Match Report Premier League

အာဆင္နယ္ကို ေဘာလုံးပုိင္ဆုိင္မွဳကလြဲလုိ႔ အသာစီးမယူႏုိင္ဘဲ မန္စီးတီးတုိ႔ ဆီမီးကထြက္

အာဆင္နယ္နဲ႔ မန္ခ်က္စတာစီးတီးတုိ႔ရဲ႕ ေနာက္ဆုံးယွဥ္ၿပဳိင္မွဳနဲ႔ ေတြ႕ဆုံမွဳေတြမွာ တစ္သင္းက ႏွစ္ဂိုး၊ တစ္သင္းက ဂိုး ၂၀ ဆုိေတာ့ ပရိသတ္အမ်ားစုက ဒီေန႔ပြဲမွာ အႏုိင္ယူေနက် မန္စီးတီးတုိ႔ပဲ ဗိုလ္လုပြဲကို တက္ေရာက္သြားမယ္လုိ႔ ထင္ခဲ့ၾကေပမယ့္ အရင္ပြဲေတြကနဲ႔ မတူတဲ့ အာတီတာရဲ႕ လူထုတ္ပုံက ဆရာေဟာင္း ဂြါဒီယိုလာကို ေက်ာ္ျဖတ္သြားႏုိင္ခဲ့ပါတယ္။

ဒီေန႔ပြဲမွာ မန္စီးတီးရဲ႕ အားသာတဲ့ ေတာင္ပံတုိက္စစ္ေတြနဲ႔ Half Space ေတြကို ပိတ္ဆို႔ဖို႔ အာတီတာက အဓိက စီစဥ္ခဲ့ေပမယ့္ ဂြါဒီယိုလာကေတာ့ ဒီလိုမ်ဳိး ပိတ္ဆုိ႔ခံရခ်ိန္မွာ အေျပာင္းအလဲမလုပ္ႏုိင္ခဲ့တာကို ေတြ႕ခဲ့ရၿပီး ထူးထူးျခားျခားတည္ၿငိမ္ေနတဲ့ ေဒးဗစ္ လူးဝစ္ဇ္နဲ႔ မူစတာဖီ၊ လ်င္ျမန္မွဳနဲ႔ အာ႐ုံစူးစိုက္မွဳေကာင္းတဲ့ တီယာနီတုိ႔ကေတာ့ ဒီပြဲနဲ႔ အာဆင္နယ္တုိ႔ရဲ႕ အသက္ ျဖစ္ခဲ့ပါတယ္။

ပြဲခ်ိန္္ ၁၆ မိနစ္မွာ အာဆင္နယ္တုိ႔ မထင္မွတ္ဘဲ အခြင့္အေရး ရခဲ့ေပမယ့္ အူဘာမီယန္းက ဂိုးသမား အီဒါဆန္ရဲ႕ တည့္တည့္ကို ကန္ခဲ့မိလို႔ တစ္ဂိုးနစ္နာခဲ့ရၿပီး ပြဲခ်ိန္ ၁၉ မိနစ္မွာေတာ့ ေပေပရဲ႕ တိက်တဲ့ ျဖတ္တင္ေဘာကို အူဘာမီယန္းကပဲ မန္စီးတီးေနာက္ခံလူ ေဝၚလ္ကာရဲ႕ ေနာက္ကေန ေျပးဝင္ၿပီး ေထာင့္က်ဥ္းအေနအထားက ပိတ္သြင္းၿပီး ဦးေဆာင္ဂိုး ရယူသြားႏုိင္ခဲ့ပါတယ္။

မန္စီးတုိ႔ကေတာ့ ဘယ္ျခမ္းမွာ စတာလင္နဲ႔ ေဒးဗစ္ ေဆးလ္ဗား၊ ညာျခမ္းမွာ မာရက္ဇ္နဲ႔ ဒီဘ႐ိုင္းနားတုိ႔ကို သုံးၿပီး ဖိအားေပးခဲ့ေပမယ့္ အမွားအယြင္းနည္းတဲ့ အာဆင္နယ္ေနာက္တန္းနဲ႔ ဂိုးသမား မာတီနက္ဇ္တုိ႔ ဆုံးျဖတ္ခ်က္နဲ႔ ရွင္းထုတ္မွဳေတြက မလိုအပ္ဘဲ အပိုေတြ မလုပ္တဲ့ No Nonsense ပုံစံနဲ႔ ကစားႏုိင္ခဲ့လုိ႔ လက္ရွိခ်န္ပီယံတုိ႔ ထိုးေဖာက္ဖို႔ ခက္ခဲ့တာပါ။

