International

ဂါနာကကောင်တွေကို ချီးထွက်အောင်အသေဆော်လို့ မြှောက်ပေးလိုက်တဲ့ နိုင်ဂျီးရီးယားအစိုးရတာဝန်ရှိသူ

နိုင်ဂျီးရီးယား အစိုးရထိပ်ပိုင်းတာဝန်ရှိသူတစ်ဦးက ကမ္ဘာ့ဖလားဝင်ခွင့်တစ်နေရာအတွက် ခါးသီးပြိုင်ဘက် ၂ သင်း တွေ့ဆုံမှုမှာ နိုင်ဂျီးရီးယားအသင်းက ဂါနာကို သေအောင် ဆော်ပစ်ချင်နေတယ်လို့ သတိပေးပြောကြားခဲ့ပါတယ်။

ကာတာမှာ ကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဝင်ခွင့်ဟာ လာမယ့်အပတ်မှာ အာဖရိကဘောလုံးအဖွဲ့ချုပ်က နိုင်ငံတွေအတွက် နောက်ဆုံးပွဲစဉ်တွေကို ကျင်းပပြုလုပ်သွားတော့မှာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဖော်တွေဖြစ်တဲ့ မိုဟာမက် ဆာလား၊ ဆာဒီယို မာနေးတို့ဟာ သောကြာနဲ့ အင်္ဂါနေ့တို့မှာ အီဂျစ်နဲ့ ဆီနီဂေါတို့ တွေ့ဆုံယှဉ်ပြိုင်ရမယ့် ၂ ကျော့မှာ ပါဝင်ပတ်သက်နေတဲ့ ပရီးမီးယားလိဂ်ကြယ်ပွင့်တွေထဲမှာ အပါအဝင်ဖြစ်ပါတယ်။

အခြား နောက်ဆုံးဗိုလ်လုပွဲစဉ်တွေထဲမှာ ကင်မရွန်းနဲ့ အယ်လ်ဂျီးရီးယား၊ ကွန်ဂိုနဲ့ မော်ရိုကို၊ မာလီနဲ့ တူနီးရှားတို့လည်း ပါဝင်နေပေမယ့်လည်း အကြမ်းဆုံးပွဲကတော့ နိုင်ဂျီးရီးယားနဲ့ ဂါနာတို့ ပွဲစဉ်ပဲ ဖြစ်ပါတယ်။ အနောက်အာဖရိကနိုင်ငံတွေဟာ အာဖရိကတိုက်သမိုင်းမှာ အအောင်မြင်ဆုံးအသင်းတွေထဲက ၂ သင်းဖြစ်ကြပြီး အာဖရိကဖလားကို ဂါနာက ၄ ကြိမ်၊ နိုင်ဂျီးရီးယားက ၃ ကြိမ်စီ ရရှိထားခဲ့ကြတာဖြစ်ပါတယ်။

နိုင်ဂျီးရီးယားနဲ့ ဂါနာတို့ရဲ့ ယှဉ်ပြိုင်မှုဟာ အာဖရိကဘောလုံးအဖွဲ့ချုပ်ရဲ့ ပွဲစဉ်တွေထဲမှာ အပြင်းထန်ဆုံးပွဲစဉ်တွေထဲက တစ်ပွဲအဖြစ် သတ်မှတ်ခြင်းခံခဲ့ရတာဖြစ်ပြီး ဒီ ၂ သင်းဟာ ၁၉၅၀ ပြည့်နှစ်မှာ ချစ်ကြည်ရေး ခြေစမ်းပွဲအဖြစ် ပထမဆုံးစတင်တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။

နိုင်ဂျီးရီးယားနဲ့ ဂါနာတို့ဟာ ကမ္ဘာ့ဖလားဝင်ခွင့်အဆင့်မှာ ၄ ကြိမ်အထိ အရင်တုန်းက တွေ့ဆုံထားခဲ့ဖူးပြီး ထူးထူးခြားခြားဖြစ်ခဲ့တာကတော့ ၁၉၇၃ ခုနှစ်တုန်းက ပထမအကျော့တွေ့ဆုံမှုမှာ ကွန်ဂိုလူမျိုးဒိုင် ပေါလ် အန်ကွန်ကူကို ပရိသတ်တွေ ဆန္ဒပြလို့ ပွဲပျက်သွားခဲ့တာဖြစ်ပါတယ်။

