Premier League Ukraine-Russian War

ယူကရိန်းငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ အေဘရာမိုဗစ်ချ်အသက်ကို လုပ်ကြံခံနေရပြီလား

ယူကရိန်းနိုင်ငံအတွက် ငြိမ်းချမ်းရေးရရှိအောင် ကြားထဲက ကြိုးစားပေးနေပြီး ချဲလ်ဆီးအသင်းကို ရောင်းချရသမျှကိုပါ လှူဒါန်းဖို့ အစီအစဉ် ရှိနေတယ်ဆိုတဲ့ ရုရှားဘီလီယံနာ ရိုမန် အေဘရာမိုဗစ်ချ်အနေနဲ့ ကိဗ်ကနေ အပြန်မှာ ဆိုးရွားတဲ့ ရောဂါလက္ခဏာတွေကို ခံစားနေရပြီး ဒါဟာ ကျူးကျော်သူ သမ္မတ ဗလာဒီမီယာ ပူတင်ဘက်က ယုတ်မာကောက်ကျစ်တဲ့ လုပ်ကြံမှုမျိုးဖြစ်နိုင်တယ်လို့ ထင်ကြေးပေးနေကြပါတယ်။

ပူတင့်အနားမှာရှိတဲ့ အိုလီဂါ့ချ်တွေထဲကမှ ပုံရိပ်အမြင့်မားဆုံးနဲ့ ချဲလ်ဆီးအသင်းနဲ့အတူ လူချစ်လူခင် အခံရဆုံး အစ္စရေး-ရုရှားနွယ်ဖွား သူဌေးရဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ထွက်ပေါ်လာတဲ့ သတင်းအရ ယူကရိန်းမြို့တော် ကိဗ်က အပြန်မှာ ဖျားနာလာခဲ့သလို အရေပြားတွေ ကွာကျခြင်းစတဲ့ အဆိပ်မိတဲ့ လက္ခဏာမျိုးတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ရုရှားရဲ့ ကျူးကျော်စစ်ကို ရပ်တန့်ဖို့အတွက် ဆွေးနွေးနေကြတဲ့ နှစ်ဖက်တာဝန်ရှိသူတွေထဲက ယူကရိန်းခေါင်းဆောင်နှစ်ဦးဖြစ်တဲ့ ပါလီမန်အမတ် ရူစတင်မ် အူမီရော့ဗ်မှာလည်း အေဘရာမိုဗစ်ချ်လိုပဲ ရောဂါလက္ခဏာတွေ ပြသနေတယ်လို့ သိရပြီး သူတို့နဲ့ တွေ့ဆုံခဲ့တဲ့ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇီလင်စကီးကတော့ ဘာမှ ထိခိုက်ခြင်း မရှိခဲ့ဘူးလို့ ဖော်ပြခဲ့ကြတာပါ။

ဂျာနယ်လစ်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Bellingcat ကတော့ အေဗရာမိုဗစ်ချ်အပါအဝင် ငြိမ်းချမ်းရေး ဆွေးနွေးသူတွေမှာ ဘာမှန်း အတိအကျ အတည်ပြုလို့ မရသေးတဲ့ ဓာတုအဆိပ်သင့်နေတယ်လို့ ယုံကြည်ရကြောင်း ထုတ်ပြန်ခဲ့ပြီး “မျက်လုံးနဲ့ အရေပြားတွေ ရောင်ရမ်းခြင်းနဲ့အတူ စူးရှနာကျင်တဲ့ ခံစားချက်တွေနဲ့ပါ ကြုံနေရတယ်”လို့လည်း ရှင်းပြသွားခဲ့ပါတယ်။

အေဘရာမိုဗစ်ချ်အနေနဲ့ ဒီလိုမျိုး ခံစားခဲ့ရတာဟာ ရုရှားသမ္မတ ပူတင်ရဲ့ လက်မရွံ့လုပ်ကြံရေးသမားတွေရဲ့ လက်ချက်ဖြစ်တယ်လို့ စောင့်ကြည့်သူတွေက စွပ်စွဲခဲ့ကြပြီး ယူကရိန်းဘက်က ခေါင်းဆောင်တွေကို လုပ်ကြံသတ်ဖြတ်ဖို့ စီစဉ်ထားခဲ့ချိန်မှာ သူ့ကို သစ္စာဖောက်တဲ့ အိုလီဂါ့ချ်ကို ပညာပေးဖို့ လုပ်ဆောင်ခဲ့တာလို့လည်း ယူဆနေကြတာပါ။

ချဲလ်ဆီးပိုင်ရှင်အနေနဲ့ သူ့ရဲ့ အသင်းကို ရောင်းချဖို့ စီစဉ်နေမှုကတော့ လက်ရှိမှာ မပြီးပြတ်သေးဘဲဖြစ်နေပြီး ပေါင် ၃ ဘီလီယံနဲ့ ကမ်းလှမ်းမှုကို လက်ခံမယ်လို့ ဆိုထားခဲ့သလို လက်ရှိ တင်ရှိနေတဲ့ ပေါင် ၁.၅ ဘီလီယံ အကြွေးတွေကိုလည်း ချေပစ်မယ်လို့ ဆိုထားခဲ့တဲ့အတွက် ဝယ်သူတွေအနေနဲ့တော့ စိတ်ဝင်စားစရာဖြစ်နေခဲ့သလို ဒီအသင်းရဲ့ အကျပ်အတည်းကို ကယ်တင်ဖို့လည်း ပရိသတ်သူဌေးတချို့က ကြိုးစားနေခဲ့ပါတယ်။

