International Match Report

မြောက်မက်ဆီဒိုးနီးယားကို ဖာနန်ဒက်စ်အားနဲ့ ကျော်ဖြတ်ပြီး ခြေစစ်ပွဲအောင်တဲ့ ပေါ်တူဂီ

ပေါ်တူဂီအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဒီယိုဂို ကော်စတာ၊ ပီပီ၊ ဒါနီလို ပါရဲရား၊ ကန်ဆယ်လိုနဲ့ နူနို မန်ဒက်စ်တို့ကို ခံစစ်မှာ ပွဲထွက်စေခဲ့ပြီး ကွင်းလယ်မှာတော့ ဂျာအို မော်တင်ညို၊ ဘာနာဒို ဆေးလ်ဗား၊ ဘရူနို ဖာနန်ဒက်စ်တို့နဲ့ စုဖွဲ့ခဲ့သလို တိုက်စစ်မှာတော့ ခရစ္စတီယာနို ရော်နယ်လ်ဒို၊ ဂျိုတာနဲ့ အော့တာဗျိုတို့ကို ၄-၃-၃ ပုံစံနဲ့ ခင်းကျင်းလာခဲ့တာဖြစ်ပါတယ်။

မြောက်မက်ဆီဒိုးနီးယားကတော့ ဂိုး ဒီမီထရီယက်ဗ်စကီး၊ ခံစစ်မှာ အာလီယော့စကီး၊ ဗယ်လ်ကော့ဗ်စကီး၊ မူစ်လီယူး၊ စတီဖန် ရစ္စတော့ဗ်စကီးတို့ ပါဝင်လာခဲ့ပြီး ကွင်းလယ်မှာတော့ အဒဲမီ၊ ဘာဒီ၊ အဲလ်မတ်စ်နဲ့ ထရိုင်ကော့ဗ်စကီးတို့ ပွဲထွက်ခဲ့သလို တိုက်စစ်မှာတော့ ကော့စတာဒီနော့ဗ်နဲ့ မီလန် ရစ္စတော့ဗ်စကီးတို့ ကစားခဲ့ကြတာဖြစ်ပါတယ်။

ပွဲချိန် ၁၃ မိနစ်မှာ ညာတောင်ပံက ကန်ဆယ်လို ဖြတ်ပို့တာကို အခွင့်အရေးကောင်း ဖန်တီးနိုင်ဖို့ ရှိခဲ့ပေမယ့် ဘရူနို ဖာနန်ဒက်စ်ရဲ့ ဟိုမရောက် ဒီမရောက် ထောင်သွားခဲ့တဲ့ ခေါင်းတိုက်ချက်က အားလုံးကို စိတ်ပျက်စေခဲ့သလို ပွဲချိန် ၁၄ မိနစ်မှာတော့ ဘာနာဒို ဆေးလ်ဗားရဲ့ ဖန်တီးမှုကနေ ရော်နယ်လ်ဒို ဘယ်ခြေနဲ့ ကန်ခွင့်ရခဲ့ပေမယ့် အဝေးတိုင်ဘက်ကို လွဲချော်သွားခဲ့တာပါ။

ပေါ်တူဂီတို့ ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူပြီး ကစားနိုင်ခဲ့ချိန်မှာ မြောက်မက်ဆီဒိုးနီးယားတို့ကတော့ ခံစစ်သာ ကစားနိုင်ခဲ့ပြီး ဂိုးပေါက်ခြိမ်းခြောက်ဖို့လည်း သိပ်မတတ်နိုင်ခဲ့ဘဲ တစ်ကြိမ်မှ ဂိုးပေါက်မတည့်ချိန်မှာ အိမ်ရှင် ဆီလီဆာအိုတို့ကတော့ ဖန်တီးမှုတွေ ပြုလုပ်နိုင်ခဲ့ပေမယ့် အဆုံးသတ်ပိုင်းတွေမှာတော့ အားရစရာ နည်းခဲ့တာဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ အသင်းခေါင်းဆောင် ရော်နယ်လ်ဒိုနဲ့ တိုက်စစ်ပိုင်းတွဲလုံးတွေက နားလည်မှုနည်းနေခဲ့သလို နူနို မန်ဒက်စ်က သူ့ကို ဂွာရဲရိုးလိုမျိုး မထောက်ပံ့နိုင်ခဲ့တာကိုလည်း တွေ့ခဲ့ရပြီး ပွဲချိန် ၂၄ မိနစ်မှာတော့ ဖာနန်ဒက်စ်ရဲ့ ထောင့်ကန်ဘောကနေ ဂျိုတာ လွတ်လွတ်ကျွတ်ကျွတ် အခွင့်အရေး ရခဲ့ပေမယ့် သူ့ရဲ့ မြေထောက် ခေါင်းတိုက်ချက်က ဘားပေါ်က ကျော်သွားခဲ့လို့ ပေါ်တူဂီတို့ နစ်နာခဲ့ရပါတယ်။

