Article Premier League

ရော်နယ်လ်ဒိုထက်ကောင်းပြီး မက်ဆီနောက်လိုက်နေတဲ့ အာဆင်နယ်လူငယ်သုံးဦး

အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ တိုက်စစ်မှာ အချိုးမပြေဘဲ စည်းကမ်းချိုးဖောက်ခဲ့တဲ့ အသင်းခေါင်းဆောင်တိုက်စစ်မှူး ပျယ်-အမ်မရိခ် အူဘာမီယန်းကို ကန်ထုတ်ရဲခဲ့တာကတော့ နည်းပြ မီခယ်လ် အာတီတာရဲ့ ဆုံးဖြတ်ချက်အပြင် လူငယ်တွေရဲ့ ခြေစွမ်းပြမှုကြောင့်လို့လည်း ဆိုလို့ရပြီး ပရိသတ်တွေကတော့ ဂါဘွန်သား ခြေစွမ်းပြလည်း မလွမ်းဘူးလို့ ဆိုနိုင်နေကြတာဖြစ်ပါတယ်။

အာတီတာအနေနဲ့ သူ့ရဲ့ အသင်းကို ဘူကာယို ဆာကာ၊ အီမီးလ် စမစ်ရိုးနဲ့ ဂါဘရီယယ်လ် မာတီနယ်လီတို့ရဲ့ တိုက်စစ်အင်အားနဲ့ တည်ဆောက်ထားတာဖြစ်ပြီး ဆာကာက ညာခြမ်းမှာ ပင်တိုင်ပွဲထွက်နိုင်ချိန်မှာ စမစ်ရိုးနဲ့ မာတီနယ်လီတို့ကတော့ သူတို့ရဲ့ ကြံ့ခိုင်မှုကြောင့် ဘယ်ခြမ်း ပွဲထွက်နေရာကို မျှဝေထားရတာလည်းဖြစ်ပါတယ်။

ဒီလူငယ်တွေရဲ့ အင်အားက လက်ရှိအနေအထားမှာ မန်ချက်စတာယူနိုက်တက်နဲ့ တူညီတဲ့ အသက်အရွယ်မှာ ပြသခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ခြေစွမ်းထက် သာလွန်နေတာကို တွေ့ရပြီး ဘာစီလိုနာအသင်းမှာ လူငယ်တန်းအဆင့်ဆင့် တက်လာတဲ့ မက်ဆီလောက်တော့ မကောင်းမွန်သေးပေမယ့် မျှော်လင့်လို့ရတဲ့ အနေအထားမှာ ရှိနေခဲ့တာပါ။

ဆာကာနဲ့ မာတီနယ်လီတို့က အသက် ၂၀ ပြည့်ခဲ့ချိန်မှာ စမစ်ရိုးကတော့ တစ်နှစ်ပိုကြီးပြီး သူတို့ရဲ့ အသက်အရွယ်နဲ့ မလိုက်အောင် ခြေစွမ်းပြသနေတဲ့ ပုံစံက အသင်းကို ၂၀၁၆-၁၇ ရာသီနောက်ပိုင်းမှာ ဝေးကွာနေခဲ့ရတဲ့ ချန်ပီယံလိဂ်ဆီကို အရောက်လှမ်းနိုင်ဖို့ အနီးစပ်ဆုံးအနေအထားကိုလည်း ရောက်ရှိလာစေနိုင်ခဲ့ပါတယ်။

သူတို့သုံးယောက်ရဲ့ စွမ်းရည်၊ ဘောလုံးကျွမ်းကျင်မှုနဲ့ နားလည်မှုတွေက လီဗာပူးလ်နဲ့ မန်ချက်စတာစီးတီးတို့လို့ အသင်းတွေကတောင် ရနိုင်ရင် ဆွဲစားမယ်ဆိုတဲ့ ပုံစံဖြစ်နေပြီး သူတို့မှာ အပြစ်ပြောစရာဆိုလို့ အတွေ့အကြုံ မရင့်ကျက်သေးမှုနဲ့ ချန်ပီယံလိဂ်လို ပြိုင်ပွဲကြီး မတိုးဖူးသေးတာသာ ကျန်တော့ပြီး ဒီကွက်လပ်ကိုလည်း မကြာခင်မှာ ဖြည့်ဆည်းသွားဖို့ ရှိနေခဲ့တာပါ။

