International Match Report

လေဆာနဲ့ထိုးခံရတဲ့ ဆာလားနဲ့ အီဂျစ်ပြုတ်ပြီး ဆီနီဂေါနဲ့ ကျန်လေးသင်း ခြေစစ်ပွဲအောင်

၂၀၂၂ ခုနှစ် ကာတာကမ္ဘာ့ဖလားအတွက် အာဖရိကဇုန်ခြေစစ်ပွဲတွေကို နောက်ဆုံးအဆင့်ရဲ့ ဒုတိယအကျော့အဖြစ် မနေ့ညက တစ်ပြိုင်တည်း ကစားခဲ့ကြရာမှာ ခြေစစ်ပွဲအောင်အသင်း ၅ သင်း ပေါ်ထွက်လာခဲ့ပြီး ဇာတာပါလွန်းနေတဲ့ လီဗာပူးလ်တိုက်စစ်မှူးနှစ်ဦးရဲ့ ဆီနီဂေါနဲ့ အီဂျစ်တို့ တွေ့ဆုံမှုမှာတော့ ပင်နယ်တီအဆုံးအဖြတ် ခံယူခဲ့ရချိန်မှာ ဆာလားတို့အဖွဲ့ ရှုံးနိမ့်ပြီး မာနေးတို့အဖွဲ့ အောင်ပွဲခံနိုင်ခဲ့ကြပါတယ်။

ပထမအကျော့က ဆီနီဂေါနောက်ခံလူ ဆာလီယူ ဆစ္စရဲ့ အုန်းဂိုးနဲ့ တစ်ဂိုး-ဂိုးမရှိဖြစ်ခဲ့တဲ့ အီဂျစ်ရဲ့ နိုင်ပွဲအပြီး ဒုတိယအကျော့မှာတော့ အီဂျစ်ကွင်းလယ်လူ ဟမ်ဒီ ဖာသီက အုန်းခဲ့ပြီး ဒီတစ်ဂိုးတည်းနဲ့ ဆီနီဂေါတို့ နိုင်ပွဲရခဲ့ချိန်မှာ နှစ်ကျော့ပေါင်း တစ်ဂိုးစီသရေနဲ့ အချိန်ပိုမှာလည်း သူတို့ထုံးစံအတိုင်း ဘာမှ မထူးခဲ့လို့ ပင်နယ်တီ ကန်ခဲ့ကြရတာပါ။

ပင်နယ်တီမှာတော့ ဆီနီဂေါတို့ဘက်က ကပ္ပတိန် ခါလီဒူး ကူလီဘေလီ စကန်ရာမှာ ဘားထိပြီး လွဲချော်ခဲ့ချိန်မှာ အာဖရိကဖလားဖိုင်နယ်မှာ နောက်ဆုံးက မကန်လိုက်ရတဲ့ ဆာလား ကန်ချိန်မှာတော့ အိမ်ရှင်ပရိသတ်တွေက လေဆာမီးတန်းတွေနဲ့ ဝိုင်းထိုးခဲ့ကြပြီး ဒုက္ခပေးခဲ့တာကြောင့် သူလည်း ဘားပေါ် ကျော်ကန်ခဲ့ပြီး ဂိုးသမား မန်ဒီကတော့ ကန်ချက်မလွဲခဲ့ရင်တောင် ဖမ်းနိုင်မယ့် အနေအထားမှာ စောင့်စားနိုင်ခဲ့သေးတာဖြစ်ပါတယ်။

