Premier League

အာဆင်နယ်ကို တော်တော်စိတ်နာနေတယ်ဆိုတာ ပြသခဲ့တဲ့ အိုဇေးလ်

မီဆွတ် အိုဇေးလ်ဟာ တစ်တော့မှာ မျှဝေခဲ့တဲ့ လူအများကြား ပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်ထဲမှာ အသင်းနာမည်ကို ပြောကြားဖို့ ငြင်းပယ်ခဲ့ပြီး အာဆင်နယ်ကို ရှောင်ဖယ်ခဲ့ပါတယ်။

ကွင်းလယ်ဖန်တီးရှင်ဟာ ၂၀၁၃ ခုနှစ်တုန်းက အပြောင်းအရွှေ့နောက်ဆုံးနေ့မှာ ရီးရဲလ်မက်ဒရစ်ရဲ့ အကြီးမားဆုံးကြယ်ပွင့်တွေထဲက တစ်ဦးအဖြစ်နဲ့ အမ်းမရိတ်စ်ကို ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။ အိုဇေးလ်ဟာ မြောက်လန်ဒန်ကလပ်အသင်းအတွက် ၂၅၄ ပွဲ ပါဝင်ကစားပေးခဲ့ပြီး သွင်းဂိုး ၄၄ ဂိုးနဲ့ ဂိုးဖန်တီးမှု ၇၂ ကြိမ် ပြုလုပ်ပေးခဲ့တဲ့ကစားသမားဖြစ်ပါတယ်။

ဒါပေမယ့်လည်း အမ်းမရိတ်စ်မှာရှိခဲ့တဲ့ နောက်ဆုံးကာလတွေမှာ နည်းပြ အာတီတာရဲ့ လူစာရင်းကနေ ဖယ်ရှားခြင်းကို ခံခဲ့ရပြီး ဂျာမန်ကွင်းလယ်ကစားသမားဟာ ခါးသီးတဲ့ အတွေ့အကြုံတွေကို ရရှိခဲ့တာဖြစ်ပါတယ်။ ၂၀၂၀ မတ်လမှာ အာဆင်နယ်အတွက် နောက်ဆုံးကစားပေးခဲ့ပြီး ဖီနာဘာချီအသင်းကို ပြောင်းရွှေ့သွားခဲ့တဲ့ အိုဇေးလ်ဟာ မြောက်လန်ဒန်ကလပ်အသင်းရဲ့ ရက်စက်တဲ့ ဆက်ဆံမှုကြောင့် နာကျင်ခဲ့ရတဲ့ ဒဏ်ရာတွေကို မေ့ဖျောက်နိုင်ခြင်းမရှိသေးပုံပေါ်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

အာဆင်နယ်ဂျာကင်ဝတ်ဆင်ထားတဲ့ ပရိသတ်တစ်ဦးဟာ ကမ္ဘာ့ဖလားချန်ပီယံနဲ့အတူ.ဆယ်လ်ဖီ ဗီဒီယိုရိုက်ကူးနေတဲ့ ဗီဒီယိုကို တစ်တော့ပေါ်တင်ခဲ့တာဖြစ်ပြီး ပရိသတ်က “Ya Gunners, ya”ဆိုတဲ့ ၎င်းရဲ့လူသိများတဲ့ ကြွေးကြော်သံကို ပြောဖို့ အိုဇေးလ်ကို တောင်းဆိုခဲ့တာဖြစ်ပြီး ဂျာမန်ကွင်းလယ်ကစားသမားက ရက်ရက်စက်စက်ကို ငြင်းပယ်လိုက်တာဖြစ်ပါတယ်။

“ဟင့်အင်း၊ ဟင့်အင်း။ အဲဒါက ဖြစ်လာမှာမဟုတ်ဘူး”လို့ ပြောခဲ့ပေမယ့်လည်း ဓာတ်ပုံရိုက်ကူးဖို့အတွက် ဒေါသထွက်နေတဲ့ မျက်နှာအမူအရာနဲ့ ပို့စ်ပေးခဲ့တာဖြစ်ပါတယ်။ အိုဇေးလ်ကို အဲဒီ ပရိသတ်က အာတီတာရဲ့ အာဆင်နယ်ရှပ်အဟောင်းပေါ်မှာ လက်မှတ်ထိုးပေးဖို့ တောင်းဆိုခဲ့သေးပြီး အံ့အားသင့်စရာမကောင်းစွာနဲ့ပဲ မအောင်မြင်ခဲ့ပြန်တာဖြစ်ပါတယ်။

