Bundesliga Premier League Transfer News

ပစ္မွတ္သစ္ ရွာေဖြေနတဲ့ ယူႏိုက္တက္ဆီ ေျပာင္းေရႊ႕ဖို႔ ေဒါ့မြန္ကို ဆန္ခ်ဳိ တြန္းအားေပးဖြယ္ရွိ

မန္ခ်က္စတာယူႏုိက္တက္အေနနဲ႔ ေဒါ့မြန္ဘက္က သတ္မွတ္လုိက္တဲ့ ယူ႐ိုသန္း ၁၂၀ ေဈးႏွဳန္းကို လက္မခံႏုိင္လုိ႔ ေနာက္ဆုတ္သြားခဲ့အၿပီးမွာ ေဂ်ဒန္ ဆန္ခ်ဳိအေနနဲ႔ ပုဂၢဳိလ္ေရးအရ သေဘာတူထားၿပီးျဖစ္တဲ့ အသင္းဆီ ေျပာင္းေရႊ႕ႏုိင္ဖို႔ လက္ရွိအသင္းကို တြန္းအားေပးသြားဖြယ္ ရွိေနပါတယ္။

ကိုဗစ္-၁၉ ရဲ႕ ႐ိုက္ခတ္မွဳေအာက္မွာ ေပါင္သန္းရာေက်ာ္ တန္ေၾကးေတြဟာလည္း လက္ရွိဘဏၰာေရးအေျခအေနေတြအရ မျဖစ္ႏုိင္တဲ့ ေတာင္းဆုိမွဳေတြလို႔ အားလုံးက တစ္ညီတစ္ညြတ္တည္း လက္ခံထားၾကခ်ိန္မွာ ေဒါ့မြန္ကေတာ့ သူတုိ႔ကစားသမားကို လက္မလႊတ္လိုတာနဲ႔အညီ ေဈးေတာင္းၾကမ္းထားတာလည္းျဖစ္ပါတယ္။

မန္ခ်က္စတာယူႏုိက္တက္ပရိသတ္ေတြနဲ႔ ကစားသမားေဟာင္းေတြကေတာ့ ဆန္ခ်ဳိကို ေခၚယူဖို႔ အသင္းက ထုတ္ေဖာ္ေျပာၾကားထားတဲ့ ေပါင္သန္း ၅၀ ဆုိတဲ့ ပမာဏထက္ ပုိေပးဖို႔ ဝိုင္းဝန္းေတာင္းဆုိထားခဲ့ၾကေပမယ့္ အမွဳေဆာင္ ဒုဥကၠဌ အက္ဒ္ ဝုဒ္ဝဒ္နဲ႔ တာဝန္ရွိသူေတြကေတာ့ ေအာက္က်ခံ ေဆြးေႏြးဖို႔ထက္ ပစ္မွတ္သစ္ကိုပဲ ရွာေဖြေနခဲ့တာျဖစ္ပါတယ္။

ေနာက္ဆုံးသတင္းေတြအရေတာ့ ယူႏုိက္တက္အေနနဲ႔ တန္းဆင္းဇုန္မွာ ႐ုန္းကန္ေနရတဲ့ ဝတ္ဖို႔ဒ္အသင္းကို ၿပီးခဲ့တဲ့ ေႏြရာသီက ေရာက္ရွိလာခဲ့တဲ့ ဆီနီေဂါ ေတာင္ပံကစားသမား အစၥမိုင္လာ ဆားရ္ကို ေခၚယူဖို႔ ေစာင့္ၾကည့္ေနတယ္လုိ႔ သတင္းထြက္ေပၚလာခဲ့ၿပီး ဝယ္ေဈး ေပါင္ ၂၅ သန္းေက်ာ္ က်သင့္ခဲ့တဲ့ သူ႕ကို အသင္းရဲ႕ ဘတ္ဂ်က္ ေပါင္သန္း ၅၀ ေလာက္နဲ႔ ေခၚယူႏုိင္ဖို႔ ေမွ်ာ္လင့္တယ္လုိ႔လည္း ဆုိပါတယ္။

