Premier League

ယခုရာသီ ပရီးမီးယားလိဂ်မှာ ဒုတိယအမြန်ဆုံးကစားသမားအဖြစ်သာ ရပ်တည်နေတဲ့ ဆာလား

လီဗာပူးလ်ကြယ်ပွင့်တိုက်စစ်မှူး မိုဟာမက် ဆာလားဟာ ယခုရာသီ ပရီးမီးယားလိဂ်မှာ ဒုတိယအမြန်ဆုံးကစားသမားအဖြစ် ရပ်တည်နေပေမယ့် အီဂျစ်တိုက်စစ်မှူးထက် ပိုမိုလျင်မြန်တဲ့ နံပါတ် ၁ ကစားသမားကတော့ မယုံနိုင်ဖွယ်ကောင်းလောက်အောင် ဗဟိုခံစစ်ကစားသမားဖြစ်နေခဲ့တာဖြစ်ပါတယ်။

ဆာလားဟာ ၎င်းရဲ့ လျှပ်ပြက်သလို မြန်နှုန်းနဲ့ ထက်မြက်တဲ့ ပြေးလမ်းကြောင်း ပြောင်းလဲနိုင်စွမ်းတို့ကြောင့် လူသိများ ကျော်ကြားသူဖြစ်ပြီး ယခုရာသီမှာ ထိပ်တန်းမြန်နှုန်းအနေနဲ့ တစ်ရာကို ၃၆.၆ ကီလိုမီတာအထိ ပြေးလွှားထားခဲ့တာဖြစ်ပါတယ်။ ဆာလားရဲ့ လျင်မြန်တဲ့ ခြေထောက်ဟာ ပရီးမီးယားလိဂ်ရဲ့ယခုရာသီအမြန်ဆုံးကစားသမားစာရင်းမှာ အိုလီ ဝက်ကင်စ်နဲ့ ပတ်ဆန် ဒါကာတို့ကို ကျော်ဖြတ်နိုင်ခဲ့ပြီး အဒါမာ ထရာအိုရေးနဲ့ မြန်နှုန်းချင်း တူညီနေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပရီးမီးယားလိဂ်ရာသီ ကုန်ဆုံးဖို့အတွက် ၁၀ ပွဲအောက်သာ ကျန်တော့တဲ့အချိန်မှာ အမြန်ဆုံးကစားသမားစာရင်းထဲ ထိပ်ဆုံးကနေ ရပ်တည်နေတဲ့ကစားသမားရှိနေပြီး အဲဒီလူက မိုဟာမက် ဆာလားတော့ မဟုတ်တာ ဖြစ်ပါတယ်။ အီဂျစ်လက်ရွေးစင်တိုက်စစ်မှူးဟာ တစ်နာရီကို ၀.၀၁ ကီလိုမီတာနဲ့ ဒုတိယနေရာမှာ ရပ်တည်ခဲ့ရတာဖြစ်ပြီး ချဲလ်ဆီး နောက်ခံကစားသမား အန်တိုနီယို ရူဒီဂါက ဘရိုက်တန်နဲ့ပွဲမှာ တစ်နာရီကို ၃၆.၇ ကီလိုမီတာနှုန်းနဲ့ ယခုရာသီရဲ့ အမြင့်ဆုံးမြန်နှုန်းကို စံချိန်တင်ထားခဲ့တာဖြစ်ပါတယ်။

