International

ယူအီးအက်ဖ်အေနဲ့ ဖီဖာကို နားရွက်တံတွေးဆွတ်ခံရသလိုဖြစ်အောင် ကြေညာချက်ထုတ်လိုက်တဲ့ ရုရှား

ရုရှားဟာ နိုင်ငံတကာဘောလုံးပြိုင်ပွဲတွေမှာ ပါဝင်ကစားခွင့် ပိတ်ပင်ခံထားရပေမယ့်လည်း ယူရို ၂၀၂၈ ပြိုင်ပွဲကို ကျင်းပခွင့် ရရှိဖို့အတွက် ယူကေ၊ အိုင်ယာလန်တို့နဲ့အပြိုင် ယှဉ်ပြိုင်သွားဖို့ စိတ်ဝင်စားကြောင်း ကြေညာခဲ့ပါတယ်။

ရုရှားကလပ်အသင်းတွေနဲ့ နိုင်ငံအသင်းတွေဟာ ယူအီးအက်ဖ်အေနဲ့ ဖီဖာတို့ရဲ့ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့် ဆိုင်းငံ့ခြင်းခံခဲ့ရတာဖြစ်ပြီး ရုရှားဘောလုံးသမဂ္ဂက အားကစားခုံသမာဓိရုံးကို အယူခံဝင်ထားတဲ့ရလဒ်ကို စောင့်ဆိုင်းနေရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဲဒါက ရုရှားဘောလုံးသမဂ္ဂရဲ့ အလုပ်အမှုဆောင် ကော်မတီကို ယူရို ၂၀၂၈နဲ့ ၂၀၃၂ အတွက် အိမ်ရှင်အဖြစ် ကျင်းပခွင့်ရဖို့ ကမ်းလှမ်းမှု ပြုလုပ်မှာကို မတားဆီးနိုင်ခဲ့ဘဲ စိတ်ဝင်စားကြောင်း နောက်ဆုံးပြသရမယ့်နေ့ကို ဗုဒ္ဓဟူးနေ့လို့ သတ်မှတ်ထားခဲ့တာဖြစ်ပါတယ်။

ရုရှားဘောလုံးသမဂ္ဂရဲ့ တရားဝင် ဝက်ဘ်ဆိုက်က “ရုရှားမှာ ယူရို ၂၀၂၈ သို့မဟုတ် ၂၀၃၂ ကို ရုရှားမှာ အိမ်ရှင်အဖြစ် ကျင်းပဖို့ စိတ်ဝင်စားကြောင်း ကြေညာတဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံဖို့”အပါအဝင် ဗုဒ္ဓဟူးနေ့မှာ ကျင်းပတဲ့ အမှုဆောင်ကော်မတီအစည်းအဝေးက ရလဒ်အများအပြားကို ဖော်ပြခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ တူရကီကလည်း ယူရို ၂၀၂၈ ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ ယူအီးအက်ဖ်အေကို လျှောက်လွှာတင်ခဲ့တယ်လို့ ယုံကြည်ရပြီး ရုရှားက သတင်းတွေအရ အစောပိုင်းမှာ အလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင် ဆာဂျီ အနိုခင်က ယူရိုပြိုင်ပွဲအတွက် ကမ်းလှမ်းမှုပြုလုပ်ဖို့ စိတ်ဝင်စားကြောင်း ရည်ညွှန်းတဲ့ စကားမျိုး ပြောကြားခဲ့တယ်လို့ သိရပါတယ်။

Sport Express ကတော့ ရုရှားဟာ ယူအေ၊ အိုင်ယာလန်တို့နဲ့အတူ ကမ်းလှမ်းမှု ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဖော်ပြခဲ့ပြီး တူရကီဆီကနေ ကမ်းလှမ်းမှုတစ်ခု၊ ရိုမေးနီးယား၊ ဘူဂေးရီးယား၊ ဂရိနဲ့ ဆားဘီးယားတို့ကလည်းက ပူးတွဲပြီး ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။

ရုရှားဟာ ၂၀၁၈ ကမ္ဘာ့ဖလားကို အောင်မြင်စွာ လက်ခံကျင်းပနိုင်ခဲ့ပေမယ့်လည်း လွန်ခဲ့တဲ့ ၁ လက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့ပြီးကတည်းက နိုင်ငံတကာအားကစားအသိုင်းအဝိုင်းကနေ ဖယ်ကြဉ်ခြင်းကို ခံခဲ့ရတာဖြစ်ပြီး ယူအီးအက်ဖ်အေကလည်း စိန့်ပီတာစ်ဘာ့ဂ်မြို့မှာ ကျင်းပမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲကျင်းပခွင့်ကိုလည်း ပြန်လည် ရုတ်သိမ်းခဲ့တာဖြစ်ပါတယ်။

