Premier League

အာနိုးလ်ဒ်ကမှ ညာနောက်ခံမှာ အကောင်းဆုံးလို့ ချီးကျူးလိုက်တဲ့ အဲလ်ဗက်စ်

ဘာစီလိုနာအသင်းကို တစ်ကျော့ပြန် ရောက်ရှိနေခဲ့တဲ့ အသက် ၃၈ နှစ်အရွယ် ဝါရင့်နောက်ခံလူကြီး ဒန်နီယယ်လ်(ဒါနီ) အဲလ်ဗက်စ်က ကမ္ဘာ့အကောင်းဆုံး ညာနောက်ခံလူတွေလို့ ဆိုကြတဲ့အထဲမှာ လီဗာပူးလ်အသင်းရဲ့ အင်္ဂလန်သား ထရင့် အလက်ဇန်းဒါး-အာနိုးလ်ဒ်ကမှ အကောင်းဆုံး ဖြစ်ကြောင်း ရွေးချယ် ပြောကြားလိုက်ပါတယ်။

ကမ္ဘာ့ဘောလုံးသမိုင်းမှာ ဆုဖလားရရှိမှု အများဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ထားတဲ့ ဘရာဇီးလ်သားကြီးအနေနဲ့ သူ့ရဲ့ စိတ်ကြိုက် ညာနောက်ခံလူစာရင်းမှာ ချဲလ်ဆီးရဲ့ ရီးစ် ဂျိမ်းစ်နဲ့ ပီအက်စ်ဂျီရဲ့ အက်ရှ်ရက်ဖ် ဟာကီမီတို့ကိုလည်း ထည့်သွင်းထားခဲ့ပြီး အာနိုးလ်ဒ်ကိုတော့ အကြိုက်ဆုံးပဲလို့ ဆိုခဲ့တာပါ။

“ကျွန်တော့်အနေနဲ့ ထရင့် အလက်ဇန်းဒါး-အာနိုးလ်ဒ်ကို အားကျတယ်လို့တောင် ပြောရမလား မသိဘူး။ သူ့ရဲ့ နည်းစနစ်ပိုင်း ကျွမ်းကျင်မှုက ကမ္ဘာ့အဆင့်ဖြစ်ပြီး ထူးချွန်ထက်မြက်တဲ့ နောက်ခံလူလို့ပဲ ဆိုရမှာဖြစ်ပါတယ်”လို့ လီဗာပူးလ်တို့ရဲ့ အန်းဖီးလ်က ဘာစီလိုနာကို နှိပ်ကွပ်မှုမှာ အခရာကျခဲ့တဲ့ ကစားသမားကို ချီးကျူးလိုက်ပါတယ်။

“နောက်ပြီးတော့ ကျွန်တော့်အနေနဲ့ ရီးစ် ဂျိမ်းစ်နဲ့ အက်ရှ်ရက်ဖ် ဟာကီမီတို့ ကစားတာတွေကို စောင့်ကြည့်ရတာလည်း နှစ်သက်ပါတယ်။ သူတို့ကတော့ နည်းစနစ်ပိုင်းနဲ့ ကြံ့ခိုင်မှုကို အချိုးကျကျ ရောမွှေထားနိုင်တဲ့ ကစားသမားကောင်းတွေပါပဲ”လို့ မျိုးဆက်သစ် ညာနောက်ခံလူတွေအပေါ် သူက မှတ်ချက်ပေးသွားခဲ့တာပါ။

အဲလ်ဗက်စ်ဟာ သူ့ရဲ့ ခေတ်မှာတော့ အကောင်းဆုံး ညာနောက်ခံလူအဖြစ် ဘရာဇီးလ်စီနီယာ ကာဖူးကို ဆက်ခံသူလို့ နာမည်ကြီးခဲ့သလို ဘာစီလိုနာနဲ့တော့ လာလီဂါဖလား ၆ လုံး၊ ချန်ပီယံလိဂ် ၃ ကြိမ်နဲ့ တခြား ဆုဖလားတွေကိုလည်း ရယူနိုင်ခဲ့တာဖြစ်သလို အာနိုးလ်ဒ်၊ ရီးစ် ဂျိမ်းစ်နဲ့ ဟာကီမီတို့ဟာ ပုံစံချင်း မတူညီပေမယ့် သူတို့အလုပ်ကို သူတို့ ကောင်းကောင်းသိကြတယ်လို့လည်း ချီးကျူးသွားခဲ့ပါတယ်။

