Premier League

၂၀.၇.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ ဒုတိယဝါဆိုလဆန္း ၁ ရက္၊ တနလၤာေန႔။

၂၀.၇.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ ဒုတိယဝါဆိုလဆန္း ၁ ရက္၊ တနလၤာေန႔၊ နဂါးေပၚ၊ မဟာရက္ၾကမ္း။

တစ္ေန႔တာ တိထီႏွင့္ ယုဂ္။
တစ္ေန႔လုံးႏွင့္ ညသန္းေခါင္ေက်ာ္ ၁၂:၀၂ အထိ တိထီ ၁၅ လုံး။ ေက်ာ္လွ်င္ ၁ လုံး။ ၁ လုံးတြင္ အၿမိတၱယုဂ္၊ ထာဝရ ရွင္သန္ေအာင္ျမင္ေစလိုေသာ အလုပ္မ်ား လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ နကၡတ္ႏွင့္ ယုဂ္။
ည ၂၂:၁၉ အထိ ပုဏၰဖုသွ်ဳနကၡတ္။ ေက်ာ္လွ်င္ ဖုသွ်နကၡတ္။ ည ၂၀:၅၀ အထိ ဟႆဏယုဂ္၊ အလြန္စိတ္လွဳပ္ရွားရျခင္း၊ ဝမ္းေျမာက္ေပ်ာ္ရႊင္ျခင္း၊ ပညာႏွင့္ ျပည့္စုံျခင္း၊ မိမိအတြက္ ေကာင္းေသာအရာမ်ားအတြက္ အံ့ၾသဝမ္းသာ ရင္ခုန္ရလိမ့္မည္။ ေက်ာ္လွ်င္ ဝဇီရယုဂ္၊ စိန္ကဲ့သို႔ မာေက်ာတန္ဖိုးရွိျခင္း၊ မိုးႀကဳိးကဲ့သို႔ ဖ်က္အားျပင္းထန္ျခင္း၊ ေရွ႕တုိး၍ မိ္မိအင္အားျဖင့္ ထိုးေဖာက္ေဆာင္ရြက္ရန္ကိစၥမ်ား လုပ္ေဆာင္ရန္ေကာင္း၊ ညႇိႏွဳိင္းေဆာင္ရြက္ျခင္းမ်ား ျပဳလုပ္ရန္ မသင့္ေတာ္ပါ။

တစ္ေန႔တာ က႐ိုဏ္း။
မြန္းလြဲ ၁၂:၄၀ အထိ စတုပၸါဒက႐ိုဏ္း၊ အႀကီးအကဲ၊ ဘိုးဘြား၊ သူေတာ္စင္မ်ားႏွင့္ သက္ဆိုင္သည့္ တစ္လတြင္ တစ္ခါသာရွိသည့္ က႐ိုဏ္းျဖစ္သည္။ အေလးအျမတ္ျပဳ ပူေဇာ္ပါ။ အႀကံဉာဏ္၊ အဆုံးအမအား ခံယူပါ။ ညသန္းေခါင္ေက်ာ္ ၁၂:၄၀ အထိ နာဂဝက႐ိုဏ္း၊ ရက္စက္ၾကမ္းၾကဳတ္ေသာ အလိုဆႏၵရွိျခင္း၊ စိတ္ေကာင္းမရွိျခင္း၊ အႏၲရာယ္မ်ားျခင္း၊ မတည္ၿငိမ္ျခင္းစသည့္ ထိန္းခ်ဳပ္ထားသင့္သည့္ ဆႏၵမ်ား ေပၚထြက္လာတတ္၍ သူေတာ္ေကာင္းတရားႏွင့္ ဆင္ျခင္ပါေလ။ ေက်ာ္လွ်င္ ကိတုဃနက႐ိုဏ္း၊ ေပ်ာ္ရႊင္ျခင္း၊ ထိမ္းျမားျခင္း၊ အခမ္းအနားေဆာင္ရြက္ရျခင္း၊ အနစ္နာခံရျခင္း၊ စိတ္ေကာင္းထား၍ ေပ်ာ္ရႊင္ႏုိင္မည့္သူမ်ားအား ကူညီျခင္းျဖင့္ မိမိအေပၚ သူတပါး၏ အေလးထားမွဳအား ရယူပါ။

တစ္ေန႔တာ ကံေကာင္းရာအရပ္ႏွင့္ ေဆာင္ရန္ အေရာင္။
တစ္ေန႔လုံးႏွင့္ ညသန္းေခါင္ေက်ာ္ ၁၂:၀၂ အထိ ေတာင္ႏွင့္ အေရွ႕၊ အနက္ေရာင္။ ေက်ာ္လွ်င္ အေနာက္ႏွင့္ ေတာင္၊ အနီေရာင္။