ဂါနာအသင်းဟာ အဲဒီပွဲမှာ ၃-၂ နဲ့ အနိုင်ရရှိသွားခဲ့ပြီး အနောက်ဂျာမနီမှာ ကျင်းပခဲ့တဲ့ ၁၉၇၄ ကမ္ဘာ့ဖလား ပြိုင်ပွဲကို တက်ရောက်သွားနိုင်ခဲ့တာဖြစ်ပြီး နိုင်ဂျီးရီးယားနဲ့ ဂါနာတို့ နောက်ဆုံး ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ တွေ့ဆုံမှုက ၂၀၀၁ ခုနှစ်တုန်းက ဖြစ်ခဲ့တာဖြစ်ပါတယ်။ နိုင်ဂျီးရီးယားအသင်းက အဲဒီအချိန်မှာ ၂ ကျော့ပေါင်း ၃-၀ နဲ့ ဂါနာကို လက်စားချေပြီး နောက်တစ်နှစ်မှာ တောင်ကိုရီးယားနဲ့ ဂျပန်တို့ ပူးတွဲကျင်းပတဲ့ ၂၀၀၂ ကမ္ဘာ့ဖလား ပြိုင်ပွဲကို တက်ရောက်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

ထူးခြားတာက ဒီ ၂ သင်းဟာ ၁၀ နှစ်ကျော်လောက် ဘယ်လိုပြိုင်ပွဲမှာမှ ထိပ်တိုက် ရင်ဆိုင်ခဲ့ရခြင်းမရှိတာဖြစ်ပြီး နောက်ဆုံးပြိုင်ပွဲကတော့ ၂၀၁၁ ခုနှစ်တုန်းက ဝက်ဖို့ဒ်အိမ်ကွင်းမှာ ဂိုးမရှိသရေသွားခဲ့တဲ့ ခြေစမ်းပွဲ ဖြစ်ခဲ့တာဖြစ်ပါတယ်။ ဒီ ၂ သင်းတွေ့ဆုံတဲ့အခါတိုင်း စိတ်ခံစားမှုတွေ မြင့်တက်လေ့ရှိနေပြီး နိုင်ဂျီးရီးယားလူငယ်နဲ့အားကစားဝန်ကြီး ဆန်းဒေး ဒဲက နိုင်ဂျီးရီးယားနဲ့ ဂါနာတို့ ၂ ကျော့ယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်မတိုင်ခင် အရှိန်အဟုန်နဲ့ တောက်လောင်မယ့် မီးပုံထဲကို ဓာတ်ဆီလောင်းထည့်လိုက်ပြီဖြစ်ပါတယ်။

ဆန်းဒေး ဒဲက အင်္ဂါနေ့က လာဂို့စ်မှာ လေ့ကျင့်နေတဲ့ နိုင်ဂျီးရီးယားအသင်းဆီကို အလည်အပတ် ရောက်ရှိချိန်မှာ ဂါနာအသင်းကို ပြင်းပြင်းထန်ထန် သတိပေးပြောဆိုမှုတွေ ပြုလုပ်သွားခဲ့တာဖြစ်ပါတယ်။ “ငါတို့တွေ ဂါနာကို သရေကစားဖို့ သွားမှာမဟုတ်ဘူး။ ငါတို့တွေ သူတို့ကို ချီးထွက်ကျအောင် အသေဆော်ဖို့ သွားမှာ။ စူပါလင်းယုန်တွေအနေနဲ့ ခြေကုန်ထုတ်ကန်ရမယ်။ မင်းတို့ ခြေထောက်တွေအတွက် အာမခံရှိတယ် မပူနဲ့”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အားကစားဝန်ကြီး ပြောသွားခဲ့တဲ့ အာမခံဆိုတာကတော့ နိုင်ဂျီးရီးယားကစားသမားတွေကို ဂါနာနဲ့ပွဲမှာ အသေဆော်လို့ ခြေထောက် ကျိုးကြေကုန်ရင်တောင် မိသားစုအတွက် စားဝတ်နေရေးမပူပင်ရအောင် စောင့်ရှောက်ပေးမယ်လို့ ကတိပေးခဲ့ပုံ ပေါ်ပါတယ်။ လက်စတာစီးတီးပရိသတ်တွေအနေနဲ့ ပြီးခဲ့တဲ့အပတ်မှာ ဒူးဒဏ်ရာ ရရှိခဲ့ပြီးနောက် နိုင်ဂျီးရီးယားလူစာရင်းကနေ ဝီးလ်ဖရက်ဒ် အန်ဒီဒီ ဒဏ်ရာကြောင့် နုတ်ထွက်လိုက်ပြီဆိုတဲ့သတင်းကို ကြားရတာ အခုအခြေအနေအတိုင်းဆိုရင် စိတ်သက်သာရာ ရစရာတောင် ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

