La Liga Ligue1

မက်ဆီကို ပြန်မလိုချင်ပါဘူးလို့ ဘာစီလိုနာဥက္ကဌကတောင် ထုတ်ပြောပြီ

ပီအက်စ်ဂျီအသင်းမှာ ရုန်းကန်နေခဲ့ရပြီး လာမယ့်ရာသီမှာ နူးကမ့်ဆီ ထွက်ပြေးလွတ်မြောက်နိုင်ဖို့ သူ့ဖခင် ဟော်ဟဲက တစ်ဆင့် လမ်းစရှာနေတဲ့ တိုက်စစ်မှူး လီယွန်နယ် မက်ဆီကို မိမိတို့အနေနဲ့ အလိုမရှိကြောင်းနဲ့ စိတ်မဝင်စားကြောင်း ဘာစီလိုနာအသင်းဥက္ကဌ ဂျိုအန် လာပေါ်တာက တရားဝင် ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ ရာသီက အသက် ၃၄ နှစ်သားကြီးကို နူးကမ့်မှာ ဆက်လက်ထိန်းသိမ်းထားဖို့ တတ်နိုင်သလောက် ကြိုးစားခဲ့ပြီးမှ ငွေရေးကြေးရေး အဆင်မပြေလို့ ပီအက်စ်ဂျီဆီ လက်လွှတ်ခဲ့ရတဲ့ လာပေါ်တာဟာ လက်ရှိမှာတော့ အမြင်နဲ့ ရည်မှန်းချက်တွေ ပြောင်းလဲသွားခဲ့ပြီဖြစ်ပြီး နည်းပြသစ် ဇာဗီလက်ထက်မှာ မတူညီတဲ့ ပုံစံသစ်နဲ့ ရှေ့ဆက်သွားဖို့လည်း ရှိနေတာပါ။

ချန်ပီယံလိဂ်ကနေ စောစောစီးစီး ပြုတ်ခဲ့ရတဲ့ ပီအက်စ်ဂျီကြောင့် သူနဲ့ နေမာတို့ကို ဘော်ဒိုးနဲ့ အိမ်ကွင်းပွဲစဉ်မှာ ဘူးဟစ် လှောင်ပြောင်ခံခဲ့ရအပြီး မက်ဆီအနေနဲ့ ဘာစီလိုနာဆီ ပြန်ဖို့ ချိတ်ဆက်နေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာကို ဥက္ကဌဖြစ်သူကတော့ ဘာမှ တရားဝင် တိုက်ရိုက်ချိတ်ဆက်မှု မရှိဘူးလို့ ရှင်းခဲ့တာဖြစ်ပါတယ်။

“ကျွန်တော့်အနေနဲ့ မက်ဆီနဲ့ရော သူ့အသိုင်းအဝိုင်းနဲ့ပါ ဘာအချိတ်အဆက်မှ မရှိသလို ဘာသတင်းစကားမှ ရရှိထားတာလည်း မရှိပါဘူး။ ဒီနေ့အထိတော့ ဒီကိစ္စကို အရေးကြီး အကြောင်းအရာတစ်ခုအနေနဲ့ ယူဆမှာလည်း မဟုတ်ပါဘူး။ အသင်းက ထွက်ခွာသွားခဲ့ပြီးကတည်းက သူနဲ့ ကျွန်တော်နဲ့ကြားမှာ အရင်လို ဆက်ဆံရေးမျိုး မရှိသလို သူ့အနေနဲ့ ဘောလုံးထက် မိသားစုကို ဦးစားပေးနေတယ်လို့ ဆိုးရွားတဲ့ ခံစားမှုပဲ ရှိပါတယ်”

“ဒီမှာ မက်ဆီကို နောက်တစ်ကြိမ် ပြန်စဉ်းစားတော့မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က အသင်းသစ်တစ်သင်းကို ပြန်ပြီး တည်ဆောက်နေတာကြောင့်ပါ။ လူငယ်တွေနဲ့ အတွေ့အကြုံရင့် ကစားသမားတွေကို မျှတစွာ တည်ဆောက်ထားတဲ့ လက်ရှိအသင်းမှာ ကောင်းမွန်တဲ့ အတွဲအဖက်နဲ့ တိုးတက်မှုတွေကိုလည်း ရရှိနေပါတယ်”