စိတ်ကသိကအောင့်ဖြစ်စရာ တွေ့ဆုံမှုဟာ လူမှုကွန်ရက်ပေါ်က အာဆင်နယ်ပရိသတ်တွေကို အမျိုးအမည်မသိတဲ့ ခံစားချက်တွေနဲ့ ကျန်ရစ်စေခဲ့ပြီး အချို့ပရိသတ်တွေကတော့ အိုဇေးလ်ရဲ့ အသင်းအပေါ် စိတ်နာနာနဲ့ သံယောဇဉ် ဖြတ်တောက်လိုက်တဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီး ဝမ်းနည်းခဲ့ကြပါတယ်။ “စိတ်မကောင်းစရာပဲ။ ဒီလိုပုံစံမျိုးနဲ့တော့ အဆုံးမသတ်သင့်ခဲ့ပါဘူး။ သူနဲ့ပတ်သက်ပြီး ကောင်းပါတယ်။ အာဆင်နယ်ဆီကနေ သူရခဲ့တဲ့ မလေးစားမှုက ရွံရှာစက်ဆုပ်ဖွယ်ကောင်းခဲ့တာပါ”လို့ ပရိသတ်တစ်ဦးက ရေးသားခဲ့ပါတယ်။

ဒါပေမယ့် အခြားပရိသတ်တစ်ဦးက “အိုဇေးလ်က အာဆင်နယ်အတွက် ကစားဖို့ ရှိသင့်တာထက် ပိုပြီး တန်ဖိုးအထားခံရဆုံး၊ ရသင့်တဲ့လစာထက် ပိုရခဲ့တဲ့ ကစားသမားပဲ။ သူ ထွက်သွားခဲ့တာ ဝမ်းသာတယ်”လို့ မှတ်ချက်ပေးခဲ့ပြီး အခြားပရိသတ်တစ်ဦးကလည်း “ဘရို အိုဇေးလ်အကြောင်း ဘယ်ကောင်မှ ဂရုမစိုက်ဘူး”လို့ ဝင်ရေးခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မီဆြတ္ အိုေဇးလ္ဟာ တစ္ေတာ့မွာ မၽွေဝခဲ့တဲ့ လူအမ်ားၾကား ပ်ံ႕ႏွံ့ေနတဲ့ ဗီဒီယိုဖိုင္ထဲမွာ အသင္းနာမည္ကို ေျပာၾကားဖို႔ ျငင္းပယ္ခဲ့ၿပီး အာဆင္နယ္ကို ေရွာင္ဖယ္ခဲ့ပါတယ္။

ကြင္းလယ္ဖန္တီးရွင္ဟာ ၂၀၁၃ ခုႏွစ္တုန္းက အေျပာင္းအေရႊ႕ေနာက္ဆုံးေန႔မွာ ရီးရဲလ္မက္ဒရစ္ရဲ့ အႀကီးမားဆုံးၾကယ္ပြင့္ေတြထဲက တစ္ဦးအျဖစ္နဲ႔ အမ္းမရိတ္စ္ကို ေရာက္ရွိလာခဲ့သူျဖစ္ပါတယ္။ အိုေဇးလ္ဟာ ေျမာက္လန္ဒန္ကလပ္အသင္းအတြက္ ၂၅၄ ပြဲ ပါဝင္ကစားေပးခဲ့ၿပီး သြင္းဂိုး ၄၄ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၇၂ ႀကိမ္ ျပဳလုပ္ေပးခဲ့တဲ့ကစားသမားျဖစ္ပါတယ္။

ဒါေပမယ့္လည္း အမ္းမရိတ္စ္မွာရွိခဲ့တဲ့ ေနာက္ဆုံးကာလေတြမွာ နည္းၿပ အာတီတာရဲ့ လူစာရင္းကေန ဖယ္ရွားျခင္းကို ခံခဲ့ရၿပီး ဂ်ာမန္ကြင္းလယ္ကစားသမားဟာ ခါးသီးတဲ့ အေတြ႕အၾကဳံေတြကို ရရွိခဲ့တာျဖစ္ပါတယ္။ ၂၀၂၀ မတ္လမွာ အာဆင္နယ္အတြက္ ေနာက္ဆုံးကစားေပးခဲ့ၿပီး ဖီနာဘာခ်ီအသင္းကို ေျပာင္းေရႊ႕သြားခဲ့တဲ့ အိုေဇးလ္ဟာ ေျမာက္လန္ဒန္ကလပ္အသင္းရဲ့ ရက္စက္တဲ့ ဆက္ဆံမႈေၾကာင့္ နာက်င္ခဲ့ရတဲ့ ဒဏ္ရာေတြကို ေမ့ေဖ်ာက္နိုင္ျခင္းမရွိေသးပုံေပၚခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။

အာဆင္နယ္ဂ်ာကင္ဝတ္ဆင္ထားတဲ့ ပရိသတ္တစ္ဦးဟာ ကမၻာ့ဖလားခ်န္ပီယံနဲ႔အတူ.ဆယ္လ္ဖီ ဗီဒီယိုရိုက္ကူးေနတဲ့ ဗီဒီယိုကို တစ္ေတာ့ေပၚတင္ခဲ့တာျဖစ္ၿပီး ပရိသတ္က “Ya Gunners, ya”ဆိုတဲ့ ၎ရဲ့လူသိမ်ားတဲ့ ေႂကြးေၾကာ္သံကို ေျပာဖို႔ အိုေဇးလ္ကို ေတာင္းