La Liga Ligue1

နူးကမ့်က ကပ္ပတိန်ဟောင်းနဲ့ Idol မက်ဆီအတွက် ရင်နာတယ်လို့ ပြောလိုက်တဲ့ ပက်ဒရီ

ဘာစီလိုနာအသင်းမှာ ၂၀၂၀-၂၁ ရာသီမှာ စတင်ပွဲထွက်ခွင့်နဲ့အတူ ခြေစွမ်းပြနိုင်ခဲ့တဲ့ လူငယ်ကွင်းလယ်လူ ပက်ဒရီက သူ့ကို ဒီအဆင့်အထိ ရောက်အောင် လက်တွဲခေါ်ယူခဲ့သူတစ်ဦးဖြစ်တဲ့ အသင်းခေါင်းဆောင်ဟောင်းနဲ့ Idol လီယွန်နယ် မက်ဆီရဲ့ ပြင်သစ်မြေမှာ ရုန်းကန်နေရတာအတွက် ရင်နာမိတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ပီအက်စ်ဂျီထက် ပြင်သစ်မြေမှာ ရုန်းကန်နေရတယ်လို့ပဲ ဆိုရမယ့် မက်ဆီဟာ ဥရောပထွက်ပြီး ချန်ပီယံလိဂ်ပွဲတွေ ကစားစဉ်မှာတော့ ၇ ပွဲကစား ၅ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် သူ့ရဲ့ ဝေဖန်ခံရစရာ အားနည်းချက်က ပြည်တွင်းလိဂန် Farmer’s League တစ်ခုမှာပဲဖြစ်နေခဲ့ပြီး အမြန်နှုန်းနဲ့ ကြံ့ခိုင်မှုကို ဦးစားပေးကြပြီး ချန်ပီယံအသင်းကို ခံစစ်ပိတ်ကစားနေကြတဲ့ ပြိုင်ဘက်တွေကို ဂိုးသွင်းဖို့ ခက်နေခဲ့တာပါ။

အသက် ၃၄ နှစ်အရွယ် အာဂျင်တီးနားသားကြီးအနေနဲ့ ဒီရာသီ လိဂန်မှာ ၁၈ ပွဲကစား ၂ ဂိုးသာ သွင်းယူထားနိုင်ခဲ့ပြီး အသင်းဖော်ဟောင်း နေမာနဲ့အတူ ခြေစွမ်းပျောက်ဆုံးနေခဲ့သလို နောက်ခံလူ အက်ရှ်ရက်ဖ် ဟာကီမီကို စကားမပြောဘူးလို့လည်း ထုတ်ဖော်ခံခဲ့ရတာကြောင့် သူ့ရဲ့ ပြဿနာက ကွင်းတွင်းမှာရော ကွင်းပြင်မှာပါ ပေါ်ပေါက်လာနေခဲ့တာဖြစ်ပါတယ်။

အသင်းရဲ့ ကြယ်ပွင့် ခီလီယန် အမ်ဘာပေကို ဆုံးရှုံးရမှာဟာ မက်ဆီကြောင့်လို့လည်း ပါရီသား ပရိသတ်တွေရဲ့ ထင်မြင်နေမှုနဲ့ ရင်ဆိုင်နေပြီး အော်ဟစ်လှောင်ပြောင်ခံခဲ့ရချိန်မှာ သူကစားတဲ့ ပွဲတိုင်းကို တတ်နိုင်သလောက် ကြည့်ဖြစ်တယ်လို့ ဖွင့်ဟခဲ့တဲ့ ပက်ဒရီက အသင်းဖော်ဟောင်းကြီးရဲ့ အခြေအနေ မကောင်းတာကို ခံစားရကြောင်း ဖွင့်ဟသွားခဲ့တာပါ။

“အမြဲတမ်း တတ်နိုင်သလောက် သူကစားတာကို အပြင်မှာရော တီဗီမှာပါ လိုက်ကြည့်ပြီး သင်ယူဖြစ်ခဲ့တာဗျ။ ဒါပေမယ့် လက်ရှိမှာ သူ့ရဲ့ အခြေအနေက မကောင်းလှတာတော့ အမှန်ပဲ။ ဒီအတွက် နာကျင်ခံစားမိရသလို သူငယ်ချင်းတစ်ယောက်၊ အသင်းဖော်တစ်ယောက်အနေနဲ့ မပျော်နိုင်ပါဘူး”လို့ သူ့ကို လာ့စ်ပါးလ်မားစ်အသင်းကနေ ရောက်ရောက်ချင်း နူးကမ့်မှာ လက်တွဲခေါ်ခဲ့တဲ့ မက်ဆီအတွက် ကစားဆိုသွားခဲ့ပါတယ်။

