Premier League

၁၉.၇.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ ပထမဝါဆိုလကြယ္၊ တနဂၤေႏြေန႔။

၁၉.၇.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ ပထမဝါဆိုလကြယ္၊ တနဂၤေႏြေန႔၊ ရက္ရာဇာ။

တစ္ေန႔တာ တိထီႏွင့္ ယုဂ္။
တစ္ေန႔လုံးႏွင့္ ေနာက္တစ္ေန႔နံနက္ ၁:၀၉ အထိ တိထီ ၁၄ လုံး။ ေက်ာ္လွ်င္ ၁၅ လုံး။ အထူးယုဂ္ေကာင္း (သို႔) ယုဂ္ဆုိးမရွိ။

တစ္ေန႔တာ နကၡတ္ႏွင့္ ယုဂ္။
ည ၂၂:၃၉ အထိ အျဒနကၡတ္။ ေက်ာ္လွ်င္ ပုဏၰဖုသွ်ဳနကၡတ္။ ည ၂၂:၄၂ အထိ ဗ်ာဃာတယုဂ္၊ က်ားကဲ့သို႔ ခြန္အားႀကီးျခင္း၊ ရက္စက္ၾကမ္းၾကဳတ္ျခင္း၊ အႏၲရာယ္၊ ဒဏ္ရာႏွင့္ ႀကဳံရတတ္ျခင္း၊ ႏွိမ္နင္းအႏုိင္ယူျခင္း၊ မိမိ၏ ထိခုိက္နစ္နာႏုိင္ေျခကို တြက္ခ်က္လုပ္ကိုင္ပါ။ ေက်ာ္လွ်င္ ဟႆဏယုဂ္၊ အလြန္စိတ္လွဳပ္ရွားရျခင္း၊ ဝမ္းေျမာက္ေပ်ာ္ရႊင္ျခင္း၊ ပညာႏွင့္ ျပည့္စုံျခင္း၊ မိမိအတြက္ ေကာင္းေသာအရာမ်ားအတြက္ အံ့ၾသဝမ္းသာ ရင္ခုန္ရလိမ့္မည္။

တစ္ေန႔တာ က႐ိုဏ္း။
ေန႔လယ္ ၁၃:၃၀ အထိ ဝိႆတိက႐ိုဏ္း၊ မိမိကိုယ္ကို ယုံၾကည္မွဳျဖင့္ ရန္မ်ားအား ေက်ာ္ျဖတ္အႏုိင္ယူႏုိင္။ နံနက္ ၁:၀၉ အထိ သကုဏိက႐ိုဏ္း၊ အ႐ိုအေသေပးျခင္း၊ အႀကံေပးျခင္း၊ စိတ္တန္ခိုးရွိျခင္း၊ ကုစားႏိုင္ျခင္း၊ အတိုင္ပင္ခံ အႀကံေပးႏုိင္သည့္အခါ ျဖစ္ၿပီး မိမိ၏ ဉာဏ္ပညာအတို္င္း ေစတနာထား၍ အကူအညီေပးပါ။ ေက်ာ္လွ်င္ စတုပၸါဒက႐ိုဏ္း၊ အႀကီးအကဲ၊ ဘိုးဘြား၊ သူေတာ္စင္မ်ားႏွင့္ သက္ဆိုင္သည့္ တစ္လတြင္ တစ္ခါသာရွိသည့္ က႐ိုဏ္းျဖစ္သည္။ အေလးအျမတ္ျပဳ ပူေဇာ္ပါ။ အႀကံဉာဏ္၊ အဆုံးအမအား ခံယူပါ။

တစ္ေန႔တာ ကံေကာင္းရာအရပ္ႏွင့္ ေဆာင္ရန္ အေရာင္။
တစ္ေန႔လုံးႏွင့္ ေနာက္တစ္ေန႔နံနက္ ၁:၀၉ အထိ အေရွ႕ႏွင့္ အေရွ႕ေျမာက္၊ အျဖဴေရာင္။ ေက်ာ္လွ်င္ ေတာင္ႏွင့္ အေရွ႕၊ အနက္ေရာင္။

