Premier League

ရော်နယ်လ်ဒိုက အာရုံတော်တော်နောက်တဲ့ကောင်လို့ ထုတ်ပြောလိုက်တဲ့ ဝိန်း ရူနီ

မန်ချက်စတာယူနိုက်တက်နဲ့ အင်္ဂလန်အသင်းတို့ရဲ့ တသက်တာထိပ်တန်းဂိုးသွင်းရှင် ဝိန်း ရူနီဟာ ပရိသတ်တွေနဲ့ အသင်းဖော်တွေရဲ့ နှစ်သက်ခြင်းကို ခံခဲ့ရတဲ့ ဘောလုံးလောကရဲ့ အကျော်ကြားဆုံးကြယ်ပွင့်တွေထဲက တစ်ဦးဖြစ်ပါတယ်။

အနားယူခဲ့ပြီးဖြစ်တဲ့ ပရော်ဖက်ရှင်နယ်ကစားသမားတွေရဲ့ အရည်အချင်းနဲ့ပတ်သက်ပြီး ပြောဆိုလေ့ရှိကြပေမယ့်လည်း ဒါဘီ ကောင်တီနည်းပြ ဝိန်း ရူနီကတော့ ၎င်းနဲ့အတူ တွဲကစားခဲ့တဲ့ အသင်းဖော်တွေထဲက အချို့ကို ဟာသအမြင်နဲ့ ပိုမြင်ပုံရပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဖော်ဟောင်းတွေအနေနဲ့ ကွင်းအတွင်းမှာ ဘယ်လောက်ပဲ အထင်ကြီးအောင် လုပ်ပြနိုင်သည်ဖြစ်စေ စနေနေ့ညက မန်ချက်စတာမှာ ကျင်းပပြုလုပ်ခဲ့တဲ့ အထူး ညစာစားပွဲမှာ ဝိန်း ရူနီရဲ့ ဟာသဖောက်တဲ့ စကားဝိုင်းကနေ လွတ်မြောက်နိုင်မှာမဟုတ်တာဖြစ်ပါတယ်။

“ခရစ္စတီယာနိုက အရမ်းကောင်းသလောက် တချိန်တည်းမှာပဲ သောက်ရမ်း အာရုံနောက်တဲ့ကောင်ပါ။ သူက အခု အဲဒီလောက် မကောင်းတာဖြစ်ကောင်းဖြစ်နိုင်ပေမယ့် သူက အာရုံနောက်ဖို့ကောင်းတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်”

ဝိန်း ရူနီက ၂၀၀၆ ကမ္ဘာ့ဖလားတုန်းက ၎င်းကို တိုက်ရိုက်အနီကတ်ပြသခံရအောင်လုပ်ခဲ့တဲ့ ရော်နယ်လ်ဒိုရဲ့ နည်းဗျူဟာကို လှောင်ပြောင်ခဲ့ပြီး “သူက ဒိုင်ဗင်ထိုးရတာကို ကြိုက်တယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော် ခရစ္စတီယာနိုနဲ့ ဘာပြဿနာမှ မရှိခဲ့ပါဘူး။ ကျွန်တော် ဥမင်လျှောက်လမ်းထဲမှာ သူ့ကို စကားပြောခဲ့တယ်။ ကျွန်တော် ပြောခဲ့တာက ‘ငါ့ကို အထုတ်ခံရအောင်လုပ်တဲ့အတွက် မင်းနဲ့ငါ ဘာမှ ပြဿနာမရှိဘူး’ဆိုတာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော် ပထမပိုင်းတစ်ပိုင်းလုံး သူ့ကို ဒိုင်ဗင်ထိုးတဲ့အတွက် အဝါကတ်ပြား ပြသခံရအောင် ကြိုးပမ်းနေရင်း အချိန်ကုန်ခဲ့တာမို့လို့ပါ”