“ကျွန်တော်တို့ နူးကမ့်မှာ လီယိုနဲ့ တွဲကစားခဲ့ကြတဲ့ အချိန်တွေက အကောင်းဆုံးအချိန်ပါပဲ။ ကွင်းတွင်းမှာရော ကွင်းပြင်မှာပါ သူက သိပ်ကောင်းတဲ့ အသင်းဖော်တစ်ယောက်ပါ။ သူ့ရဲ့ အချိန်ကောင်းတွေကို အမြန်ဆုံး ပြန်လည်ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်”လို့ အသက် ၁၉ နှစ်အရွယ် ဘာစီလိုနာကြယ်ပွင့်သစ်က လာဗန်ဂါဒီယာသတင်းဌာနကို ပြောကြားသွားခဲ့တာပါ။

ဒီရာသီအစမှာ လမ်းခွဲခဲ့တဲ့ မက်ဆီနဲ့ ဘာစီလိုနာတို့အနေနဲ့ နှစ်ဦးနှစ်ဖက်စလုံး Lose-Lose Situation လို့ ခေါ်ရလောက်အောင်ကို ရုန်းကန်နေခဲ့ကြရပြီး ကာတာလန်သားတွေကတော့ နည်းပြ ရော်နယ်လ် ကိုးမန်းနဲ့ လမ်းခွဲပြီး အသင်းကို ဇာဗီ့လက်ထဲ ထည့်ပေးလိုက်ချိန်မှာတော့ ပြန်လည်တိုးတက်လာနိုင်ခဲ့ချိန်မှာ အာဂျင်တီးနားသားကတော့ ပီအက်စ်ဂျီမှာ အလှောင်ပြောင်ခံဖြစ်နေခဲ့ပါတယ်။

နူးကမ့်မှာ ပျောက်ဆုံးသွားခဲ့တဲ့ မက်ဆီရဲ့ ဂိုးတွေနေရာမှာ ဇန်နဝါရီမှာ အာဆင်နယ်အသင်းကနေ ခေါ်ယူလိုက်တဲ့ တိုက်စစ်မှူး ပျယ်-အမ်မရိခ် အူဘာမီယန်းက ပုံမှန်သွင်းဂိုးတွေနဲ့အတူ ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ပြန်လည်ဖြည့်ဆည်းနိုင်ခဲ့ပြီလို့ ဆိုရမှာဖြစ်တဲ့အချိန်မှာ လာလီဂါ အမှတ်ပေးဇယားရဲ့ အဆင့် ၂ နေရာကိုပါ ရီးရဲလ်မက်ဒရစ်နဲ့ အယ်လ်ကလာစီကို အဝေးကွင်းနိုင်ပွဲအပြီးမှာ မျက်စောင်းထိုးနိုင်ခဲ့တာပါ။

ပက်ဒရီနဲ့အတူ မက်ဆီကို ချစ်ကြတဲ့ တစ်ကမ္ဘာလုံးက ဘာစီလိုနာပရိသတ်တွေက ဝိုင်းဝန်းဆုတောင်းပေးနေကြချိန်မှာ ၂၀၀၈-၀၉ ရာသီ နောက်ပိုင်းကနေ ပြီးခဲ့တဲ့ ၂၀၂၀-၂၁ ရာသီအထိ ဘယ်တုန်းကမှ တစ်ရာသီသွင်းဂိုး ၃၀ အောက် မလျော့ကျခဲ့ဖူးတဲ့ အာဂျင်တီးနားဂန္ထဝင်အနေနဲ့ မင်္ဂလာတရားတော်အရ ပတိရူပ မဖြစ်ဘူးလို့ပဲ ဆိုရမယ့် ပြင်သစ်မြေကို စွန့်ခွာတော့မလားဆိုတာလည်း စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘာစီလိုနာအသင္းမွာ ၂၀၂၀-၂၁ ရာသီမွာ စတင္ပြဲထြက္ခြင့္နဲ႔အတူ ေျခစြမ္းျပႏိုင္ခဲ့တဲ့ လူငယ္ကြင္းလယ္လူ ပက္ဒရီက သူ႔ကို ဒီအဆင့္အထိ ေရာက္ေအာင္ လက္တြဲေခၚယူခဲ့သူတစ္ဦးျဖစ္တဲ့ အသင္းေခါင္းေဆာင္ေဟာင္းနဲ႔ Idol လီယြန္နယ္ မက္ဆီရဲ႕ ျပင္သစ္ေျမမွာ ႐ုန္းကန္ေနရတာအတြက္ ရင္နာမိတယ္လို႔ ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။

