International Other Leagues Premier League

နည်းပြတိုင်းနဲ့ ပြဿနာတက်နေတဲ့ အိုဇေးလ်လို့ ထုတ်ဖော်ပေးလိုက်တဲ့ မွန်ရီးယဲလ်

အာဆင်နယ်အသင်းရဲ့ နောက်ခံလူဟောင်း နာချို မွန်ရီးယဲလ်က ဖီနာဘာချီအသင်းမှာ ဖြစ်ပျက်ခဲ့တဲ့ ကွင်းလယ်လူ မီဆွတ် အိုဇေးလ်ရဲ့ နည်းပြနဲ့ ပြဿနာတက်ပြီး အသင်းလူစာရင်းက အထုတ်ပယ်ခံခဲ့ရမှုဟာ သူ့အတွက်တော့ အထူးအဆန်း မဟုတ်ဘဲ ဒါက ဂျာမန်သားအတွက် ဖြစ်နေကျ ပြဿနာတစ်ရပ်သာဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

မြောက်လန်ဒန်အသင်းကို အသီးသီး စွန့်ခွာခဲ့ကြပြီးတဲ့နောက် မွန်ရီးယဲလ်ဟာ စပိန်ကလပ် ရီးရဲလ်ဆိုစီဒက်အသင်းနဲ့ တတိယမြောက်ရာသီကို ဖြတ်သန်းနေပြီး အိုဇေးလ်ကတော့ ဖီနာဘာချီနဲ့ ဒုတိယရာသီကို ဖြတ်သန်းချိန်မှာ ပြိုင်ပွဲစုံ ၂၆ ပွဲကစား ၉ ဂိုး သွင်းအပြီး သူ့ရဲ့ ကြံ့ခိုင်မှုအရ နည်းပြတွေနဲ့ ပြဿနာတက်ခဲ့တာဖြစ်ပါတယ်။

ဒီရာသီမှာ သူ့ကို လိုအပ်တဲ့ ပွဲထွက်ခွင့် မပေးခဲ့ဘူးလို့ ရာသီအစောပိုင်းမှာကတည်းက နည်းပြ ဗစ်တာ ပါရဲရားနဲ့ ပြဿနာတက်ခဲ့တဲ့ တူရကီနွယ်ဖွား ဂျာမန်ကွင်းလယ်လူဟာ အသင်းဥက္ကဌ အလီ ကို့ချ်ကိုလည်း ခေါင်းကိုက်စေသူဖြစ်ပြီး ဇန်နဝါရီမှာ နည်းပြသစ်ဖြစ်လာတဲ့ အစ္စမေးလ် ကာတယ်လ်ကတော့ သူ့လက်ထက်မှာ အမြန်ဆုံး အရေးယူဆောင်ရွက်ခဲ့တာပါ။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အသက် ၃၆ နှစ်အရွယ် နောက်ခံလူက အိုဇေးလ်နဲ့ နည်းပြတွေရဲ့ ပြဿနာဟာ အခုမှ ရှိတာ မဟုတ်ဘဲ အာဆင်နယ်ရဲ့ ဂန္ထဝင်နည်းပြကြီး အာဆင်ဝင်းဂါးရဲ့ နောက်ဆုံးနေ့ရက်တွေမှာ ရင်ဆိုင်ခဲ့ရတဲ့ ပြဿနာဖြစ်သလို သူ့အနေနဲ့ အသင်းက အရေးပါတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဆက်ဆံရေးကောင်းကိုလည်း တည်ဆောက်မထားနိုင်ခဲ့ဘူးလို့ ဝေဖန်လိုက်တာဖြစ်ပါတယ်။

“အိုဇေးလ်ပြဿနာက လူတိုင်းနဲ့ တက်နေတယ်လို့ပဲ ပြောရတော့မှာပဲ။ ဝင်းဂါးရဲ့ နေ့ရက်တွေမှာလည်း အတော်ဆိုးရွားခဲ့သလို နောက်ဆုံးပွဲတွေ မကစားပေးခဲ့ဘဲ နေခဲ့တဲ့နောက်မှာ နည်းပြသစ် အမ်မရီ လက်ထက်မှာတော့ သူ့ကို ခေါင်းဆောင်တစ်ယောက်အဖြစ် တာဝန်ပေးခဲ့ပေမယ့် နောက်ပိုင်းမှာ သူ့ထက် ပွဲထွက်ဖို့ သင့်တော်တဲ့သူတွေ ရှိတယ်ဆိုတာ ပေါ်လာတော့တာပဲ”