ပရိသတ္ေတြအေနနဲ႔ေတာ့ အဂၤလန္လက္ေရြးစင္ေတာင္ပံကစားသမား ဆန္ခ်ဳိကိုပဲ နံပါတ္ ၇ အက်ႌနဲ႔အတူ လာမယ့္ရာသီမွာ ျမင္ခ်င္ၾကမွာျဖစ္ၿပီး ဒီအတြက္ေတာ့ အသက္ ၂၀ အရြယ္ ကစားသမားအေနနဲ႔ ေဒါ့မြန္အသင္းကေန ေဈးႏွဳန္းေလ်ာ့ခ်ေပးဖို႔ ကိုယ္တုိင္ပါဝင္ေဆာင္ရြက္ေပးႏုိင္မလားဆုိတာကို ေစာင့္ၾကည့္ရမွာလည္းျဖစ္ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အနေနဲ့ ဒေါ့မွန်ဘက်က သတ်မှတ်လိုက်တဲ့ ယူရိုသန်း ၁၂၀ ဈေးနှုန်းကို လက်မခံနိုင်လို့ နောက်ဆုတ်သွားခဲ့အပြီးမှာ ဂျေဒန် ဆန်ချိုအနေနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူထားပြီးဖြစ်တဲ့ အသင်းဆီ ပြောင်းရွှေ့နိုင်ဖို့ လက်ရှိအသင်းကို တွန်းအားပေးသွားဖွယ် ရှိနေပါတယ်။

ကိုဗစ်-၁၉ ရဲ့ ရိုက်ခတ်မှုအောက်မှာ ပေါင်သန်းရာကျော် တန်ကြေးတွေဟာလည်း လက်ရှိဘဏ္ဏာရေးအခြေအနေတွေအရ မဖြစ်နိုင်တဲ့ တောင်းဆိုမှုတွေလို့ အားလုံးက တစ်ညီတစ်ညွတ်တည်း လက်ခံထားကြချိန်မှာ ဒေါ့မွန်ကတော့ သူတို့ကစားသမားကို လက်မလွှတ်လိုတာနဲ့အညီ ဈေးတောင်းကြမ်းထားတာလည်းဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ပရိသတ်တွေနဲ့ ကစားသမားဟောင်းတွေကတော့ ဆန်ချိုကို ခေါ်ယူဖို့ အသင်းက ထုတ်ဖော်ပြောကြားထားတဲ့ ပေါင်သန်း ၅၀ ဆိုတဲ့ ပမာဏထက် ပိုပေးဖို့ ဝိုင်းဝန်းတောင်းဆိုထားခဲ့ကြပေမယ့် အမှုဆောင် ဒုဥက္ကဌ အက်ဒ် ဝုဒ်ဝဒ်နဲ့ တာဝန်ရှိသူတွေကတော့ အောက်ကျခံ ဆွေးနွေးဖို့ထက် ပစ်မှတ်သစ်ကိုပဲ ရှာဖွေနေခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးသတင်းတွေအရတော့ ယူနိုက်တက်အနေနဲ့ တန်းဆင်းဇုန်မှာ ရုန်းကန်နေရတဲ့ ဝတ်ဖို့ဒ်အသင်းကို ပြီးခဲ့တဲ့ နွေရာသီက ရောက်ရှိလာခဲ့တဲ့ ဆီနီဂေါ တောင်ပံကစားသမား အစ္စမိုင်လာ ဆားရ်ကို ခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပြီး ဝယ်ဈေး ပေါင် ၂၅ သန်းကျော် ကျသင့်ခဲ့တဲ့ သူ့ကို အသင်းရဲ့ ဘတ်ဂျက် ပေါင်သန်း ၅၀ လောက်နဲ့ ခေါ်ယူနိုင်ဖို့ မျှော်လင့်တယ်လို့လည်း ဆိုပါတယ်။

ပရိသတ်တွေအနေနဲ့တော့ အင်္ဂလန်လက်ရွေးစင်တောင်ပံကစားသမား ဆန်ချိုကိုပဲ နံပါတ် ၇ အင်္ကျီနဲ့အတူ လာမယ့်ရာသီမှာ မြင်ချင်ကြမှာဖြစ်ပြီး ဒီအတွက်တော့ အသက် ၂၀ အရွယ် ကစားသမားအနေနဲ့ ဒေါ့မွန်အသင်းကနေ ဈေးနှုန်းလျော့ချပေးဖို့ ကိုယ်တိုင်ပါဝင်ဆောင်ရွက်ပေးနိုင်မလားဆိုတာကို စောင့်ကြည့်ရမှာလည်းဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.