International

ယူကရိန်းစစ်ပွဲကျမှ တကမ္ဘာလုံး ဘာလို့ အာရုံစိုက်နေတာလဲလို့ မေးခွန်းထုတ်လိုက်တဲ့ ဘယ်လာရင်

ဟက်တာ ဘယ်လာရင်က ယူကရိန်းစစ်ပွဲအပေါ် ၎င်းရဲ့ ထင်မြင်ချက်ကို မျှဝေလိုက်ပြီး ဘာကြောင့် အခြားစစ်ပွဲတွေထက်ပိုပြီး ဒီစစ်ပွဲက ပိုပြီး လူတွေအာရုံစိုက်တာခံနေရတာလဲလို့ မေးခွန်းထုတ်လိုက်ပါတယ်။

ဘောလုံးလောကဟာ ဗာလာဒီမာ ပူတင်က ယူကရိန်းနိုင်ငံကို အလုံးစုံ ကျူးကျော်တိုက်ခိုက်ဖို့ အမိန့်ပေးခဲ့ပြီးနောက် ယူကရိန်းအတွက် အားပေးထောက်ခံမှုတွေ ပြသခဲ့ကြတာဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ဖြစ်ပျက်နေတဲ့ အခြားစစ်ပွဲတွေအပေါ်မှာ အာရုံစိုက်မှု ကင်းမဲ့နေတာကို ဘယ်လာရင်က မီးမောင်းထိုးပြခဲ့ပြီး အခြားပဋိပက္ခတွေဟာ လစ်လျူရှုခြင်းခံခဲ့ရတာက လူမျိုးရေး ခွဲခြားမှုဖြစ်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

La Media Inglesa နဲ့ စကားပြောဆိုရာမှာ ဘယ်လာရင်က “ကျွန်တော်တို့က ဒီစစ်ပွဲကို တခြားစစ်ပွဲတွေထက်ပိုပြီး စိတ်ဝင်စားနေတယ်လို့ မြင်ဖို့က တော်တော်လေး ခက်ခဲပါတယ်။ အဲဒီလို ဖြစ်နေလား ကျွန်တော် မသိပါဘူး။ ဘာလို့လဲဆိုတော့ သူတို့က ကျွန်တော်တို့နဲ့ပိုပြီး ပုံပန်းသွင်ပြင်က တူညီနေလို့ ဒါမှမဟုတ် ပဋိပက္ခက ကျွန်တော်တို့အပေါ် စီးပွားရေးအရရော၊ ဒုက္ခသည်တွေနဲ့ပတ်သက်ပြီးရော ပိုပြီး တိုက်ရိုက်အကျိုးသက်ရောက်မှုရှိနိုင်လို့လားဆိုတာ မသိပါဘူး”

အာဆင်နယ်ကြယ်ပွင့်ဟောင်းက ပါလက်စတိုင်း၊ ယီမင်၊ အီရတ်တို့မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲအကြောင်း ဆက်လက် ပြောကြားခဲ့ပြီး ၎င်းရဲ့ ဆိုလိုရင်းကို အားဖြည့်ခဲ့ပါတယ်။ “ပါလက်စတိုင်းစစ်ပွဲဟာ လုံးဝကို တိတ်ဆိတ်နေခဲ့ပါတယ်။ ဘယ်သူကမှ အဲဒီအကြောင်း မပြောကြပါဘူး။ ယီမင်၊ အီရတ်။ အခု ရုရှားက ကမ္ဘာ့ဖလားမှာ ပါဝင်မကစားနိုင်တော့တာဟာ အခြားနိုင်ငံတွေ နှစ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ရတဲ့ တစ်စုံတရာပါ”လို့ ရှင်းလင်းပြောကြားခဲ့ပါတယ်။

ဘယ်လာရင်က ကမ္ဘာတလွှားမှာ ဖြစ်ပွားနေတဲ့ အခြားပဋိပက္ခတွေအပေါ် လွှမ်းခြုံမှု အနည်းငယ်သာရှိနေတာဟာ လူမျိုးရေးခွဲခြားမှုဖြစ်တယ်လို့ အခိုင်အမာ ယုံကြည်နေတာဖြစ်ပါတယ်။