“သူက အသင်းရဲ့ အကောင်းဆုံး ကစားသမားတစ်ယောက်၊ လစာအမြင့်ဆုံးရသူတစ်ယောက်ဖြစ်ပေမယ့် သူ့ကို တောင်းဆိုထားတဲ့ အဆင့်အတန်းမှာ ကစားနိုင်ခြင်း မရှိတာက အဓိက ပြဿနာပါ။ သူက လူတစ်ယောက်၊ မိတ်ဆွေတစ်ယောက်အနေနဲ့ ကောင်းပါတယ်၊ ဒါပေမယ့် ပွဲတွေကို ကြံ့ခိုင်မှုအရ၊ ဒဏ်ရာတွေအရ လွဲချော်နေတာတွေကတော့ မကောင်းလှဘူးလေ”လို့ မွန်ရီးယဲလ်က သုံးသပ်သွားခဲ့တာပါ။

အိုဇေးလ်အနေနဲ့ တရားလွန် ဂိမ်းစွဲလန်းနေခဲ့တယ်လို့ သတင်းထွက်နေပြီး မုန်းတီးသူတွေရဲ့ ပြောကြားချက်အရတော့ နောက်ကျောဒဏ်ရာဟာ လိုတဲ့အချိန်မှာ အကြောင်းပြပြီး နားနေလို့ရအောင် မွေးထားတာဖြစ်ကြောင်း စွပ်စွဲချက်တွေ ရှိနေခဲ့သလို မော်ဒန်ဘောလုံးရဲ့ တောင်းဆိုမှုဖြစ်တဲ့ လုပ်အားနှုန်းနဲ့အတူ အသင်းနဲ့ ပူးပေါင်းပေးဆပ်ဖို့ကိုလည်း ပျက်ကွက်နေခဲ့တာဖြစ်ပါတယ်။

၂၀၁၈ ရုရှားကမ္ဘာ့ဖလားအပြီးမှာ ဂျာမန်တွေနဲ့ သံယောဇဉ်ဖြတ်ခဲ့ရသလို ကွင်းထဲက ကိစ္စတွေထက် ကွင်းပြင်ကို အာရုံစိုက်လွန်ပြီး အာဆင်နယ်နည်းပြတွေဖြစ်ကြတဲ့ အူနိုင်း အမ်မရီ၊ မီခယ်လ် အာတီတာတို့နဲ့ ငြိခဲ့တဲ့နောက် လန်ဒန်မြေကို စွန့်ခွာခဲ့အပြီးမှာတော့ သူ့ကို လူတွေက ဖီနာဘာချီနဲ့ တူရကီမှာ မင်းသားဖြစ်လိမ့်မယ်လို့ ထင်မြင်ထားခဲ့ကြတာပါ။

ဒါပေမယ့် အမြဲတမ်း ကြုံတွေ့နေကျ ကြံ့ခိုင်မှု ပြဿနာကပဲ ၂၆ ပွဲမှာ ၉ ဂိုးသွင်း ၂ ဂိုးဖန်တီးထားတဲ့ စွမ်းဆောင်ရည်ကိုပါ ဖုံးလွှမ်းသွားခဲ့တဲ့နောက် အသက် ၃၃ နှစ်အရွယ် ကွင်းလယ်လူအနေနဲ့ အချိန်သိပ်မကျန်တော့တဲ့ သူ့ရဲ့ ကစားသမားဘဝကို အနိုင်မပိုင်းနိုင်ဘဲ အရှုံးနဲ့ ပြည်ဖုံးကားချရဖို့ပါ နီးစပ်လာခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းရဲ႕ ေနာက္ခံလူေဟာင္း နာခ်ိဳ မြန္ရီးယဲလ္က ဖီနာဘာခ်ီအသင္းမွာ ျဖစ္ပ်က္ခဲ့တဲ့ ကြင္းလယ္လူ မီဆြတ္ အိုေဇးလ္ရဲ႕ နည္းျပနဲ႔ ျပႆနာတက္ၿပီး အသင္းလူစာရင္းက အထုတ္ပယ္ခံခဲ့ရမႈဟာ သူ႔အတြက္ေတာ့ အထူးအဆန္း မဟုတ္ဘဲ ဒါက ဂ်ာမန္သားအတြက္ ျဖစ္ေနက် ျပႆနာတစ္ရပ္သာျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။