ယူကေနဲ့ အိုင်ယာလန်တို့ ဦးဆောင်တဲ့ အဖွဲ့အစည်း ၅ ခုက ဗုဒ္ဓဟူးနေ့မှာ ယူအီးအက်ဖ်အေဆီကို တရားဝင် စိတ်ဝင်စားကြောင်း ထုတ်ဖော်ပြသမှုကို တင်သွင်းခဲ့ပြီး ထုတ်ပြန်ကြေညာချက်ထဲမှာ ယူအီးအက်ဖ်အေက လက်ရှိ ၂၄ သ်ငးကနေ တိုးမြှင့်ဖို့ ရွေးချယ်ခဲ့မယ်ဆိုရင် ကျင်းပခွင့်ရဖို့ ရည်မှန်းထားတဲ့ ၅ နိုင်ငံရဲ့ ၃၂ သင်း ဗိုလ်လုပွဲကို ကျင်းပနိုင်တဲ့ အနေအထားကို စိတ်ဝင်စားကြောင်း ထုတ်ဖော်ပြသမှု(EOI)က ထောက်ပြခဲ့တယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။

စဉ်းစားနေဆဲဖြစ်တဲ့ ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကမ်းလှမ်းတာထက် တိုက်ကြီီးများဗိုလ်လုပွဲကို ပစ်မှတ်ထားတာက ပိုပြီးသေချာကြောင်း လက်တွေ့ကျကျ လေ့လာမှုပြုလုပ်ပြီး ကောက်ချက်ချခဲ့ပြီးနောက် ယူရို ၂၀၂၈ ပြိုင်ပွဲအတွက် ကမ်းလှမ်းချင်တဲ့ ရည်ရွယ်ချက်ကို ရုရှား ဘောလုံးသမဂ္ဂက ဖေဖော်ဝါရီ ၇ ရက်နေ့မှာ ကြေညာခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:႐ုရွားဟာ နိုင္ငံတကာေဘာလုံးၿပိဳင္ပြဲေတြမွာ ပါဝင္ကစားခြင့္ ပိတ္ပင္ခံထားရေပမယ့္လည္း ယူရို ၂၀၂၈ ၿပိဳင္ပြဲကို က်င္းပခြင့္ ရရွိဖို႔အတြက္ ယူေက၊ အိုင္ယာလန္တို႔နဲ႔အၿပိဳင္ ယွဥ္ၿပိဳင္သြားဖို႔ စိတ္ဝင္စားေၾကာင္း ေၾကညာခဲ့ပါတယ္။

႐ုရွားကလပ္အသင္းေတြနဲ႔ နိုင္ငံအသင္းေတြဟာ ယူအီးအက္ဖ္ေအနဲ႔ ဖီဖာတို႔ရဲ့ ၿပိဳင္ပြဲဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ ဆိုင္းငံ့ျခင္းခံခဲ့ရတာျဖစ္ၿပီး ႐ုရွားေဘာလုံးသမဂၢက အားကစားခုံသမာဓိ႐ုံးကို အယူခံဝင္ထားတဲ့ရလဒ္ကို ေစာင့္ဆိုင္းေနရတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အဲဒါက ႐ုရွားေဘာလုံးသမဂၢရဲ့ အလုပ္အမႈေဆာင္ ေကာ္မတီကို ယူရို ၂၀၂၈နဲ႔ ၂၀၃၂ အတြက္ အိမ္ရွင္အျဖစ္ က်င္းပခြင့္ရဖို႔ ကမ္းလွမ္းမႈ ျပဳလုပ္မွာကို မတားဆီးနိုင္ခဲ့ဘဲ စိတ္ဝင္စားေၾကာင္း ေနာက္ဆုံးျပသရမယ့္ေန႔ကို ဗုဒၶဟူးေန႔လို႔ သတ္မွတ္ထားခဲ့တာျဖစ္ပါတယ္။

႐ုရွားေဘာလုံးသမဂၢရဲ့ တရားဝင္ ဝက္ဘ္ဆိုက္က “႐ုရွားမွာ ယူရို ၂၀၂၈ သို႔မဟုတ္ ၂၀၃၂ ကို ႐ုရွားမွာ အိမ္ရွင္အျဖစ္ က်င္းပဖို႔ စိတ္ဝင္စားေၾကာင္း ေၾကညာတဲ့ ဆုံးျဖတ္ခ်က္ကို ေထာက္ခံဖို႔”အပါအဝင္ ဗုဒၶဟူးေန႔မွာ က်င္းပတဲ့ အမႈေဆာင္ေကာ္မတီအစည္းအေဝးက ရလဒ္အမ်ားအျပားကို ေဖာ္ျပခဲ့ပါတယ္။

