Premier League Transfer News

လီဗာပူးလ်မှာ ဆက်နေပြီး စာချုပ်ကြီးဆုတောင်းမနေနဲ့လို့ ဆာလားကို ပြောလိုက်တဲ့ ဒီယော့ဖ်

လီဗာပူးလ်အသင်းတိုက်စစ်မှူး မိုဟာမက် ဆာလားအနေနဲ့ ဒီအသင်းမှာ ဆက်နေမယ်ဆိုရင် သူလိုချင်တဲ့ စာချုပ်ကြီးကြီးမားမားကို ရရှိနိုင်မှာ မဟုတ်ဘဲ ထိုက်သင့်တဲ့ ငွေကြေးနဲ့ ကျေနပ်ရနိုင်သလို ဒါဟာ သူတို့တွေရဲ့ လုပ်ထုံးလုပ်နည်းအရ အသင်းက ထွက်မသွားနိုင်ဘူးဆိုရင် လက်သင့်ခံရမယ့် အရာပဲဖြစ်ကြောင်း တိုက်စစ်မှူးဟောင်း အယ်လ်-ဟတ်ဂျီ ဒီယော့ဖ်က ပြောကြားလိုက်ပါတယ်။

အန်းဖီးလ်ကို ရောက်ကတည်းက ခြေစွမ်းပြခဲ့ပြီး ပရီးမီးယားလိဂ်ရွှေဖိနပ်ယူပြခဲ့သလို လက်ရှိအချိန်အထိ ကစားပြီးသမျှ အမှတ်ပေးပွဲပေါင်း ၁၇၂ ပွဲမှာ ၁၁၅ ဂိုးသွင်းယူထားတဲ့ အီဂျစ်သားဟာ ရာသီတိုင်းမှာ သွင်းဂိုး ၂၀ နဲ့အထက် ရရှိသူဖြစ်ပြီး ပြိုင်ပွဲစုံ ၂၃၉ ပွဲမှာတော့ ၁၅၃ ဂိုး ရရှိထားခဲ့တာပါ။

၂၀၁၉-၂၀ ရာသီမှာ ပရီးမီးယားလိဂ်ဂိုး ၁၉ ဂိုးသာ ရရှိခဲ့လို့ ၅ ရာသီဆက်တိုက် သွင်းဂိုး ၂၀+ ရယူနိုင်တဲ့ စံချိန်နဲ့ လွဲချော်ခဲ့ရပေမယ့် အသက် ၂၉ နှစ်အရွယ် တိုက်စစ်မှူးဟာ လီဗာပူးလ်ရဲ့ ကိတ်မုန့်ခရင်မ်ပေါ်က အသီးလေးဖြစ်နေပြီး ဘယ်ပြိုင်ဘက်အသင်းရဲ့ ကစားသမားထက်မဆို သာလွန်တဲ့ အဆုံးသတ်စွမ်းရည်နဲ့ အမြန်နှုန်းကိုလည်း ပိုင်ဆိုင်ထားဖြစ်ပါတယ်။

အသင်းနဲ့ ဒီနွေရာသီကျရင် တစ်နှစ်စာချုပ်သာ ကျန်ရှိတော့မယ့် ဆာလားရဲ့ အနေအထားကတော့ တစ်ချိန်က အာဆင်နယ်နဲ့ အူဘာမီယန်းတို့ ဆုံးဖြတ်ရခက်တဲ့ အနေအထားမျိုးကို ရောက်ရှိနေခဲ့ပြီး အဲ့ဒီတုန်းက ဂါဘွန်သားကို လိုချင်တဲ့ စာချုပ်နဲ့ လစာပမာဏကို ခွင့်ပြုခဲ့ချိန်မှာ ခြေစွမ်းကျဆင်းပြီး မလှုပ်မရှုပ်မပြုတ်ဖြစ်သွားပုံမျိုးကိုလည်း အန်းဖီးလ်တာဝန်ရှိသူတွေက ထိတ်လန့်နေကြတာပါ။