ဒါပေမယ့်လည်း လက်စတာစီးတီးတိုက်စစ်မှူး အီယန်နာချိုနဲ့ အာဆင်နယ်ကွင်းလယ်ကြယ်ပွင့် သောမတ်စ် ပါတေးတို့ကတော့ နိုင်ဂျီးရီးယားနဲ့ ဂါနာတို့အတွက် အသီးသီး ပါဝင်ကစားပေးသွားလိမ့်မယ်လို့ မျှော်မှန်းရပြီး စူပါလင်းယုန်တွေဟာ သောကြာနေ့ပွဲစဉ်မတိုင်မီ ကြာသပတေးနေ့မှာ ဂါနာကို ခရီးထွက်ရမှာဖြစ်ပြီး ဒုတိယအကျော့ကိုတော့ အင်္ဂါနေ့ နိုင်ဂျီးရီးယားမြို့တော် အဘူဂျာမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

နိုင္ဂ်ီးရီးယား အစိုးရထိပ္ပိုင္းတာဝန္ရွိသူတစ္ဦးက ကမၻာ့ဖလားဝင္ခြင့္တစ္ေနရာအတြက္ ခါးသီးၿပိဳင္ဘက္ ၂ သင္း ေတြ႕ဆုံမႈမွာ နိုင္ဂ်ီးရီးယားအသင္းက ဂါနာကို ေသေအာင္ ေဆာ္ပစ္ခ်င္ေနတယ္လို႔ သတိေပးေျပာၾကားခဲ့ပါတယ္။

ကာတာမွာ က်င္းပမယ့္ ၂၀၂၂ ကမၻာ့ဖလားၿပိဳင္ပြဲအတြက္ ဝင္ခြင့္ဟာ လာမယ့္အပတ္မွာ အာဖရိကေဘာလုံးအဖြဲ႕ခ်ဳပ္က နိုင္ငံေတြအတြက္ ေနာက္ဆုံးပြဲစဥ္ေတြကို က်င္းပျပဳလုပ္သြားေတာ့မွာျဖစ္ပါတယ္။ လီဗာပူးလ္အသင္းေဖာ္ေတြျဖစ္တဲ့ မိုဟာမက္ ဆာလား၊ ဆာဒီယို မာေနးတို႔ဟာ ေသာၾကာနဲ႔ အဂၤါေန႔တို႔မွာ အီဂ်စ္နဲ႔ ဆီနီေဂါတို႔ ေတြ႕ဆုံယွဥ္ၿပိဳင္ရမယ့္ ၂ ေက်ာ့မွာ ပါဝင္ပတ္သက္ေနတဲ့ ပရီးမီးယားလိဂ္ၾကယ္ပြင့္ေတြထဲမွာ အပါအဝင္ျဖစ္ပါတယ္။

အျခား ေနာက္ဆုံးဗိုလ္လုပြဲစဥ္ေတြထဲမွာ ကင္မရြန္းနဲ႔ အယ္လ္ဂ်ီးရီးယား၊ ကြန္ဂိုနဲ႔ ေမာ္ရိုကို၊ မာလီနဲ႔ တူနီးရွားတို႔လည္း ပါဝင္ေနေပမယ့္လည္း အၾကမ္းဆုံးပြဲကေတာ့ နိုင္ဂ်ီးရီးယားနဲ႔ ဂါနာတို႔ ပြဲစဥ္ပဲ ျဖစ္ပါတယ္။ အေနာက္အာဖရိကနိုင္ငံေတြဟာ အာဖရိကတိုက္သမိုင္းမွာ အေအာင္ျမင္ဆုံးအသင္းေတြထဲက ၂ သင္းျဖစ္ၾကၿပီး အာဖရိကဖလားကို ဂါနာက ၄ ႀကိမ္၊ နိုင္ဂ်ီးရီးယားက ၃ ႀကိမ္စီ ရရွိထားခဲ့ၾကတာျဖစ္ပါတယ္။