ဘူကာယို ဆာကာ (၂၀ နှစ်)
အာဆင်နယ်ရဲ့ နံပါတ် ၇ အင်္ကျီကို ရဲရဲရင့်ရင့် လက်ခံနိုင်ခဲ့တဲ့ လူငယ်ဟာ လက်ရှိမှာ ပရီးမီးယားလိဂ်သွင်းဂိုး ၉ ဂိုးနဲ့ ဖန်တီးမှု ၅ ကြိမ်ကို ရှာဖွေထားနိုင်ပြီး တစ်ချိန်က အကောင်းဆုံး ဘယ်နောက်ခံလူတစ်ယောက်ဖြစ်လာလိမ့်မယ်လို့ တစ်ပေးခံရဖူးတာကို မူလရည်မှန်းချက်ဖြစ်တဲ့ တောင်ပံတိုက်စစ်မှူးဘဝကနေ လမ်းကြောင်းစောင်းမသွားရအောင် ထိန်းသိမ်းအောင်မြင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နံပါတ် ၇ ကတော့ ဒီအသက်အရွယ် ၂၀၀၄-၀၅ ရာသီမှာ ဆာကာရဲ့ ဒီရာသီ လက်ရှိထက်ပိုတဲ့ ပရီးမီးယားလိဂ် ၃၃ ပွဲ ကစားခွင့်ရထားခဲ့ပြီး ၄ ဂိုးသွင်း ၅ ဂိုးသာ ဖန်တီးနိုင်ခဲ့လို့ သူ့ထက် နည်းပါးခဲ့ချိန်မှာ မက်ဆီကတော့ ဒီအသက်အရွယ်ဖြစ်တဲ့ ၂၀၀၇-၀၈ ရာသီမှာ ၁၀ ဂိုးသွင်းပြီး ၁၄ ဂိုး ဖန်တီးနိုင်ခဲ့တာဖြစ်ပါတယ်။

ဂါဘရီယယ်လ် မာတီနယ်လီ (၂၀ နှစ်)
မာတီနယ်လီကတော့ ခြေစွမ်းတစ်သမတ်တည်း ထိန်းထားနိုင်အောင် ကြိုးစားနေရသူဖြစ်ပြီး ကောင်းတဲ့ပွဲတွေမှတော့ မိုးပျံနေသလို လုပ်ချင်ကိုင်ချင်စိတ် များလွန်းပြီး ဘောလုံးကိုင်လွန်းမှုနဲ့ အဆဲခံခဲ့ရတဲ့ ပွဲတွေလည်း ရှိနေခဲ့တာပါ။ ဒါပေမယ့် သူ့ရဲ့ ကျွမ်းကျင်မှု၊ အမြန်နှုန်းနဲ့ တစ်ဦးချင်း ဖြတ်ကျော်နိုင်မှုတွေက လီဗာပူးလ်နဲ့ပွဲမှာ အလက်ဇန်းဒါး-အာနိုးလ်ဒ်ကို သိမ်ငယ်စေတဲ့အထိဖြစ်ခဲ့ပြီး တောက်ပနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဘရာဇီးလ်လက်ရွေးစင်အနေနဲ့ ဒီရာသီမှာ ရော်နယ်လ်ဒိုရဲ့ ၂၀၀၄-၀၅ က စံချိန်ကို လိုက်မီနိုင်ဖို့ နီးစပ်နေပြီး သွင်းဂိုး ၅ ဂိုးနဲ့ ဖန်တီးမှု ၃ ကြိမ် မှတ်တမ်းဝင်ထားခဲ့ချိန်မှာ တစ်ဂိုးထပ်ပြီး ဖန်တီးနိုင်ဖို့သာ လိုအပ်နေတော့လို့ တန်းတူစွမ်းဆောင်ရည်လို့ပဲ ပြောနိုင်သလို မက်ဆီနဲ့ ယှဉ်ရင်တော့ ထက်ဝက် အောက်ကို နိမ့်ကျနေခဲ့လို့ ကြိုးစားရဖို့ ရှိနေသေးတာပါ။