ဘရာဇီးလ်သားကြီးရဲ့ အကောင်းဆုံး ညာနောက်ခံလူ သုံးဦးစာရင်းမှာတော့ ဒီရာသီမှာ ခြေစွမ်းပြသနေတဲ့ မန်ချက်စတာစီးတီးနဲ့ ပေါ်တူဂီနောက်ခံလူ ဂျာအို ကန်ဆယ်လို ကျန်ရစ်နေခဲ့တာကတော့ ထူးဆန်းနေခဲ့ပြီး နည်းစနစ်ပိုင်း ကြွယ်ဝမှုနဲ့ ဘယ်ညာအလယ်မရွေး ကစားနိုင်မှုကို နည်းပြ ဂွါဒီယိုလာရဲ့ ချီးကျူးခံထားရတဲ့သူကိုတော့ အဖက်မလုပ်ခဲ့တာကိုလည်း တွေ့ခဲ့ရတာပါ။

ဒါနီ အဲလ်ဗက်စ်အနေနဲ့ ဘရာဇီးလ်ကို ဆော်ပေါ်လိုနဲ့ ပြန်ကစားအပြီးမှာ ဆုဖလားတွေ ထပ်ယူနိုင်ခဲ့ပေမယ့် လစာငွေ အဆင်မပြေမှုကြောင့် Free Agent အဖြစ် ဘာစီလိုနာကို ပြန်လည်ရောက်ရှိလာခဲ့ပြီး ညာနောက်ခံနေရာမှာပဲ ဆက်ကစားပြခဲ့သလို ဒီရာသီမှာတော့ ကာတာလန်သားတွေအတွက် ပြိုင်ပွဲစုံ ၉ ပွဲကစားပြီး တစ်ဂိုး သွင်းယူထားနိုင်ခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘာစီလိုနာအသင္းကို တစ္ေက်ာ့ျပန္ ေရာက္ရွိေနခဲ့တဲ့ အသက္ ၃၈ ႏွစ္အ႐ြယ္ ဝါရင့္ေနာက္ခံလူႀကီး ဒန္နီယယ္လ္(ဒါနီ) အဲလ္ဗက္စ္က ကမာၻ႔အေကာင္းဆုံး ညာေနာက္ခံလူေတြလို႔ ဆိုၾကတဲ့အထဲမွာ လီဗာပူးလ္အသင္းရဲ႕ အဂၤလန္သား ထရင့္ အလက္ဇန္းဒါး-အာႏိုးလ္ဒ္ကမွ အေကာင္းဆုံး ျဖစ္ေၾကာင္း ေ႐ြးခ်ယ္ ေျပာၾကားလိုက္ပါတယ္။

ကမာၻ႔ေဘာလုံးသမိုင္းမွာ ဆုဖလားရရွိမႈ အမ်ားဆုံး ကစားသမားအျဖစ္ မွတ္တမ္းဝင္ထားတဲ့ ဘရာဇီးလ္သားႀကီးအေနနဲ႔ သူ႔ရဲ႕ စိတ္ႀကိဳက္ ညာေနာက္ခံလူစာရင္းမွာ ခ်ဲလ္ဆီးရဲ႕ ရီးစ္ ဂ်ိမ္းစ္နဲ႔ ပီအက္စ္ဂ်ီရဲ႕ အက္ရွ္ရက္ဖ္ ဟာကီမီတို႔ကိုလည္း ထည့္သြင္းထားခဲ့ၿပီး အာႏိုးလ္ဒ္ကိုေတာ့ အႀကိဳက္ဆုံးပဲလို႔ ဆိုခဲ့တာပါ။

“ကြၽန္ေတာ့္အေနနဲ႔ ထရင့္ အလက္ဇန္းဒါး-အာႏိုးလ္ဒ္ကို အားက်တယ္လို႔ေတာင္ ေျပာရမလား မသိဘူး။ သူ႔ရဲ႕ နည္းစနစ္ပိုင္း ကြၽမ္းက်င္မႈက ကမာၻ႔အဆင့္ျဖစ္ၿပီး ထူးခြၽန္ထက္ျမက္တဲ့ ေနာက္ခံလူလို႔ပဲ ဆိုရမွာျဖစ္ပါတယ္”လို႔ လီဗာပူးလ္တို႔ရဲ႕ အန္းဖီးလ္က ဘာစီလိုနာကို ႏွိပ္ကြပ္မႈမွာ အခရာက်ခဲ့တဲ့ ကစားသမားကို ခ်ီးက်ဴးလိုက္ပါတယ္။

