဘဲ လစာပမာဏကို ေလၽွာ့ခ်ဖို႔ ျပင္းျပင္းထန္ထန္ ႀကိဳးပမ္းေနခဲ့တဲ့ အာဆင္နယ္အတြက္လည္း ၎ရဲ့လစာက အေႏွာင့္အယွက္ျဖစ္လာမွာျဖစ္ပါတယ္။

ဒီအခ်က္ေတြအားလုံးဟာ ရက္ရွ္ဖို႔ဒ္က ဘာလဲ၊ ဘာေတြ ျဖစ္လာနိုင္မလဲဆိုတာကို အေျခခံတာျဖစ္ၿပီး အရင္တုန္းက ရမ္းစ္ေဒးလ္လိုမ်ိဳး ကစားသမားေတြနဲ႔အတူ အႏၲရာယ္ရွိတဲ့ အေတြးအေခၚေတြကို ပရိသတ္ေတြ ျမင္ေတြ႕ခဲ့ရပီးျဖစ္ပါတယ္။ တကယ္လို႔ အာတီတာအေနနဲ႔ ရက္ရွ္ဖို႔ဒ္ကို ပရီးမီးယားလိဂ္မွာ အေကာင္းဆုံးတိုက္စစ္မႉးေတြထဲက တစ္ဦးအျဖစ္ ေျပာင္းလဲေပးနိုင္မယ္ဆိုရင္ ပရိသတ္ေတြ ေစာဒကတက္ပါဦးမလားဆိုတာ သံသယရွိနိုင္ပါတယ္။ အဲဒီလိုျဖစ္လာဖို႔ အာတီတာ ဘယ္ေလာက္ေတာင္ လုပ္ယူရမလဲဆိုတာကေတာ့ ေမးခြန္းထုတ္စရာအျဖစ္ရွိေနေၾကာင္း တင္ျပအပ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.