La Liga Premier League

ဗီလာရီးရဲလ္က ထြက္ခြာလာမယ့္ ကာဇိုလာနဲ႔ အာတီတာ ပူးေပါင္းႏုိင္မွာလား

အာဆင္နယ္အသင္းမွာ ကစားသမားဘဝမွာ လက္တြဲခဲ့ဖူးတဲ့ နည္းျပ မီခယ္လ္ အာတီတာရဲ႕ အဖြဲ႕အဝင္အျဖစ္ ျပန္လည္ပူးေပါင္းဖို႔ လာမယ့္ ရာသီမွာ အစီအစဥ္ရွိေနတယ္လို႔ သတင္းထြက္ခဲ့ဖူးတဲ့ ကြင္းလယ္လူ ဆန္တီ ကာဇုိလာအေနနဲ႔ ဗီလာရီးရဲလ္နဲ႔ ဒီရာသီကုန္မွာ လမ္းခြဲေတာ့မယ္လို႔ တရားဝင္သတင္းထုတ္ျပန္ခဲ့ပါတယ္။

ေျခဖေနာင့္ဒဏ္ရာေၾကာင့္ တစ္ႏွစ္ေက်ာ္ အနားယူခဲ့ရတဲ့ေနာက္ပုိင္း ျပန္လည္သက္သာလာခ်ိန္မွာေတာ့ နည္းျပသစ္ အူႏုိင္း အမ္မရီရဲ႕ လက္ထက္မွာ အာဆင္နယ္နဲ႔ လမ္းခြဲခဲ့တဲ့ စပိန္သားဟာ ဗီလာရီးရဲလ္မွာေတာ့ ႏွစ္ရာသီဆက္တုိက္ ေျခစြမ္းျပႏုိင္ခဲ့ၿပီး အသင္းရဲ႕ အဓိကကြင္းလယ္လူအျဖစ္ ႏုိင္ငံအသင္းနဲ႔ ယူ႐ို ၂၀၂၀ ကို ကစားဖို႔ ရည္ရြယ္ခဲ့ေပမယ့္ ကိုဗစ္-၁၉ ေၾကာင့္ ၿပဳိင္ပြဲဖ်က္သိမ္းတာနဲ႔ ႀကဳံေတြ႕ခဲ့ရပါတယ္။

ဒီရာသီမွာ ဗီလာရီးရဲလ္အသင္းရဲ႕ လာလီဂါအဆင့္ ၅ ေနရာ ရပ္တည္မွဳမွာ ၃၉ ပြဲကစား ၁၅ ဂိုးသြင္း၊ ၁၀ ဂိုး ဖန္တီးခဲ့တဲ့ ကာဇိုလာအေနနဲ႔ အသင္းကေန ထြက္ခြာခဲ့ရင္ အသင္းေဟာင္းရွိရာ ေျမာက္လန္ဒန္ကို ျပန္လည္ပူးေပါင္းဖို႔အတြက္ေတာ့ ခန္႔မွန္းေျခေတြမ်ားေနသလို ဘာစီလိုနာအသင္းေခါင္းေဆာင္ေဟာင္း ဇာဗီရဲ႕ ကာတာကလပ္ အယ္လ္ဆတ္ဒ္ကလည္း စိတ္ဝင္စားေနခဲ့ပါတယ္။

ဗီလာရီးရဲလ္မွာ ႏွစ္ရာသီဆက္တုိက္ေျခစြမ္းျပၿပီး စပိန္လက္ေရြးစင္အသင္းရဲ႕ ကြင္းလယ္တစ္ေနရာမွာ ျပန္လည္ေရြးခ်ယ္ခံခဲ့ရတဲ့ အသက္ ၃၅ ႏွစ္ရြယ္ ကြင္းလယ္လူအေနနဲ႔ေတာ့ အဝါေရာင္ ေရငုပ္သေဘၤာေတြဆီကေန ထြက္ခြာရင္ ယူ႐ို ၂၀၂၁ အတြက္ ေရြးခ်ယ္ခံရဖို႔ေတာ့ အခြင့္အလမ္း နည္းသြားမွာျဖစ္ၿပီး သူ႕အေနနဲ႔ အာဆင္နယ္မွာ ဘယ္အခန္းက႑က ပါဝင္ႏုိင္မလဲ စဥ္းစားရမွာျဖစ္သလို လာလီဂါအသင္းတစ္သင္းကို ေျပာင္းလဲေရြးခ်ယ္မလားေတာ့ ေစာင့္ၾကည့္သြားရမွာပါ။

တကယ္လို႔ စပိန္လက္ေရြးစင္အျဖစ္ ယူ႐ို ၂၀၂၁ မွာ ကစားဖို႔ ေမွ်ာ္လင့္ခ်က္ကို စြန္႔လႊတ္လိုက္ၿပီဆုိရင္ေတာ့ အာဆင္နယ္အသင္းကိုပဲ နည္းျပအဖြဲ႕ဝင္၊ ဒါမွမဟုတ္ ကစားသမားနည္းျပအျဖစ္ ပူးေပါင္းႏုိင္ေျခမ်ားၿပီး ကာဇိုလာအေနနဲ႔ အသင္းေဖာ္ေဟာင္း အာတီတာရဲ႕ ကမ္းလွမ္းတဲ့ လက္ကို ဆုပ္ကိုင္သြားမလား ေစာင့္ၾကည့္ရဖို႔ ေဖာ္ျပလုိက္ပါတယ္။