ဒီအချက်အလက်တွေဟာ တွစ်တာပေါ်မှာ ပြုလုပ်ခဲ့တဲ့ အမေးအဖြေကဏ္ဍမှာ ထုတ်ဖော်ခြင်းခံခဲ့ရတာဖြစ်ပြီး အချက်အလက်တွေ ထုတ်ပြန်သူဖြစ်တဲ့ Opta Joe က ပရိသတ်ပေါင်း ၁.၃ သန်း ကျော်သွားတဲ့အတွက် ပရိသတ်တွေရဲ့ အလှည့်ကျမေးခွန်းတွေကို ဖြေဆိုပေးခဲ့တာဖြစ်ပါတယ်။ အီဘရာဟီမာ ကိုနာတေဟာ ဒီမြန်နှုန်းစာရင်းထဲမှာ နောက်ထပ် အံ့အားသင့်ဖွယ် ပါဝင်နေတဲ့ ကစားသမားဖြစ်ပြီး တစ်နာရီကို ၃၆.၂ ကီလိုမီတာနှုန်းနဲ့ ရူဒီဂါ၊ ဆာလား၊ ထရာအိုရေးတို့နောက် အဆင့် ၄ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်း မြန်နှုန်းရှင်စာရင်းထဲမှာ ထိပ်ဆုံး နေရာနဲ့ လွဲချော်ခဲ့ပေမယ့်လည်း ဆာလားအနေနဲ့ နောက်ထပ် ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ကျိန်းသေပေါက် ရရှိမယ်ဆိုတာကို သိရှိနေတာဖြစ်ပါတယ်။ လီဗာပူးလ်ကြယ်ပွင့်တောင်ပံကစားသမားအတွက် နောက်ထပ်အလွန်ကောင်းမွန်တဲ့ရာသီဖြစ်ခဲ့တာဖြစ်ပြီး ကြောက်မက်ဖွယ်သွင်းဂိုး ၂၀ နဲ့ ပရီးမီးယားလိဂ်ထိပ်တန်းဂိုးသွင်းရှင်စာရင်းမှာ ဒုတိယနေရာက ဆွန်ဟောင်မင်ထက် ၇ ဂိုးအသာနဲ့ ရပ်တည်နေတာဖြစ်ပါတယ်။

ဆာလားဟာ ဂိုးရှေ့မှာ တကိုယ်ကောင်းဆန်တတ်သူဖြစ်ပေမယ့်လည်း လီဗာပူးလ်အသင်းဖော်တွေကို ဂိုးဖန်တီးမှု ၁၀ ကြိမ်အထိ ပြုလုပ်ပေးခဲ့ပြီး ၂၀၂၁-၂၀၂၂ ရာသီအတွင်း အလက်ဇန်းဒါး-အာနိုးလ်တစ်ဦးကသာ ဂိုးဖန်တီးမှု ပိုမိုပြုလုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ မိုဟာမက် ဆာလားရဲ့ အထင်ကြီးဖွယ် စွမ်းဆောင်ရည်ကြောင့် အသင်းကို ပထမဆုံးအကြိမ် ဖလား ၄ လုံး တပြိုင်နက်ဆွတ်ခူးနိုင်အောင် ကူညီပေးနိုင်မယ်လို့ အန်းဖီးက ပရိသတ်တွေစိတ်ထဲမှာ ခံစားနေရတာဖြစ်ပါတယ်။

လီဗာပူးလ်ဟာ ယခုရာသီမှာ ဖလားတစ်လုံး ရရှိထားခဲ့ပြီးဖြစ်ပြီး ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်မှာလည်း ဘင်ဖီကာနဲ့ တွေ့ဆုံနေတာကြောင့် နောက်တဆင့်တက်ဖို့ အလားအလာများနေပြီး အက်ဖ်အေဖလားပြိုင်ပွဲမှာလည်း နော်တင်ဟမ်ဖောရက်စ်ကို ၁-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ဆုဖလားအတွက် အဖြေထုတ်ရမယ့်ပွဲစဉ်အဖြစ် လာမယ့် ဧပြီလ ၁၀ ရက်နေ့ အီတီဟတ်မှာ အမှတ်ပေးဇယားဦးဆောင်နေတဲ့ မန်စီးတီးနဲ့ ရင်ဆိုင်သွားရမှာဖြစ်ပြီး လီဗာပူးလ်က မန်စီးတီးထက် ၁ မှတ်သာ လျော့နည်းနေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီဗာပူးလ္ၾကယ္ပြင့္တိုက္စစ္မႉး မိုဟာမက္ ဆာလားဟာ ယခုရာသီ ပရီးမီးယားလိဂ္မွာ ဒုတိယအျမန္ဆုံးကစားသမားအျဖစ္ ရပ္တည္ေနေပမယ့္ အီဂ်စ္တိုက္စစ္မႉးထက္ ပိုမိုလ်င္ျမန္တဲ့ နံပါတ္ ၁ ကစားသမားကေတာ့ မယုံနိုင္ဖြယ္ေကာင္းေလာက္ေအာင္ ဗဟိုခံစစ္ကစားသမားျဖစ္ေနခဲ့တာျဖစ္ပါတယ္။