ဉာဏ္ႏွင့္ယွဥ္၍ ေအာင္ျမင္ မဂၤလာရွိၾကေစ။

ထူးဧဝ (သင္၏ မဂၤလာရွိေသာ အတိုင္ပင္ခံ)

UNICODE: ၁၉.၇.၂၀၂၀၊ ၁၃၈၂ ခုနှစ်၊ ပထမဝါဆိုလကွယ်၊ တနင်္ဂနွေနေ့၊ ရက်ရာဇာ။

တစ်နေ့တာ တိထီနှင့် ယုဂ်။
တစ်နေ့လုံးနှင့် နောက်တစ်နေ့နံနက် ၁:၀၉ အထိ တိထီ ၁၄ လုံး။ ကျော်လျှင် ၁၅ လုံး။ အထူးယုဂ်ကောင်း (သို့) ယုဂ်ဆိုးမရှိ။

တစ်နေ့တာ နက္ခတ်နှင့် ယုဂ်။
ည ၂၂:၃၉ အထိ အဒြနက္ခတ်။ ကျော်လျှင် ပုဏ္ဏဖုသျှုနက္ခတ်။ ည ၂၂:၄၂ အထိ ဗျာဃာတယုဂ်၊ ကျားကဲ့သို့ ခွန်အားကြီးခြင်း၊ ရက်စက်ကြမ်းကြုတ်ခြင်း၊ အန္တရာယ်၊ ဒဏ်ရာနှင့် ကြုံရတတ်ခြင်း၊ နှိမ်နင်းအနိုင်ယူခြင်း၊ မိမိ၏ ထိခိုက်နစ်နာနိုင်ခြေကို တွက်ချက်လုပ်ကိုင်ပါ။ ကျော်လျှင် ဟဿဏယုဂ်၊ အလွန်စိတ်လှုပ်ရှားရခြင်း၊ ဝမ်းမြောက်ပျော်ရွှင်ခြင်း၊ ပညာနှင့် ပြည့်စုံခြင်း၊ မိမိအတွက် ကောင်းသောအရာများအတွက် အံ့သြဝမ်းသာ ရင်ခုန်ရလိမ့်မည်။

တစ်နေ့တာ ကရိုဏ်း။
နေ့လယ် ၁၃:၃၀ အထိ ဝိဿတိကရိုဏ်း၊ မိမိကိုယ်ကို ယုံကြည်မှုဖြင့် ရန်များအား ကျော်ဖြတ်အနိုင်ယူနိုင်။ နံနက် ၁:၀၉ အထိ သကုဏိကရိုဏ်း၊ အရိုအသေပေးခြင်း၊ အကြံပေးခြင်း၊ စိတ်တန်ခိုးရှိခြင်း၊ ကုစားနိုင်ခြင်း၊ အတိုင်ပင်ခံ အကြံပေးနိုင်သည့်အခါ ဖြစ်ပြီး မိမိ၏ ဉာဏ်ပညာအတိုင်း စေတနာထား၍ အကူအညီပေးပါ။ ကျော်လျှင် စတုပ္ပါဒကရိုဏ်း၊ အကြီးအကဲ၊ ဘိုးဘွား၊ သူတော်စင်များနှင့် သက်ဆိုင်သည့် တစ်လတွင် တစ်ခါသာရှိသည့် ကရိုဏ်းဖြစ်သည်။ အလေးအမြတ်ပြု ပူဇော်ပါ။ အကြံဉာဏ်၊ အဆုံးအမအား ခံယူပါ။

တစ်နေ့တာ ကံကောင်းရာအရပ်နှင့် ဆောင်ရန် အရောင်။
တစ်နေ့လုံးနှင့် နောက်တစ်နေ့နံနက် ၁:၀၉ အထိ အရှေ့နှင့် အရှေ့မြောက်၊ အဖြူရောင်။ ကျော်လျှင် တောင်နှင့် အရှေ့၊ အနက်ရောင်။

ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။

ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)