“အခြားပဋိပက္ခတွေကို မျက်ကွယ်ပြုပြီး အခု ဒီလိုအခြေအနေဖြစ်နေတာက လူမျိုးရေးခွဲခြားမှုပဲ။ အဲဒါက ပဋိပက္ခပေါင်းများစွာထဲမှာ ဆုံးရှုံးခဲ့ရတဲ့ အသက်ပေါင်းများစွာအတွက် ကိုယ်ချင်းစာစိတ် ကင်းမဲ့မှုကို ရောင်ပြန်ဟပ်နေတာလည်းဖြစ်ပြီး ကျွန်တော်တို့က ကျွန်တော်တို့နဲ့ နီးစပ်တဲ့သူတွေကိုပဲ ဦးစားပေးလုပ်ဆောင်နေကြတာပါ”လို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ကနေ ရီးရဲလ်ဘက်တစ်ကို အငှားနဲ့ လာကစားနေတဲ့ ဘယ်လာရင်က အခြားနေရာတွေထက် ရီးရဲလ်ဘက်တစ်ကို အငှားနဲ့ ထွက်ကစားဖို့ ဘယ်လိုဆုံးဖြတ်ခဲ့တာလဲဆိုတာကိုလည်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဘယ်လာရင်ဟာ ၎င်းရဲ့ မွေးရပ်ဇာတိဖြစ်တဲ့ စပိန်နိုင်ငံက ကလပ်အသင်းတစ်သင်းအတွက် ဘယ်တုန်းကမှ ကစားပေးခဲ့ဖူးသူမဟုတ်ဘဲ နည်းပြ ပယ်လီဂရီနီလက်အောက်မှာ စပိန်လာလီဂါကလပ်အသင်းအတွက် ကစားဖို့ အခွင့်အရေးပေးခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ဘယ်လာရင်ဟာ ယခုရာသီ ရီးရဲလ်ဘက်တစ်အသင်းအတွက် ၁၉ ပွဲပါဝင်ကစားပေးထားခဲ့ပြီး အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရ ကစားသမားတစ်ဦးအဖြစ် သက်သေပြသထားနိုင်ခဲ့သူဖြစ်ပါတယ်။ အာဆင်နယ်နောက်ခံကစားသမားက ရီးရဲလ်ဘက်တစ်ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာက စိတ်ခံစားမှုသက်သက်ကြီးပဲ မဟုတ်ဘူးလို့ La Media Inglesa ကို ပြောကြားခဲ့ပါတယ်။

“ဒီရာသီကြိုမှာ ကျွန်တော့်အတွက် အကောင်းဆုံးအသင်းက ဘယ်အသင်းဖြစ်မလဲဆိုတာကို ဆုံးဖြတ်တဲ့အချိန်မှာ ကျွန်တော့် ကစားတဲ့ပုံစံ၊ နည်းပြရဲ့ပုံစံကို အခြေခံပြီး ကျွန်တော် အချက်အလက်တွေ ကြီးကြီးမားမား အသုံးချခဲ့တယ်။ နည်းပြက နောက်ခံတောင်ပံကစားသမားကို အသုံးပြုပြီး ဒီရာသီအတွက် အသင်းရဲ့ လမ်းကြောင်းကို ဖောက်ချင်တဲ့အတွက်ကြောင့် ဘက်တစ်က ကျွန်တော် ပြောင်းရွှေ့သင့်တဲ့ ထိပ်တန်းအသင်းတွေထဲက တစ်သင်းအဖြစ် ထွက်ပေါ်လာခဲ့တာပါ”လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဟက္တာ ဘယ္လာရင္က ယူကရိန္းစစ္ပြဲအေပၚ ၎ရဲ့ ထင္ျမင္ခ်က္ကို မၽွေဝလိုက္ၿပီး ဘာေၾကာင့္ အျခားစစ္ပြဲေတြထက္ပိုၿပီး ဒီစစ္ပြဲက ပိုၿပီး လူေတြအာ႐ုံစိုက္တာခံေနရတာလဲလို႔ ေမးခြန္းထုတ္လိုက္ပါတယ္။

