International

ဟန်ဒါဆန်ကြောင့် မနေ့ညကပွဲမှာ လှောင်ပြောင်ခံခဲ့ရတဲ့ မက်ဂွိုင်းယားဘက်ကနေ ကာကွယ်ခဲ့တဲ့ မင်းစ်နဲ့ဆောက်ဂိတ်

တိုင်ရုန်း မင်းစ်ဟာ ဟာရီ မက်ဂွိုင်းယားရဲ့ လုပ်ရပ်ကို ကာကွယ်ပေးခဲ့ပြီး ယခုအပတ်အစောပိုင်း အင်္ဂလန်လေ့ကျင့်ရေးကွင်းက လူသိများလာတဲ့ ဗီဒီယိုဖိုင်ကို ရယ်စရာကောင်းတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

အင်္ဂလန်ရဲ့ တရားဝင်YouTube ချန်နယ်က တင်ခဲ့တဲ့ ဗီဒီယိုထဲမှာ အင်္ဂလန်အသင်းသားတွေဟာ ခွေးရူး ကစားတမ်း ဆော့နေခဲ့ကြတာကို မြင်တွေ့ခဲ့ရပြီး ဂျုဒ် ဘယ်လင်ဂမ်၊ ကိုင်လီ ဝေါ်ကာ-ပီတာစ်နဲ့ ဝါ့ဒ်-ပရောက်စ်တို့လို ကစားသမားတွေဟာ တစ်ချက်ထိပေးပုံစံနဲ့ ဂရီးလစ်ရှ်၊ နစ်ခ် ပုပ်တို့နဲ့ ကစားနေခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်အသင်းသားတွေဟာ ဟာရီ မက်ဂွိုင်းယားက နစ်ခ် ပုပ် ၎င်းဆီ ချဉ်းကပ်လာချိန်မှာ ဘောလုံးကို ရပ်တန့်ဖို့ မဆုံးဖြတ်မီအထိ ဘောလုံးပေးပို့မှု အောင်မြင်တဲ့ အကြိမ်ရေကို အော်ဟစ်နေခဲ့တာကို ကြားနေရပါတယ်။

ဟန်ဒါဆန်ဟာ မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင်ရဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး မပျော်မရွှင်ဖြစ်ခဲ့တာကြောင့် ချက်ချင်းပဲ ‘မင်း ဘာတွေ လုပ်နေတာလဲ’လို့ မေးခွန်း ထုတ်ခဲ့တာဖြစ်ပါတယ်။ အဲဒီ ဗီဒီယိုဖိုင်ဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့သွားခဲ့ပြီး ပရိသတ်တွေက နောက်ထပ်တစ်ကြိမ် မန်ချက်စတာယူနိုက်တက် နောက်ခံကစားသမား ဟာရီ မက်ဂွိုင်းယားရဲ့ အရည်အချင်းအပေါ် မေးခွန်းထုတ်ကြဖို့ ဆုံးဖြတ်လိုက်ကြတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဲဒီ ခွေးရူးကစားတမ်းမှာ ပါဝင်ခဲ့တဲ့ တိုင်ရုန်း မင်းစ်က ဟာရီ မက်ဂွိုင်းယားဟာ ဂရီးလစ်ရှ်နဲ့ နစ်ခ် ပုပ်တို့ကို ခဏ အနားပေးချင်တာကြောင့် ကစားနေတာကို ရပ်တန့်လိုက်တာဖြစ်တယ်လို့ ပြောကြားပြီး အင်္ဂလန်နောက်ခံကစားသမားဘက်ကနေ ကာကွယ်ခဲ့ပါတယ်။