ဆက်လက်ကန်သွင်းရာမှာတော့ ဆီနီဂေါဘက်က ဆစ္စနဲ့ အီဂျစ်ဘက်က ဇီဇိုတို့ အသီးသီး လွဲချော်ခဲ့ကြပြန်သလို တတိယအလုံးကို အစ္စမိုင်လာ ဆားရ် ကန်တော့မှ ဝင်ခဲ့ပြီး အီဂျစ်ဘက်ကတော့ အယ်လ်ဆိုလီယာကလည်း ဝင်အောင်ကန်သွင်းနိုင်ခဲ့လို့ တစ်ဂိုးစီသရေဖြစ်ခဲ့အပြီးမှာ အိမ်ရှင်တွေဘက်က ဒီယန်းက စတုတ္ထအလုံးကို ဝင်အောင် ကန်နိုင်ခဲ့ပြီး အီဂျစ်ဘက်က မိုစတာဖာ မိုဟာမက်ကတော့ မန်ဒီတည့်တည့်ကို ကန်မိခဲ့လို့ နှစ်ဂိုး-တစ်ဂိုး ဖြစ်နေခဲ့ပါတယ်။

ဆီနီဂေါတို့အတွက် အဆုံးအဖြတ် ပင်နယ်တီကိုတော့ ဆာဒီယို မာနေးက အလယ်တည့်တည့်ကို ဝင်အောင် အပြင်းကန်သွင်းခဲ့အပြီးမှာတော့ ကွင်းထဲကို ကစားသမားတွေ ပြေးဝင်အောင်ပွဲခံခဲ့ကြပြီး မီဒီယာတွေကတော့ လေဆာကုထုံးနဲ့ အောင်ပွဲခံခဲ့တယ်လို့ ရေးသားခဲ့ကြပေမယ့် ဘာပဲဖြစ်ဖြစ် အိမ်ရှင်တွေ ပျော်ရွှင်နိုင်ခဲ့ကြပါတယ်။

တခြားပွဲစဉ်တစ်ပွဲမှာတော့ နိုင်ဂျီးရီးယားကို ကွင်းလယ်လူ သောမတ်စ် ပါတေးရဲ့ သွင်းဂိုးနဲ့ အဝေးကွင်းမှာ သရေကစားနိုင်ခဲ့တဲ့ ဂါနာတို့ ခြေစစ်ပွဲအောင်ခဲ့ပြီး နောက်ဆုံးအဆင့်မှာ ပြုတ်ခဲ့လို့ ဒေါသထွက်နေခဲ့တဲ့ ပရိသတ်တွေကတော့ ကွင်းထဲ ဝင်သောင်းကျန်းခဲ့ကြတာကြောင့် ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့ရသေးတာပါ။

အယ်လ်ဂျီးရီးယားနဲ့ ကင်းမရွန်းတို့ ပွဲချိန်တွင်း တစ်ဂိုးစီ သရေကျနေခဲ့ကြချိန်မှာ အချိန်ပိုဆက်ကစားရာမှာတော့ တိုကို အီကမ်ဘီရဲ့ နောက်ဆုံးမိနစ် သွင်းဂိုးနဲ့ ကင်းမရွန်းတို့ အောင်ပွဲခံနိုင်ခဲ့ကြသလို မော်ရိုကိုရဲ့ လေးဂိုး-တစ်ဂိုးနဲ့ DR ကွန်ဂိုကို အနိုင်ယူပြီး ခြေစစ်ပွဲအောင်မှုကတော့ ပြတ်သားခဲ့ပြီး တူနီးရှားကတော့ အဝေးကွင်းမှာ အနိုင်ယူထားခဲ့တဲ့ မာလီကို ဂိုးမရှိသရေကစားပြီး ခြေစစ်ပွဲအောင်ခဲ့ကြတာဖြစ်ပါတယ်။

အာဖရိကဇုန်ရဲ့ ၂၀၂၂ ကာတာကမ္ဘာ့ဖလား သွားရောက်ဖို့ လေယာဉ်လက်မှတ်ကို ရရှိခဲ့ကြသူ ငါးသင်းကတော့ ဆီနီဂေါ၊ ဂါနာ၊ ကင်းမရွန်း၊ မော်ရိုကိုနဲ့ တူနီးရှားတို့ဖြစ်ခဲ့ကြပြီး နာမည်ကြီး နိုင်ဂျီးရီးယားနဲ့ အီဂျစ်တို့ကတော့ နောက်ဆုံးအချိန်မှာ အသည်းကွဲခဲ့ရချိန်မှာ မြောက်အာဖရိက ကိုယ်စားပြု လေးသင်းတော့ မော်ရိုကိုနဲ့ တူနီးရှားတို့နောက်ကို ကျန်နှစ်သင်းဖြစ်တဲ့ အယ်လ်ဂျီးရီးယားနဲ့ အီဂျစ်တို့ မလိုက်နိုင်ဘဲ ဂုဏ်ယူခွင့်နဲ့ လွဲချော်ခဲ့ရတာပါ။

