Premier League

လီဗာပူးလ် နိုင်ပွဲရတိုင်း ကလော့ပ်ဆီ စာပို့ပေမယ့် ဂွါဒီယိုလာ ဖုန်းနံပါတ်ကျ မသိဘူးဆိုတဲ့ မန်စီးတီးဂန္တဝင်

မန်ချက်စတာစီးတီးဂန္တဝင် ယာယာ တိုရေးဟာ လီဗာပူးလ်အသင်း အနိုင်ရတဲ့အခါတိုင်း ယာဂန် ကလော့ပ်ဆီကို စာတိုပို့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပေမယ့်လည်း လက်ရှိမှာတော့ ဂွါဒီယိုလာရဲ့ ဖုန်းနံပါတ်မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

တိုရေးဟာ ဂွါဒီယိုလာအတွက် ဘာစီလိုနာအသင်းမှာလည်း ကစားပေးခဲ့သူဖြစ်ပြီး ချန်ပီယံလိဂ်အပြင် လာလီဂါဖလား ၂ ကြိမ်အထိ ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ယာယာတိုရေးနဲ့ ဂွါဒီယိုလာတို့ဟာ ၂၀၁၆ ခုနှစ်မှာ စပိန်လူမျိုးနည်းပြ အီတီဟတ်မှာ ပြောင်းရွှေ့တာဝန်ယူတဲ့အချိန်မှာ ပြန်ဆုံစည်းခဲ့ကြပေမယ့်လည်း တိုရေးဟာ ချန်ပီယံလိဂ်လူစာရင်းကနေ ထုတ်ခံခဲ့ရပြီး လူပိုဖြစ်သွားခဲ့တာဖြစ်ပါတယ်။

ယာယာတိုရေးဟာ လူစာရင်းထဲ ပြန်လည်ပါဝင်ခဲ့ပြီး နည်းပြ ဂွါဒီယိုလာလက်အောက် ၂ ရာသီအတွင်း ၄၈ ကြိမ် ပါဝင်ကစားပေးခဲ့ပေမယ့်လည်း ၂၀၁၈ ခုနှစ်မှာ မန်စီးတီးကို စွန့်ခွာပြီးနောက် ဂန္တဝင်ကွင်းလယ်ကစားသမားက ဂွါဒီယိုလာဟာ အာဖရိက ကစားသမားတွေနဲ့ ပြဿနာရှိသူလို့ စွပ်စွဲ ပြောကြားခဲ့တာဖြစ်ပါတယ်။

တိုရေးဟာ နောက်ပိုင်းမှာ ၎င်းရဲ့ မှတ်ချက်စကားအတွက် ပြန်လည် တောင်းပန်သွားခဲ့ပေမယ့်လည်း ဂွါဒီယိုလာက တုံ့ပြန်ဖို့အတွက် ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။ အဲဒီနေ့ရက်တွေတုန်းက ယာယာတိုရေးဟာ ကိုယ့်အသင်းနည်းပြထက် ပြိုင်ဘက်လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်နဲ့ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

“ကလော့ပ် သူ နိုင်ပွဲရတဲ့အခါကျရင် ကျွန်တော် သူ့ကို စာတိုပို့ပြီး သူ ဝမ်းသာခဲ့တယ်။ သူက အမြဲတမ်း ကျွန်တော့်ကို လာတွေ့ဖို့ ဖိတ်ခေါ်ပြီး စာတို ပြန်ပို့ခဲ့ပါတယ်။ ဒီလူ အနားရော ယူရဲ့လား။ ကျွန်တော်ကတော့ မထင်ပါဘူး။ သူက ဘောလုံးကို ချစ်မြတ်နိုးတယ်။ သူက ထိပ်တန်း၊ ထိပ်တန်းနည်းပြတစ်ယောက်ပါ”လို့ The Times နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