“အဲဒါက တကယ်ကို ရယ်စရာကောင်းတယ်လို့ ကျွန်တော် ထင်ပါတယ်။ ခင်ဗျား ဘောလုံးပေးပို့မှု ၄၅ ကြိမ်လောက် လုပ်နိုင်နေတဲ့အချိန်မှာ သူက ဘောလုံးကို ရပ်တန့်လိုက်တယ်။ အဲဒီအချိန်မှာ ဘောလုံးကို ရပ်တန့်ဖို့အတွက် တခြား အကြောင်းအရင်းမရှိဘဲ အဲဒါက အလယ်ကလူတွေကို အသက်ရှူနိုင်အောင် အနားပေးလိုက်တာလို့ပဲ ကျွန်တော် မှတ်ယူပါတယ်”

“ခင်ဗျား ခွေးရူးလုပ်တမ်း ဝင်ကစားပြီး ဘောလုံး အကြိမ် ၂၀ လောက် ပေးပို့နိုင်တဲ့အခါမှာ နောက်ထပ်တစ်ယောက်က ခွေးရူးလုပ်မယ်။ အဲဒီတော့ ၄၂ ကြိမ်၊ ၄၃ ကြိမ်လောက် ရောက်တဲ့အခါမှာ နောက်ထပ် ၂ ယောက်လောက် ခွေးရူးလုပ်ခံရဖို့ ဘယ်လိုနည်းနဲ့မဆို ရှိနေမှာပဲ။ သူက အမှန်တကယ်တော့ သူတို့ကို အသက်လေးရှူပြီး ခဏနားခွင့်ရအောင် ‘ဒီလောက်ဆိုတော်ပါပြီ။ နောက်တစ်ကြိမ် ပြန်စကြတာပေါ့’လို့ ပြောခဲ့တာပါ။ အဲဒီတော့ အဲဒီကိစ္စအပေါ်မှာ မကောင်းမြင်တဲ့စိတ်နဲ့ ကြည့်နေတာက လူတွေဟာ ဘာတွေဖြစ်နေလဲဆိုတာကို အမြဲတမ်း မသိဘူးဆိုတာကို ပြသနေတာဖြစ်ပြီး ဗီဒီယိုတစ်ခုလုံးရဲ့ အကြောင်းအရာကိုလည်း တော်တော်လေး နားမလည်ကြတာပါ”

“ဒါပေမယ့်လည်း ဒီနေ့ခေတ် လူမှုကွန်ရက်အတွက် အမှန်တရားက တခါတလေ လူအများကြား ပျံ့နှံ့သွားမယ့်ဟာကို ပို့တာထက် ဒါမှမဟုတ် ဖန်တီးတာထက် တစ်ခါတရံမှာ စိတ်လှုပ်ရှားစရာ ပိုနည်းနေတာပဲ”လို့ ပြောကြားခဲ့ပါတယ်။ တိုင်ရုန်း မင်းစ်က အိုင်ဗရီကို့စ်နဲ့ ကစားရမယ့် ခြေစမ်းပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ဟာရီ မက်ဂွိုင်းယားကို ဆက်လက် ကာကွယ်ပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပါသေးတယ်။

လူတွေရဲ့ ဗီဒီယိုအပေါ်မှာ တုံ့ပြန်မှုက အလွန်အမင်း လွန်ကဲနေပြီး ဟာရီ မက်ဂွိုင်းယား ပုခုံးပေါ်တင်ထားရတဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုကို အားလုံး နားလည်လောက်တဲ့အထိ မပြောနိုင်ဘူးလို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ “နားထောင်။ ကျွန်တော် ဟာရီကို ကစားသမားအဖြစ်နဲ့ရော လူပုဂ္ဂိုလ်တစ်ယောက်အဖြစ်နဲ့ပါ သိပါတယ်။ သူ့အကြောင်း ပြောနိုင်သင့်သလောက် ကျွန်တော် မပြောနိုင်ပါဘူး။ မန်ယူနိုက်တက်အသင်းခေါင်းဆောင်ဖြစ်ဖို့ နေ့တိုင်း သူ့ပုခုံးပေါ်မှာ ထမ်းထားတဲ့ တာဝန်တွေကိုလည်း ကျွန်တော် လိုက်မီအောင် မပြောပြနိုင်ပါဘူး။ သူက အကြောင်းအရင်းတစ်ခုအတွက် အသင်းခေါင်းဆောင်အဖြစ် ရွေးချယ်ခံခဲ့ရတာဖြစ်ပြီး အဲဒီအကြောင်းအရင်းက နေ့တိုင်း သူ့ဆီကနေ ခင်ဗျား မြင်နေရတဲ့ အရည်အသွေးတွေဖြစ်မှာဖြစ်ပြီး သူက အံ့အားသင့်စရာ ကစားသမားဆိုတာကိုလည်း ခင်ဗျားမမေ့ပါနဲ့”