အီမီးလ် စမစ်ရိုး (၂၁ နှစ်)
စမစ်ရိုးကတော့ အရေးပါတဲ့ နိုင်ပွဲဆောင် သွင်းဂိုးတွေနဲ့ သူ့ရဲ့ Goal Luck ကြောင့် ပိုမိုမျှော်လင့်ခြင်း ခံရပြီး ဒီသုံးယောက်ထဲမှာတော့ ဖန်တီးမှု အနည်းပါးဆုံးသူလည်းဖြစ်ပါတယ်။ ဟေးလ်အန့်ဒ် အကယ်ဒမီထွက်အနေနဲ့ ကံဆိုးမှုအဖြစ် တွဲပါနေတာက သူ့ရဲ့ ဒဏ်ရာတွေဖြစ်ပြီး ဒါကိုတော့ နည်းပြ အာတီတာအနေနဲ့ ဂရုတစိုက် ပြုပြင်ပြီး ကြံ့ခိုင်မှု မြင့်မားအောင် လေ့ကျင့်ပေးဖို့လည်း လိုနေခဲ့တာပါ။

အသက် ၂၁ နှစ်အရွယ်ချင်း ယှဉ်ရင်တော့ စမစ်ရိုးရဲ့ ၉ ဂိုးသွင်း ၂ ဂိုးဖန်တီးမှုက ရော်နယ်လ်ဒိုရဲ့ ၂၀၀၅-၀၆ ရာသီက ၉ ဂိုးသွင်း ၇ ဂိုး ဖန်တီးမှုနဲ့ ယှဉ်ရင် ၅ ကြိမ်ဖန်တီးဖို့ လိုနေပေမယ့် ကစားထားတဲ့ ၁၈ ပွဲနဲ့ ၃၃ ပွဲချင်း ယှဉ်ရင် သာလွန်တယ်လို့ပဲ ဆိုနိုင်မှာဖြစ်သလို မက်ဆီရဲ့ ၂၃ ဂိုးသွင်း ၁၃ ဂိုး ဖန်တီးမှုနဲ့တော့ ယှဉ်ဖို့ လိုနေသေးပြီး ဒါကလည်း တွဲကစားခွင့်ရတဲ့ စီနီယာ ကမ္ဘာ့အဆင့်ကစားသမားချင်း ကွာဟမှုကြောင့်လို့ပဲ ဆိုရမှာပါ။

ဒီမှတ်တမ်း မှတ်ရာတွေကို ကြည့်ရင် ဆာကာ၊ မာတီနယ်လီနဲ့ စမစ်ရိုးတို့ရဲ့ အမ်းမရိတ် အနာဂတ်တွေက တောက်ပမှု အားကောင်းနေတာကို တွေ့ရမှာဖြစ်ပြီး ဒီကစားသမား သုံးဦးကို စာချုပ်သစ်တွေနဲ့ ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ကတော့ အရေးကြီးနေသလို အာဆင်ဝင်းဂါးရဲ့ မျိုးဆက်ပြတ်ခဲ့တဲ့ နေ့ရက်တွေကို ပြန်မရောက်အောင်တော့ ဂရုစိုက်လုပ်ဆောင်ရမှာဖြစ်ကြောင်းလည်း Talk Sport က ရေးသားထားပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ တိုက္စစ္မွာ အခ်ိဳးမေျပဘဲ စည္းကမ္းခ်ိဳးေဖာက္ခဲ့တဲ့ အသင္းေခါင္းေဆာင္တိုက္စစ္မႉး ပ်ယ္-အမ္မရိခ္ အူဘာမီယန္းကို ကန္ထုတ္ရဲခဲ့တာကေတာ့ နည္းျပ မီခယ္လ္ အာတီတာရဲ႕ ဆုံးျဖတ္ခ်က္အျပင္ လူငယ္ေတြရဲ႕ ေျခစြမ္းျပမႈေၾကာင့္လို႔လည္း ဆိုလို႔ရၿပီး ပရိသတ္ေတြကေတာ့ ဂါဘြန္သား ေျခစြမ္းျပလည္း မလြမ္းဘူးလို႔ ဆိုႏိုင္ေနၾကတာျဖစ္ပါတယ္။

