International

ရော်နယ်လ်ဒိုရဲ့ဘဝကို ဖျက်ဆီးချင်တာမဟုတ်ဘဲ အိပ်မက်တွေဖြစ်အောင်လုပ်မှာလို့ ပြောခဲ့တဲ့ မြောက်မက်ဆီဒိုးနီးယား

ပေါ်တူဂီကြယ်ပွင့်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ၎င်းရဲ့ လက်ရွေးစင်ကစားသမားဘဝ အနာဂတ်နဲ့ပတ်သက်ပြီး မေးခွန်းထုတ်ခြင်းခံခဲ့ရတဲ့အချိန်မှာ စံချိန်သစ် တင်င်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်လ်ဒိုဟာ ယခုနှစ်နှောင်းပိုင်း ကာတာမှာ ကျင်းပမယ့် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲကို ၅ ကြိမ်မြောက် ပါဝင်ယှဉ်ပြိုင်ဖို့အတွက် စောင့်မျှော်နေတာဖြစ်ပြီး အဲဒီပြိုင်ပွဲဟာ ၎င်းရဲ့ လက်ရွေးစင်ကစားသမားဘဝ နောက်ဆုံးပြိုင်ပွဲလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း ပေါ်တူဂီအသင်းဟာ ကမ္ဘာ့ဖလားဝင်ခွင့်ရရှိဖို့အတွက် အင်္ဂါနေ့ playoff ဗိုလ်လုပွဲမှာ အီတလီလို အသင်းကြီးတွေကိုမှ ရွေးဖြုတ်တတ်တဲ့ မြောက်မက်ဆီဒိုးနီးယားအသင်းကို အနိုင်ယူဖို့ လိုအပ်နေတာဖြစ်ပါတယ်။

မြောက်မက်ဆီဒိုးနီးယားအသင်းဟာ ပြီးခဲ့တဲ့အပတ် playoff ဆီမီးဖိုင်နယ်အဆင့်မှာ ယူရိုချန်ပီယံ အီတလီအသင်းကို အံ့အားသင့်ဖွယ် ၁-၀ နဲ့ အနိုင်ယူပြီး playoff ဗိုလ်လုပွဲအဆင့်ကို တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ အီတလီအသင်းဟာ လက်ရှိမှာတော့ အသင်းသမိုင်းကြောင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ၂ ကြိမ်ဆက်တိုက် ဝင်ခွင့် လွဲချော်သွားခဲ့ပြီ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စုအဆင့်မှာတုန်းက မြောက်မက်ဆီဒိုးနီးယားအသင်းဟာ ဂျာမနီကို အနိုင်ယူနိုင်ခဲ့တာက လူသိများကျော်ကြားခဲ့ပြီး ၎င်းတို့အနေနဲ့ အားနည်းတဲ့ အသင်းတစ်သင်း မဟုတ်ဘူးဆိုတာကို ညွှန်ပြခဲ့တာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ တူရကီအသင်းဟာ အခြား playoff ဆီမီးဖိုင်နယ်အဆင့်မှာ တူရကီကို ၃-၁ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲဝင်ဖို့ ရေပန်းအစားဆုံးဖြစ်နေပေမယ့်လည်း မြောက်မက်ဆီဒိုးနီးယားနဲ့ပွဲကို သတိကြီးကြီးထားပြီး ချဉ်းကပ်ရမှာဖြစ်ပါတယ်။

တနင်္လာနေ့က ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ရော်နယ်လ်ဒိုက ၎င်းရဲ့ ပေါ်တူဂီအသင်းဟာ ရှေ့မှာရှိသမျှ ဘယ်လိုအသင်းမျိုးကိုမဆို ရင်ဆိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်ထားကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။ “အမြဲတမ်း ဖိအားတွေကတော့ ရှိနေမှာပါ။ ကျွန်တော်တို့ အားလုံးကြိုတင်ပြင်ဆင်ပြီးပါပြီ။ ကျွန်တော်တို့ ဒီ ဗိုလ်လုပွဲမှာ တကယ်ကို အနိုင်ကစားချင်ပါတယ်။ မြောက်မက်ဆီဒိုးနီးယားက ဒီအဆင့်မှာ ရှိနေတယ်ဆိုရင် အဲဒါက သူတို့တွေ ရှိနေဖို့ ထိုက်တန်လို့ပါ”