“သူက အင်္ဂလန်ရှပ်နဲ့ ပထမတန်းစား အမှုထမ်းတစ်ဦးလည်းဖြစ်ခဲ့ပါတယ်။ သူ့အကြောင်း ဝေဖန်ပြစ်တင်မှုတွေက လွန်ကဲလွန်းတယ်ဆိုတာ ကျွန်တော် တွေ့ခဲ့ရတယ်။ ဒါပေမယ့် ဂျာနယ်လစ်တွေနဲ့ စာရေးဆရာတွေက တစ်ခါတလေကျရင် ဒီလိုဟာမျိုးကို ရေးပြီး ကလစ်ရအောင် ဒါမှမဟုတ် သတင်းစာရောင်းရအောင် ဖွတတ်ကြတယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်။ အဲဒီတော့ဗျာ ခင်ဗျားတို့ အားလုံးကို ဆိုလိုတာမဟုတ်ပေမယ့်လည်း ဒီလိုကိစ္စမျိုးတွေ ရေးတဲ့သူတွေက သူတို့တွေဟာ မှန်တဲ့အရာကို လုပ်နေသလိုမျိုး ခံစားနေရမှာပါ။ ဘာလို့လဲဆိုတော့ အဲဒါက လူပြောများတဲ့ အကြောင်းအရာဖြစ်ပြီး ဖွလို့ ကောင်းလို့ပါ။ အဲဒါက လူတွေ ကြားချင်တဲ့အရာလည်း ဖြစ်နေလို့ပါ။ ဒါပေမယ့်လည်း အဲဒါတွေ အားလုံးက တကယ်ကို နေရာလွဲနေတယ်ဆိုတာ ကျွန်တော် တွေ့ရှိခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ဟာရီ မက်ဂွိုင်းယားကို လှောင်ပြောင်နေကြသူတွေကို တုံ့ပြန်လိုက်ပြီး အင်္ဂလန်နောက်ခံကစားသမားအပေါ် ၎င်းတို့ရဲ့ ဆက်ဆံပုံက လုံးဝကို ဟာသပဲလို့ ပြစ်တင်ကြိမ်းမောင်းလိုက်ပါတယ်။ အင်္ဂလန်ပရိသတ်တွေဟာ ၁ ယောက်လျော့နေတဲ့ အိုင်ဗရီကို့စ်အသင်းကို အင်္ဂလန်က ဝင်ဘလေမှာ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အတွင်း မက်ဂွိုင်းယားရဲ့နာမည်ကို အော်ပြီး လှောင်ပြောင်သရော်ခဲ့ကြတာဖြစ်ပြီး ပထမဆုံး ဘောလုံးထိတွေ့မှု အနည်းငယ်မှာ လှောင်ပြောင်သံတွေ ပေါ်ထွက်ခဲ့တာဖြစ်ပါတယ်။