နိုင္ဂ်ီးရီးယားနဲ႔ ဂါနာတို႔ရဲ့ ယွဥ္ၿပိဳင္မႈဟာ အာဖရိကေဘာလုံးအဖြဲ႕ခ်ဳပ္ရဲ့ ပြဲစဥ္ေတြထဲမွာ အျပင္းထန္ဆုံးပြဲစဥ္ေတြထဲက တစ္ပြဲအျဖစ္ သတ္မွတ္ျခင္းခံခဲ့ရတာျဖစ္ၿပီး ဒီ ၂ သင္းဟာ ၁၉၅၀ ျပည့္ႏွစ္မွာ ခ်စ္ၾကည္ေရး ေျခစမ္းပြဲအျဖစ္ ပထမဆုံးစတင္ေတြ႕ဆုံခဲ့ၾကတာျဖစ္ပါတယ္။

နိုင္ဂ်ီးရီးယားနဲ႔ ဂါနာတို႔ဟာ ကမၻာ့ဖလားဝင္ခြင့္အဆင့္မွာ ၄ ႀကိမ္အထိ အရင္တုန္းက ေတြ႕ဆုံထားခဲ့ဖူးၿပီး ထူးထူးျခားျခားျဖစ္ခဲ့တာကေတာ့ ၁၉၇၃ ခုႏွစ္တုန္းက ပထမအေက်ာ့ေတြ႕ဆုံမႈမွာ ကြန္ဂိုလူမ်ိဳးဒိုင္ ေပါလ္ အန္ကြန္ကူကို ပရိသတ္ေတြ ဆႏၵျပလို႔ ပြဲပ်က္သြားခဲ့တာျဖစ္ပါတယ္။

ဂါနာအသင္းဟာ အဲဒီပြဲမွာ ၃-၂ နဲ႔ အနိုင္ရရွိသြားခဲ့ၿပီး အေနာက္ဂ်ာမနီမွာ က်င္းပခဲ့တဲ့ ၁၉၇၄ ကမၻာ့ဖလား ၿပိဳင္ပြဲကို တက္ေရာက္သြားနိုင္ခဲ့တာျဖစ္ၿပီး နိုင္ဂ်ီးရီးယားနဲ႔ ဂါနာတို႔ ေနာက္ဆုံး ကမၻာ့ဖလားေျခစစ္ပြဲမွာ ေတြ႕ဆုံမႈက ၂၀၀၁ ခုႏွစ္တုန္းက ျဖစ္ခဲ့တာျဖစ္ပါတယ္။ နိုင္ဂ်ီးရီးယားအသင္းက အဲဒီအခ်ိန္မွာ ၂ ေက်ာ့ေပါင္း ၃-၀ နဲ႔ ဂါနာကို လက္စားေခ်ၿပီး ေနာက္တစ္ႏွစ္မွာ ေတာင္ကိုရီးယားနဲ႔ ဂ်ပန္တို႔ ပူးတြဲက်င္းပတဲ့ ၂၀၀၂ ကမၻာ့ဖလား ၿပိဳင္ပြဲကို တက္ေရာက္သြားနိုင္ခဲ့တာျဖစ္ပါတယ္။

ထူးျခားတာက ဒီ ၂ သင္းဟာ ၁၀ ႏွစ္ေက်ာ္ေလာက္ ဘယ္လိုၿပိဳင္ပြဲမွာမွ ထိပ္တိုက္ ရင္ဆိုင္ခဲ့ရျခင္းမရွိတာျဖစ္ၿပီး ေနာက္ဆုံးၿပိဳင္ပြဲကေတာ့ ၂၀၁၁ ခုႏွစ္တုန္းက ဝက္ဖို႔ဒ္အိမ္ကြင္းမွာ ဂိုးမရွိသေရသြားခဲ့တဲ့ ေျခစမ္းပြဲ ျဖစ္ခဲ့တာျဖစ္ပါတယ္။ ဒီ ၂ သင္းေတြ႕ဆုံတဲ့အခါတိုင္း စိတ္ခံစားမႈေတြ ျမင့္တက္ေလ့ရွိေနၿပီး နိုင္ဂ်ီးရီးယားလူငယ္နဲ႔အားကစားဝန္ႀကီး ဆန္းေဒး ဒဲက နိုင္ဂ်ီးရီးယားနဲ႔ ဂါနာတို႔ ၂ ေက်ာ့ယွဥ္ၿပိဳင္ကစားရမယ့္ပြဲစဥ္မတိုင္ခင္ အရွိန္အဟုန္နဲ႔ ေတာက္ေလာင္မယ့္ မီးပုံထဲကို ဓာတ္ဆီေလာင္းထည့္လိုက္ၿပီျဖစ္ပါတယ္။