ဆီနီဂေါနဲ့ လီဗာပူးလ်တိုက်စစ်မှူးဟောင်း ဒီယော့ဖ်ကတော့ ဆာလားအနေနဲ့ ဒီအသင်းကို စွန့်ခွာမယ်ဆိုရင် ရီးရဲလ်မက်ဒရစ်ကိုပဲ ရောက်နိုင်မှာဖြစ်ပြီး အဲ့ဒီမှာလည်း သူ့ရဲ့ ဘဝကို တစ်က ပြန်စရနိုင်တာဖြစ်လို့ အန်းဖီးလ်ကို ကျောခိုင်းပြီး မမိုက်မဲသင့်ဘူးလို့ သုံးသပ်လိုက်ပေမယ့် စာချုပ်သစ်မှာ အမြင့်မားဆုံး လစာငွေမျိုးကို မရနိုင်တာအတွက်တော့ ထောက်ပြဝေဖန်သွားခဲ့ပါတယ်။

“လီဗာပူးလ်ကတော့ ဆာလားတောင်းသလောက် ပေးမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်ဆိုရင်တော့ ဒီမှာပဲ ဆက်နေဦးမှာပါ။ သင့်တင့်တဲ့ လုပ်ခမျိုးရမယ်… ဆာဒီယို မာနေးလို အကောင်းဆုံး အသင်းဖော်တစ်ယောက်နဲ့ ဆက်တွဲကစားရမယ်ဆိုရင် သူတို့တွေ ဖလားတွေ အများကြီး ထပ်ရနိုင်မှာ ဖြစ်ပါတယ်။ သူ့ရဲ့ အသက် ၂၉ နှစ်အရွယ်မှာတော့ အန်းဖီးလ်အတွက် ၄ နှစ်လောက် ကောင်းကောင်းဆက်ကစားနိုင်ဦးမှာပေါ့”

ဆာလားရဲ့ တစ်ပတ်လုပ်ခ ပေါင်ငါးသိန်းတောင်းထားတယ်လို့ သတင်းထွက်နေတဲ့အပေါ်မှာတော့ “သူ့အနေနဲ့ သူဟာ အာဖရိကသားဆိုတာ သဘောပေါက်ရမယ်ဗျ။ အသင်းအနေနဲ့ သူ့ကို ဥရောပသားတွေလိုတော့ ဖူးဖူးမှုတ်ထားမယ်လို့ မမျှော်လင့်လေနဲ့။ ကျွန်တော့်တုန်းကလည်း ဒီလိုပဲ… အဲ့ဒီတုန်းကဆို ကိုယ့်နိုင်ငံ လက်ရွေးစင်အသင်းအတွက် သွားကစားတာတောင် ကြိုက်တာ မဟုတ်ဘူး”လို့ ဒီယော့ဖ်က အကြံပေးသွားခဲ့ပါတယ်။

ဒီရာသီမှာလည်း ဆာလားအနေနဲ့ လီဗာပူးလ်အသင်းအတွက် တစ်သမတ်တည်းရှိတဲ့ ခြေစွမ်းကို ပြသနေပြီး အသင်းရဲ့ ဖလားလေးလုံး လမ်းကြောင်းမှာ အကောင်းဆုံး ဦးဆောင်ပေးနေသလို ပြိုင်ပွဲစုံ ၃၆ ပွဲ ကစားပြီးချိန်မှာ ၂၈ ဂိုးသွင်းယူထားနိုင်သလို ဖန်တီးမှုများစွာလည်း ပြုလုပ်ထားနိုင်ခဲ့တာကြောင့် ပရိသတ်တွေကြားမှာတော့ စာချုပ်သစ်ကို At Any Cost ဘယ်လောက်ဖြစ်ဖြစ် ပေးသင့်တယ်လို့ ဆိုနေခဲ့ကြတာပါ။

ဒီယော့ဖ်ကတော့ သူတို့ အာဖရိကသားတွေရဲ့ အနှိမ်ခံရမှုကို ထောက်ပြလိုက်တာက ဆာလားရဲ့ စာချုပ်အတွက် အပေါင်းလက္ခဏာဆောင်မလား အနုတ်လက္ခဏာပြမလားတော့ စောင့်ကြည့်ရမှာဖြစ်ပြီး မခွဲခြားပါဘူးလို့ ပြချင်လို့ လီဗာပူးလ်ဘက်က လိုက်လျောနိုင်သလို အီဂျစ်သားဘက်ကပဲ ရတာနဲ့ လက်ခံမလား၊ စပိန်မြေကို ခြေချမလားတော့ စိတ်ဝင်စားစရာဖြစ်လာခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္အသင္းတိုက္စစ္မႉး မိုဟာမက္ ဆာလားအေနနဲ႔ ဒီအသင္းမွာ ဆက္ေနမယ္ဆိုရင္ သူလိုခ်င္တဲ့ စာခ်ဳပ္ႀကီးႀကီးမားမားကို ရရွိႏိုင္မွာ မဟုတ္ဘဲ ထိုက္သင့္တဲ့ ေငြေၾကးနဲ႔ ေက်နပ္ရႏိုင္သလို ဒါဟာ သူတို႔ေတြရဲ႕ လုပ္ထုံးလုပ္နည္းအရ အသင္းက ထြက္မသြားႏိုင္ဘူးဆိုရင္ လက္သင့္ခံရမယ့္ အရာပဲျဖစ္ေၾကာင္း တိုက္စစ္မႉးေဟာင္း အယ္လ္-ဟတ္ဂ်ီ ဒီေယာ့ဖ္က ေျပာၾကားလိုက္ပါတယ္။