အာတီတာအေနနဲ႔ သူ႔ရဲ႕ အသင္းကို ဘူကာယို ဆာကာ၊ အီမီးလ္ စမစ္႐ိုးနဲ႔ ဂါဘရီယယ္လ္ မာတီနယ္လီတို႔ရဲ႕ တိုက္စစ္အင္အားနဲ႔ တည္ေဆာက္ထားတာျဖစ္ၿပီး ဆာကာက ညာျခမ္းမွာ ပင္တိုင္ပြဲထြက္ႏိုင္ခ်ိန္မွာ စမစ္႐ိုးနဲ႔ မာတီနယ္လီတို႔ကေတာ့ သူတို႔ရဲ႕ ႀကံ့ခိုင္မႈေၾကာင့္ ဘယ္ျခမ္း ပြဲထြက္ေနရာကို မွ်ေဝထားရတာလည္းျဖစ္ပါတယ္။

ဒီလူငယ္ေတြရဲ႕ အင္အားက လက္ရွိအေနအထားမွာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ တူညီတဲ့ အသက္အ႐ြယ္မွာ ျပသခဲ့တဲ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ ေျခစြမ္းထက္ သာလြန္ေနတာကို ေတြ႕ရၿပီး ဘာစီလိုနာအသင္းမွာ လူငယ္တန္းအဆင့္ဆင့္ တက္လာတဲ့ မက္ဆီေလာက္ေတာ့ မေကာင္းမြန္ေသးေပမယ့္ ေမွ်ာ္လင့္လို႔ရတဲ့ အေနအထားမွာ ရွိေနခဲ့တာပါ။

ဆာကာနဲ႔ မာတီနယ္လီတို႔က အသက္ ၂၀ ျပည့္ခဲ့ခ်ိန္မွာ စမစ္႐ိုးကေတာ့ တစ္ႏွစ္ပိုႀကီးၿပီး သူတို႔ရဲ႕ အသက္အ႐ြယ္နဲ႔ မလိုက္ေအာင္ ေျခစြမ္းျပသေနတဲ့ ပုံစံက အသင္းကို ၂၀၁၆-၁၇ ရာသီေနာက္ပိုင္းမွာ ေဝးကြာေနခဲ့ရတဲ့ ခ်န္ပီယံလိဂ္ဆီကို အေရာက္လွမ္းႏိုင္ဖို႔ အနီးစပ္ဆုံးအေနအထားကိုလည္း ေရာက္ရွိလာေစႏိုင္ခဲ့ပါတယ္။

သူတို႔သုံးေယာက္ရဲ႕ စြမ္းရည္၊ ေဘာလုံးကြၽမ္းက်င္မႈနဲ႔ နားလည္မႈေတြက လီဗာပူးလ္နဲ႔ မန္ခ်က္စတာစီးတီးတို႔လို႔ အသင္းေတြကေတာင္ ရႏိုင္ရင္ ဆြဲစားမယ္ဆိုတဲ့ ပုံစံျဖစ္ေနၿပီး သူတို႔မွာ အျပစ္ေျပာစရာဆိုလို႔ အေတြ႕အႀကဳံ မရင့္က်က္ေသးမႈနဲ႔ ခ်န္ပီယံလိဂ္လို ၿပိဳင္ပြဲႀကီး မတိုးဖူးေသးတာသာ က်န္ေတာ့ၿပီး ဒီကြက္လပ္ကိုလည္း မၾကာခင္မွာ ျဖည့္ဆည္းသြားဖို႔ ရွိေနခဲ့တာပါ။

