Premier League

မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ ဆက္စပ္သတင္းမ်ား တစ္ေန႔တာ စုစည္းမွဳ

ၿပီးခဲ့တဲ့ အဂၤါေန႔အတြက္ ရရွိခဲ့တဲ့ တစ္ေန႔တာအတြင္း မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ ပတ္သက္တဲ့ ဆက္စပ္သတင္းေတြကို တစ္စုတစ္စည္းတည္း ဖတ္ရွဳႏုိင္ဖို႔အတြက္ တစ္ေနရာတည္းမွာ ေဖာ္ျပေပးလုိက္ပါတယ္။

– ရွန္ဟိုင္းရွန္ဟြာကေန အငွားနဲ႔ေခၚထားတဲ့ ႏိုင္ဂ်ီးရီးယားတိုက္စစ္မွဴး အီဂါလိုဟာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ေလ့က်င့္ခန္းမဆင္းရေသးေပမယ့္ ခ်ဲလ္ဆီးနဲ႔ပြဲအတြက္ ကစားသမားစာရင္းမွာ ပါ၀င္လာမွာျဖစ္ပါတယ္။ ဒီသတင္းကို နည္းျပ ဆိုးလ္ရွားကိုယ္တိုင္ အတည္ျပဳေျပာၾကားခဲ့တာပါ။

– ဒဏ္ရာကေန သက္သာလာခဲ့တဲ့ ေနာက္ခံလူ အိတ္ဇယ္လ္ တြမ္ဇီဘီက စပိန္ႏုိင္ငံ၊ မာဘယ္လာေလ့က်င့္ေရးစခန္းမွာ ထရိန္နင္ေတြ ျပန္လည္လုပ္ေဆာင္ေနေပမယ့္ ျပန္ကစားႏိုင္မယ္ေန႔ေတာ့ကို အတိအက် မသိရေသးပါဘူးလို႔ ေျပာထားပါတယ္။

-လာမယ့္ေႏြရာသီမွာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ေတာ့မယ့္ လူငယ္ကစားသမားေလး တာဟစ္ခ်ဳံးကို အင္တာမီလန္က ေခၚယူဖို႔ ေဆြးေႏြးေနပါတယ္။ ကစားသမားဘက္က လစာေငြ တစ္ႏွစ္ကို ေပါင္ ၁.၇ သန္း ရလိုၿပီး အင္တာမီလန္ဘက္ကေတာ့ ေပါင္(၁.၃)သန္းပဲ ေပးခဲ့လို႔ ညႇိႏွဳိင္းေနဆဲျဖစ္ၿပီး ေအးဂ်င့္ခကိုပါ သေဘာမတူႏုိင္ေသးဘူးလို႔ သိရပါတယ္။

-လာမယ့္ ေႏြရာသီမွာ တရုတ္ႏုိင္ငံကို ရာသီႀကိဳေျခစမ္းပြဲသြားကစားမယ့္ အစီအစဥ္ကို လက္ရွိပ်ံ႕ႏွံ႔ေနတဲ့ ဝူဟန္ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ဖ်က္သိမ္းဖို႔ မန္ခ်က္စတာယူႏိုက္တက္အသင္းက စဥ္းစားေနၿပီး တျခားအာရွႏိုင္ငံတစ္ခုကို သြားေရာက္ကစားဖို႔လည္း စဥ္းစားေနပါတယ္။

-မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ အိုးထရက္ဖို႔ဒ္ကြင္းမွာ ပရိသတ္ေတြရဲ႕ လံုၿခံဳေရးအတြက္ အထူးစီစဥ္ထားတဲ့ သံတိုင္အကာကြယ္ပါ ထိုင္ခံုေတြကို တပ္ဆင္သြားဖို႔ သက္ဆိုင္ရာအာဏာပိုင္ေတြဆီ ခြင့္ျပဳခ်က္ေတာင္းခံထားပါတယ္။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: ပြီးခဲ့တဲ့ အင်္ဂါနေ့အတွက် ရရှိခဲ့တဲ့ တစ်နေ့တာအတွင်း မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ပတ်သက်တဲ့ ဆက်စပ်သတင်းတွေကို တစ်စုတစ်စည်းတည်း ဖတ်ရှုနိုင်ဖို့အတွက် တစ်နေရာတည်းမှာ ဖော်ပြပေးလိုက်ပါတယ်။

– ရှန်ဟိုင်းရှန်ဟွာကနေ အငှားနဲ့ခေါ်ထားတဲ့ နိုင်ဂျီးရီးယားတိုက်စစ်မှူး အီဂါလိုဟာ မန်ချက်စတာယူနိုက်တက်နဲ့ လေ့ကျင့်ခန်းမဆင်းရသေးပေမယ့် ချဲလ်ဆီးနဲ့ပွဲအတွက် ကစားသမားစာရင်းမှာ ပါဝင်လာမှာဖြစ်ပါတယ်။ ဒီသတင်းကို နည်းပြ ဆိုးလ်ရှားကိုယ်တိုင် အတည်ပြုပြောကြားခဲ့တာပါ။

– ဒဏ်ရာကနေ သက်သာလာခဲ့တဲ့ နောက်ခံလူ အိတ်ဇယ်လ် တွမ်ဇီဘီက စပိန်နိုင်ငံ၊ မာဘယ်လာလေ့ကျင့်ရေးစခန်းမှာ ထရိန်နင်တွေ ပြန်လည်လုပ်ဆောင်နေပေမယ့် ပြန်ကစားနိုင်မယ်နေ့တော့ကို အတိအကျ မသိရသေးပါဘူးလို့ ပြောထားပါတယ်။

-လာမယ့်နွေရာသီမှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်တော့မယ့် လူငယ်ကစားသမားလေး တာဟစ်ချုံးကို အင်တာမီလန်က ခေါ်ယူဖို့ ဆွေးနွေးနေပါတယ်။ ကစားသမားဘက်က လစာငွေ တစ်နှစ်ကို ပေါင် ၁.၇ သန်း ရလိုပြီး အင်တာမီလန်ဘက်ကတော့ ပေါင်(၁.၃)သန်းပဲ ပေးခဲ့လို့ ညှိနှိုင်းနေဆဲဖြစ်ပြီး အေးဂျင့်ခကိုပါ သဘောမတူနိုင်သေးဘူးလို့ သိရပါတယ်။

-လာမယ့် နွေရာသီမှာ တရုတ်နိုင်ငံကို ရာသီကြိုခြေစမ်းပွဲသွားကစားမယ့် အစီအစဉ်ကို လက်ရှိပျံ့နှံ့နေတဲ့ ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖျက်သိမ်းဖို့ မန်ချက်စတာယူနိုက်တက်အသင်းက စဉ်းစားနေပြီး တခြားအာရှနိုင်ငံတစ်ခုကို သွားရောက်ကစားဖို့လည်း စဉ်းစားနေပါတယ်။

-မန်ချက်စတာယူနိုက်တက်အသင်းဟာ အိုးထရက်ဖို့ဒ်ကွင်းမှာ ပရိသတ်တွေရဲ့ လုံခြုံရေးအတွက် အထူးစီစဉ်ထားတဲ့ သံတိုင်အကာကွယ်ပါ ထိုင်ခုံတွေကို တပ်ဆင်သွားဖို့ သက်ဆိုင်ရာအာဏာပိုင်တွေဆီ ခွင့်ပြုချက်တောင်းခံထားပါတယ်။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.