အာဆင္နယ္တုိ႔ ပထမပုိင္းမွာ ဂိုးေပါက္သုံးႀကိမ္ကန္သြင္းရာမွာ သုံးႀကိမ္တည့္ခဲ့ၿပီး မန္စီးတီးတုိ႔ကေတာ့ ေဘာလုံးပုိင္ဆုိင္မွဳ ၇၀ ရာႏွဳန္းေလာက္နဲ႔ ကစားႏုိင္ခဲ့ေပမယ့္ အပုိင္အခြင့္အေရး ဖန္တီးမွဳပုိင္းမွာ မထိေရာက္ခဲ့လို႔ ၄၅ မိနစ္အၿပီးမွာ လန္ဒန္သားေတြ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ပါတယ္။

ဒုတိယပုိင္းမွာ မန္စီးတီးတုိ႔ တုိက္စစ္ပုိျမႇင့္လာခဲ့ၿပီး အာဆင္နယ္တုိ႔ကေတာ့ ခံစစ္သက္သက္နဲ႔ တန္ျပန္တုိက္စစ္သက္သက္ ျဖစ္သြားခဲ့သလို ဘယ္လာရင္နဲ႔ မိတ္လန္းႏုိင္းလ္စ္တုိ႔ရဲ႕ ေတာင္ပံေတြက ေရွ႕ကို မတက္ေတာ့ဘဲ ကာကြယ္ေနခဲ့သလို ညာျခမ္းမွာ မိတ္လန္းႏုိင္းလ္စ္ရဲ႕ ပိတ္ဆို႔မွဳကို မာရက္ဇ္ ထိုးေဖာက္ဖို႔ ခက္ေနခဲ့တာေၾကာင့္ သူ႕ဘက္က ေဒးဗစ္ ေဆးလ္ဗားနဲ႔ မာရက္ဇ္တို႔ တစ္လုံးစီပဲ ကန္ခြင့္ရခဲ့တာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ ၆၃ မိနစ္မွာ စတာလင္ကို မူစတာဖီ ဖ်က္ထုတ္ရင္း လဲက်သြားခဲ့တာကို မန္စီးတီးတို႔ ပင္နယ္တီ အခြင့္အေရးေတာင္းဆိုဖို႔ ႀကဳိးစားခဲ့ေသးေပမယ့္ ဒိုင္လူႀကီး ဂၽြန္ေမာ့စ္က VAR ကို ျပန္ၾကည့္ၿပီးမွ အာဆင္နယ္ေနာက္ခံလူ မူစတာဖီဟာ ေဘာလုံးကိုပဲ ထိခဲ့တာျဖစ္တယ္လို႔ ေထာင့္ကန္ေဘာပဲ သတ္မွတ္ေပးခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၇၀ မွာေတာ့ တန္ျပန္တုိက္စစ္ကေန ေပေပ ေဘာလုံးရသြားၿပီး ေနာက္ျပန္ေပးတာကို တီယာနီက ေျပးတက္သြားတဲ့ အူဘာမီယန္းဆီကို မန္စီးတီးေနာက္တန္းကို ေက်ာ္ၿပီး ခ်ေပးရာမွာ လူကၽြံေထာင္ေခ်ာက္က မဖမ္းႏုိင္ခဲ့ဘဲ လြတ္သြားခဲ့ၿပီး ဒါကို အူဘာမီယန္းက ဂိုးသမား အီဒါဆန္ရဲ႕ ေပါင္ၾကားထဲကေန ဒုတိယအႏုိင္ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

ဒီေနာက္ပုိင္းမွာေတာ့ အာဆင္နယ္တုိ႔ ခံစစ္သန္ကစားသမားေတြကို ထည့္သြင္းၿပီး ပိတ္ဆုိ႔ကစားသြားခဲ့လို႔ မန္စီးတီးတုိ႔ ဂိုးဧရိယာအျပင္က လွမ္းကန္ရတာက မ်ားခဲ့သလို နာက်င္အခ်ိန္ပို ၇ မိနစ္ကို ျဖတ္သန္းအၿပီးမွာေတာ့ အက္ဖ္ေအဖလားရဲ႕ အေအာင္ျမင္ဆုံး ေျမာက္လန္ဒန္သားေတြ အေနနဲ႔ ဖိုင္နယ္ကို တက္ေရာက္သြားႏုိင္ခဲ့ပါတယ္။