“လီယိုကတော့ လီယိုပါပဲ။ သူက တကယ့် နိုင်ပွဲဆာလောင်သူတစ်ယောက်ဖြစ်ပြီး သူ့ဘာသာသူ အောင်မြင်မှုတွေ ရရှိဦးမှာပါ။ ကျွန်တော်တို့အနေနဲ့တော့ ပြန်ခေါ်ပြီး စွန့်စားမှာ မဟုတ်သလို လက်ရှိအသင်းစိတ်ဓာတ်နဲ့ ဘဏ္ဏာရေးအခြေအနေတွေကို ထိခိုက်နိုင်တဲ့ အလုပ်မျိုးကို မလုပ်နိုင်ဘူးဆိုတာလည်း သေချာပါတယ်”လို့ လာပေါ်တာက ရှင်းလင်းသွားခဲ့ပါတယ်။

ဘာစီလိုနာအသင်းနဲ့ ၂၀၀၄ ကနေ ၂၀၂၁ ခုနှစ်အထိ ၁၇ နှစ်တိုင်တိုင် ကစားခဲ့တဲ့ မက်ဆီကို ဘောလုံးလောကရဲ့ ဂုဏ်သရေတစ်ခုဖြစ်တဲ့ One Club Man ဆိုတဲ့ ဘွဲ့ထူးကို ရရှိမယ်လို့ ထင်မြင်ခဲ့ကြပေမယ့် အသင်းအတွက် ၇၇၈ ပွဲကစားပြီး ၆၇၂ ဂိုးနဲ့ ဆုဖလားအောင်မြင်မှုများစွာကို ရယူနိုင်ခဲ့အပြီးမှာတော့ လမ်းခွဲချိန်က ထင်သလို မလှပါခဲ့တာဖြစ်ပါတယ်။

မက်ဆီအနေနဲ့ ပီအက်စ်ဂျီအသင်းမှာ ဘာစီလိုနာနဲ့ အာဂျင်တီးနားလက်ရွေးစင်အသင်းတွေမှာ ရရှိခဲ့တဲ့ တူညီတဲ့ လေးစားမှုမျိုးကို မရခဲ့သလို နူးကမ့်က အိမ်ကို လွမ်းနေပြီလို့ ဆိုခဲ့ပေမယ့် ကာတာလန်သားတွေဘက်ကတော့ သူထွက်ခွာသွားလို့ ဆိုးဆိုးရွားရွား ထိခိုက်မှုတွေကို နည်းပြသစ် ဇာဗီနဲ့ ကုစားနိုင်ခဲ့အပြီးမှာတော့ နောက်ကြောင်း ပြန်မလှည့်ဖို့ လာပေါ်တာက ဆုံးဖြတ်သွားခဲ့တာပါ။

ဘာစီလိုနာအသင်း အသိုင်းအဝိုင်းနဲ့ ပရိသတ်တွေကြားမှာလည်း မက်ဆီနဲ့ နူးကမ့်အဖွဲ့ နောက်တစ်ကြိမ် ပေါင်းစည်းဖို့က မဖြစ်နိုင်တော့ဘူးလို့ လက်ခံထားကြသူတွေ တဖြည်းဖြည်းနဲ့ တိုးတက်များပြားလာနေသလို ဇာတ်လမ်းက တစ်ခန်းရပ်ခဲ့ပြီလို့ ဆိုခဲ့ကြပြီး အသင်းရဲ့ ကျောနံပါတ် ၁၀ ဟောင်း မှော်ဆရာကြီးကိုတော့ အမြဲတမ်း ချစ်ခင်နေကြမှာဖြစ်ကြောင်းလည်း ရေးသားဖော်ပြထားကြပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပီအက္စ္ဂ်ီအသင္းမွာ ႐ုန္းကန္ေနခဲ့ရၿပီး လာမယ့္ရာသီမွာ ႏူးကမ့္ဆီ ထြက္ေျပးလြတ္ေျမာက္ႏိုင္ဖို႔ သူ႔ဖခင္ ေဟာ္ဟဲက တစ္ဆင့္ လမ္းစရွာေနတဲ့ တိုက္စစ္မႉး လီယြန္နယ္ မက္ဆီကို မိမိတို႔အေနနဲ႔ အလိုမရွိေၾကာင္းနဲ႔ စိတ္မဝင္စားေၾကာင္း ဘာစီလိုနာအသင္းဥကၠဌ ဂ်ိဳအန္ လာေပၚတာက တရားဝင္ ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။

ၿပီးခဲ့တဲ့ ရာသီက အသက္ ၃၄ ႏွစ္သားႀကီးကို ႏူးကမ့္မွာ ဆက္လက္ထိန္းသိမ္းထားဖို႔ တတ္ႏိုင္သေလာက္ ႀကိဳးစားခဲ့ၿပီးမွ ေငြေရးေၾကးေရး အဆင္မေျပလို႔ ပီအက္စ္ဂ်ီဆီ လက္လႊတ္ခဲ့ရတဲ့ လာေပၚတာဟာ လက္ရွိမွာေတာ့ အျမင္နဲ႔ ရည္မွန္းခ်က္ေတြ ေျပာင္းလဲသြားခဲ့ၿပီျဖစ္ၿပီး နည္းျပသစ္ ဇာဗီလက္ထက္မွာ မတူညီတဲ့ ပုံစံသစ္နဲ႔ ေရွ႕ဆက္သြားဖို႔လည္း ရွိေနတာပါ။

ခ်န္ပီယံလိဂ္ကေန ေစာေစာစီးစီး ျပဳတ္ခဲ့ရတဲ့ ပီအက္စ္ဂ်ီေၾကာင့္ သူနဲ႔ ေနမာတို႔ကို ေဘာ္ဒိုးနဲ႔ အိမ္ကြင္းပြဲစဥ္မွာ ဘူးဟစ္ ေလွာင္ေျပာင္ခံခဲ့ရအၿပီး မက္ဆီအေနနဲ႔ ဘာစီလိုနာဆီ ျပန္ဖို႔ ခ်ိတ္ဆက္ေနတယ္လို႔ သတင္းေတြ ထြက္ေပၚခဲ့တာကို ဥကၠဌျဖစ္သူကေတာ့ ဘာမွ တရားဝင္ တိုက္႐ိုက္ခ်ိတ္ဆက္မႈ မရွိဘူးလို႔ ရွင္းခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ့္အေနနဲ႔ မက္ဆီနဲ႔ေရာ သူ႔အသိုင္းအဝိုင္းနဲ႔ပါ ဘာအခ်ိတ္အဆက္မွ မရွိသလို ဘာသတင္းစကားမွ ရရွိထားတာလည္း မရွိပါဘူး။ ဒီေန႔အထိေတာ့ ဒီကိစၥကို အေရးႀကီး အေၾကာင္းအရာတစ္ခုအေနနဲ႔ ယူဆမွာလည္း မဟုတ္ပါဘူး။ အသင္းက ထြက္ခြာသြားခဲ့ၿပီးကတည္းက သူနဲ႔ ကြၽန္ေတာ္နဲ႔ၾကားမွာ အရင္လို ဆက္ဆံေရးမ်ိဳး မရွိသလို သူ႔အေနနဲ႔ ေဘာလုံးထက္ မိသားစုကို ဦးစားေပးေနတယ္လို႔ ဆိုး႐ြားတဲ့ ခံစားမႈပဲ ရွိပါတယ္”

“ဒီမွာ မက္ဆီကို ေနာက္တစ္ႀကိမ္ ျပန္စဥ္းစားေတာ့မွာ မဟုတ္ပါဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔က အသင္းသစ္တစ္သင္းကို ျပန္ၿပီး တည္ေဆာက္ေနတာေၾကာင့္ပါ။ လူငယ္ေတြနဲ႔ အေတြ႕အႀကဳံရင့္ ကစားသမားေတြကို မွ်တစြာ တည္ေဆာက္ထားတဲ့ လက္ရွိအသင္းမွာ ေကာင္းမြန္တဲ့ အတြဲအဖက္နဲ႔ တိုးတက္မႈေတြကိုလည္း ရရွိေနပါတယ္”