ပွဲချိန် ၃၂ မိနစ်မှာတော့ ပေါ်တူဂီတို့ အဖွင့်ဂိုး ရယူနိုင်ခဲ့ကြပြီး မြောက်မက်ဆီဒိုးနီးယားကပ္ပတိန် စတီဖန် ရစ္စတော့ဗ်စကီးရဲ့ နားလည်မှုပျက်စေတဲ့ ဘေးတိုက်ဖြတ်တင်ဘောကို ဘရူနို ဖာနန်ဒက်စ်က ဖြတ်ယူနိုင်ခဲ့ချိန်မှာ ဘောလုံးပြန်ရသွားတဲ့ ရော်နယ်လ်ဒိုက ပြေးလမ်းကြောင်းထဲ ပြန်ထည့်ပေးတာကို ဖာနန်ဒက်စ်ကပဲ အနိမ့်ဘော အပိုင်ကန်သွင်းပြီး ရယူနိုင်ခဲ့တာပါ။

ပထမပိုင်းမှာ မက်ဆီဒိုးနီးယားတို့ရဲ့ ခံစစ်ပိတ်ကစားနေမှုအပေါ် ပေါ်တူဂီတို့ အခွင့်ကောင်းယူပြီး တောင်ပံတွေကနေ တိုက်စစ်ဆင်ခဲ့ပေမယ့် ဂျိုတာရဲ့ အဆုံးသတ် မသေချာမှုကြောင့် ဂိုးထပ်မရခဲ့သလို ကန်ဆယ်လိုရဲ့ ဘယ်ခြေကန်ချက်ကလည်း ဘေးထွက်သွားခဲ့လို့ တစ်ဂိုး-ဂိုးမရှိနဲ့ပဲ အိမ်ရှင်တွေ ဦးဆောင်နိုင်ခဲ့ကြပါတယ်။

ဒုတိယပိုင်းမှာလည်း ပေါ်တူဂီတို့ပဲ ဖိကစားနေခဲ့ပြီး ပရီးမီးယားလိဂ်ဒိုင် အန်ထော်နီ တေလာရဲ့ ခပ်ကြမ်းကြမ်းကစားခွင့်ပေးထားမှုအပေါ်မှာ ဂျိုတာ၊ ဖာနန်ဒက်စ်တို့ ကွင်းလယ်က အသာစီးရယူနိုင်ခဲ့ပေမယ့် ဖာနန်ဒက်စ်နဲ့ ရော်နယ်လ်ဒိုတို့ရဲ့ အဆုံးသတ်ပိုင်းတွေ လွဲချော်နေခဲ့ပြန်လို့ ဂိုးထပ်ရဖို့တော့ စောင့်ဆိုင်းခဲ့ရတာပါ။