“ကြိုဆိုပုံက ဟာသဖြစ်ခဲ့တယ်လို့ ကျွန်တော် တွေးမိခဲ့ပါတယ်။ လုံးဝကို ဟာသပဲ။ ကျွန်တော်တို့အတွက် သူ စွမ်းဆောင်ပေးခဲ့တဲ့ပုံစံက လုံးဝကို ထူးခြားခဲ့ပါတယ်။ ကျွန်တော် နားမလည်နိုင်ပါဘူး။ သူက အင်္ဂလန်ရှပ်ဝတ်ထားတာဖြစ်ပြီး ခင်ဗျား အင်္ဂလန်ရှပ်ဝတ်ဆင်ထားတဲ့ ကစားသမားကိုပဲ ခင်ဗျား အားပေးသင့်တာမဟုတ်ပေမယ့်လည်း ခင်ဗျား သူ ကျွန်တော်တို့အတွက် ကစားပေးခဲ့တဲ့ အဆင့်အတန်းမှာ ကစားပေးပြီး သူ စွမ်းဆောင်ပေးနိုင်ခဲ့တဲ့စွမ်းဆောင်ရည်မျိုး ပြသတဲ့အခါကျရင် အဲဒါက သူ့နောက်ကနေ လုံးဝကို ရပ်တည်သင့်တာပါ။ ကျွန်တော် လုံးဝ နားမလည်နိုင်တော့ဘူး”လို့ ဆောက်ဂိတ်က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

တိုင္႐ုန္း မင္းစ္ဟာ ဟာရီ မက္ဂြိဳင္းယားရဲ့ လုပ္ရပ္ကို ကာကြယ္ေပးခဲ့ၿပီး ယခုအပတ္အေစာပိုင္း အဂၤလန္ေလ့က်င့္ေရးကြင္းက လူသိမ်ားလာတဲ့ ဗီဒီယိုဖိုင္ကို ရယ္စရာေကာင္းတယ္လို႔ တုံ႔ျပန္ခဲ့ပါတယ္။

အဂၤလန္ရဲ့ တရားဝင္YouTube ခ်န္နယ္က တင္ခဲ့တဲ့ ဗီဒီယိုထဲမွာ အဂၤလန္အသင္းသားေတြဟာ ေခြး႐ူး ကစားတမ္း ေဆာ့ေနခဲ့ၾကတာကို ျမင္ေတြ႕ခဲ့ရၿပီး ဂ်ဳဒ္ ဘယ္လင္ဂမ္၊ ကိုင္လီ ေဝၚကာ-ပီတာစ္နဲ႔ ဝါ့ဒ္-ပေရာက္စ္တို႔လို ကစားသမားေတြဟာ တစ္ခ်က္ထိေပးပုံစံနဲ႔ ဂရီးလစ္ရွ္၊ နစ္ခ္ ပုပ္တို႔နဲ႔ ကစားေနခဲ့တာျဖစ္ပါတယ္။ အဂၤလန္အသင္းသားေတြဟာ ဟာရီ မက္ဂြိဳင္းယားက နစ္ခ္ ပုပ္ ၎ဆီ ခ်ဥ္းကပ္လာခ်ိန္မွာ ေဘာလုံးကို ရပ္တန႔္ဖို႔ မဆုံးျဖတ္မီအထိ ေဘာလုံးေပးပို႔မႈ ေအာင္ျမင္တဲ့ အႀကိမ္ေရကို ေအာ္ဟစ္ေနခဲ့တာကို ၾကားေနရပါတယ္။