၂၀၁၈ ခုနှစ်တုန်းက တိုရေးရဲ့ ပြောရေးဆိုခွင့်ရှိသူ အေးဂျင့် ဒီမီထရီ ဆီလက်ခ်က ဂွါဒီယိုလာအနေနဲ့ အာဖရိကကျိန်စာကြောင့် ဘယ်တော့မှ နောက်ထပ်တစ်ကြိမ် ဆုဖလားတွေ ရရှိတော့မှာမဟုတ်ဘဲ ယာယာတိုရေး မန်စီးတီးမှာ ရှိခဲ့တဲ့ နောက်ဆုံးနှစ်မှာ ချောင်ထိုးခဲ့တာက ပြစ်မှုကျူးလွန်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါပေမယ့်လည်း အိုလံပစ် ဒိုးနတ်နဲ့ Akhmat Grozny အသင်းတို့မှာ လက်ထောက်နည်းပြလုပ်ခဲ့ဖူးပြီး နည်းပြဘဝမှာ အောင်မြင်မှု ရချင်တဲ့ တိုရေးက ဂွါဒီယိုလာနဲ့ အဆက်အသွယ် ပြန်လည် ရရှိချင်နေတာဖြစ်ပါတယ်။

“ကျွန်တော် ဖြစ်ခဲ့သမျှ အတိတ်မှာပဲ ထားခဲ့လိုက်ပြီး ကိုဗစ်ကိစ္စမှာ ထားခဲ့လိုက်ပါတယ်။ ကျွန်တော် သူ့ကို တွေ့ချင်တယ်။ ကျွန်တော် ဝမ်းမြောက်ဝမ်းသာဖြစ်မိမှာပါ။ ကျွန်တော် ဘောလုံးကို ရူးသွပ်တဲ့သူမျိုးနဲ့ စကားပြောဖို့လိုတယ်။ ကျွန်တော် သူနဲ့ အဆက်အသွယ်တော့ မရှိခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ သူ့ဖုန်းနံပါတ် ကျွန်တော့်ဆီမှာ မရှိလို့ပါ”လို့ တိုရေးက ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာစီးတီးဂႏၲဝင္ ယာယာ တိုေရးဟာ လီဗာပူးလ္အသင္း အနိုင္ရတဲ့အခါတိုင္း ယာဂန္ ကေလာ့ပ္ဆီကို စာတိုပို႔တယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ေပမယ့္လည္း လက္ရွိမွာေတာ့ ဂြါဒီယိုလာရဲ့ ဖုန္းနံပါတ္မရွိဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

တိုေရးဟာ ဂြါဒီယိုလာအတြက္ ဘာစီလိုနာအသင္းမွာလည္း ကစားေပးခဲ့သူျဖစ္ၿပီး ခ်န္ပီယံလိဂ္အျပင္ လာလီဂါဖလား ၂ ႀကိမ္အထိ ဆြတ္ခူးနိုင္ခဲ့တာ ျဖစ္ပါတယ္။ ယာယာတိုေရးနဲ႔ ဂြါဒီယိုလာတို႔ဟာ ၂၀၁၆ ခုႏွစ္မွာ စပိန္လူမ်ိဳးနည္းၿပ အီတီဟတ္မွာ ေျပာင္းေရႊ႕တာဝန္ယူတဲ့အခ်ိန္မွာ ျပန္ဆုံစည္းခဲ့ၾကေပမယ့္လည္း တိုေရးဟာ ခ်န္ပီယံလိဂ္လူစာရင္းကေန ထုတ္ခံခဲ့ရၿပီး လူပိုျဖစ္သြားခဲ့တာျဖစ္ပါတယ္။

ယာယာတိုေရးဟာ လူစာရင္းထဲ ျပန္လည္ပါဝင္ခဲ့ၿပီး နည္းၿပ ဂြါဒီယိုလာလက္ေအာက္ ၂ ရာသီအတြင္း ၄၈ ႀကိမ္ ပါဝင္ကစားေပးခဲ့ေပမယ့္လည္း ၂၀၁၈ ခုႏွစ္မွာ မန္စီးတီးကို စြန႔္ခြာၿပီးေနာက္ ဂႏၲဝင္ကြင္းလယ္ကစားသမားက ဂြါဒီယိုလာဟာ အာဖရိက ကစားသမားေတြနဲ႔ ျပႆနာရွိသူလို႔ စြပ္စြဲ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