ကမ္ဘာ့ဖလား ၄ ကြိမ်ကစားခဲ့ပြီး ၇ ဂိုးသွင်းယူခဲ့တဲ့ ရော်နယ်လ်ဒိုရဲ့ ပေါ်တူဂီအသင်းသာ အီတလီလိုမျိုး ကံဆိုးမိုးမှောင်ကျခဲ့မယ်ဆိုရင် မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးအတွက် ကြီးကြီးမားမား အရှက်ရစရာ ဖြစ်လာမှာဖြစ်ပါတယ်။ အများစုကတော့ အဲဒီလိုမျိုး တကယ်ဖြစ်လာခဲ့မယ်ဆိုရင် ခရစ္စတီယာနို ရော်နယ်လ်ဒိုအနေနဲ့ အနားယူဖို့ စဉ်းစားလိမ့်မယ်လို့ ယုံကြည်နေပေမယ့်လည်း ပေါ်တူဂီဂန္တဝင်တိုက်စစ်မှူးက အဲဒီအကြောင်းကို မေးမြန်းခံခဲ့ရတဲ့အချိန်မှာတော့ လက်ရွေးစင်ကစားသမားဘဝကနေ အနားယူမယ့်ပုံ မပေါ်ခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် အကြိမ်ပေါင်းများစွာ တူညီတဲ့ မေးခွန်းတွေကို စတင်မြင်တွေ့နေရပါပြီ။ ကျွန်တော်က ကျွန်တော့်ရဲ့အနာဂတ်ကို ဆုံးဖြတ်မယ့် တစ်ဦးတည်းသောသူပါ။ ဘယ်သူကမှ ဆုံးဖြတ်ပေးမှာမဟုတ်ပါဘူး။ ကျွန်တော် ထပ်ပြီးတော့ ကစားနိုင်သေးတယ်လို့ ခံစားရတယ်ဆိုရင် ကျွန်တော် ကစားမှာပါ။ အဲဒီလို မခံစားရရင်တော့ ကျွန်တော် မကစားတော့ပါဘူး။ ကျွန်တော် တာဝန်ယူနေပါတယ်။ အချိန်အပိုင်းအခြားတစ်ခုအထိပေါ့”လို့ ပြောကြားခဲ့ပါတယ်။

မြောက်မက်ဆီဒိုးနီးယား နောက်ခံကစားသမား အဲလီယိုစကီက ၎င်းရဲ့အသင်းဟာ ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်လ်ဒိုရဲ့ မျှော်လင့်ချက်ကို ထိခိုက်စေမယ်ဆိုရင်တောင်မှ ကမ္ဘာ့ဖလားဝင်ခွင့်အိပ်မက်ကို အသက်သွင်းသွားချင်တယ်လို့ ပြောကြားခဲ့ပါတယ်။

မြောက်မက်ဆီဒိုးနီးယား ဘယ်နောက်ခံကစားသမား အယ်လီယိုစကီက ၎င်းရဲ့အသင်းဟာ ကာတာကို သွားခွင့်ရဖို့အတွက် အရာအားလုံးကို နင်းခြေသွားဖို့အတွက် ကြိုတင်ပြင်ဆင်ထားတယ်လို့ အင်္ဂါနေ့ပွဲစဉ်မတိုင်ခင် သတိပေးပြောကြားမှုတွေ ပြုလုပ်ခဲ့ပါတယ်။ “ကျွန်တော်တို့ အီတလီလိုမျိုး အရမ်းကောင်းတဲ့ ဥရောပချန်ပီယံကို ဖြုတ်ပစ်ခဲ့တယ်။ ကျွန်တော်တို့ ကမ္ဘာ့ဖလားကို သွားဖို့အတွက် ပတ်စ်ပို့မှာ တံဆိပ်တုံးမထုရသေးပါဘူး။ ကျွန်တော်တို့ရဲ့ အိပ်မက်အတိုင်းဖြစ်အောင် ကြိုးပမ်းသွားမှာဖြစ်ပြီး အဲဒါ အမှန်တကယ်ဖြစ်လာအောင် အရာအားလုံးကို လုပ်ဆောင်သွားမှာပါ”