ဘူကာယို ဆာကာ (၂၀ ႏွစ္)
အာဆင္နယ္ရဲ႕ နံပါတ္ ၇ အက်ႌကို ရဲရဲရင့္ရင့္ လက္ခံႏိုင္ခဲ့တဲ့ လူငယ္ဟာ လက္ရွိမွာ ပရီးမီးယားလိဂ္သြင္းဂိုး ၉ ဂိုးနဲ႔ ဖန္တီးမႈ ၅ ႀကိမ္ကို ရွာေဖြထားႏိုင္ၿပီး တစ္ခ်ိန္က အေကာင္းဆုံး ဘယ္ေနာက္ခံလူတစ္ေယာက္ျဖစ္လာလိမ့္မယ္လို႔ တစ္ေပးခံရဖူးတာကို မူလရည္မွန္းခ်က္ျဖစ္တဲ့ ေတာင္ပံတိုက္စစ္မႉးဘဝကေန လမ္းေၾကာင္းေစာင္းမသြားရေအာင္ ထိန္းသိမ္းေအာင္ျမင္ႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ နံပါတ္ ၇ ကေတာ့ ဒီအသက္အ႐ြယ္ ၂၀၀၄-၀၅ ရာသီမွာ ဆာကာရဲ႕ ဒီရာသီ လက္ရွိထက္ပိုတဲ့ ပရီးမီးယားလိဂ္ ၃၃ ပြဲ ကစားခြင့္ရထားခဲ့ၿပီး ၄ ဂိုးသြင္း ၅ ဂိုးသာ ဖန္တီးႏိုင္ခဲ့လို႔ သူ႔ထက္ နည္းပါးခဲ့ခ်ိန္မွာ မက္ဆီကေတာ့ ဒီအသက္အ႐ြယ္ျဖစ္တဲ့ ၂၀၀၇-၀၈ ရာသီမွာ ၁၀ ဂိုးသြင္းၿပီး ၁၄ ဂိုး ဖန္တီးႏိုင္ခဲ့တာျဖစ္ပါတယ္။

ဂါဘရီယယ္လ္ မာတီနယ္လီ (၂၀ ႏွစ္)
မာတီနယ္လီကေတာ့ ေျခစြမ္းတစ္သမတ္တည္း ထိန္းထားႏိုင္ေအာင္ ႀကိဳးစားေနရသူျဖစ္ၿပီး ေကာင္းတဲ့ပြဲေတြမွေတာ့ မိုးပ်ံေနသလို လုပ္ခ်င္ကိုင္ခ်င္စိတ္ မ်ားလြန္းၿပီး ေဘာလုံးကိုင္လြန္းမႈနဲ႔ အဆဲခံခဲ့ရတဲ့ ပြဲေတြလည္း ရွိေနခဲ့တာပါ။ ဒါေပမယ့္ သူ႔ရဲ႕ ကြၽမ္းက်င္မႈ၊ အျမန္ႏႈန္းနဲ႔ တစ္ဦးခ်င္း ျဖတ္ေက်ာ္ႏိုင္မႈေတြက လီဗာပူးလ္နဲ႔ပြဲမွာ အလက္ဇန္းဒါး-အာႏိုးလ္ဒ္ကို သိမ္ငယ္ေစတဲ့အထိျဖစ္ခဲ့ၿပီး ေတာက္ပႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ဘရာဇီးလ္လက္ေ႐ြးစင္အေနနဲ႔ ဒီရာသီမွာ ေရာ္နယ္လ္ဒိုရဲ႕ ၂၀၀၄-၀၅ က စံခ်ိန္ကို လိုက္မီႏိုင္ဖို႔ နီးစပ္ေနၿပီး သြင္းဂိုး ၅ ဂိုးနဲ႔ ဖန္တီးမႈ ၃ ႀကိမ္ မွတ္တမ္းဝင္ထားခဲ့ခ်ိန္မွာ တစ္ဂိုးထပ္ၿပီး ဖန္တီးႏိုင္ဖို႔သာ လိုအပ္ေနေတာ့လို႔ တန္းတူစြမ္းေဆာင္ရည္လို႔ပဲ ေျပာႏိုင္သလို မက္ဆီနဲ႔ ယွဥ္ရင္ေတာ့ ထက္ဝက္ ေအာက္ကို နိမ့္က်ေနခဲ့လို႔ ႀကိဳးစားရဖို႔ ရွိေနေသးတာပါ။