ဒီေန႔ပြဲမွာ မန္စီးတီးတုိ႔အေနနဲ႔ အာဆင္နယ္အသင္းကို ေဘာလုံးပုိင္ဆုိင္မွဳ ၇၀-၃၀ ရာခိုင္ႏွဳန္းနဲ႔ ဖိကစားႏုိင္ခဲ့တာကလြဲလုိ႔ ဂိုးေပါက္ကန္သြင္းမွဳ မွာလည္း အသာမရခဲ့ဘဲ ၁၂ ႀကိမ္ကန္ ၄ ႀကိမ္တည့္နဲ႔ ၅ ႀကိမ္မွာ ၅ ႀကိမ္စလုံး တည့္ခဲ့တဲ့ တစ္ဖက္အသင္းကို ေျခစြမ္းအရ သာလြန္ခဲ့ေပမယ့္လည္း ဗ်ဴဟာပုိင္းအရ အလုပ္မျဖစ္ခဲ့လို႔ လက္ရွိခ်န္ပီယံဆုကို မကာကြယ္ႏိုင္ခဲ့ဘဲ ၿပဳိင္ပြဲက ထြက္ခြာခဲ့ရၿပီျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်နဲ့ မန်ချက်စတာစီးတီးတို့ရဲ့ နောက်ဆုံးယှဉ်ပြိုင်မှုနဲ့ တွေ့ဆုံမှုတွေမှာ တစ်သင်းက နှစ်ဂိုး၊ တစ်သင်းက ဂိုး ၂၀ ဆိုတော့ ပရိသတ်အများစုက ဒီနေ့ပွဲမှာ အနိုင်ယူနေကျ မန်စီးတီးတို့ပဲ ဗိုလ်လုပွဲကို တက်ရောက်သွားမယ်လို့ ထင်ခဲ့ကြပေမယ့် အရင်ပွဲတွေကနဲ့ မတူတဲ့ အာတီတာရဲ့ လူထုတ်ပုံက ဆရာဟောင်း ဂွါဒီယိုလာကို ကျော်ဖြတ်သွားနိုင်ခဲ့ပါတယ်။

ဒီနေ့ပွဲမှာ မန်စီးတီးရဲ့ အားသာတဲ့ တောင်ပံတိုက်စစ်တွေနဲ့ Half Space တွေကို ပိတ်ဆို့ဖို့ အာတီတာက အဓိက စီစဉ်ခဲ့ပေမယ့် ဂွါဒီယိုလာကတော့ ဒီလိုမျိုး ပိတ်ဆို့ခံရချိန်မှာ အပြောင်းအလဲမလုပ်နိုင်ခဲ့တာကို တွေ့ခဲ့ရပြီး ထူးထူးခြားခြားတည်ငြိမ်နေတဲ့ ဒေးဗစ် လူးဝစ်ဇ်နဲ့ မူစတာဖီ၊ လျင်မြန်မှုနဲ့ အာရုံစူးစိုက်မှုကောင်းတဲ့ တီယာနီတို့ကတော့ ဒီပွဲနဲ့ အာဆင်နယ်တို့ရဲ့ အသက် ဖြစ်ခဲ့ပါတယ်။

ပွဲချိန် ၁၆ မိနစ်မှာ အာဆင်နယ်တို့ မထင်မှတ်ဘဲ အခွင့်အရေး ရခဲ့ပေမယ့် အူဘာမီယန်းက ဂိုးသမား အီဒါဆန်ရဲ့ တည့်တည့်ကို ကန်ခဲ့မိလို့ တစ်ဂိုးနစ်နာခဲ့ရပြီး ပွဲချိန် ၁၉ မိနစ်မှာတော့ ပေပေရဲ့ တိကျတဲ့ ဖြတ်တင်ဘောကို အူဘာမီယန်းကပဲ မန်စီးတီးနောက်ခံလူ ဝေါ်လ်ကာရဲ့ နောက်ကနေ ပြေးဝင်ပြီး ထောင့်ကျဉ်းအနေအထားက ပိတ်သွင်းပြီး ဦးဆောင်ဂိုး ရယူသွားနိုင်ခဲ့ပါတယ်။

မန်စီးတို့ကတော့ ဘယ်ခြမ်းမှာ စတာလင်နဲ့ ဒေးဗစ် ဆေးလ်ဗား၊ ညာခြမ်းမှာ မာရက်ဇ်နဲ့ ဒီဘရိုင်းနားတို့ကို သုံးပြီး ဖိအားပေးခဲ့ပေမယ့် အမှားအယွင်းနည်းတဲ့ အာဆင်နယ်နောက်တန်းနဲ့ ဂိုးသမား မာတီနက်ဇ်တို့ ဆုံးဖြတ်ချက်နဲ့ ရှင်းထုတ်မှုတွေက မလိုအပ်ဘဲ အပိုတွေ မလုပ်တဲ့ No Nonsense ပုံစံနဲ့ ကစားနိုင်ခဲ့လို့ လက်ရှိချန်ပီယံတို့ ထိုးဖောက်ဖို့ ခက်ခဲ့တာပါ။