“ကျွန်တော်က အင်္ဂလိပ်၊ သူက ပေါ်တူဂီလူမျိုး။ ကျွန်တော်တို့ ကစားနေတဲ့အချိန်မှာ သူနဲ့ပတ်သက်ပြီး သောက်ဂရုကို မစိုက်ဘူး။ သူက ကျွန်တော့်ဘော်ဒါ မဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော်တို့ ပွဲကစားပြီးတဲ့အခါမှာတော့ ဘော်ဒါတွေ ပြန်ဖြစ်သွားပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဝိန်း ရူနီက မန်ချက်စတာယူနိုက်တက်ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်က အဲဒီအချိန်တုန်းက အသက် ၁၄ နှစ်အရွယ်သာ ရှိသေးတဲ့ ၎င်းကို အဲဗာတန်ကနေ ခေါ်ယူဖို့ ကြိုးပမ်းခဲ့တဲ့အချိန်မှာ လဲသေလိုက်လို့ ပြောခဲ့ဖူးကြောင်း စိတ်လှုပ်ရှားဖွယ် ပြောကြားခဲ့ပါတယ်။ ရူနီဟာ အိုးထရက်ဖို့ဒ်မှာ ၎င်းရဲ့ ကစားသမားဘဝ အကောင်းဆုံးနှစ်တွေကို ဖြတ်သန်းခဲ့သူဖြစ်ပေမယ့်လည်း ငယ်ရွယ်တဲ့ ဆယ်ကျော်သက်ကစားသမားဘဝတုန်းက မိခင်ကလပ်ဖြစ်တဲ့ အဲဗာတန်ကိုပဲ ခေါင်းထဲ ရှိနေခဲ့တာဖြစ်ပါတယ်။

အဲဒီလို ငယ်ရွယ်သေးတဲ့ အသက်အရွယ်မှာတောင် ဖာဂူဆန်လိုမျိုး သြဇာအာဏာကြီးမားတဲ့သူတစ်ယောက်ကို ပြန်ပြောဖို့အတွက် ကြောက်ရွံ့တဲ့ခံစားချက်မျိုး မရှိခဲ့တာဖြစ်ပါတယ်။ “ဆာအဲလက်စ် ဖာဂူဆန်က ကျွန်တော် အသက် ၁၄ နှစ်သားအရွယ်တုန်းက ခေါ်ဖို့ ကြိုးပမ်းခဲ့တယ်။ သူက ကျွန်တော့် အမေနဲ့ အဖေဆီကို ဖုန်းဆက်ပြီး စကားပြောနေခဲ့တာပါ။ အမေနဲ့ အဖေက ‘အဲလက်စ် ဖုန်းဆက်နေတယ်။ မန်ချက်စတာယူနိုက်တက်က သားကို ခေါ်ချင်နေတယ်’လို့ ပြောပါတယ်။ အဲဒါနဲ့ ကျွန်တော်က ‘အဲဒီလူကြီးကို လဲသေလိုက်လို့ ပြောလိုက်။ သားက အဲဗာတန်အတွက် ကစားပေးချင်တာ’ဆိုပြီး ပြောခဲ့ပါတယ်”

“ပြီးတော့ အချိန်တွေ ကြာသွားတော့ ကျွန်တော် အဲလက်စ် ဖာဂူဆန်အတွက် ကစားပေးရမယ်ဆိုတာကို သိခဲ့တယ်။ မန်ချက်စတာယူနိုက်တက်ကို ကျွန်တော် ပြောင်းရွှေ့ခဲ့တဲ့ အကြောင်းအရင်းက အဲလက်စ် ဖာဂူဆန်ပါပဲ”လို့ ပြန်ပြောင်း ပြောပြခဲ့ပါတယ်။ ဝိန်း ရူနီဟာ ၂၀၀၄ ခုနှစ်မှာ ပြောင်းရွှေ့ကြေးပေါင်သန်း ၃၀ နဲ့ အိုးထရက်ဖို့ဒ်ကို အသက် ၁၈ နှစ်သားအရွယ်နဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ဖာဂူဆန်လို နည်းပြတောင်မှ ဝိန်း ရူနီက နောက်ဆုံးမှာ ဘယ်လောက်အထိ ကောင်းမွန်လာနိုင်မလဲဆိုတာကို မတွေးဘဲ မနေနိုင်ခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် အရမ်း စိတ်လှုပ်ရှားခဲ့တယ်။ ကျွန်တော်တို့ လွန်ခဲ့တဲ့ နှစ် ၃၀ အတွင်း ဒီနိုင်ငံမှာ မြင်တွေ့ခဲ့ဖူးသမျှထဲက အကောင်းဆုံးလူငယ်ကစားသမားကို ရလိုက်ပြီလို့ ကျွန်တော် တွေးမိတယ်။ အားလုံးက ဒီ ကစားသမားခေါ်ယူမှုကြောင့် ဝမ်းမြောက်ပျော်ရွှင်နေခဲ့ကြတယ်”လို့ ဆာအဲလက်စ် ဖာဂူဆန်က ပြောကြားခဲ့ပါတယ်။