တစ္ခ်ိန္တည္းမွာပဲ တူရကီကလည္း ယူရို ၂၀၂၈ ၿပိဳင္ပြဲကို အိမ္ရွင္အျဖစ္ လက္ခံက်င္းပဖို႔ ယူအီးအက္ဖ္ေအကို ေလၽွာက္လႊာတင္ခဲ့တယ္လို႔ ယုံၾကည္ရၿပီး ႐ုရွားက သတင္းေတြအရ အေစာပိုင္းမွာ အလုပ္အမႈေဆာင္ေကာ္မတီအဖြဲ႕ဝင္ ဆာဂ်ီ အနိုခင္က ယူရိုၿပိဳင္ပြဲအတြက္ ကမ္းလွမ္းမႈျပဳလုပ္ဖို႔ စိတ္ဝင္စားေၾကာင္း ရည္ညႊန္းတဲ့ စကားမ်ိဳး ေျပာၾကားခဲ့တယ္လို႔ သိရပါတယ္။

Sport Express ကေတာ့ ႐ုရွားဟာ ယူေအ၊ အိုင္ယာလန္တို႔နဲ႔အတူ ကမ္းလွမ္းမႈ ျပဳလုပ္ခဲ့တာျဖစ္တယ္လို႔ ေဖာ္ျပခဲ့ၿပီး တူရကီဆီကေန ကမ္းလွမ္းမႈတစ္ခု၊ ရိုေမးနီးယား၊ ဘူေဂးရီးယား၊ ဂရိနဲ႔ ဆားဘီးယားတို႔ကလည္းက ပူးတြဲၿပီး ကမ္းလွမ္းမႈတစ္ခု ျပဳလုပ္ခဲ့ပါတယ္။

႐ုရွားဟာ ၂၀၁၈ ကမၻာ့ဖလားကို ေအာင္ျမင္စြာ လက္ခံက်င္းပနိုင္ခဲ့ေပမယ့္လည္း လြန္ခဲ့တဲ့ ၁ လက ယူကရိန္းကို က်ဴးေက်ာ္တိုက္ခိုက္ခဲ့ၿပီးကတည္းက နိုင္ငံတကာအားကစားအသိုင္းအဝိုင္းကေန ဖယ္ၾကဥ္ျခင္းကို ခံခဲ့ရတာျဖစ္ၿပီး ယူအီးအက္ဖ္ေအကလည္း စိန႔္ပီတာစ္ဘာ့ဂ္ၿမိဳ႕မွာ က်င္းပမယ့္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲက်င္းပခြင့္ကိုလည္း ျပန္လည္ ႐ုတ္သိမ္းခဲ့တာျဖစ္ပါတယ္။

ယူေကနဲ႔ အိုင္ယာလန္တို႔ ဦးေဆာင္တဲ့ အဖြဲ႕အစည္း ၅ ခုက ဗုဒၶဟူးေန႔မွာ ယူအီးအက္ဖ္ေအဆီကို တရားဝင္ စိတ္ဝင္စားေၾကာင္း ထုတ္ေဖာ္ျပသမႈကို တင္သြင္းခဲ့ၿပီး ထုတ္ျပန္ေၾကညာခ်က္ထဲမွာ ယူအီးအက္ဖ္ေအက လက္ရွိ ၂၄ သ္ငးကေန တိုးျမႇင့္ဖို႔ ေရြးခ်ယ္ခဲ့မယ္ဆိုရင္ က်င္းပခြင့္ရဖို႔ ရည္မွန္းထားတဲ့ ၅ နိုင္ငံရဲ့ ၃၂ သင္း ဗိုလ္လုပြဲကို က်င္းပနိုင္တဲ့ အေနအထားကို စိတ္ဝင္စားေၾကာင္း ထုတ္ေဖာ္ျပသမႈ(EOI)က ေထာက္ျပခဲ့တယ္လို႔ အတည္ျပဳေျပာၾကားခဲ့ပါတယ္။

စဥ္းစားေနဆဲျဖစ္တဲ့ ၂၀၃၀ ကမၻာ့ဖလားၿပိဳင္ပြဲအတြက္ ကမ္းလွမ္းတာထက္ တိုက္ႀကီီးမ်ားဗိုလ္လုပြဲကို ပစ္မွတ္ထားတာက ပိုၿပီးေသခ်ာေၾကာင္း လက္ေတြ႕က်က် ေလ့လာမႈျပဳလုပ္ၿပီး ေကာက္ခ်က္ခ်ခဲ့ၿပီးေနာက္ ယူရို ၂၀၂၈ ၿပိဳင္ပြဲအတြက္ ကမ္းလွမ္းခ်င္တဲ့ ရည္ရြယ္ခ်က္ကို ႐ုရွား ေဘာလုံးသမဂၢက ေဖေဖာ္ဝါရီ ၇ ရက္ေန႔မွာ ေၾကညာခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.