အသက် ၃၀ အရွယ် ဘယ်နောက်ခံကစားသမားက အမြင့်မားဆုံးအဆင့်အတန်းမှာ ခြေစွမ်းတည်တည်ငြိမ်ငြိမ်နဲ့ ဆယ်စုနှစ် ၂ ခုလောက် ကစားနေခဲ့တဲ့ ရော်နယ်လ်ဒိုကိုလည်း ချီးကျူးပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အယ်လီယိုစကီက ပေါ်တူဂီအသင်းကို အညံ့ခံဖို့ စိတ်ကူးမရှိဘဲ မြောက်မက်ဆီဒိုးနီးယားအသင်းရဲ့ ဆန္ဒကို အကောင်အထည်ဖော်ဖို့အတွက် အစွမ်းကုန်ကြိုးစားသွားမယ်လို့ ကတိပြုခဲ့ပါတယ်။

“သူက နှစ်ပေါင်း ၂၀ နီးပါး မြင့်မားတဲ့အဆင့်မှာ ကစားနေခဲ့တဲ့ ကစားသမားပါ။ သာမန်အားဖြင့် ကမ္ဘာ့ဖလားမှာ ကစားဖို့အတွက် သူ့မှာ ရည်မှန်းချက်ရှိမှာပါ။ ကျွန်တော်တို့ သူ့ဘဝကို ဖျက်ဆီးချင်တာတော့ မဟုတ်ဘဲ ကျွန်တော်တို့ရဲ့အိပ်မက် အမှန်တကယ် ဖြစ်လာအောင် လုပ်ချင်တာပါ”လို့ ပြောကြားခဲ့ပါတယ်။ ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်လ်ဒိုကလည်း Estadio do Dragao ကွင်းမှာ ငရဲတံခါးကျိုးပေါက်သွားသလိုမျိုး ဖြစ်စေချင်တယ်လို့ ဝန်ခံ ပြောကြားလိုက်ပါတယ်။

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးက ယနေ့ညနေ ဗိုလ်လုပွဲမှာ ပရိသတ်တွေကို ပိုမိုဆူညံတဲ့အသံ၊ စိတ်ဆန္ဒပြင်းပြမှုတွေနဲ့ ပေါ်တူဂီအသင်းကို အားပေးကြဖို့အတွက် အရေးတကြီး တပ်လှန့်လိုက်တာဖြစ်ပါတယ်။ “ကျွန်တော် ပရိသတ်တွေကို တောင်းဆိုပါတယ်။ ဒရာဂါအိုကွင်းမှာ ငရဲတံခါးကျိုးပေါက်သွားသလိုမျိုး ဖြစ်စေချင်ပါတယ်။ ကျွန်တော် မနေ့ညက အိပ်ရာထဲမှာ တွေးနေခဲ့တာက ကွင်းထဲမှာ ကျွန်တော်တို့ရဲ့ နိုင်ငံတော်သီချင်းသီဆိုတဲ့နေရာမှာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ချင်တဲ့ ရည်မှန်းချက်အတွက် ကျွန်တော်တို့ရဲ့ စိတ်ဆန္ဒပြင်းပြမှု၊ အားကောင်းမှုနဲ့ စည်းလုံးမှုကို ပြသဖို့ သီချင်းသံတွေပိတ်ပြီး ပရိသတ်တွေကို တူရိယာမပါဘဲ သံပြိုင်သီဆိုခွင့်ပေးရင်ကောင်းမယ်ဆိုတာပါ”