REF: METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းမှာ ကစားသမားဘဝမှာ လက်တွဲခဲ့ဖူးတဲ့ နည်းပြ မီခယ်လ် အာတီတာရဲ့ အဖွဲ့အဝင်အဖြစ် ပြန်လည်ပူးပေါင်းဖို့ လာမယ့် ရာသီမှာ အစီအစဉ်ရှိနေတယ်လို့ သတင်းထွက်ခဲ့ဖူးတဲ့ ကွင်းလယ်လူ ဆန်တီ ကာဇိုလာအနေနဲ့ ဗီလာရီးရဲလ်နဲ့ ဒီရာသီကုန်မှာ လမ်းခွဲတော့မယ်လို့ တရားဝင်သတင်းထုတ်ပြန်ခဲ့ပါတယ်။

ခြေဖနောင့်ဒဏ်ရာကြောင့် တစ်နှစ်ကျော် အနားယူခဲ့ရတဲ့နောက်ပိုင်း ပြန်လည်သက်သာလာချိန်မှာတော့ နည်းပြသစ် အူနိုင်း အမ်မရီရဲ့ လက်ထက်မှာ အာဆင်နယ်နဲ့ လမ်းခွဲခဲ့တဲ့ စပိန်သားဟာ ဗီလာရီးရဲလ်မှာတော့ နှစ်ရာသီဆက်တိုက် ခြေစွမ်းပြနိုင်ခဲ့ပြီး အသင်းရဲ့ အဓိကကွင်းလယ်လူအဖြစ် နိုင်ငံအသင်းနဲ့ ယူရို ၂၀၂၀ ကို ကစားဖို့ ရည်ရွယ်ခဲ့ပေမယ့် ကိုဗစ်-၁၉ ကြောင့် ပြိုင်ပွဲဖျက်သိမ်းတာနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

ဒီရာသီမှာ ဗီလာရီးရဲလ်အသင်းရဲ့ လာလီဂါအဆင့် ၅ နေရာ ရပ်တည်မှုမှာ ၃၉ ပွဲကစား ၁၅ ဂိုးသွင်း၊ ၁၀ ဂိုး ဖန်တီးခဲ့တဲ့ ကာဇိုလာအနေနဲ့ အသင်းကနေ ထွက်ခွာခဲ့ရင် အသင်းဟောင်းရှိရာ မြောက်လန်ဒန်ကို ပြန်လည်ပူးပေါင်းဖို့အတွက်တော့ ခန့်မှန်းခြေတွေများနေသလို ဘာစီလိုနာအသင်းခေါင်းဆောင်ဟောင်း ဇာဗီရဲ့ ကာတာကလပ် အယ်လ်ဆတ်ဒ်ကလည်း စိတ်ဝင်စားနေခဲ့ပါတယ်။

ဗီလာရီးရဲလ်မှာ နှစ်ရာသီဆက်တိုက်ခြေစွမ်းပြပြီး စပိန်လက်ရွေးစင်အသင်းရဲ့ ကွင်းလယ်တစ်နေရာမှာ ပြန်လည်ရွေးချယ်ခံခဲ့ရတဲ့ အသက် ၃၅ နှစ်ရွယ် ကွင်းလယ်လူအနေနဲ့တော့ အဝါရောင် ရေငုပ်သင်္ဘောတွေဆီကနေ ထွက်ခွာရင် ယူရို ၂၀၂၁ အတွက် ရွေးချယ်ခံရဖို့တော့ အခွင့်အလမ်း နည်းသွားမှာဖြစ်ပြီး သူ့အနေနဲ့ အာဆင်နယ်မှာ ဘယ်အခန်းကဏ္ဍက ပါဝင်နိုင်မလဲ စဉ်းစားရမှာဖြစ်သလို လာလီဂါအသင်းတစ်သင်းကို ပြောင်းလဲရွေးချယ်မလားတော့ စောင့်ကြည့်သွားရမှာပါ။

တကယ်လို့ စပိန်လက်ရွေးစင်အဖြစ် ယူရို ၂၀၂၁ မှာ ကစားဖို့ မျှော်လင့်ချက်ကို စွန့်လွှတ်လိုက်ပြီဆိုရင်တော့ အာဆင်နယ်အသင်းကိုပဲ နည်းပြအဖွဲ့ဝင်၊ ဒါမှမဟုတ် ကစားသမားနည်းပြအဖြစ် ပူးပေါင်းနိုင်ခြေများပြီး ကာဇိုလာအနေနဲ့ အသင်းဖော်ဟောင်း အာတီတာရဲ့ ကမ်းလှမ်းတဲ့ လက်ကို ဆုပ်ကိုင်သွားမလား စောင့်ကြည့်ရဖို့ ဖော်ပြလိုက်ပါတယ်။

REF: METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.