ဆာလားဟာ ၎ရဲ့ လၽွပ္ျပက္သလို ျမန္ႏႈန္းနဲ႔ ထက္ျမက္တဲ့ ေျပးလမ္းေၾကာင္း ေျပာင္းလဲနိုင္စြမ္းတို႔ေၾကာင့္ လူသိမ်ား ေက်ာ္ၾကားသူျဖစ္ၿပီး ယခုရာသီမွာ ထိပ္တန္းျမန္ႏႈန္းအေနနဲ႔ တစ္ရာကို ၃၆.၆ ကီလိုမီတာအထိ ေျပးလႊားထားခဲ့တာျဖစ္ပါတယ္။ ဆာလားရဲ့ လ်င္ျမန္တဲ့ ေျခေထာက္ဟာ ပရီးမီးယားလိဂ္ရဲ့ယခုရာသီအျမန္ဆုံးကစားသမားစာရင္းမွာ အိုလီ ဝက္ကင္စ္နဲ႔ ပတ္ဆန္ ဒါကာတို႔ကို ေက်ာ္ျဖတ္နိုင္ခဲ့ၿပီး အဒါမာ ထရာအိုေရးနဲ႔ ျမန္ႏႈန္းခ်င္း တူညီေနတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ပရီးမီးယားလိဂ္ရာသီ ကုန္ဆုံးဖို႔အတြက္ ၁၀ ပြဲေအာက္သာ က်န္ေတာ့တဲ့အခ်ိန္မွာ အျမန္ဆုံးကစားသမားစာရင္းထဲ ထိပ္ဆုံးကေန ရပ္တည္ေနတဲ့ကစားသမားရွိေနၿပီး အဲဒီလူက မိုဟာမက္ ဆာလားေတာ့ မဟုတ္တာ ျဖစ္ပါတယ္။ အီဂ်စ္လက္ေရြးစင္တိုက္စစ္မႉးဟာ တစ္နာရီကို ၀.၀၁ ကီလိုမီတာနဲ႔ ဒုတိယေနရာမွာ ရပ္တည္ခဲ့ရတာျဖစ္ၿပီး ခ်ဲလ္ဆီး ေနာက္ခံကစားသမား အန္တိုနီယို ႐ူဒီဂါက ဘရိုက္တန္နဲ႔ပြဲမွာ တစ္နာရီကို ၃၆.၇ ကီလိုမီတာႏႈန္းနဲ႔ ယခုရာသီရဲ့ အျမင့္ဆုံးျမန္ႏႈန္းကို စံခ်ိန္တင္ထားခဲ့တာျဖစ္ပါတယ္။