အန္းဖီးလ္ကို ေရာက္ကတည္းက ေျခစြမ္းျပခဲ့ၿပီး ပရီးမီးယားလိဂ္ေ႐ႊဖိနပ္ယူျပခဲ့သလို လက္ရွိအခ်ိန္အထိ ကစားၿပီးသမွ် အမွတ္ေပးပြဲေပါင္း ၁၇၂ ပြဲမွာ ၁၁၅ ဂိုးသြင္းယူထားတဲ့ အီဂ်စ္သားဟာ ရာသီတိုင္းမွာ သြင္းဂိုး ၂၀ နဲ႔အထက္ ရရွိသူျဖစ္ၿပီး ၿပိဳင္ပြဲစုံ ၂၃၉ ပြဲမွာေတာ့ ၁၅၃ ဂိုး ရရွိထားခဲ့တာပါ။

၂၀၁၉-၂၀ ရာသီမွာ ပရီးမီးယားလိဂ္ဂိုး ၁၉ ဂိုးသာ ရရွိခဲ့လို႔ ၅ ရာသီဆက္တိုက္ သြင္းဂိုး ၂၀+ ရယူႏိုင္တဲ့ စံခ်ိန္နဲ႔ လြဲေခ်ာ္ခဲ့ရေပမယ့္ အသက္ ၂၉ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ လီဗာပူးလ္ရဲ႕ ကိတ္မုန႔္ခရင္မ္ေပၚက အသီးေလးျဖစ္ေနၿပီး ဘယ္ၿပိဳင္ဘက္အသင္းရဲ႕ ကစားသမားထက္မဆို သာလြန္တဲ့ အဆုံးသတ္စြမ္းရည္နဲ႔ အျမန္ႏႈန္းကိုလည္း ပိုင္ဆိုင္ထားျဖစ္ပါတယ္။

အသင္းနဲ႔ ဒီေႏြရာသီက်ရင္ တစ္ႏွစ္စာခ်ဳပ္သာ က်န္ရွိေတာ့မယ့္ ဆာလားရဲ႕ အေနအထားကေတာ့ တစ္ခ်ိန္က အာဆင္နယ္နဲ႔ အူဘာမီယန္းတို႔ ဆုံးျဖတ္ရခက္တဲ့ အေနအထားမ်ိဳးကို ေရာက္ရွိေနခဲ့ၿပီး အဲ့ဒီတုန္းက ဂါဘြန္သားကို လိုခ်င္တဲ့ စာခ်ဳပ္နဲ႔ လစာပမာဏကို ခြင့္ျပဳခဲ့ခ်ိန္မွာ ေျခစြမ္းက်ဆင္းၿပီး မလႈပ္မရႈပ္မျပဳတ္ျဖစ္သြားပုံမ်ိဳးကိုလည္း အန္းဖီးလ္တာဝန္ရွိသူေတြက ထိတ္လန႔္ေနၾကတာပါ။

ဆီနီေဂါနဲ႔ လီဗာပူးလ္တိုက္စစ္မႉးေဟာင္း ဒီေယာ့ဖ္ကေတာ့ ဆာလားအေနနဲ႔ ဒီအသင္းကို စြန႔္ခြာမယ္ဆိုရင္ ရီးရဲလ္မက္ဒရစ္ကိုပဲ ေရာက္ႏိုင္မွာျဖစ္ၿပီး အဲ့ဒီမွာလည္း သူ႔ရဲ႕ ဘဝကို တစ္က ျပန္စရႏိုင္တာျဖစ္လို႔ အန္းဖီးလ္ကို ေက်ာခိုင္းၿပီး မမိုက္မဲသင့္ဘူးလို႔ သုံးသပ္လိုက္ေပမယ့္ စာခ်ဳပ္သစ္မွာ အျမင့္မားဆုံး လစာေငြမ်ိဳးကို မရႏိုင္တာအတြက္ေတာ့ ေထာက္ျပေဝဖန္သြားခဲ့ပါတယ္။