အာဆင်နယ်တို့ ပထမပိုင်းမှာ ဂိုးပေါက်သုံးကြိမ်ကန်သွင်းရာမှာ သုံးကြိမ်တည့်ခဲ့ပြီး မန်စီးတီးတို့ကတော့ ဘောလုံးပိုင်ဆိုင်မှု ၇၀ ရာနှုန်းလောက်နဲ့ ကစားနိုင်ခဲ့ပေမယ့် အပိုင်အခွင့်အရေး ဖန်တီးမှုပိုင်းမှာ မထိရောက်ခဲ့လို့ ၄၅ မိနစ်အပြီးမှာ လန်ဒန်သားတွေ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာ မန်စီးတီးတို့ တိုက်စစ်ပိုမြှင့်လာခဲ့ပြီး အာဆင်နယ်တို့ကတော့ ခံစစ်သက်သက်နဲ့ တန်ပြန်တိုက်စစ်သက်သက် ဖြစ်သွားခဲ့သလို ဘယ်လာရင်နဲ့ မိတ်လန်းနိုင်းလ်စ်တို့ရဲ့ တောင်ပံတွေက ရှေ့ကို မတက်တော့ဘဲ ကာကွယ်နေခဲ့သလို ညာခြမ်းမှာ မိတ်လန်းနိုင်းလ်စ်ရဲ့ ပိတ်ဆို့မှုကို မာရက်ဇ် ထိုးဖောက်ဖို့ ခက်နေခဲ့တာကြောင့် သူ့ဘက်က ဒေးဗစ် ဆေးလ်ဗားနဲ့ မာရက်ဇ်တို့ တစ်လုံးစီပဲ ကန်ခွင့်ရခဲ့တာလည်းဖြစ်ပါတယ်။

ပွဲချိန် ၆၃ မိနစ်မှာ စတာလင်ကို မူစတာဖီ ဖျက်ထုတ်ရင်း လဲကျသွားခဲ့တာကို မန်စီးတီးတို့ ပင်နယ်တီ အခွင့်အရေးတောင်းဆိုဖို့ ကြိုးစားခဲ့သေးပေမယ့် ဒိုင်လူကြီး ဂျွန်မော့စ်က VAR ကို ပြန်ကြည့်ပြီးမှ အာဆင်နယ်နောက်ခံလူ မူစတာဖီဟာ ဘောလုံးကိုပဲ ထိခဲ့တာဖြစ်တယ်လို့ ထောင့်ကန်ဘောပဲ သတ်မှတ်ပေးခဲ့ပါတယ်။

ပွဲချိန် မိနစ် ၇၀ မှာတော့ တန်ပြန်တိုက်စစ်ကနေ ပေပေ ဘောလုံးရသွားပြီး နောက်ပြန်ပေးတာကို တီယာနီက ပြေးတက်သွားတဲ့ အူဘာမီယန်းဆီကို မန်စီးတီးနောက်တန်းကို ကျော်ပြီး ချပေးရာမှာ လူကျွံထောင်ချောက်က မဖမ်းနိုင်ခဲ့ဘဲ လွတ်သွားခဲ့ပြီး ဒါကို အူဘာမီယန်းက ဂိုးသမား အီဒါဆန်ရဲ့ ပေါင်ကြားထဲကနေ ဒုတိယအနိုင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ အာဆင်နယ်တို့ ခံစစ်သန်ကစားသမားတွေကို ထည့်သွင်းပြီး ပိတ်ဆို့ကစားသွားခဲ့လို့ မန်စီးတီးတို့ ဂိုးဧရိယာအပြင်က လှမ်းကန်ရတာက များခဲ့သလို နာကျင်အချိန်ပို ၇ မိနစ်ကို ဖြတ်သန်းအပြီးမှာတော့ အက်ဖ်အေဖလားရဲ့ အအောင်မြင်ဆုံး မြောက်လန်ဒန်သားတွေ အနေနဲ့ ဖိုင်နယ်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။

ဒီနေ့ပွဲမှာ မန်စီးတီးတို့အနေနဲ့ အာဆင်နယ်အသင်းကို ဘောလုံးပိုင်ဆိုင်မှု ၇၀-၃၀ ရာခိုင်နှုန်းနဲ့ ဖိကစားနိုင်ခဲ့တာကလွဲလို့ ဂိုးပေါက်ကန်သွင်းမှု မှာလည်း အသာမရခဲ့ဘဲ ၁၂ ကြိမ်ကန် ၄ ကြိမ်တည့်နဲ့ ၅ ကြိမ်မှာ ၅ ကြိမ်စလုံး တည့်ခဲ့တဲ့ တစ်ဖက်အသင်းကို ခြေစွမ်းအရ သာလွန်ခဲ့ပေမယ့်လည်း ဗျူဟာပိုင်းအရ အလုပ်မဖြစ်ခဲ့လို့ လက်ရှိချန်ပီယံဆုကို မကာကွယ်နိုင်ခဲ့ဘဲ ပြိုင်ပွဲက ထွက်ခွာခဲ့ရပြီဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.