လက်ရှိမှာတော့ အဆိပ်သင့်တယ်လို့ ကနဦးအနေနဲ့ ယူဆခံထားရတဲ့ အေဘရာမိုဗစ်ချ်၊ အူမီရော့ဗ်တို့ရဲ့ ကျန်းမာရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး ကာယကံရှင်တွေဘက်ကတော့ တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေးဘဲ ဘယ်သူက လုပ်ကြံတိုက်ခိုက်ခဲ့တယ်ဆိုတာကိုလည်း အတည်ပြုခြင်း မရှိသေးဘူးလို့ ဘီဘီစီမှာ ဖော်ပြထားကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ယူကရိန်းနိုင်ငံအတွက် ငြိမ်းချမ်းရေးရရှိအောင် ကြားထဲက ကြိုးစားပေးနေပြီး ချဲလ်ဆီးအသင်းကို ရောင်းချရသမျှကိုပါ လှူဒါန်းဖို့ အစီအစဉ် ရှိနေတယ်ဆိုတဲ့ ရုရှားဘီလီယံနာ ရိုမန် အေဘရာမိုဗစ်ခ်ျအနေနဲ့ ကိဗ်ကနေ အပြန်မှာ ဆိုးရွားတဲ့ ရောဂါလက္ခဏာတွေကို ခံစားနေရပြီး ဒါဟာ ကျူးကျော်သူ သမ္မတ ဗလာဒီမီယာ ပူတင်ဘက်က ယုတ်မာကောက်ကျစ်တဲ့ လုပ်ကြံမှုမျိုးဖြစ်နိုင်တယ်လို့ ထင်ကြေးပေးနေကြပါတယ်။

ပူတင့်အနားမှာရှိတဲ့ အိုလီဂါ့ခ်ျတွေထဲကမှ ပုံရိပ်အမြင့်မားဆုံးနဲ့ ချဲလ်ဆီးအသင်းနဲ့အတူ လူချစ်လူခင် အခံရဆုံး အစ္စရေး-ရုရှားနွယ်ဖွား သူဌေးရဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ထွက်ပေါ်လာတဲ့ သတင်းအရ ယူကရိန်းမြို့တော် ကိဗ်က အပြန်မှာ ဖျားနာလာခဲ့သလို အရေပြားတွေ ကွာကျခြင်းစတဲ့ အဆိပ်မိတဲ့ လက္ခဏာမျိုးတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ရုရှားရဲ့ ကျူးကျော်စစ်ကို ရပ်တန့်ဖို့အတွက် ဆွေးနွေးနေကြတဲ့ နှစ်ဖက်တာဝန်ရှိသူတွေထဲက ယူကရိန်းခေါင်းဆောင်နှစ်ဦးဖြစ်တဲ့ ပါလီမန်အမတ် ရူစတင်မ် အူမီရော့ဗ်မှာလည်း အေဘရာမိုဗစ်ခ်ျလိုပဲ ရောဂါလက္ခဏာတွေ ပြသနေတယ်လို့ သိရပြီး သူတို့နဲ့ တွေ့ဆုံခဲ့တဲ့ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇီလင်စကီးကတော့ ဘာမှ ထိခိုက်ခြင်း မရှိခဲ့ဘူးလို့ ဖော်ပြခဲ့ကြတာပါ။

ဂျာနယ်လစ်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Bellingcat ကတော့ အေဗရာမိုဗစ်ခ်ျအပါအဝင် ငြိမ်းချမ်းရေး ဆွေးနွေးသူတွေမှာ ဘာမှန်း အတိအကျ အတည်ပြုလို့ မရသေးတဲ့ ဓာတုအဆိပ်သင့်နေတယ်လို့ ယုံကြည်ရကြောင်း ထုတ်ပြန်ခဲ့ပြီး “မျက်လုံးနဲ့ အရေပြားတွေ ရောင်ရမ်းခြင်းနဲ့အတူ စူးရှနာကျင်တဲ့ ခံစားချက်တွေနဲ့ပါ ကြုံနေရတယ်”လို့လည်း ရှင်းပြသွားခဲ့ပါတယ်။

အေဘရာမိုဗစ်ခ်ျအနေနဲ့ ဒီလိုမျိုး ခံစားခဲ့ရတာဟာ ရုရှားသမ္မတ ပူတင်ရဲ့ လက်မရွံ့လုပ်ကြံရေးသမားတွေရဲ့ လက်ချက်ဖြစ်တယ်လို့ စောင့်ကြည့်သူတွေက စွပ်စွဲခဲ့ကြပြီး ယူကရိန်းဘက်က ခေါင်းဆောင်တွေကို လုပ်ကြံသတ်ဖြတ်ဖို့ စီစဉ်ထားခဲ့ချိန်မှာ သူ့ကို သစ္စာဖောက်တဲ့ အိုလီဂါ့ခ်ျကို ပညာပေးဖို့ လုပ်ဆောင်ခဲ့တာလို့လည်း ယူဆနေကြတာပါ။


လက်ရှိမှာတော့ အဆိပ်သင့်တယ်လို့ ကနဦးအနေနဲ့ ယူဆခံထားရတဲ့ အေဘရာမိုဗစ်ခ်ျ၊ အူမီရော့ဗ်တို့ရဲ့ ကျန်းမာရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး ကာယကံရှင်တွေဘက်ကတော့ တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေးဘဲ ဘယ်သူက လုပ်ကြံတိုက်ခိုက်ခဲ့တယ်ဆိုတာကိုလည်း အတည်ပြုခြင်း မရှိသေးဘူးလို့ ဘီဘီစီမှာ ဖော်ပြထားကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
SPORTS A2Z.