ဝိန်း ရူနီဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၅ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ်၊ အက်ဖ်အေဖလား ၁ ကြိမ်နဲ့ လိဂ်ဖလား ၂ ကြိမ် ရရှိခဲ့ပြီး လက်ရှိမှာတော့ ဒါဘီကောင်တီကို နည်းပြပေးနေရင်း ဆရာဟောင်း ဆာအဲလက်စ် ဖာဂူဆန်ရဲ့ခြေရာကို လိုက်နင်းဖို့ ကြိုးပမ်းနေပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူနိုက္တက္နဲ႔ အဂၤလန္အသင္းတို႔ရဲ့ တသက္တာထိပ္တန္းဂိုးသြင္းရွင္ ဝိန္း ႐ူနီဟာ ပရိသတ္ေတြနဲ႔ အသင္းေဖာ္ေတြရဲ့ ႏွစ္သက္ျခင္းကို ခံခဲ့ရတဲ့ ေဘာလုံးေလာကရဲ့ အေက်ာ္ၾကားဆုံးၾကယ္ပြင့္ေတြထဲက တစ္ဦးျဖစ္ပါတယ္။

အနားယူခဲ့ၿပီးျဖစ္တဲ့ ပေရာ္ဖက္ရွင္နယ္ကစားသမားေတြရဲ့ အရည္အခ်င္းနဲ႔ပတ္သက္ၿပီး ေျပာဆိုေလ့ရွိၾကေပမယ့္လည္း ဒါဘီ ေကာင္တီနည္းၿပ ဝိန္း ႐ူနီကေတာ့ ၎နဲ႔အတူ တြဲကစားခဲ့တဲ့ အသင္းေဖာ္ေတြထဲက အခ်ိဳ႕ကို ဟာသအျမင္နဲ႔ ပိုျမင္ပုံရပါတယ္။ မန္ခ်က္စတာယူနိုက္တက္အသင္းေဖာ္ေဟာင္းေတြအေနနဲ႔ ကြင္းအတြင္းမွာ ဘယ္ေလာက္ပဲ အထင္ႀကီးေအာင္ လုပ္ျပနိုင္သည္ျဖစ္ေစ စေနေန႔ညက မန္ခ်က္စတာမွာ က်င္းပျပဳလုပ္ခဲ့တဲ့ အထူး ညစာစားပြဲမွာ ဝိန္း ႐ူနီရဲ့ ဟာသေဖာက္တဲ့ စကားဝိုင္းကေန လြတ္ေျမာက္နိုင္မွာမဟုတ္တာျဖစ္ပါတယ္။

“ခရစၥတီယာနိုက အရမ္းေကာင္းသေလာက္ တခ်ိန္တည္းမွာပဲ ေသာက္ရမ္း အာ႐ုံေနာက္တဲ့ေကာင္ပါ။ သူက အခု အဲဒီေလာက္ မေကာင္းတာျဖစ္ေကာင္းျဖစ္နိုင္ေပမယ့္ သူက အာ႐ုံေနာက္ဖို႔ေကာင္းတာ ျဖစ္ေကာင္းျဖစ္နိုင္ပါတယ္”