တိုေရးဟာ ေနာက္ပိုင္းမွာ ၎ရဲ့ မွတ္ခ်က္စကားအတြက္ ျပန္လည္ ေတာင္းပန္သြားခဲ့ေပမယ့္လည္း ဂြါဒီယိုလာက တုံ႔ျပန္ဖို႔အတြက္ ျငင္းဆန္ခဲ့တာျဖစ္ပါတယ္။ အဲဒီေန႔ရက္ေတြတုန္းက ယာယာတိုေရးဟာ ကိုယ့္အသင္းနည္းျပထက္ ၿပိဳင္ဘက္လီဗာပူးလ္နည္းၿပ ယာဂန္ ကေလာ့ပ္နဲ႔ ပိုမိုေကာင္းမြန္တဲ့ ဆက္ဆံေရးကို ပိုင္ဆိုင္ခဲ့တာျဖစ္ပါတယ္။

“ကေလာ့ပ္ သူ နိုင္ပြဲရတဲ့အခါက်ရင္ ကၽြန္ေတာ္ သူ႔ကို စာတိုပို႔ၿပီး သူ ဝမ္းသာခဲ့တယ္။ သူက အျမဲတမ္း ကၽြန္ေတာ့္ကို လာေတြ႕ဖို႔ ဖိတ္ေခၚၿပီး စာတို ျပန္ပို႔ခဲ့ပါတယ္။ ဒီလူ အနားေရာ ယူရဲ့လား။ ကၽြန္ေတာ္ကေတာ့ မထင္ပါဘူး။ သူက ေဘာလုံးကို ခ်စ္ျမတ္နိုးတယ္။ သူက ထိပ္တန္း၊ ထိပ္တန္းနည္းျပတစ္ေယာက္ပါ”လို႔ The Times နဲ႔ အင္တာဗ်ဴးမွာ ေျပာၾကားခဲ့ပါတယ္။

၂၀၁၈ ခုႏွစ္တုန္းက တိုေရးရဲ့ ေျပာေရးဆိုခြင့္ရွိသူ ေအးဂ်င့္ ဒီမီထရီ ဆီလက္ခ္က ဂြါဒီယိုလာအေနနဲ႔ အာဖရိကက်ိန္စာေၾကာင့္ ဘယ္ေတာ့မွ ေနာက္ထပ္တစ္ႀကိမ္ ဆုဖလားေတြ ရရွိေတာ့မွာမဟုတ္ဘဲ ယာယာတိုေရး မန္စီးတီးမွာ ရွိခဲ့တဲ့ ေနာက္ဆုံးႏွစ္မွာ ေခ်ာင္ထိုးခဲ့တာက ျပစ္မႈက်ဴးလြန္ခဲ့တာျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ဒါေပမယ့္လည္း အိုလံပစ္ ဒိုးနတ္နဲ႔ Akhmat Grozny အသင္းတို႔မွာ လက္ေထာက္နည္းျပလုပ္ခဲ့ဖူးၿပီး နည္းျပဘဝမွာ ေအာင္ျမင္မႈ ရခ်င္တဲ့ တိုေရးက ဂြါဒီယိုလာနဲ႔ အဆက္အသြယ္ ျပန္လည္ ရရွိခ်င္ေနတာျဖစ္ပါတယ္။

“ကၽြန္ေတာ္ ျဖစ္ခဲ့သမၽွ အတိတ္မွာပဲ ထားခဲ့လိုက္ၿပီး ကိုဗစ္ကိစၥမွာ ထားခဲ့လိုက္ပါတယ္။ ကၽြန္ေတာ္ သူ႔ကို ေတြ႕ခ်င္တယ္။ ကၽြန္ေတာ္ ဝမ္းေျမာက္ဝမ္းသာျဖစ္မိမွာပါ။ ကၽြန္ေတာ္ ေဘာလုံးကို ႐ူးသြပ္တဲ့သူမ်ိဳးနဲ႔ စကားေျပာဖို႔လိုတယ္။ ကၽြန္ေတာ္ သူနဲ႔ အဆက္အသြယ္ေတာ့ မရွိခဲ့ပါဘူး။ ဘာလို႔လဲဆိုေတာ့ သူ႔ဖုန္းနံပါတ္ ကၽြန္ေတာ့္ဆီမွာ မရွိလို႔ပါ”လို႔ တိုေရးက ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.