ပီအက္စ္ဂ်ီထက္ ျပင္သစ္ေျမမွာ ႐ုန္းကန္ေနရတယ္လို႔ပဲ ဆိုရမယ့္ မက္ဆီဟာ ဥေရာပထြက္ၿပီး ခ်န္ပီယံလိဂ္ပြဲေတြ ကစားစဥ္မွာေတာ့ ၇ ပြဲကစား ၅ ဂိုးသြင္းယူႏိုင္ခဲ့တာေၾကာင့္ သူ႔ရဲ႕ ေဝဖန္ခံရစရာ အားနည္းခ်က္က ျပည္တြင္းလိဂန္ Farmer’s League တစ္ခုမွာပဲျဖစ္ေနခဲ့ၿပီး အျမန္ႏႈန္းနဲ႔ ႀကံ့ခိုင္မႈကို ဦးစားေပးၾကၿပီး ခ်န္ပီယံအသင္းကို ခံစစ္ပိတ္ကစားေနၾကတဲ့ ၿပိဳင္ဘက္ေတြကို ဂိုးသြင္းဖို႔ ခက္ေနခဲ့တာပါ။

အသက္ ၃၄ ႏွစ္အ႐ြယ္ အာဂ်င္တီးနားသားႀကီးအေနနဲ႔ ဒီရာသီ လိဂန္မွာ ၁၈ ပြဲကစား ၂ ဂိုးသာ သြင္းယူထားႏိုင္ခဲ့ၿပီး အသင္းေဖာ္ေဟာင္း ေနမာနဲ႔အတူ ေျခစြမ္းေပ်ာက္ဆုံးေနခဲ့သလို ေနာက္ခံလူ အက္ရွ္ရက္ဖ္ ဟာကီမီကို စကားမေျပာဘူးလို႔လည္း ထုတ္ေဖာ္ခံခဲ့ရတာေၾကာင့္ သူ႔ရဲ႕ ျပႆနာက ကြင္းတြင္းမွာေရာ ကြင္းျပင္မွာပါ ေပၚေပါက္လာေနခဲ့တာျဖစ္ပါတယ္။

အသင္းရဲ႕ ၾကယ္ပြင့္ ခီလီယန္ အမ္ဘာေပကို ဆုံးရႈံးရမွာဟာ မက္ဆီေၾကာင့္လို႔လည္း ပါရီသား ပရိသတ္ေတြရဲ႕ ထင္ျမင္ေနမႈနဲ႔ ရင္ဆိုင္ေနၿပီး ေအာ္ဟစ္ေလွာင္ေျပာင္ခံခဲ့ရခ်ိန္မွာ သူကစားတဲ့ ပြဲတိုင္းကို တတ္ႏိုင္သေလာက္ ၾကည့္ျဖစ္တယ္လို႔ ဖြင့္ဟခဲ့တဲ့ ပက္ဒရီက အသင္းေဖာ္ေဟာင္းႀကီးရဲ႕ အေျခအေန မေကာင္းတာကို ခံစားရေၾကာင္း ဖြင့္ဟသြားခဲ့တာပါ။

“အၿမဲတမ္း တတ္ႏိုင္သေလာက္ သူကစားတာကို အျပင္မွာေရာ တီဗီမွာပါ လိုက္ၾကည့္ၿပီး သင္ယူျဖစ္ခဲ့တာဗ်။ ဒါေပမယ့္ လက္ရွိမွာ သူ႔ရဲ႕ အေျခအေနက မေကာင္းလွတာေတာ့ အမွန္ပဲ။ ဒီအတြက္ နာက်င္ခံစားမိရသလို သူငယ္ခ်င္းတစ္ေယာက္၊ အသင္းေဖာ္တစ္ေယာက္အေနနဲ႔ မေပ်ာ္ႏိုင္ပါဘူး”လို႔ သူ႔ကို လာ့စ္ပါးလ္မားစ္အသင္းကေန ေရာက္ေရာက္ခ်င္း ႏူးကမ့္မွာ လက္တြဲေခၚခဲ့တဲ့ မက္ဆီအတြက္ ကစားဆိုသြားခဲ့ပါတယ္။