ေဘာလုံးေလာကဟာ ဗာလာဒီမာ ပူတင္က ယူကရိန္းနိုင္ငံကို အလုံးစုံ က်ဴးေက်ာ္တိုက္ခိုက္ဖို႔ အမိန႔္ေပးခဲ့ၿပီးေနာက္ ယူကရိန္းအတြက္ အားေပးေထာက္ခံမႈေတြ ျပသခဲ့ၾကတာျဖစ္ပါတယ္။ ကမၻာေပၚမွာ ျဖစ္ပ်က္ေနတဲ့ အျခားစစ္ပြဲေတြအေပၚမွာ အာ႐ုံစိုက္မႈ ကင္းမဲ့ေနတာကို ဘယ္လာရင္က မီးေမာင္းထိုးျပခဲ့ၿပီး အျခားပဋိပကၡေတြဟာ လစ္လ်ဴရႈျခင္းခံခဲ့ရတာက လူမ်ိဳးေရး ခြဲျခားမႈျဖစ္တယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

La Media Inglesa နဲ႔ စကားေျပာဆိုရာမွာ ဘယ္လာရင္က “ကၽြန္ေတာ္တို႔က ဒီစစ္ပြဲကို တျခားစစ္ပြဲေတြထက္ပိုၿပီး စိတ္ဝင္စားေနတယ္လို႔ ျမင္ဖို႔က ေတာ္ေတာ္ေလး ခက္ခဲပါတယ္။ အဲဒီလို ျဖစ္ေနလား ကၽြန္ေတာ္ မသိပါဘူး။ ဘာလို႔လဲဆိုေတာ့ သူတို႔က ကၽြန္ေတာ္တို႔နဲ႔ပိုၿပီး ပုံပန္းသြင္ျပင္က တူညီေနလို႔ ဒါမွမဟုတ္ ပဋိပကၡက ကၽြန္ေတာ္တို႔အေပၚ စီးပြားေရးအရေရာ၊ ဒုကၡသည္ေတြနဲ႔ပတ္သက္ၿပီးေရာ ပိုၿပီး တိုက္ရိုက္အက်ိဳးသက္ေရာက္မႈရွိနိုင္လို႔လားဆိုတာ မသိပါဘူး”

အာဆင္နယ္ၾကယ္ပြင့္ေဟာင္းက ပါလက္စတိုင္း၊ ယီမင္၊ အီရတ္တို႔မွာ ျဖစ္ပြားေနတဲ့ စစ္ပြဲအေၾကာင္း ဆက္လက္ ေျပာၾကားခဲ့ၿပီး ၎ရဲ့ ဆိုလိုရင္းကို အားျဖည့္ခဲ့ပါတယ္။ “ပါလက္စတိုင္းစစ္ပြဲဟာ လုံးဝကို တိတ္ဆိတ္ေနခဲ့ပါတယ္။ ဘယ္သူကမွ အဲဒီအေၾကာင္း မေျပာၾကပါဘူး။ ယီမင္၊ အီရတ္။ အခု ႐ုရွားက ကမၻာ့ဖလားမွာ ပါဝင္မကစားနိုင္ေတာ့တာဟာ အျခားနိုင္ငံေတြ ႏွစ္ေပါင္းမ်ားစြာ ရင္ဆိုင္ခဲ့ရတဲ့ တစ္စုံတရာပါ”လို႔ ရွင္းလင္းေျပာၾကားခဲ့ပါတယ္။

ဘယ္လာရင္က ကမၻာတလႊားမွာ ျဖစ္ပြားေနတဲ့ အျခားပဋိပကၡေတြအေပၚ လႊမ္းျခဳံမႈ အနည္းငယ္သာရွိေနတာဟာ လူမ်ိဳးေရးခြဲျခားမႈျဖစ္တယ္လို႔ အခိုင္အမာ ယုံၾကည္ေနတာျဖစ္ပါတယ္။