“ကျွန်တော်တို့အတွက် ဒီပွဲက သေရေးရှင်ရေးလောက်ကို အရေးကြီးပါတယ်။ ဒီပွဲကို အနိုင်ရဖို့အတွက် တာဝန်ယူမှု၊ တာဝန်ခံမှုတွေလည်း ရှိနေပါတယ်။ ကျွန်တော်တို့အတွက်ကတော့ ဒီပွဲက ကျွန်တော်တို့ အသက်တွေအတွက် ပြိုင်ပွဲတစ်ခုလည်း ဖြစ်ပါတယ်။ သူတို့က ပွဲအများအပြားမှာ ပြိုင်ဘက်တွေကို အံ့အားသင့်တုန်လှုပ်စေခဲ့ပေမယ့်လည်း ကျွန်တော်တို့ကိုတော့ အံ့အားသင့်အောင် လုပ်နိုင်မှာမဟုတ်ဘူးလို့ ယုံကြည်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေပၚတူဂီၾကယ္ပြင့္တိုက္စစ္မႉး ခရစၥတီယာနို ေရာ္နယ္လ္ဒိုဟာ ၎ရဲ့ လက္ေရြးစင္ကစားသမားဘဝ အနာဂတ္နဲ႔ပတ္သက္ၿပီး ေမးခြန္းထုတ္ျခင္းခံခဲ့ရတဲ့အခ်ိန္မွာ စံခ်ိန္သစ္ တင္င္ဖို႔ ျပင္ဆင္ေနတာျဖစ္ပါတယ္။

အသက္ ၃၇ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ေရာ္နယ္လ္ဒိုဟာ ယခုႏွစ္ေႏွာင္းပိုင္း ကာတာမွာ က်င္းပမယ့္ ဖီဖာကမၻာ့ဖလားၿပိဳင္ပြဲကို ၅ ႀကိမ္ေျမာက္ ပါဝင္ယွဥ္ၿပိဳင္ဖို႔အတြက္ ေစာင့္ေမၽွာ္ေနတာျဖစ္ၿပီး အဲဒီၿပိဳင္ပြဲဟာ ၎ရဲ့ လက္ေရြးစင္ကစားသမားဘဝ ေနာက္ဆုံးၿပိဳင္ပြဲလည္း ျဖစ္ေကာင္းျဖစ္နိုင္ပါတယ္။ ဒါေပမယ့္လည္း ေပၚတူဂီအသင္းဟာ ကမၻာ့ဖလားဝင္ခြင့္ရရွိဖို႔အတြက္ အဂၤါေန႔ playoff ဗိုလ္လုပြဲမွာ အီတလီလို အသင္းႀကီးေတြကိုမွ ေရြးျဖဳတ္တတ္တဲ့ ေျမာက္မက္ဆီဒိုးနီးယားအသင္းကို အနိုင္ယူဖို႔ လိုအပ္ေနတာျဖစ္ပါတယ္။

ေျမာက္မက္ဆီဒိုးနီးယားအသင္းဟာ ၿပီးခဲ့တဲ့အပတ္ playoff ဆီမီးဖိုင္နယ္အဆင့္မွာ ယူရိုခ်န္ပီယံ အီတလီအသင္းကို အံ့အားသင့္ဖြယ္ ၁-၀ နဲ႔ အနိုင္ယူၿပီး playoff ဗိုလ္လုပြဲအဆင့္ကို တက္လွမ္းနိုင္ခဲ့တာျဖစ္ပါတယ္။ အီတလီအသင္းဟာ လက္ရွိမွာေတာ့ အသင္းသမိုင္းေၾကာင္းတေလၽွာက္ ပထမဆုံးအႀကိမ္အျဖစ္ ကမၻာ့ဖလားၿပိဳင္ပြဲကို ၂ ႀကိမ္ဆက္တိုက္ ဝင္ခြင့္ လြဲေခ်ာ္သြားခဲ့ၿပီ ျဖစ္ပါတယ္။