အီမီးလ္ စမစ္႐ိုး (၂၁ ႏွစ္)
စမစ္႐ိုးကေတာ့ အေရးပါတဲ့ ႏိုင္ပြဲေဆာင္ သြင္းဂိုးေတြနဲ႔ သူ႔ရဲ႕ Goal Luck ေၾကာင့္ ပိုမိုေမွ်ာ္လင့္ျခင္း ခံရၿပီး ဒီသုံးေယာက္ထဲမွာေတာ့ ဖန္တီးမႈ အနည္းပါးဆုံးသူလည္းျဖစ္ပါတယ္။ ေဟးလ္အန႔္ဒ္ အကယ္ဒမီထြက္အေနနဲ႔ ကံဆိုးမႈအျဖစ္ တြဲပါေနတာက သူ႔ရဲ႕ ဒဏ္ရာေတြျဖစ္ၿပီး ဒါကိုေတာ့ နည္းျပ အာတီတာအေနနဲ႔ ဂ႐ုတစိုက္ ျပဳျပင္ၿပီး ႀကံ့ခိုင္မႈ ျမင့္မားေအာင္ ေလ့က်င့္ေပးဖို႔လည္း လိုေနခဲ့တာပါ။

အသက္ ၂၁ ႏွစ္အ႐ြယ္ခ်င္း ယွဥ္ရင္ေတာ့ စမစ္႐ိုးရဲ႕ ၉ ဂိုးသြင္း ၂ ဂိုးဖန္တီးမႈက ေရာ္နယ္လ္ဒိုရဲ႕ ၂၀၀၅-၀၆ ရာသီက ၉ ဂိုးသြင္း ၇ ဂိုး ဖန္တီးမႈနဲ႔ ယွဥ္ရင္ ၅ ႀကိမ္ဖန္တီးဖို႔ လိုေနေပမယ့္ ကစားထားတဲ့ ၁၈ ပြဲနဲ႔ ၃၃ ပြဲခ်င္း ယွဥ္ရင္ သာလြန္တယ္လို႔ပဲ ဆိုႏိုင္မွာျဖစ္သလို မက္ဆီရဲ႕ ၂၃ ဂိုးသြင္း ၁၃ ဂိုး ဖန္တီးမႈနဲ႔ေတာ့ ယွဥ္ဖို႔ လိုေနေသးၿပီး ဒါကလည္း တြဲကစားခြင့္ရတဲ့ စီနီယာ ကမာၻ႔အဆင့္ကစားသမားခ်င္း ကြာဟမႈေၾကာင့္လို႔ပဲ ဆိုရမွာပါ။

ဒီမွတ္တမ္း မွတ္ရာေတြကို ၾကည့္ရင္ ဆာကာ၊ မာတီနယ္လီနဲ႔ စမစ္႐ိုးတို႔ရဲ႕ အမ္းမရိတ္ အနာဂတ္ေတြက ေတာက္ပမႈ အားေကာင္းေနတာကို ေတြ႕ရမွာျဖစ္ၿပီး ဒီကစားသမား သုံးဦးကို စာခ်ဳပ္သစ္ေတြနဲ႔ ဆက္လက္ထိန္းသိမ္းထားႏိုင္ဖို႔ကေတာ့ အေရးႀကီးေနသလို အာဆင္ဝင္းဂါးရဲ႕ မ်ိဳးဆက္ျပတ္ခဲ့တဲ့ ေန႔ရက္ေတြကို ျပန္မေရာက္ေအာင္ေတာ့ ဂ႐ုစိုက္လုပ္ေဆာင္ရမွာျဖစ္ေၾကာင္းလည္း Talk Sport က ေရးသားထားပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.