ဟန္ဒါဆန္ဟာ မန္ခ်က္စတာယူနိုက္တက္ အသင္းေခါင္းေဆာင္ရဲ့ လုပ္ရပ္နဲ႔ ပတ္သက္ၿပီး မေပ်ာ္မရႊင္ျဖစ္ခဲ့တာေၾကာင့္ ခ်က္ခ်င္းပဲ ‘မင္း ဘာေတြ လုပ္ေနတာလဲ’လို႔ ေမးခြန္း ထုတ္ခဲ့တာျဖစ္ပါတယ္။ အဲဒီ ဗီဒီယိုဖိုင္ဟာ လူမႈကြန္ရက္မွာ ပ်ံ႕ႏွံ့သြားခဲ့ၿပီး ပရိသတ္ေတြက ေနာက္ထပ္တစ္ႀကိမ္ မန္ခ်က္စတာယူနိုက္တက္ ေနာက္ခံကစားသမား ဟာရီ မက္ဂြိဳင္းယားရဲ့ အရည္အခ်င္းအေပၚ ေမးခြန္းထုတ္ၾကဖို႔ ဆုံးျဖတ္လိုက္ၾကတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အဲဒီ ေခြး႐ူးကစားတမ္းမွာ ပါဝင္ခဲ့တဲ့ တိုင္႐ုန္း မင္းစ္က ဟာရီ မက္ဂြိဳင္းယားဟာ ဂရီးလစ္ရွ္နဲ႔ နစ္ခ္ ပုပ္တို႔ကို ခဏ အနားေပးခ်င္တာေၾကာင့္ ကစားေနတာကို ရပ္တန႔္လိုက္တာျဖစ္တယ္လို႔ ေျပာၾကားၿပီး အဂၤလန္ေနာက္ခံကစားသမားဘက္ကေန ကာကြယ္ခဲ့ပါတယ္။

“အဲဒါက တကယ္ကို ရယ္စရာေကာင္းတယ္လို႔ ကၽြန္ေတာ္ ထင္ပါတယ္။ ခင္ဗ်ား ေဘာလုံးေပးပို႔မႈ ၄၅ ႀကိမ္ေလာက္ လုပ္နိုင္ေနတဲ့အခ်ိန္မွာ သူက ေဘာလုံးကို ရပ္တန႔္လိုက္တယ္။ အဲဒီအခ်ိန္မွာ ေဘာလုံးကို ရပ္တန႔္ဖို႔အတြက္ တျခား အေၾကာင္းအရင္းမရွိဘဲ အဲဒါက အလယ္ကလူေတြကို အသက္ရႉနိုင္ေအာင္ အနားေပးလိုက္တာလို႔ပဲ ကၽြန္ေတာ္ မွတ္ယူပါတယ္”

“ခင္ဗ်ား ေခြး႐ူးလုပ္တမ္း ဝင္ကစားၿပီး ေဘာလုံး အႀကိမ္ ၂၀ ေလာက္ ေပးပို႔နိုင္တဲ့အခါမွာ ေနာက္ထပ္တစ္ေယာက္က ေခြး႐ူးလုပ္မယ္။ အဲဒီေတာ့ ၄၂ ႀကိမ္၊ ၄၃ ႀကိမ္ေလာက္ ေရာက္တဲ့အခါမွာ ေနာက္ထပ္ ၂ ေယာက္ေလာက္ ေခြး႐ူးလုပ္ခံရဖို႔ ဘယ္လိုနည္းနဲ႔မဆို ရွိေနမွာပဲ။ သူက အမွန္တကယ္ေတာ့ သူတို႔ကို အသက္ေလးရႉၿပီး ခဏနားခြင့္ရေအာင္ ‘ဒီေလာက္ဆိုေတာ္ပါၿပီ။ ေနာက္တစ္ႀကိမ္ ျပန္စၾကတာေပါ့’လို႔ ေျပာခဲ့တာပါ။ အဲဒီေတာ့ အဲဒီကိစၥအေပၚမွာ မေကာင္းျမင္တဲ့စိတ္နဲ႔ ၾကည့္ေနတာက လူေတြဟာ ဘာေတြျဖစ္ေနလဲဆိုတာကို အျမဲတမ္း မသိဘူးဆိုတာကို ျပသေနတာျဖစ္ၿပီး ဗီဒီယိုတစ္ခုလုံးရဲ့ အေၾကာင္းအရာကိုလည္း ေတာ္ေတာ္ေလး နားမလည္ၾကတာပါ”