ကမၻာ့ဖလားေျခစစ္ပြဲအုပ္စုအဆင့္မွာတုန္းက ေျမာက္မက္ဆီဒိုးနီးယားအသင္းဟာ ဂ်ာမနီကို အနိုင္ယူနိုင္ခဲ့တာက လူသိမ်ားေက်ာ္ၾကားခဲ့ၿပီး ၎တို႔အေနနဲ႔ အားနည္းတဲ့ အသင္းတစ္သင္း မဟုတ္ဘူးဆိုတာကို ညႊန္ျပခဲ့တာျဖစ္ပါတယ္။ တစ္ခ်ိန္တည္းမွာပဲ တူရကီအသင္းဟာ အျခား playoff ဆီမီးဖိုင္နယ္အဆင့္မွာ တူရကီကို ၃-၁ နဲ႔ အနိုင္ရရွိခဲ့တာျဖစ္ၿပီး ကမၻာ့ဖလားေျခစစ္ပြဲဝင္ဖို႔ ေရပန္းအစားဆုံးျဖစ္ေနေပမယ့္လည္း ေျမာက္မက္ဆီဒိုးနီးယားနဲ႔ပြဲကို သတိႀကီးႀကီးထားၿပီး ခ်ဥ္းကပ္ရမွာျဖစ္ပါတယ္။

တနလၤာေန႔က ပြဲႀကိဳ သတင္းစာရွင္းလင္းပြဲမွာ ေရာ္နယ္လ္ဒိုက ၎ရဲ့ ေပၚတူဂီအသင္းဟာ ေရွ႕မွာရွိသမၽွ ဘယ္လိုအသင္းမ်ိဳးကိုမဆို ရင္ဆိုင္ဖို႔အတြက္ ႀကိဳတင္ျပင္ဆင္ထားေၾကာင္း ေျပာၾကားခဲ့တာျဖစ္ပါတယ္။ “အျမဲတမ္း ဖိအားေတြကေတာ့ ရွိေနမွာပါ။ ကၽြန္ေတာ္တို႔ အားလုံးႀကိဳတင္ျပင္ဆင္ၿပီးပါၿပီ။ ကၽြန္ေတာ္တို႔ ဒီ ဗိုလ္လုပြဲမွာ တကယ္ကို အနိုင္ကစားခ်င္ပါတယ္။ ေျမာက္မက္ဆီဒိုးနီးယားက ဒီအဆင့္မွာ ရွိေနတယ္ဆိုရင္ အဲဒါက သူတို႔ေတြ ရွိေနဖို႔ ထိုက္တန္လို႔ပါ”

ကမၻာ့ဖလား ၄ ႀကိမ္ကစားခဲ့ၿပီး ၇ ဂိုးသြင္းယူခဲ့တဲ့ ေရာ္နယ္လ္ဒိုရဲ့ ေပၚတူဂီအသင္းသာ အီတလီလိုမ်ိဳး ကံဆိုးမိုးေမွာင္က်ခဲ့မယ္ဆိုရင္ မန္ခ်က္စတာယူနိုက္တက္တိုက္စစ္မႉးအတြက္ ႀကီးႀကီးမားမား အရွက္ရစရာ ျဖစ္လာမွာျဖစ္ပါတယ္။ အမ်ားစုကေတာ့ အဲဒီလိုမ်ိဳး တကယ္ျဖစ္လာခဲ့မယ္ဆိုရင္ ခရစၥတီယာနို ေရာ္နယ္လ္ဒိုအေနနဲ႔ အနားယူဖို႔ စဥ္းစားလိမ့္မယ္လို႔ ယုံၾကည္ေနေပမယ့္လည္း ေပၚတူဂီဂႏၲဝင္တိုက္စစ္မႉးက အဲဒီအေၾကာင္းကို ေမးျမန္းခံခဲ့ရတဲ့အခ်ိန္မွာေတာ့ လက္ေရြးစင္ကစားသမားဘဝကေန အနားယူမယ့္ပုံ မေပၚခဲ့တာျဖစ္ပါတယ္။