ဝိန္း ႐ူနီက ၂၀၀၆ ကမၻာ့ဖလားတုန္းက ၎ကို တိုက္ရိုက္အနီကတ္ျပသခံရေအာင္လုပ္ခဲ့တဲ့ ေရာ္နယ္လ္ဒိုရဲ့ နည္းဗ်ဴဟာကို ေလွာင္ေျပာင္ခဲ့ၿပီး “သူက ဒိုင္ဗင္ထိုးရတာကို ႀကိဳက္တယ္။ ဘာပဲျဖစ္ျဖစ္ ကၽြန္ေတာ္ ခရစၥတီယာနိုနဲ႔ ဘာျပႆနာမွ မရွိခဲ့ပါဘူး။ ကၽြန္ေတာ္ ဥမင္ေလၽွာက္လမ္းထဲမွာ သူ႔ကို စကားေျပာခဲ့တယ္။ ကၽြန္ေတာ္ ေျပာခဲ့တာက ‘ငါ့ကို အထုတ္ခံရေအာင္လုပ္တဲ့အတြက္ မင္းနဲ႔ငါ ဘာမွ ျပႆနာမရွိဘူး’ဆိုတာပါ။ ဘာလို႔လဲဆိုေတာ့ ကၽြန္ေတာ္ ပထမပိုင္းတစ္ပိုင္းလုံး သူ႔ကို ဒိုင္ဗင္ထိုးတဲ့အတြက္ အဝါကတ္ျပား ျပသခံရေအာင္ ႀကိဳးပမ္းေနရင္း အခ်ိန္ကုန္ခဲ့တာမို႔လို႔ပါ”

“ကၽြန္ေတာ္က အဂၤလိပ္၊ သူက ေပၚတူဂီလူမ်ိဳး။ ကၽြန္ေတာ္တို႔ ကစားေနတဲ့အခ်ိန္မွာ သူနဲ႔ပတ္သက္ၿပီး ေသာက္ဂ႐ုကို မစိုက္ဘူး။ သူက ကၽြန္ေတာ့္ေဘာ္ဒါ မဟုတ္ဘူး။ ဒါေပမယ့္ ကၽြန္ေတာ္တို႔ ပြဲကစားၿပီးတဲ့အခါမွာေတာ့ ေဘာ္ဒါေတြ ျပန္ျဖစ္သြားပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ဝိန္း ႐ူနီက မန္ခ်က္စတာယူနိုက္တက္ဂႏၲဝင္နည္းျပႀကီး ဆာအဲလက္စ္ ဖာဂူဆန္က အဲဒီအခ်ိန္တုန္းက အသက္ ၁၄ ႏွစ္အရြယ္သာ ရွိေသးတဲ့ ၎ကို အဲဗာတန္ကေန ေခၚယူဖို႔ ႀကိဳးပမ္းခဲ့တဲ့အခ်ိန္မွာ လဲေသလိုက္လို႔ ေျပာခဲ့ဖူးေၾကာင္း စိတ္လႈပ္ရွားဖြယ္ ေျပာၾကားခဲ့ပါတယ္။ ႐ူနီဟာ အိုးထရက္ဖို႔ဒ္မွာ ၎ရဲ့ ကစားသမားဘဝ အေကာင္းဆုံးႏွစ္ေတြကို ျဖတ္သန္းခဲ့သူျဖစ္ေပမယ့္လည္း ငယ္ရြယ္တဲ့ ဆယ္ေက်ာ္သက္ကစားသမားဘဝတုန္းက မိခင္ကလပ္ျဖစ္တဲ့ အဲဗာတန္ကိုပဲ ေခါင္းထဲ ရွိေနခဲ့တာျဖစ္ပါတယ္။