“လီယိုကေတာ့ လီယိုပါပဲ။ သူက တကယ့္ ႏိုင္ပြဲဆာေလာင္သူတစ္ေယာက္ျဖစ္ၿပီး သူ႔ဘာသာသူ ေအာင္ျမင္မႈေတြ ရရွိဦးမွာပါ။ ကြၽန္ေတာ္တို႔အေနနဲ႔ေတာ့ ျပန္ေခၚၿပီး စြန႔္စားမွာ မဟုတ္သလို လက္ရွိအသင္းစိတ္ဓာတ္နဲ႔ ဘဏၰာေရးအေျခအေနေတြကို ထိခိုက္ႏိုင္တဲ့ အလုပ္မ်ိဳးကို မလုပ္ႏိုင္ဘူးဆိုတာလည္း ေသခ်ာပါတယ္”လို႔ လာေပၚတာက ရွင္းလင္းသြားခဲ့ပါတယ္။

ဘာစီလိုနာအသင္းနဲ႔ ၂၀၀၄ ကေန ၂၀၂၁ ခုႏွစ္အထိ ၁၇ ႏွစ္တိုင္တိုင္ ကစားခဲ့တဲ့ မက္ဆီကို ေဘာလုံးေလာကရဲ႕ ဂုဏ္သေရတစ္ခုျဖစ္တဲ့ One Club Man ဆိုတဲ့ ဘြဲ႕ထူးကို ရရွိမယ္လို႔ ထင္ျမင္ခဲ့ၾကေပမယ့္ အသင္းအတြက္ ၇၇၈ ပြဲကစားၿပီး ၆၇၂ ဂိုးနဲ႔ ဆုဖလားေအာင္ျမင္မႈမ်ားစြာကို ရယူႏိုင္ခဲ့အၿပီးမွာေတာ့ လမ္းခြဲခ်ိန္က ထင္သလို မလွပါခဲ့တာျဖစ္ပါတယ္။

မက္ဆီအေနနဲ႔ ပီအက္စ္ဂ်ီအသင္းမွာ ဘာစီလိုနာနဲ႔ အာဂ်င္တီးနားလက္ေ႐ြးစင္အသင္းေတြမွာ ရရွိခဲ့တဲ့ တူညီတဲ့ ေလးစားမႈမ်ိဳးကို မရခဲ့သလို ႏူးကမ့္က အိမ္ကို လြမ္းေနၿပီလို႔ ဆိုခဲ့ေပမယ့္ ကာတာလန္သားေတြဘက္ကေတာ့ သူထြက္ခြာသြားလို႔ ဆိုးဆိုး႐ြား႐ြား ထိခိုက္မႈေတြကို နည္းျပသစ္ ဇာဗီနဲ႔ ကုစားႏိုင္ခဲ့အၿပီးမွာေတာ့ ေနာက္ေၾကာင္း ျပန္မလွည့္ဖို႔ လာေပၚတာက ဆုံးျဖတ္သြားခဲ့တာပါ။

ဘာစီလိုနာအသင္း အသိုင္းအဝိုင္းနဲ႔ ပရိသတ္ေတြၾကားမွာလည္း မက္ဆီနဲ႔ ႏူးကမ့္အဖြဲ႕ ေနာက္တစ္ႀကိမ္ ေပါင္းစည္းဖို႔က မျဖစ္ႏိုင္ေတာ့ဘူးလို႔ လက္ခံထားၾကသူေတြ တျဖည္းျဖည္းနဲ႔ တိုးတက္မ်ားျပားလာေနသလို ဇာတ္လမ္းက တစ္ခန္းရပ္ခဲ့ၿပီလို႔ ဆိုခဲ့ၾကၿပီး အသင္းရဲ႕ ေက်ာနံပါတ္ ၁၀ ေဟာင္း ေမွာ္ဆရာႀကီးကိုေတာ့ အၿမဲတမ္း ခ်စ္ခင္ေနၾကမွာျဖစ္ေၾကာင္းလည္း ေရးသားေဖာ္ျပထားၾကပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.