“ဒါေပမယ့္လည္း ဒီေန႔ေခတ္ လူမႈကြန္ရက္အတြက္ အမွန္တရားက တခါတေလ လူအမ်ားၾကား ပ်ံ႕ႏွံ့သြားမယ့္ဟာကို ပို႔တာထက္ ဒါမွမဟုတ္ ဖန္တီးတာထက္ တစ္ခါတရံမွာ စိတ္လႈပ္ရွားစရာ ပိုနည္းေနတာပဲ”လို႔ ေျပာၾကားခဲ့ပါတယ္။ တိုင္႐ုန္း မင္းစ္က အိုင္ဗရီကို႔စ္နဲ႔ ကစားရမယ့္ ေျခစမ္းပြဲမတိုင္ခင္ သတင္းစာရွင္းလင္းပြဲမွာ ဟာရီ မက္ဂြိဳင္းယားကို ဆက္လက္ ကာကြယ္ေျပာဆိုမႈေတြ ျပဳလုပ္သြားခဲ့ပါေသးတယ္။

လူေတြရဲ့ ဗီဒီယိုအေပၚမွာ တုံ႔ျပန္မႈက အလြန္အမင္း လြန္ကဲေနၿပီး ဟာရီ မက္ဂြိဳင္းယား ပုခုံးေပၚတင္ထားရတဲ့ တာဝန္ယူမႈ၊ တာဝန္ခံမႈကို အားလုံး နားလည္ေလာက္တဲ့အထိ မေျပာနိုင္ဘူးလို႔ သတင္းေထာက္ေတြကို ေျပာၾကားခဲ့ပါတယ္။ “နားေထာင္။ ကၽြန္ေတာ္ ဟာရီကို ကစားသမားအျဖစ္နဲ႔ေရာ လူပုဂၢိဳလ္တစ္ေယာက္အျဖစ္နဲ႔ပါ သိပါတယ္။ သူ႔အေၾကာင္း ေျပာနိုင္သင့္သေလာက္ ကၽြန္ေတာ္ မေျပာနိုင္ပါဘူး။ မန္ယူနိုက္တက္အသင္းေခါင္းေဆာင္ျဖစ္ဖို႔ ေန႔တိုင္း သူ႔ပုခုံးေပၚမွာ ထမ္းထားတဲ့ တာဝန္ေတြကိုလည္း ကၽြန္ေတာ္ လိုက္မီေအာင္ မေျပာျပနိုင္ပါဘူး။ သူက အေၾကာင္းအရင္းတစ္ခုအတြက္ အသင္းေခါင္းေဆာင္အျဖစ္ ေရြးခ်ယ္ခံခဲ့ရတာျဖစ္ၿပီး အဲဒီအေၾကာင္းအရင္းက ေန႔တိုင္း သူ႔ဆီကေန ခင္ဗ်ား ျမင္ေနရတဲ့ အရည္အေသြးေတြျဖစ္မွာျဖစ္ၿပီး သူက အံ့အားသင့္စရာ ကစားသမားဆိုတာကိုလည္း ခင္ဗ်ားမေမ့ပါနဲ႔”

“သူက အဂၤလန္ရွပ္နဲ႔ ပထမတန္းစား အမႈထမ္းတစ္ဦးလည္းျဖစ္ခဲ့ပါတယ္။ သူ႔အေၾကာင္း ေဝဖန္ျပစ္တင္မႈေတြက လြန္ကဲလြန္းတယ္ဆိုတာ ကၽြန္ေတာ္ ေတြ႕ခဲ့ရတယ္။ ဒါေပမယ့္ ဂ်ာနယ္လစ္ေတြနဲ႔ စာေရးဆရာေတြက တစ္ခါတေလက်ရင္ ဒီလိုဟာမ်ိဳးကို ေရးၿပီး ကလစ္ရေအာင္ ဒါမွမဟုတ္ သတင္းစာေရာင္းရေအာင္ ဖြတတ္ၾကတယ္ဆိုတာ ကၽြန္ေတာ္ နားလည္ပါတယ္။ အဲဒီေတာ့ဗ်ာ ခင္ဗ်ားတို႔ အားလုံးကို ဆိုလိုတာမဟုတ္ေပမယ့္လည္း ဒီလိုကိစၥမ်ိဳးေတြ ေရးတဲ့သူေတြက သူတို႔ေတြဟာ မွန္တဲ့အရာကို လုပ္ေနသလိုမ်ိဳး ခံစားေနရမွာပါ။ ဘာလို႔လဲဆိုေတာ့ အဲဒါက လူေျပာမ်ားတဲ့ အေၾကာင္းအရာျဖစ္ၿပီး ဖြလို႔ ေကာင္းလို႔ပါ။ အဲဒါက လူေတြ ၾကားခ်င္တဲ့အရာလည္း ျဖစ္ေနလို႔ပါ။ ဒါေပမယ့္လည္း အဲဒါေတြ အားလုံးက တကယ္ကို ေနရာလြဲေနတယ္ဆိုတာ ကၽြန္ေတာ္ ေတြ႕ရွိခဲ့ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