“ေနာက္ၿပီးေတာ့ ကြၽန္ေတာ့္အေနနဲ႔ ရီးစ္ ဂ်ိမ္းစ္နဲ႔ အက္ရွ္ရက္ဖ္ ဟာကီမီတို႔ ကစားတာေတြကို ေစာင့္ၾကည့္ရတာလည္း ႏွစ္သက္ပါတယ္။ သူတို႔ကေတာ့ နည္းစနစ္ပိုင္းနဲ႔ ႀကံ့ခိုင္မႈကို အခ်ိဳးက်က် ေရာေမႊထားႏိုင္တဲ့ ကစားသမားေကာင္းေတြပါပဲ”လို႔ မ်ိဳးဆက္သစ္ ညာေနာက္ခံလူေတြအေပၚ သူက မွတ္ခ်က္ေပးသြားခဲ့တာပါ။

အဲလ္ဗက္စ္ဟာ သူ႔ရဲ႕ ေခတ္မွာေတာ့ အေကာင္းဆုံး ညာေနာက္ခံလူအျဖစ္ ဘရာဇီးလ္စီနီယာ ကာဖူးကို ဆက္ခံသူလို႔ နာမည္ႀကီးခဲ့သလို ဘာစီလိုနာနဲ႔ေတာ့ လာလီဂါဖလား ၆ လုံး၊ ခ်န္ပီယံလိဂ္ ၃ ႀကိမ္နဲ႔ တျခား ဆုဖလားေတြကိုလည္း ရယူႏိုင္ခဲ့တာျဖစ္သလို အာႏိုးလ္ဒ္၊ ရီးစ္ ဂ်ိမ္းစ္နဲ႔ ဟာကီမီတို႔ဟာ ပုံစံခ်င္း မတူညီေပမယ့္ သူတို႔အလုပ္ကို သူတို႔ ေကာင္းေကာင္းသိၾကတယ္လို႔လည္း ခ်ီးက်ဴးသြားခဲ့ပါတယ္။

ဘရာဇီးလ္သားႀကီးရဲ႕ အေကာင္းဆုံး ညာေနာက္ခံလူ သုံးဦးစာရင္းမွာေတာ့ ဒီရာသီမွာ ေျခစြမ္းျပသေနတဲ့ မန္ခ်က္စတာစီးတီးနဲ႔ ေပၚတူဂီေနာက္ခံလူ ဂ်ာအို ကန္ဆယ္လို က်န္ရစ္ေနခဲ့တာကေတာ့ ထူးဆန္းေနခဲ့ၿပီး နည္းစနစ္ပိုင္း ႂကြယ္ဝမႈနဲ႔ ဘယ္ညာအလယ္မေ႐ြး ကစားႏိုင္မႈကို နည္းျပ ဂြါဒီယိုလာရဲ႕ ခ်ီးက်ဴးခံထားရတဲ့သူကိုေတာ့ အဖက္မလုပ္ခဲ့တာကိုလည္း ေတြ႕ခဲ့ရတာပါ။

ဒါနီ အဲလ္ဗက္စ္အေနနဲ႔ ဘရာဇီးလ္ကို ေဆာ္ေပၚလိုနဲ႔ ျပန္ကစားအၿပီးမွာ ဆုဖလားေတြ ထပ္ယူႏိုင္ခဲ့ေပမယ့္ လစာေငြ အဆင္မေျပမႈေၾကာင့္ Free Agent အျဖစ္ ဘာစီလိုနာကို ျပန္လည္ေရာက္ရွိလာခဲ့ၿပီး ညာေနာက္ခံေနရာမွာပဲ ဆက္ကစားျပခဲ့သလို ဒီရာသီမွာေတာ့ ကာတာလန္သားေတြအတြက္ ၿပိဳင္ပြဲစုံ ၉ ပြဲကစားၿပီး တစ္ဂိုး သြင္းယူထားႏိုင္ခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.