ဉာဏ္ႏွင့္ယွဥ္၍ ေအာင္ျမင္ မဂၤလာရွိၾကေစ။

ထူးဧဝ (သင္၏ မဂၤလာရွိေသာ အတိုင္ပင္ခံ)

UNICODE: ၂၀.၇.၂၀၂၀၊ ၁၃၈၂ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း ၁ ရက်၊ တနင်္လာနေ့၊ နဂါးပေါ်၊ မဟာရက်ကြမ်း။

တစ်နေ့တာ တိထီနှင့် ယုဂ်။
တစ်နေ့လုံးနှင့် ညသန်းခေါင်ကျော် ၁၂:၀၂ အထိ တိထီ ၁၅ လုံး။ ကျော်လျှင် ၁ လုံး။ ၁ လုံးတွင် အမြိတ္တယုဂ်၊ ထာဝရ ရှင်သန်အောင်မြင်စေလိုသော အလုပ်များ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ နက္ခတ်နှင့် ယုဂ်။
ည ၂၂:၁၉ အထိ ပုဏ္ဏဖုသျှုနက္ခတ်။ ကျော်လျှင် ဖုသျှနက္ခတ်။ ည ၂၀:၅၀ အထိ ဟဿဏယုဂ်၊ အလွန်စိတ်လှုပ်ရှားရခြင်း၊ ဝမ်းမြောက်ပျော်ရွှင်ခြင်း၊ ပညာနှင့် ပြည့်စုံခြင်း၊ မိမိအတွက် ကောင်းသောအရာများအတွက် အံ့သြဝမ်းသာ ရင်ခုန်ရလိမ့်မည်။ ကျော်လျှင် ဝဇီရယုဂ်၊ စိန်ကဲ့သို့ မာကျောတန်ဖိုးရှိခြင်း၊ မိုးကြိုးကဲ့သို့ ဖျက်အားပြင်းထန်ခြင်း၊ ရှေ့တိုး၍ မိမိအင်အားဖြင့် ထိုးဖောက်ဆောင်ရွက်ရန်ကိစ္စများ လုပ်ဆောင်ရန်ကောင်း၊ ညှိနှိုင်းဆောင်ရွက်ခြင်းများ ပြုလုပ်ရန် မသင့်တော်ပါ။

တစ်နေ့တာ ကရိုဏ်း။
မွန်းလွဲ ၁၂:၄၀ အထိ စတုပ္ပါဒကရိုဏ်း၊ အကြီးအကဲ၊ ဘိုးဘွား၊ သူတော်စင်များနှင့် သက်ဆိုင်သည့် တစ်လတွင် တစ်ခါသာရှိသည့် ကရိုဏ်းဖြစ်သည်။ အလေးအမြတ်ပြု ပူဇော်ပါ။ အကြံဉာဏ်၊ အဆုံးအမအား ခံယူပါ။ ညသန်းခေါင်ကျော် ၁၂:၄၀ အထိ နာဂဝကရိုဏ်း၊ ရက်စက်ကြမ်းကြုတ်သော အလိုဆန္ဒရှိခြင်း၊ စိတ်ကောင်းမရှိခြင်း၊ အန္တရာယ်များခြင်း၊ မတည်ငြိမ်ခြင်းစသည့် ထိန်းချုပ်ထားသင့်သည့် ဆန္ဒများ ပေါ်ထွက်လာတတ်၍ သူတော်ကောင်းတရားနှင့် ဆင်ခြင်ပါလေ။ ကျော်လျှင် ကိတုဃနကရိုဏ်း၊ ပျော်ရွှင်ခြင်း၊ ထိမ်းမြားခြင်း၊ အခမ်းအနားဆောင်ရွက်ရခြင်း၊ အနစ်နာခံရခြင်း၊ စိတ်ကောင်းထား၍ ပျော်ရွှင်နိုင်မည့်သူများအား ကူညီခြင်းဖြင့် မိမိအပေါ် သူတပါး၏ အလေးထားမှုအား ရယူပါ။

တစ်နေ့တာ ကံကောင်းရာအရပ်နှင့် ဆောင်ရန် အရောင်။
တစ်နေ့လုံးနှင့် ညသန်းခေါင်ကျော် ၁၂:၀၂ အထိ တောင်နှင့် အရှေ့၊ အနက်ရောင်။ ကျော်လျှင် အနောက်နှင့် တောင်၊ အနီရောင်။

ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။

ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)