ဒီထဲမှာ ကံအကောင်းဆုံးနဲ့ ရင်အခုန်ခဲ့ရဆုံးအသင်းကတော့ ကင်းမရွန်းပဲဖြစ်ခဲ့ပြီး အိမ်ကွင်းမှာ ရှုံးခဲ့ပြီးမှ အယ်လ်ဂျီးရီးယားရဲ့ အဝေးကွင်းမှာ ချူပိုမိုတင်းရဲ့ ဂိုးနဲ့ အနိုင်ရခဲ့သလို အချိန်ပိုရဲ့ နာကျင်အချိန်ပို နောက်ဆုံး ၄ မိနစ်အရောက်မှာမှ ပင်နယ်တီ မကန်ရဘဲ နောက်တစ်ဆင့်တက်ဖို့ ဖြစ်လာခဲ့ပြီး အာဖရိကရဲ့ ပြီးဆုံးသွားခဲ့တဲ့ ခြေစစ်ပွဲစဉ်တွေကတော့ ဝမ်းသာဝမ်းနည်း သွေးဆူစရာတွေ ပြည့်နှက်နေခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

၂၀၂၂ ခုႏွစ္ ကာတာကမာၻ႔ဖလားအတြက္ အာဖရိကဇုန္ေျခစစ္ပြဲေတြကို ေနာက္ဆုံးအဆင့္ရဲ႕ ဒုတိယအေက်ာ့အျဖစ္ မေန႔ညက တစ္ၿပိဳင္တည္း ကစားခဲ့ၾကရာမွာ ေျခစစ္ပြဲေအာင္အသင္း ၅ သင္း ေပၚထြက္လာခဲ့ၿပီး ဇာတာပါလြန္းေနတဲ့ လီဗာပူးလ္တိုက္စစ္မႉးႏွစ္ဦးရဲ႕ ဆီနီေဂါနဲ႔ အီဂ်စ္တို႔ ေတြ႕ဆုံမႈမွာေတာ့ ပင္နယ္တီအဆုံးအျဖတ္ ခံယူခဲ့ရခ်ိန္မွာ ဆာလားတို႔အဖြဲ႕ ရႈံးနိမ့္ၿပီး မာေနးတို႔အဖြဲ႕ ေအာင္ပြဲခံႏိုင္ခဲ့ၾကပါတယ္။

ပထမအေက်ာ့က ဆီနီေဂါေနာက္ခံလူ ဆာလီယူ ဆစၥရဲ႕ အုန္းဂိုးနဲ႔ တစ္ဂိုး-ဂိုးမရွိျဖစ္ခဲ့တဲ့ အီဂ်စ္ရဲ႕ ႏိုင္ပြဲအၿပီး ဒုတိယအေက်ာ့မွာေတာ့ အီဂ်စ္ကြင္းလယ္လူ ဟမ္ဒီ ဖာသီက အုန္းခဲ့ၿပီး ဒီတစ္ဂိုးတည္းနဲ႔ ဆီနီေဂါတို႔ ႏိုင္ပြဲရခဲ့ခ်ိန္မွာ ႏွစ္ေက်ာ့ေပါင္း တစ္ဂိုးစီသေရနဲ႔ အခ်ိန္ပိုမွာလည္း သူတို႔ထုံးစံအတိုင္း ဘာမွ မထူးခဲ့လို႔ ပင္နယ္တီ ကန္ခဲ့ၾကရတာပါ။