အဂၤလန္လက္ေရြးစင္နည္းၿပ ေဆာက္ဂိတ္ဟာ ဟာရီ မက္ဂြိဳင္းယားကို ေလွာင္ေျပာင္ေနၾကသူေတြကို တုံ႔ျပန္လိုက္ၿပီး အဂၤလန္ေနာက္ခံကစားသမားအေပၚ ၎တို႔ရဲ့ ဆက္ဆံပုံက လုံးဝကို ဟာသပဲလို႔ ျပစ္တင္ႀကိမ္းေမာင္းလိုက္ပါတယ္။ အဂၤလန္ပရိသတ္ေတြဟာ ၁ ေယာက္ေလ်ာ့ေနတဲ့ အိုင္ဗရီကို႔စ္အသင္းကို အဂၤလန္က ဝင္ဘေလမွာ အနိုင္ရရွိခဲ့တဲ့ပြဲစဥ္အတြင္း မက္ဂြိဳင္းယားရဲ့နာမည္ကို ေအာ္ၿပီး ေလွာင္ေျပာင္သေရာ္ခဲ့ၾကတာျဖစ္ၿပီး ပထမဆုံး ေဘာလုံးထိေတြ႕မႈ အနည္းငယ္မွာ ေလွာင္ေျပာင္သံေတြ ေပၚထြက္ခဲ့တာျဖစ္ပါတယ္။

“ႀကိဳဆိုပုံက ဟာသျဖစ္ခဲ့တယ္လို႔ ကၽြန္ေတာ္ ေတြးမိခဲ့ပါတယ္။ လုံးဝကို ဟာသပဲ။ ကၽြန္ေတာ္တို႔အတြက္ သူ စြမ္းေဆာင္ေပးခဲ့တဲ့ပုံစံက လုံးဝကို ထူးျခားခဲ့ပါတယ္။ ကၽြန္ေတာ္ နားမလည္နိုင္ပါဘူး။ သူက အဂၤလန္ရွပ္ဝတ္ထားတာျဖစ္ၿပီး ခင္ဗ်ား အဂၤလန္ရွပ္ဝတ္ဆင္ထားတဲ့ ကစားသမားကိုပဲ ခင္ဗ်ား အားေပးသင့္တာမဟုတ္ေပမယ့္လည္း ခင္ဗ်ား သူ ကၽြန္ေတာ္တို႔အတြက္ ကစားေပးခဲ့တဲ့ အဆင့္အတန္းမွာ ကစားေပးၿပီး သူ စြမ္းေဆာင္ေပးနိုင္ခဲ့တဲ့စြမ္းေဆာင္ရည္မ်ိဳး ျပသတဲ့အခါက်ရင္ အဲဒါက သူ႔ေနာက္ကေန လုံးဝကို ရပ္တည္သင့္တာပါ။ ကၽြန္ေတာ္ လုံးဝ နားမလည္နိုင္ေတာ့ဘူး”လို႔ ေဆာက္ဂိတ္က သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုသြားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.