ပွဲချိန် ၆၅ မိနစ်မှာတော့ အိမ်ရှင်တွေ ဒုတိယဦးဆောင်ဂိုး ထပ်မံရှာဖွေနိုင်ခဲ့ပြီး မြောက်မက်ဆီဒိုးနီးယားတို့ ဘောလုံးပျက်ရာမှာ ပေါ်တူဂီတို့ တန်ပြန်တိုက်စစ်ဆင်ခဲ့ပြီး ဘယ်ခြမ်းကနေ ဂျိုတာရဲ့ အကွက်မြင်တဲ့ ဖြတ်တင်ပေးပို့မှုမှာ ဘရူနို ဖာနန်ဒက်စ်ကပဲ လူကျွံထောင်ချောက်ကို ဖြတ်ကျော်ပြီး အနီးကပ် ကန်သွင်းယူနိုင်ခဲ့လို့ ဂိုးသမားအတွက်တော့ အခွင့်အရေး မရှိခဲ့ဘဲ ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ မြောက်မက်ဆီဒိုးနီးယားတို့ ထိုးဖောက်ခဲ့ပေမယ့် ပင်နယ်တီရနိုင်တဲ့ အခွင့်အရေးတွေမှာ ပါးနပ်တဲ့ ပေါ်တူဂီနောက်တန်း ကစားသမားတွေက ၅၀-၅၀ အနေအထားတွေမှာ အသာစီးရယူသွားနိုင်ခဲ့လို့ ချေပဂိုးပြန်မရခဲ့ဘဲ ပွဲချိန်အပြည့်မှာတော့ ဥရောပရဲ့ Play-off အဆင့်ကနေ ပိုလန်နဲ့အတူ ခြေစစ်ပွဲအောင်မြင်ခဲ့ကြတာဖြစ်ပါတယ်။

အသင်းကပ္ပတိန် ခရစ္စတီယာနို ရော်နယ်လ်ဒိုကတော့ လက်ကျန်ရာသီမှာသာ ဒဏ်ရာမရခဲ့ရင် ကမ္ဘာ့ဖလား ၅ ကြိမ်ဆက်တိုက်ကစားခွင့်ရတဲ့ ကစားသမားအဖြစ် အမြင့်ဆုံးစံချိန်ရ ကစားသမားစာရင်းကို ပြိုင်ဘက် အာဂျင်တီးနားရဲ့ လီယွန်နယ် မက်ဆီနဲ့အတူ ဝင်ရောက်နိုင်ဖို့ရှိနေပြီး ပေါ်တူဂီရဲ့ ၂၀၂၂ ကာတာခရီးကို စောင့်ကြည့်ရတော့မှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေပၚတူဂီအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဒီယိုဂို ေကာ္စတာ၊ ပီပီ၊ ဒါနီလို ပါရဲရား၊ ကန္ဆယ္လိုနဲ႔ ႏူႏို မန္ဒက္စ္တို႔ကို ခံစစ္မွာ ပြဲထြက္ေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဂ်ာအို ေမာ္တင္ညိဳ၊ ဘာနာဒို ေဆးလ္ဗား၊ ဘ႐ူႏို ဖာနန္ဒက္စ္တို႔နဲ႔ စုဖြဲ႕ခဲ့သလို တိုက္စစ္မွာေတာ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒို၊ ဂ်ိဳတာနဲ႔ ေအာ့တာဗ်ိဳတို႔ကို ၄-၃-၃ ပုံစံနဲ႔ ခင္းက်င္းလာခဲ့တာျဖစ္ပါတယ္။

ေျမာက္မက္ဆီဒိုးနီးယားကေတာ့ ဂိုး ဒီမီထရီယက္ဗ္စကီး၊ ခံစစ္မွာ အာလီေယာ့စကီး၊ ဗယ္လ္ေကာ့ဗ္စကီး၊ မူစ္လီယူး၊ စတီဖန္ ရစၥေတာ့ဗ္စကီးတို႔ ပါဝင္လာခဲ့ၿပီး ကြင္းလယ္မွာေတာ့ အဒဲမီ၊ ဘာဒီ၊ အဲလ္မတ္စ္နဲ႔ ထ႐ိုင္ေကာ့ဗ္စကီးတို႔ ပြဲထြက္ခဲ့သလို တိုက္စစ္မွာေတာ့ ေကာ့စတာဒီေနာ့ဗ္နဲ႔ မီလန္ ရစၥေတာ့ဗ္စကီးတို႔ ကစားခဲ့ၾကတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၁၃ မိနစ္မွာ ညာေတာင္ပံက ကန္ဆယ္လို ျဖတ္ပို႔တာကို အခြင့္အေရးေကာင္း ဖန္တီးႏိုင္ဖို႔ ရွိခဲ့ေပမယ့္ ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ ဟိုမေရာက္ ဒီမေရာက္ ေထာင္သြားခဲ့တဲ့ ေခါင္းတိုက္ခ်က္က အားလုံးကို စိတ္ပ်က္ေစခဲ့သလို ပြဲခ်ိန္ ၁၄ မိနစ္မွာေတာ့ ဘာနာဒို ေဆးလ္ဗားရဲ႕ ဖန္တီးမႈကေန ေရာ္နယ္လ္ဒို ဘယ္ေျခနဲ႔ ကန္ခြင့္ရခဲ့ေပမယ့္ အေဝးတိုင္ဘက္ကို လြဲေခ်ာ္သြားခဲ့တာပါ။