“အျခားပဋိပကၡေတြကို မ်က္ကြယ္ျပဳၿပီး အခု ဒီလိုအေျခအေနျဖစ္ေနတာက လူမ်ိဳးေရးခြဲျခားမႈပဲ။ အဲဒါက ပဋိပကၡေပါင္းမ်ားစြာထဲမွာ ဆုံးရႈံးခဲ့ရတဲ့ အသက္ေပါင္းမ်ားစြာအတြက္ ကိုယ္ခ်င္းစာစိတ္ ကင္းမဲ့မႈကို ေရာင္ျပန္ဟပ္ေနတာလည္းျဖစ္ၿပီး ကၽြန္ေတာ္တို႔က ကၽြန္ေတာ္တို႔နဲ႔ နီးစပ္တဲ့သူေတြကိုပဲ ဦးစားေပးလုပ္ေဆာင္ေနၾကတာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

အာဆင္နယ္ကေန ရီးရဲလ္ဘက္တစ္ကို အငွားနဲ႔ လာကစားေနတဲ့ ဘယ္လာရင္က အျခားေနရာေတြထက္ ရီးရဲလ္ဘက္တစ္ကို အငွားနဲ႔ ထြက္ကစားဖို႔ ဘယ္လိုဆုံးျဖတ္ခဲ့တာလဲဆိုတာကိုလည္း ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ ဘယ္လာရင္ဟာ ၎ရဲ့ ေမြးရပ္ဇာတိျဖစ္တဲ့ စပိန္နိုင္ငံက ကလပ္အသင္းတစ္သင္းအတြက္ ဘယ္တုန္းကမွ ကစားေပးခဲ့ဖူးသူမဟုတ္ဘဲ နည္းၿပ ပယ္လီဂရီနီလက္ေအာက္မွာ စပိန္လာလီဂါကလပ္အသင္းအတြက္ ကစားဖို႔ အခြင့္အေရးေပးျခင္းခံခဲ့ရတာျဖစ္ပါတယ္။

ဘယ္လာရင္ဟာ ယခုရာသီ ရီးရဲလ္ဘက္တစ္အသင္းအတြက္ ၁၉ ပြဲပါဝင္ကစားေပးထားခဲ့ၿပီး အသင္းမွာ ပုံမွန္ပြဲထြက္ခြင့္ရ ကစားသမားတစ္ဦးအျဖစ္ သက္ေသျပသထားနိုင္ခဲ့သူျဖစ္ပါတယ္။ အာဆင္နယ္ေနာက္ခံကစားသမားက ရီးရဲလ္ဘက္တစ္ကို ေျပာင္းေရႊ႕ဖို႔ ဆုံးျဖတ္ခဲ့တာက စိတ္ခံစားမႈသက္သက္ႀကီးပဲ မဟုတ္ဘူးလို႔ La Media Inglesa ကို ေျပာၾကားခဲ့ပါတယ္။

“ဒီရာသီႀကိဳမွာ ကၽြန္ေတာ့္အတြက္ အေကာင္းဆုံးအသင္းက ဘယ္အသင္းျဖစ္မလဲဆိုတာကို ဆုံးျဖတ္တဲ့အခ်ိန္မွာ ကၽြန္ေတာ့္ ကစားတဲ့ပုံစံ၊ နည္းျပရဲ့ပုံစံကို အေျခခံၿပီး ကၽြန္ေတာ္ အခ်က္အလက္ေတြ ႀကီးႀကီးမားမား အသုံးခ်ခဲ့တယ္။ နည္းျပက ေနာက္ခံေတာင္ပံကစားသမားကို အသုံးျပဳၿပီး ဒီရာသီအတြက္ အသင္းရဲ့ လမ္းေၾကာင္းကို ေဖာက္ခ်င္တဲ့အတြက္ေၾကာင့္ ဘက္တစ္က ကၽြန္ေတာ္ ေျပာင္းေရႊ႕သင့္တဲ့ ထိပ္တန္းအသင္းေတြထဲက တစ္သင္းအျဖစ္ ထြက္ေပၚလာခဲ့တာပါ”လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.