အဲဒီလို ငယ္ရြယ္ေသးတဲ့ အသက္အရြယ္မွာေတာင္ ဖာဂူဆန္လိုမ်ိဳး ၾသဇာအာဏာႀကီးမားတဲ့သူတစ္ေယာက္ကို ျပန္ေျပာဖို႔အတြက္ ေၾကာက္ရြံ့တဲ့ခံစားခ်က္မ်ိဳး မရွိခဲ့တာျဖစ္ပါတယ္။ “ဆာအဲလက္စ္ ဖာဂူဆန္က ကၽြန္ေတာ္ အသက္ ၁၄ ႏွစ္သားအရြယ္တုန္းက ေခၚဖို႔ ႀကိဳးပမ္းခဲ့တယ္။ သူက ကၽြန္ေတာ့္ အေမနဲ႔ အေဖဆီကို ဖုန္းဆက္ၿပီး စကားေျပာေနခဲ့တာပါ။ အေမနဲ႔ အေဖက ‘အဲလက္စ္ ဖုန္းဆက္ေနတယ္။ မန္ခ်က္စတာယူနိုက္တက္က သားကို ေခၚခ်င္ေနတယ္’လို႔ ေျပာပါတယ္။ အဲဒါနဲ႔ ကၽြန္ေတာ္က ‘အဲဒီလူႀကီးကို လဲေသလိုက္လို႔ ေျပာလိုက္။ သားက အဲဗာတန္အတြက္ ကစားေပးခ်င္တာ’ဆိုၿပီး ေျပာခဲ့ပါတယ္”

“ၿပီးေတာ့ အခ်ိန္ေတြ ၾကာသြားေတာ့ ကၽြန္ေတာ္ အဲလက္စ္ ဖာဂူဆန္အတြက္ ကစားေပးရမယ္ဆိုတာကို သိခဲ့တယ္။ မန္ခ်က္စတာယူနိုက္တက္ကို ကၽြန္ေတာ္ ေျပာင္းေရႊ႕ခဲ့တဲ့ အေၾကာင္းအရင္းက အဲလက္စ္ ဖာဂူဆန္ပါပဲ”လို႔ ျပန္ေျပာင္း ေျပာျပခဲ့ပါတယ္။ ဝိန္း ႐ူနီဟာ ၂၀၀၄ ခုႏွစ္မွာ ေျပာင္းေရႊ႕ေၾကးေပါင္သန္း ၃၀ နဲ႔ အိုးထရက္ဖို႔ဒ္ကို အသက္ ၁၈ ႏွစ္သားအရြယ္နဲ႔ ေျပာင္းေရႊ႕ခဲ့တာျဖစ္ၿပီး ဖာဂူဆန္လို နည္းျပေတာင္မွ ဝိန္း ႐ူနီက ေနာက္ဆုံးမွာ ဘယ္ေလာက္အထိ ေကာင္းမြန္လာနိုင္မလဲဆိုတာကို မေတြးဘဲ မေနနိုင္ခဲ့တာျဖစ္ပါတယ္။

“ကၽြန္ေတာ္ အရမ္း စိတ္လႈပ္ရွားခဲ့တယ္။ ကၽြန္ေတာ္တို႔ လြန္ခဲ့တဲ့ ႏွစ္ ၃၀ အတြင္း ဒီနိုင္ငံမွာ ျမင္ေတြ႕ခဲ့ဖူးသမၽွထဲက အေကာင္းဆုံးလူငယ္ကစားသမားကို ရလိုက္ၿပီလို႔ ကၽြန္ေတာ္ ေတြးမိတယ္။ အားလုံးက ဒီ ကစားသမားေခၚယူမႈေၾကာင့္ ဝမ္းေျမာက္ေပ်ာ္ရႊင္ေနခဲ့ၾကတယ္”လို႔ ဆာအဲလက္စ္ ဖာဂူဆန္က ေျပာၾကားခဲ့ပါတယ္။

ဝိန္း ႐ူနီဟာ မန္ခ်က္စတာယူနိုက္တက္အသင္းနဲ႔အတူ ပရီးမီးယားလိဂ္ဖလား ၅ ႀကိမ္၊ ခ်န္ပီယံလိဂ္ဖလား ၁ ႀကိမ္၊ အက္ဖ္ေအဖလား ၁ ႀကိမ္နဲ႔ လိဂ္ဖလား ၂ ႀကိမ္ ရရွိခဲ့ၿပီး လက္ရွိမွာေတာ့ ဒါဘီေကာင္တီကို နည္းျပေပးေနရင္း ဆရာေဟာင္း ဆာအဲလက္စ္ ဖာဂူဆန္ရဲ့ေျခရာကို လိုက္နင္းဖို႔ ႀကိဳးပမ္းေနၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.