ေပၚတူဂီတို႔ ေဘာလုံးပိုင္ဆိုင္မႈ အသာစီးရယူၿပီး ကစားႏိုင္ခဲ့ခ်ိန္မွာ ေျမာက္မက္ဆီဒိုးနီးယားတို႔ကေတာ့ ခံစစ္သာ ကစားႏိုင္ခဲ့ၿပီး ဂိုးေပါက္ၿခိမ္းေျခာက္ဖို႔လည္း သိပ္မတတ္ႏိုင္ခဲ့ဘဲ တစ္ႀကိမ္မွ ဂိုးေပါက္မတည့္ခ်ိန္မွာ အိမ္ရွင္ ဆီလီဆာအိုတို႔ကေတာ့ ဖန္တီးမႈေတြ ျပဳလုပ္ႏိုင္ခဲ့ေပမယ့္ အဆုံးသတ္ပိုင္းေတြမွာေတာ့ အားရစရာ နည္းခဲ့တာျဖစ္ပါတယ္။

ဒီေန႔ပြဲမွာ အသင္းေခါင္းေဆာင္ ေရာ္နယ္လ္ဒိုနဲ႔ တိုက္စစ္ပိုင္းတြဲလုံးေတြက နားလည္မႈနည္းေနခဲ့သလို ႏူႏို မန္ဒက္စ္က သူ႔ကို ဂြာရဲ႐ိုးလိုမ်ိဳး မေထာက္ပံ့ႏိုင္ခဲ့တာကိုလည္း ေတြ႕ခဲ့ရၿပီး ပြဲခ်ိန္ ၂၄ မိနစ္မွာေတာ့ ဖာနန္ဒက္စ္ရဲ႕ ေထာင့္ကန္ေဘာကေန ဂ်ိဳတာ လြတ္လြတ္ကြၽတ္ကြၽတ္ အခြင့္အေရး ရခဲ့ေပမယ့္ သူ႔ရဲ႕ ေျမေထာက္ ေခါင္းတိုက္ခ်က္က ဘားေပၚက ေက်ာ္သြားခဲ့လို႔ ေပၚတူဂီတို႔ နစ္နာခဲ့ရပါတယ္။

ပြဲခ်ိန္ ၃၂ မိနစ္မွာေတာ့ ေပၚတူဂီတို႔ အဖြင့္ဂိုး ရယူႏိုင္ခဲ့ၾကၿပီး ေျမာက္မက္ဆီဒိုးနီးယားကပၸတိန္ စတီဖန္ ရစၥေတာ့ဗ္စကီးရဲ႕ နားလည္မႈပ်က္ေစတဲ့ ေဘးတိုက္ျဖတ္တင္ေဘာကို ဘ႐ူႏို ဖာနန္ဒက္စ္က ျဖတ္ယူႏိုင္ခဲ့ခ်ိန္မွာ ေဘာလုံးျပန္ရသြားတဲ့ ေရာ္နယ္လ္ဒိုက ေျပးလမ္းေၾကာင္းထဲ ျပန္ထည့္ေပးတာကို ဖာနန္ဒက္စ္ကပဲ အနိမ့္ေဘာ အပိုင္ကန္သြင္းၿပီး ရယူႏိုင္ခဲ့တာပါ။

ပထမပိုင္းမွာ မက္ဆီဒိုးနီးယားတို႔ရဲ႕ ခံစစ္ပိတ္ကစားေနမႈအေပၚ ေပၚတူဂီတို႔ အခြင့္ေကာင္းယူၿပီး ေတာင္ပံေတြကေန တိုက္စစ္ဆင္ခဲ့ေပမယ့္ ဂ်ိဳတာရဲ႕ အဆုံးသတ္ မေသခ်ာမႈေၾကာင့္ ဂိုးထပ္မရခဲ့သလို ကန္ဆယ္လိုရဲ႕ ဘယ္ေျခကန္ခ်က္ကလည္း ေဘးထြက္သြားခဲ့လို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ပဲ အိမ္ရွင္ေတြ ဦးေဆာင္ႏိုင္ခဲ့ၾကပါတယ္။