“ကၽြန္ေတာ္ အႀကိမ္ေပါင္းမ်ားစြာ တူညီတဲ့ ေမးခြန္းေတြကို စတင္ျမင္ေတြ႕ေနရပါၿပီ။ ကၽြန္ေတာ္က ကၽြန္ေတာ့္ရဲ့အနာဂတ္ကို ဆုံးျဖတ္မယ့္ တစ္ဦးတည္းေသာသူပါ။ ဘယ္သူကမွ ဆုံးျဖတ္ေပးမွာမဟုတ္ပါဘူး။ ကၽြန္ေတာ္ ထပ္ၿပီးေတာ့ ကစားနိုင္ေသးတယ္လို႔ ခံစားရတယ္ဆိုရင္ ကၽြန္ေတာ္ ကစားမွာပါ။ အဲဒီလို မခံစားရရင္ေတာ့ ကၽြန္ေတာ္ မကစားေတာ့ပါဘူး။ ကၽြန္ေတာ္ တာဝန္ယူေနပါတယ္။ အခ်ိန္အပိုင္းအျခားတစ္ခုအထိေပါ့”လို႔ ေျပာၾကားခဲ့ပါတယ္။

ေျမာက္မက္ဆီဒိုးနီးယား ေနာက္ခံကစားသမား အဲလီယိုစကီက ၎ရဲ့အသင္းဟာ ေပၚတူဂီအသင္းေခါင္းေဆာင္ ေရာ္နယ္လ္ဒိုရဲ့ ေမၽွာ္လင့္ခ်က္ကို ထိခိုက္ေစမယ္ဆိုရင္ေတာင္မွ ကမၻာ့ဖလားဝင္ခြင့္အိပ္မက္ကို အသက္သြင္းသြားခ်င္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ေျမာက္မက္ဆီဒိုးနီးယား ဘယ္ေနာက္ခံကစားသမား အယ္လီယိုစကီက ၎ရဲ့အသင္းဟာ ကာတာကို သြားခြင့္ရဖို႔အတြက္ အရာအားလုံးကို နင္းေျခသြားဖို႔အတြက္ ႀကိဳတင္ျပင္ဆင္ထားတယ္လို႔ အဂၤါေန႔ပြဲစဥ္မတိုင္ခင္ သတိေပးေျပာၾကားမႈေတြ ျပဳလုပ္ခဲ့ပါတယ္။ “ကၽြန္ေတာ္တို႔ အီတလီလိုမ်ိဳး အရမ္းေကာင္းတဲ့ ဥေရာပခ်န္ပီယံကို ျဖဳတ္ပစ္ခဲ့တယ္။ ကၽြန္ေတာ္တို႔ ကမၻာ့ဖလားကို သြားဖို႔အတြက္ ပတ္စ္ပို႔မွာ တံဆိပ္တုံးမထုရေသးပါဘူး။ ကၽြန္ေတာ္တို႔ရဲ့ အိပ္မက္အတိုင္းျဖစ္ေအာင္ ႀကိဳးပမ္းသြားမွာျဖစ္ၿပီး အဲဒါ အမွန္တကယ္ျဖစ္လာေအာင္ အရာအားလုံးကို လုပ္ေဆာင္သြားမွာပါ”

အသက္ ၃၀ အရြယ္ ဘယ္ေနာက္ခံကစားသမားက အျမင့္မားဆုံးအဆင့္အတန္းမွာ ေျခစြမ္းတည္တည္ၿငိမ္ၿငိမ္နဲ႔ ဆယ္စုႏွစ္ ၂ ခုေလာက္ ကစားေနခဲ့တဲ့ ေရာ္နယ္လ္ဒိုကိုလည္း ခ်ီးက်ဴးေျပာဆိုမႈေတြ ျပဳလုပ္ခဲ့ပါတယ္။ ဒါေပမယ့္လည္း အယ္လီယိုစကီက ေပၚတူဂီအသင္းကို အညံ့ခံဖို႔ စိတ္ကူးမရွိဘဲ ေျမာက္မက္ဆီဒိုးနီးယားအသင္းရဲ့ ဆႏၵကို အေကာင္အထည္ေဖာ္ဖို႔အတြက္ အစြမ္းကုန္ႀကိဳးစားသြားမယ္လို႔ ကတိျပဳခဲ့ပါတယ္။