“လီဗာပူးလ္ကေတာ့ ဆာလားေတာင္းသေလာက္ ေပးမွာ မဟုတ္ပါဘူး။ ဒါေပမယ့္ ကြၽန္ေတာ္ဆိုရင္ေတာ့ ဒီမွာပဲ ဆက္ေနဦးမွာပါ။ သင့္တင့္တဲ့ လုပ္ခမ်ိဳးရမယ္… ဆာဒီယို မာေနးလို အေကာင္းဆုံး အသင္းေဖာ္တစ္ေယာက္နဲ႔ ဆက္တြဲကစားရမယ္ဆိုရင္ သူတို႔ေတြ ဖလားေတြ အမ်ားႀကီး ထပ္ရႏိုင္မွာ ျဖစ္ပါတယ္။ သူ႔ရဲ႕ အသက္ ၂၉ ႏွစ္အ႐ြယ္မွာေတာ့ အန္းဖီးလ္အတြက္ ၄ ႏွစ္ေလာက္ ေကာင္းေကာင္းဆက္ကစားႏိုင္ဦးမွာေပါ့”

ဆာလားရဲ႕ တစ္ပတ္လုပ္ခ ေပါင္ငါးသိန္းေတာင္းထားတယ္လို႔ သတင္းထြက္ေနတဲ့အေပၚမွာေတာ့ “သူ႔အေနနဲ႔ သူဟာ အာဖရိကသားဆိုတာ သေဘာေပါက္ရမယ္ဗ်။ အသင္းအေနနဲ႔ သူ႔ကို ဥေရာပသားေတြလိုေတာ့ ဖူးဖူးမႈတ္ထားမယ္လို႔ မေမွ်ာ္လင့္ေလနဲ႔။ ကြၽန္ေတာ့္တုန္းကလည္း ဒီလိုပဲ… အဲ့ဒီတုန္းကဆို ကိုယ့္ႏိုင္ငံ လက္ေ႐ြးစင္အသင္းအတြက္ သြားကစားတာေတာင္ ႀကိဳက္တာ မဟုတ္ဘူး”လို႔ ဒီေယာ့ဖ္က အႀကံေပးသြားခဲ့ပါတယ္။

ဒီရာသီမွာလည္း ဆာလားအေနနဲ႔ လီဗာပူးလ္အသင္းအတြက္ တစ္သမတ္တည္းရွိတဲ့ ေျခစြမ္းကို ျပသေနၿပီး အသင္းရဲ႕ ဖလားေလးလုံး လမ္းေၾကာင္းမွာ အေကာင္းဆုံး ဦးေဆာင္ေပးေနသလို ၿပိဳင္ပြဲစုံ ၃၆ ပြဲ ကစားၿပီးခ်ိန္မွာ ၂၈ ဂိုးသြင္းယူထားႏိုင္သလို ဖန္တီးမႈမ်ားစြာလည္း ျပဳလုပ္ထားႏိုင္ခဲ့တာေၾကာင့္ ပရိသတ္ေတြၾကားမွာေတာ့ စာခ်ဳပ္သစ္ကို At Any Cost ဘယ္ေလာက္ျဖစ္ျဖစ္ ေပးသင့္တယ္လို႔ ဆိုေနခဲ့ၾကတာပါ။

ဒီေယာ့ဖ္ကေတာ့ သူတို႔ အာဖရိကသားေတြရဲ႕ အႏွိမ္ခံရမႈကို ေထာက္ျပလိုက္တာက ဆာလားရဲ႕ စာခ်ဳပ္အတြက္ အေပါင္းလကၡဏာေဆာင္မလား အႏုတ္လကၡဏာျပမလားေတာ့ ေစာင့္ၾကည့္ရမွာျဖစ္ၿပီး မခြဲျခားပါဘူးလို႔ ျပခ်င္လို႔ လီဗာပူးလ္ဘက္က လိုက္ေလ်ာႏိုင္သလို အီဂ်စ္သားဘက္ကပဲ ရတာနဲ႔ လက္ခံမလား၊ စပိန္ေျမကို ေျခခ်မလားေတာ့ စိတ္ဝင္စားစရာျဖစ္လာခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.