ဆန္းေဒး ဒဲက အဂၤါေန႔က လာဂို႔စ္မွာ ေလ့က်င့္ေနတဲ့ နိုင္ဂ်ီးရီးယားအသင္းဆီကို အလည္အပတ္ ေရာက္ရွိခ်ိန္မွာ ဂါနာအသင္းကို ျပင္းျပင္းထန္ထန္ သတိေပးေျပာဆိုမႈေတြ ျပဳလုပ္သြားခဲ့တာျဖစ္ပါတယ္။ “ငါတို႔ေတြ ဂါနာကို သေရကစားဖို႔ သြားမွာမဟုတ္ဘူး။ ငါတို႔ေတြ သူတို႔ကို ခ်ီးထြက္က်ေအာင္ အေသေဆာ္ဖို႔ သြားမွာ။ စူပါလင္းယုန္ေတြအေနနဲ႔ ေျခကုန္ထုတ္ကန္ရမယ္။ မင္းတို႔ ေျခေထာက္ေတြအတြက္ အာမခံရွိတယ္ မပူနဲ႔”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အားကစားဝန္ႀကီး ေျပာသြားခဲ့တဲ့ အာမခံဆိုတာကေတာ့ နိုင္ဂ်ီးရီးယားကစားသမားေတြကို ဂါနာနဲ႔ပြဲမွာ အေသေဆာ္လို႔ ေျခေထာက္ က်ိဳးေၾကကုန္ရင္ေတာင္ မိသားစုအတြက္ စားဝတ္ေနေရးမပူပင္ရေအာင္ ေစာင့္ေရွာက္ေပးမယ္လို႔ ကတိေပးခဲ့ပုံ ေပၚပါတယ္။ လက္စတာစီးတီးပရိသတ္ေတြအေနနဲ႔ ၿပီးခဲ့တဲ့အပတ္မွာ ဒူးဒဏ္ရာ ရရွိခဲ့ၿပီးေနာက္ နိုင္ဂ်ီးရီးယားလူစာရင္းကေန ဝီးလ္ဖရက္ဒ္ အန္ဒီဒီ ဒဏ္ရာေၾကာင့္ ႏုတ္ထြက္လိုက္ၿပီဆိုတဲ့သတင္းကို ၾကားရတာ အခုအေျခအေနအတိုင္းဆိုရင္ စိတ္သက္သာရာ ရစရာေတာင္ ျဖစ္ေကာင္း ျဖစ္နိုင္ပါတယ္။

ဒါေပမယ့္လည္း လက္စတာစီးတီးတိုက္စစ္မႉး အီယန္နာခ်ိဳနဲ႔ အာဆင္နယ္ကြင္းလယ္ၾကယ္ပြင့္ ေသာမတ္စ္ ပါေတးတို႔ကေတာ့ နိုင္ဂ်ီးရီးယားနဲ႔ ဂါနာတို႔အတြက္ အသီးသီး ပါဝင္ကစားေပးသြားလိမ့္မယ္လို႔ ေမၽွာ္မွန္းရၿပီး စူပါလင္းယုန္ေတြဟာ ေသာၾကာေန႔ပြဲစဥ္မတိုင္မီ ၾကာသပေတးေန႔မွာ ဂါနာကို ခရီးထြက္ရမွာျဖစ္ၿပီး ဒုတိယအေက်ာ့ကိုေတာ့ အဂၤါေန႔ နိုင္ဂ်ီးရီးယားၿမိဳ႕ေတာ္ အဘူဂ်ာမွာ က်င္းပျပဳလုပ္သြားမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.