“ကြၽန္ေတာ္တို႔ ႏူးကမ့္မွာ လီယိုနဲ႔ တြဲကစားခဲ့ၾကတဲ့ အခ်ိန္ေတြက အေကာင္းဆုံးအခ်ိန္ပါပဲ။ ကြင္းတြင္းမွာေရာ ကြင္းျပင္မွာပါ သူက သိပ္ေကာင္းတဲ့ အသင္းေဖာ္တစ္ေယာက္ပါ။ သူ႔ရဲ႕ အခ်ိန္ေကာင္းေတြကို အျမန္ဆုံး ျပန္လည္ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္”လို႔ အသက္ ၁၉ ႏွစ္အ႐ြယ္ ဘာစီလိုနာၾကယ္ပြင့္သစ္က လာဗန္ဂါဒီယာသတင္းဌာနကို ေျပာၾကားသြားခဲ့တာပါ။

ဒီရာသီအစမွာ လမ္းခြဲခဲ့တဲ့ မက္ဆီနဲ႔ ဘာစီလိုနာတို႔အေနနဲ႔ ႏွစ္ဦးႏွစ္ဖက္စလုံး Lose-Lose Situation လို႔ ေခၚရေလာက္ေအာင္ကို ႐ုန္းကန္ေနခဲ့ၾကရၿပီး ကာတာလန္သားေတြကေတာ့ နည္းျပ ေရာ္နယ္လ္ ကိုးမန္းနဲ႔ လမ္းခြဲၿပီး အသင္းကို ဇာဗီ့လက္ထဲ ထည့္ေပးလိုက္ခ်ိန္မွာေတာ့ ျပန္လည္တိုးတက္လာႏိုင္ခဲ့ခ်ိန္မွာ အာဂ်င္တီးနားသားကေတာ့ ပီအက္စ္ဂ်ီမွာ အေလွာင္ေျပာင္ခံျဖစ္ေနခဲ့ပါတယ္။

ႏူးကမ့္မွာ ေပ်ာက္ဆုံးသြားခဲ့တဲ့ မက္ဆီရဲ႕ ဂိုးေတြေနရာမွာ ဇန္နဝါရီမွာ အာဆင္နယ္အသင္းကေန ေခၚယူလိုက္တဲ့ တိုက္စစ္မႉး ပ်ယ္-အမ္မရိခ္ အူဘာမီယန္းက ပုံမွန္သြင္းဂိုးေတြနဲ႔အတူ ေျခစြမ္းျပႏိုင္ခဲ့တာေၾကာင့္ ျပန္လည္ျဖည့္ဆည္းႏိုင္ခဲ့ၿပီလို႔ ဆိုရမွာျဖစ္တဲ့အခ်ိန္မွာ လာလီဂါ အမွတ္ေပးဇယားရဲ႕ အဆင့္ ၂ ေနရာကိုပါ ရီးရဲလ္မက္ဒရစ္နဲ႔ အယ္လ္ကလာစီကို အေဝးကြင္းႏိုင္ပြဲအၿပီးမွာ မ်က္ေစာင္းထိုးႏိုင္ခဲ့တာပါ။

ပက္ဒရီနဲ႔အတူ မက္ဆီကို ခ်စ္ၾကတဲ့ တစ္ကမာၻလုံးက ဘာစီလိုနာပရိသတ္ေတြက ဝိုင္းဝန္းဆုေတာင္းေပးေနၾကခ်ိန္မွာ ၂၀၀၈-၀၉ ရာသီ ေနာက္ပိုင္းကေန ၿပီးခဲ့တဲ့ ၂၀၂၀-၂၁ ရာသီအထိ ဘယ္တုန္းကမွ တစ္ရာသီသြင္းဂိုး ၃၀ ေအာက္ မေလ်ာ့က်ခဲ့ဖူးတဲ့ အာဂ်င္တီးနားဂႏၴဝင္အေနနဲ႔ မဂၤလာတရားေတာ္အရ ပတိ႐ူပ မျဖစ္ဘူးလို႔ပဲ ဆိုရမယ့္ ျပင္သစ္ေျမကို စြန႔္ခြာေတာ့မလားဆိုတာလည္း ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.