ဒုတိယပိုင္းမွာလည္း ေပၚတူဂီတို႔ပဲ ဖိကစားေနခဲ့ၿပီး ပရီးမီးယားလိဂ္ဒိုင္ အန္ေထာ္နီ ေတလာရဲ႕ ခပ္ၾကမ္းၾကမ္းကစားခြင့္ေပးထားမႈအေပၚမွာ ဂ်ိဳတာ၊ ဖာနန္ဒက္စ္တို႔ ကြင္းလယ္က အသာစီးရယူႏိုင္ခဲ့ေပမယ့္ ဖာနန္ဒက္စ္နဲ႔ ေရာ္နယ္လ္ဒိုတို႔ရဲ႕ အဆုံးသတ္ပိုင္းေတြ လြဲေခ်ာ္ေနခဲ့ျပန္လို႔ ဂိုးထပ္ရဖို႔ေတာ့ ေစာင့္ဆိုင္းခဲ့ရတာပါ။

ပြဲခ်ိန္ ၆၅ မိနစ္မွာေတာ့ အိမ္ရွင္ေတြ ဒုတိယဦးေဆာင္ဂိုး ထပ္မံရွာေဖြႏိုင္ခဲ့ၿပီး ေျမာက္မက္ဆီဒိုးနီးယားတို႔ ေဘာလုံးပ်က္ရာမွာ ေပၚတူဂီတို႔ တန္ျပန္တိုက္စစ္ဆင္ခဲ့ၿပီး ဘယ္ျခမ္းကေန ဂ်ိဳတာရဲ႕ အကြက္ျမင္တဲ့ ျဖတ္တင္ေပးပို႔မႈမွာ ဘ႐ူႏို ဖာနန္ဒက္စ္ကပဲ လူကြၽံေထာင္ေခ်ာက္ကို ျဖတ္ေက်ာ္ၿပီး အနီးကပ္ ကန္သြင္းယူႏိုင္ခဲ့လို႔ ဂိုးသမားအတြက္ေတာ့ အခြင့္အေရး မရွိခဲ့ဘဲ ဂိုးေပးခဲ့ရတာျဖစ္ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ေျမာက္မက္ဆီဒိုးနီးယားတို႔ ထိုးေဖာက္ခဲ့ေပမယ့္ ပင္နယ္တီရႏိုင္တဲ့ အခြင့္အေရးေတြမွာ ပါးနပ္တဲ့ ေပၚတူဂီေနာက္တန္း ကစားသမားေတြက ၅၀-၅၀ အေနအထားေတြမွာ အသာစီးရယူသြားႏိုင္ခဲ့လို႔ ေခ်ပဂိုးျပန္မရခဲ့ဘဲ ပြဲခ်ိန္အျပည့္မွာေတာ့ ဥေရာပရဲ႕ Play-off အဆင့္ကေန ပိုလန္နဲ႔အတူ ေျခစစ္ပြဲေအာင္ျမင္ခဲ့ၾကတာျဖစ္ပါတယ္။

အသင္းကပၸတိန္ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကေတာ့ လက္က်န္ရာသီမွာသာ ဒဏ္ရာမရခဲ့ရင္ ကမာၻ႔ဖလား ၅ ႀကိမ္ဆက္တိုက္ကစားခြင့္ရတဲ့ ကစားသမားအျဖစ္ အျမင့္ဆုံးစံခ်ိန္ရ ကစားသမားစာရင္းကို ၿပိဳင္ဘက္ အာဂ်င္တီးနားရဲ႕ လီယြန္နယ္ မက္ဆီနဲ႔အတူ ဝင္ေရာက္ႏိုင္ဖို႔ရွိေနၿပီး ေပၚတူဂီရဲ႕ ၂၀၂၂ ကာတာခရီးကို ေစာင့္ၾကည့္ရေတာ့မွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.