ပင္နယ္တီမွာေတာ့ ဆီနီေဂါတို႔ဘက္က ကပၸတိန္ ခါလီဒူး ကူလီေဘလီ စကန္ရာမွာ ဘားထိၿပီး လြဲေခ်ာ္ခဲ့ခ်ိန္မွာ အာဖရိကဖလားဖိုင္နယ္မွာ ေနာက္ဆုံးက မကန္လိုက္ရတဲ့ ဆာလား ကန္ခ်ိန္မွာေတာ့ အိမ္ရွင္ပရိသတ္ေတြက ေလဆာမီးတန္းေတြနဲ႔ ဝိုင္းထိုးခဲ့ၾကၿပီး ဒုကၡေပးခဲ့တာေၾကာင့္ သူလည္း ဘားေပၚ ေက်ာ္ကန္ခဲ့ၿပီး ဂိုးသမား မန္ဒီကေတာ့ ကန္ခ်က္မလြဲခဲ့ရင္ေတာင္ ဖမ္းႏိုင္မယ့္ အေနအထားမွာ ေစာင့္စားႏိုင္ခဲ့ေသးတာျဖစ္ပါတယ္။

ဆက္လက္ကန္သြင္းရာမွာေတာ့ ဆီနီေဂါဘက္က ဆစၥနဲ႔ အီဂ်စ္ဘက္က ဇီဇိုတို႔ အသီးသီး လြဲေခ်ာ္ခဲ့ၾကျပန္သလို တတိယအလုံးကို အစၥမိုင္လာ ဆားရ္ ကန္ေတာ့မွ ဝင္ခဲ့ၿပီး အီဂ်စ္ဘက္ကေတာ့ အယ္လ္ဆိုလီယာကလည္း ဝင္ေအာင္ကန္သြင္းႏိုင္ခဲ့လို႔ တစ္ဂိုးစီသေရျဖစ္ခဲ့အၿပီးမွာ အိမ္ရွင္ေတြဘက္က ဒီယန္းက စတုတၳအလုံးကို ဝင္ေအာင္ ကန္ႏိုင္ခဲ့ၿပီး အီဂ်စ္ဘက္က မိုစတာဖာ မိုဟာမက္ကေတာ့ မန္ဒီတည့္တည့္ကို ကန္မိခဲ့လို႔ ႏွစ္ဂိုး-တစ္ဂိုး ျဖစ္ေနခဲ့ပါတယ္။

ဆီနီေဂါတို႔အတြက္ အဆုံးအျဖတ္ ပင္နယ္တီကိုေတာ့ ဆာဒီယို မာေနးက အလယ္တည့္တည့္ကို ဝင္ေအာင္ အျပင္းကန္သြင္းခဲ့အၿပီးမွာေတာ့ ကြင္းထဲကို ကစားသမားေတြ ေျပးဝင္ေအာင္ပြဲခံခဲ့ၾကၿပီး မီဒီယာေတြကေတာ့ ေလဆာကုထုံးနဲ႔ ေအာင္ပြဲခံခဲ့တယ္လို႔ ေရးသားခဲ့ၾကေပမယ့္ ဘာပဲျဖစ္ျဖစ္ အိမ္ရွင္ေတြ ေပ်ာ္႐ႊင္ႏိုင္ခဲ့ၾကပါတယ္။

တျခားပြဲစဥ္တစ္ပြဲမွာေတာ့ ႏိုင္ဂ်ီးရီးယားကို ကြင္းလယ္လူ ေသာမတ္စ္ ပါေတးရဲ႕ သြင္းဂိုးနဲ႔ အေဝးကြင္းမွာ သေရကစားႏိုင္ခဲ့တဲ့ ဂါနာတို႔ ေျခစစ္ပြဲေအာင္ခဲ့ၿပီး ေနာက္ဆုံးအဆင့္မွာ ျပဳတ္ခဲ့လို႔ ေဒါသထြက္ေနခဲ့တဲ့ ပရိသတ္ေတြကေတာ့ ကြင္းထဲ ဝင္ေသာင္းက်န္းခဲ့ၾကတာေၾကာင့္ ႐ုပ္ပ်က္ဆင္းပ်က္ ျဖစ္ခဲ့ရေသးတာပါ။