ဒီအခ်က္အလက္ေတြဟာ တြစ္တာေပၚမွာ ျပဳလုပ္ခဲ့တဲ့ အေမးအေျဖက႑မွာ ထုတ္ေဖာ္ျခင္းခံခဲ့ရတာျဖစ္ၿပီး အခ်က္အလက္ေတြ ထုတ္ျပန္သူျဖစ္တဲ့ Opta Joe က ပရိသတ္ေပါင္း ၁.၃ သန္း ေက်ာ္သြားတဲ့အတြက္ ပရိသတ္ေတြရဲ့ အလွည့္က်ေမးခြန္းေတြကို ေျဖဆိုေပးခဲ့တာျဖစ္ပါတယ္။ အီဘရာဟီမာ ကိုနာေတဟာ ဒီျမန္ႏႈန္းစာရင္းထဲမွာ ေနာက္ထပ္ အံ့အားသင့္ဖြယ္ ပါဝင္ေနတဲ့ ကစားသမားျဖစ္ၿပီး တစ္နာရီကို ၃၆.၂ ကီလိုမီတာႏႈန္းနဲ႔ ႐ူဒီဂါ၊ ဆာလား၊ ထရာအိုေရးတို႔ေနာက္ အဆင့္ ၄ ေနရာမွာ ရပ္တည္ေနတာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ရဲ့ ထိပ္တန္း ျမန္ႏႈန္းရွင္စာရင္းထဲမွာ ထိပ္ဆုံး ေနရာနဲ႔ လြဲေခ်ာ္ခဲ့ေပမယ့္လည္း ဆာလားအေနနဲ႔ ေနာက္ထပ္ ပရီးမီးယားလိဂ္ ေရႊဖိနပ္ဆုကို က်ိန္းေသေပါက္ ရရွိမယ္ဆိုတာကို သိရွိေနတာျဖစ္ပါတယ္။ လီဗာပူးလ္ၾကယ္ပြင့္ေတာင္ပံကစားသမားအတြက္ ေနာက္ထပ္အလြန္ေကာင္းမြန္တဲ့ရာသီျဖစ္ခဲ့တာျဖစ္ၿပီး ေၾကာက္မက္ဖြယ္သြင္းဂိုး ၂၀ နဲ႔ ပရီးမီးယားလိဂ္ထိပ္တန္းဂိုးသြင္းရွင္စာရင္းမွာ ဒုတိယေနရာက ဆြန္ေဟာင္မင္ထက္ ၇ ဂိုးအသာနဲ႔ ရပ္တည္ေနတာျဖစ္ပါတယ္။

ဆာလားဟာ ဂိုးေရွ႕မွာ တကိုယ္ေကာင္းဆန္တတ္သူျဖစ္ေပမယ့္လည္း လီဗာပူးလ္အသင္းေဖာ္ေတြကို ဂိုးဖန္တီးမႈ ၁၀ ႀကိမ္အထိ ျပဳလုပ္ေပးခဲ့ၿပီး ၂၀၂၁-၂၀၂၂ ရာသီအတြင္း အလက္ဇန္းဒါး-အာနိုးလ္တစ္ဦးကသာ ဂိုးဖန္တီးမႈ ပိုမိုျပဳလုပ္ထားနိုင္ခဲ့တာျဖစ္ပါတယ္။ မိုဟာမက္ ဆာလားရဲ့ အထင္ႀကီးဖြယ္ စြမ္းေဆာင္ရည္ေၾကာင့္ အသင္းကို ပထမဆုံးအႀကိမ္ ဖလား ၄ လုံး တၿပိဳင္နက္ဆြတ္ခူးနိုင္ေအာင္ ကူညီေပးနိုင္မယ္လို႔ အန္းဖီးက ပရိသတ္ေတြစိတ္ထဲမွာ ခံစားေနရတာျဖစ္ပါတယ္။

လီဗာပူးလ္ဟာ ယခုရာသီမွာ ဖလားတစ္လုံး ရရွိထားခဲ့ၿပီးျဖစ္ၿပီး ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္အဆင့္မွာလည္း ဘင္ဖီကာနဲ႔ ေတြ႕ဆုံေနတာေၾကာင့္ ေနာက္တဆင့္တက္ဖို႔ အလားအလာမ်ားေနၿပီး အက္ဖ္ေအဖလားၿပိဳင္ပြဲမွာလည္း ေနာ္တင္ဟမ္ေဖာရက္စ္ကို ၁-၀ နဲ႔ အနိုင္ရရွိခဲ့ၿပီးေနာက္ ဆီမီးဖိုင္နယ္အဆင့္ကို တက္ေရာက္ထားနိုင္ခဲ့ၿပီျဖစ္ပါတယ္။ ပရီးမီးယားလိဂ္ဆုဖလားအတြက္ အေျဖထုတ္ရမယ့္ပြဲစဥ္အျဖစ္ လာမယ့္ ဧၿပီလ ၁၀ ရက္ေန႔ အီတီဟတ္မွာ အမွတ္ေပးဇယားဦးေဆာင္ေနတဲ့ မန္စီးတီးနဲ႔ ရင္ဆိုင္သြားရမွာျဖစ္ၿပီး လီဗာပူးလ္က မန္စီးတီးထက္ ၁ မွတ္သာ ေလ်ာ့နည္းေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.