“သူက ႏွစ္ေပါင္း ၂၀ နီးပါး ျမင့္မားတဲ့အဆင့္မွာ ကစားေနခဲ့တဲ့ ကစားသမားပါ။ သာမန္အားျဖင့္ ကမၻာ့ဖလားမွာ ကစားဖို႔အတြက္ သူ႔မွာ ရည္မွန္းခ်က္ရွိမွာပါ။ ကၽြန္ေတာ္တို႔ သူ႔ဘဝကို ဖ်က္ဆီးခ်င္တာေတာ့ မဟုတ္ဘဲ ကၽြန္ေတာ္တို႔ရဲ့အိပ္မက္ အမွန္တကယ္ ျဖစ္လာေအာင္ လုပ္ခ်င္တာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။ ေပၚတူဂီလက္ေရြးစင္အသင္းေခါင္းေဆာင္ ခရစၥတီယာနို ေရာ္နယ္လ္ဒိုကလည္း Estadio do Dragao ကြင္းမွာ ငရဲတံခါးက်ိဳးေပါက္သြားသလိုမ်ိဳး ျဖစ္ေစခ်င္တယ္လို႔ ဝန္ခံ ေျပာၾကားလိုက္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္တိုက္စစ္မႉးက ယေန႔ညေန ဗိုလ္လုပြဲမွာ ပရိသတ္ေတြကို ပိုမိုဆူညံတဲ့အသံ၊ စိတ္ဆႏၵျပင္းျပမႈေတြနဲ႔ ေပၚတူဂီအသင္းကို အားေပးၾကဖို႔အတြက္ အေရးတႀကီး တပ္လွန႔္လိုက္တာျဖစ္ပါတယ္။ “ကၽြန္ေတာ္ ပရိသတ္ေတြကို ေတာင္းဆိုပါတယ္။ ဒရာဂါအိုကြင္းမွာ ငရဲတံခါးက်ိဳးေပါက္သြားသလိုမ်ိဳး ျဖစ္ေစခ်င္ပါတယ္။ ကၽြန္ေတာ္ မေန႔ညက အိပ္ရာထဲမွာ ေတြးေနခဲ့တာက ကြင္းထဲမွာ ကၽြန္ေတာ္တို႔ရဲ့ နိုင္ငံေတာ္သီခ်င္းသီဆိုတဲ့ေနရာမွာ ကမၻာ့ဖလားၿပိဳင္ပြဲကို ဝင္ေရာက္ယွဥ္ၿပိဳင္ခ်င္တဲ့ ရည္မွန္းခ်က္အတြက္ ကၽြန္ေတာ္တို႔ရဲ့ စိတ္ဆႏၵျပင္းျပမႈ၊ အားေကာင္းမႈနဲ႔ စည္းလုံးမႈကို ျပသဖို႔ သီခ်င္းသံေတြပိတ္ၿပီး ပရိသတ္ေတြကို တူရိယာမပါဘဲ သံၿပိဳင္သီဆိုခြင့္ေပးရင္ေကာင္းမယ္ဆိုတာပါ”

“ကၽြန္ေတာ္တို႔အတြက္ ဒီပြဲက ေသေရးရွင္ေရးေလာက္ကို အေရးႀကီးပါတယ္။ ဒီပြဲကို အနိုင္ရဖို႔အတြက္ တာဝန္ယူမႈ၊ တာဝန္ခံမႈေတြလည္း ရွိေနပါတယ္။ ကၽြန္ေတာ္တို႔အတြက္ကေတာ့ ဒီပြဲက ကၽြန္ေတာ္တို႔ အသက္ေတြအတြက္ ၿပိဳင္ပြဲတစ္ခုလည္း ျဖစ္ပါတယ္။ သူတို႔က ပြဲအမ်ားအျပားမွာ ၿပိဳင္ဘက္ေတြကို အံ့အားသင့္တုန္လႈပ္ေစခဲ့ေပမယ့္လည္း ကၽြန္ေတာ္တို႔ကိုေတာ့ အံ့အားသင့္ေအာင္ လုပ္နိုင္မွာမဟုတ္ဘူးလို႔ ယုံၾကည္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.