အယ္လ္ဂ်ီးရီးယားနဲ႔ ကင္းမ႐ြန္းတို႔ ပြဲခ်ိန္တြင္း တစ္ဂိုးစီ သေရက်ေနခဲ့ၾကခ်ိန္မွာ အခ်ိန္ပိုဆက္ကစားရာမွာေတာ့ တိုကို အီကမ္ဘီရဲ႕ ေနာက္ဆုံးမိနစ္ သြင္းဂိုးနဲ႔ ကင္းမ႐ြန္းတို႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကသလို ေမာ္႐ိုကိုရဲ႕ ေလးဂိုး-တစ္ဂိုးနဲ႔ DR ကြန္ဂိုကို အႏိုင္ယူၿပီး ေျခစစ္ပြဲေအာင္မႈကေတာ့ ျပတ္သားခဲ့ၿပီး တူနီးရွားကေတာ့ အေဝးကြင္းမွာ အႏိုင္ယူထားခဲ့တဲ့ မာလီကို ဂိုးမရွိသေရကစားၿပီး ေျခစစ္ပြဲေအာင္ခဲ့ၾကတာျဖစ္ပါတယ္။

အာဖရိကဇုန္ရဲ႕ ၂၀၂၂ ကာတာကမာၻ႔ဖလား သြားေရာက္ဖို႔ ေလယာဥ္လက္မွတ္ကို ရရွိခဲ့ၾကသူ ငါးသင္းကေတာ့ ဆီနီေဂါ၊ ဂါနာ၊ ကင္းမ႐ြန္း၊ ေမာ္႐ိုကိုနဲ႔ တူနီးရွားတို႔ျဖစ္ခဲ့ၾကၿပီး နာမည္ႀကီး ႏိုင္ဂ်ီးရီးယားနဲ႔ အီဂ်စ္တို႔ကေတာ့ ေနာက္ဆုံးအခ်ိန္မွာ အသည္းကြဲခဲ့ရခ်ိန္မွာ ေျမာက္အာဖရိက ကိုယ္စားျပဳ ေလးသင္းေတာ့ ေမာ္႐ိုကိုနဲ႔ တူနီးရွားတို႔ေနာက္ကို က်န္ႏွစ္သင္းျဖစ္တဲ့ အယ္လ္ဂ်ီးရီးယားနဲ႔ အီဂ်စ္တို႔ မလိုက္ႏိုင္ဘဲ ဂုဏ္ယူခြင့္နဲ႔ လြဲေခ်ာ္ခဲ့ရတာပါ။

ဒီထဲမွာ ကံအေကာင္းဆုံးနဲ႔ ရင္အခုန္ခဲ့ရဆုံးအသင္းကေတာ့ ကင္းမ႐ြန္းပဲျဖစ္ခဲ့ၿပီး အိမ္ကြင္းမွာ ရႈံးခဲ့ၿပီးမွ အယ္လ္ဂ်ီးရီးယားရဲ႕ အေဝးကြင္းမွာ ခ်ဴပိုမိုတင္းရဲ႕ ဂိုးနဲ႔ အႏိုင္ရခဲ့သလို အခ်ိန္ပိုရဲ႕ နာက်င္အခ်ိန္ပို ေနာက္ဆုံး ၄ မိနစ္အေရာက္မွာမွ ပင္နယ္တီ မကန္ရဘဲ ေနာက္တစ္ဆင့္တက္ဖို႔ ျဖစ္လာခဲ့ၿပီး အာဖရိကရဲ႕ ၿပီးဆုံးသြားခဲ့တဲ့ ေျခစစ္ပြဲစဥ္ေတြကေတာ့ ဝမ္းသာဝမ္းနည္း ေသြးဆူစရာေတြ ျပည့္ႏွက္ေနခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.