ေျမာက္လန္ဒန္အသင္းကို အသီးသီး စြန႔္ခြာခဲ့ၾကၿပီးတဲ့ေနာက္ မြန္ရီးယဲလ္ဟာ စပိန္ကလပ္ ရီးရဲလ္ဆိုစီဒက္အသင္းနဲ႔ တတိယေျမာက္ရာသီကို ျဖတ္သန္းေနၿပီး အိုေဇးလ္ကေတာ့ ဖီနာဘာခ်ီနဲ႔ ဒုတိယရာသီကို ျဖတ္သန္းခ်ိန္မွာ ၿပိဳင္ပြဲစုံ ၂၆ ပြဲကစား ၉ ဂိုး သြင္းအၿပီး သူ႔ရဲ႕ ႀကံ့ခိုင္မႈအရ နည္းျပေတြနဲ႔ ျပႆနာတက္ခဲ့တာျဖစ္ပါတယ္။

ဒီရာသီမွာ သူ႔ကို လိုအပ္တဲ့ ပြဲထြက္ခြင့္ မေပးခဲ့ဘူးလို႔ ရာသီအေစာပိုင္းမွာကတည္းက နည္းျပ ဗစ္တာ ပါရဲရားနဲ႔ ျပႆနာတက္ခဲ့တဲ့ တူရကီႏြယ္ဖြား ဂ်ာမန္ကြင္းလယ္လူဟာ အသင္းဥကၠဌ အလီ ကို႔ခ်္ကိုလည္း ေခါင္းကိုက္ေစသူျဖစ္ၿပီး ဇန္နဝါရီမွာ နည္းျပသစ္ျဖစ္လာတဲ့ အစၥေမးလ္ ကာတယ္လ္ကေတာ့ သူ႔လက္ထက္မွာ အျမန္ဆုံး အေရးယူေဆာင္႐ြက္ခဲ့တာပါ။

ဒီကိစၥနဲ႔ ပတ္သက္ၿပီး အသက္ ၃၆ ႏွစ္အ႐ြယ္ ေနာက္ခံလူက အိုေဇးလ္နဲ႔ နည္းျပေတြရဲ႕ ျပႆနာဟာ အခုမွ ရွိတာ မဟုတ္ဘဲ အာဆင္နယ္ရဲ႕ ဂႏၴဝင္နည္းျပႀကီး အာဆင္ဝင္းဂါးရဲ႕ ေနာက္ဆုံးေန႔ရက္ေတြမွာ ရင္ဆိုင္ခဲ့ရတဲ့ ျပႆနာျဖစ္သလို သူ႔အေနနဲ႔ အသင္းက အေရးပါတဲ့ ပုဂၢိဳလ္ေတြနဲ႔ ဆက္ဆံေရးေကာင္းကိုလည္း တည္ေဆာက္မထားႏိုင္ခဲ့ဘူးလို႔ ေဝဖန္လိုက္တာျဖစ္ပါတယ္။

“အိုေဇးလ္ျပႆနာက လူတိုင္းနဲ႔ တက္ေနတယ္လို႔ပဲ ေျပာရေတာ့မွာပဲ။ ဝင္းဂါးရဲ႕ ေန႔ရက္ေတြမွာလည္း အေတာ္ဆိုး႐ြားခဲ့သလို ေနာက္ဆုံးပြဲေတြ မကစားေပးခဲ့ဘဲ ေနခဲ့တဲ့ေနာက္မွာ နည္းျပသစ္ အမ္မရီ လက္ထက္မွာေတာ့ သူ႔ကို ေခါင္းေဆာင္တစ္ေယာက္အျဖစ္ တာဝန္ေပးခဲ့ေပမယ့္ ေနာက္ပိုင္းမွာ သူ႔ထက္ ပြဲထြက္ဖို႔ သင့္ေတာ္တဲ့သူေတြ ရွိတယ္ဆိုတာ ေပၚလာေတာ့တာပဲ”

“သူက အသင္းရဲ႕ အေကာင္းဆုံး ကစားသမားတစ္ေယာက္၊ လစာအျမင့္ဆုံးရသူတစ္ေယာက္ျဖစ္ေပမယ့္ သူ႔ကို ေတာင္းဆိုထားတဲ့ အဆင့္အတန္းမွာ ကစားႏိုင္ျခင္း မရွိတာက အဓိက ျပႆနာပါ။ သူက လူတစ္ေယာက္၊ မိတ္ေဆြတစ္ေယာက္အေနနဲ႔ ေကာင္းပါတယ္၊ ဒါေပမယ့္ ပြဲေတြကို ႀကံ့ခိုင္မႈအရ၊ ဒဏ္ရာေတြအရ လြဲေခ်ာ္ေနတာေတြကေတာ့ မေကာင္းလွဘူးေလ”လို႔ မြန္ရီးယဲလ္က သုံးသပ္သြားခဲ့တာပါ။

အိုေဇးလ္အေနနဲ႔ တရားလြန္ ဂိမ္းစြဲလန္းေနခဲ့တယ္လို႔ သတင္းထြက္ေနၿပီး မုန္းတီးသူေတြရဲ႕ ေျပာၾကားခ်က္အရေတာ့ ေနာက္ေက်ာဒဏ္ရာဟာ လိုတဲ့အခ်ိန္မွာ အေၾကာင္းျပၿပီး နားေနလို႔ရေအာင္ ေမြးထားတာျဖစ္ေၾကာင္း စြပ္စြဲခ်က္ေတြ ရွိေနခဲ့သလို ေမာ္ဒန္ေဘာလုံးရဲ႕ ေတာင္းဆိုမႈျဖစ္တဲ့ လုပ္အားႏႈန္းနဲ႔အတူ အသင္းနဲ႔ ပူးေပါင္းေပးဆပ္ဖို႔ကိုလည္း ပ်က္ကြက္ေနခဲ့တာျဖစ္ပါတယ္။

၂၀၁၈ ႐ုရွားကမာၻ႔ဖလားအၿပီးမွာ ဂ်ာမန္ေတြနဲ႔ သံေယာဇဥ္ျဖတ္ခဲ့ရသလို ကြင္းထဲက ကိစၥေတြထက္ ကြင္းျပင္ကို အာ႐ုံစိုက္လြန္ၿပီး အာဆင္နယ္နည္းျပေတြျဖစ္ၾကတဲ့ အူႏိုင္း အမ္မရီ၊ မီခယ္လ္ အာတီတာတို႔နဲ႔ ၿငိခဲ့တဲ့ေနာက္ လန္ဒန္ေျမကို စြန႔္ခြာခဲ့အၿပီးမွာေတာ့ သူ႔ကို လူေတြက ဖီနာဘာခ်ီနဲ႔ တူရကီမွာ မင္းသားျဖစ္လိမ့္မယ္လို႔ ထင္ျမင္ထားခဲ့ၾကတာပါ။

ဒါေပမယ့္ အၿမဲတမ္း ႀကဳံေတြ႕ေနက် ႀကံ့ခိုင္မႈ ျပႆနာကပဲ ၂၆ ပြဲမွာ ၉ ဂိုးသြင္း ၂ ဂိုးဖန္တီးထားတဲ့ စြမ္းေဆာင္ရည္ကိုပါ ဖုံးလႊမ္းသြားခဲ့တဲ့ေနာက္ အသက္ ၃၃ ႏွစ္အ႐ြယ္ ကြင္းလယ္လူအေနနဲ႔ အခ်ိန္သိပ္မက်န္ေတာ့တဲ့ သူ႔ရဲ႕ ကစားသမားဘဝကို အႏိုင္မပိုင္းႏိုင္ဘဲ အရႈံးနဲ႔ ျပည္ဖုံးကားခ်ရဖို႔ပါ နီးစပ္လာခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.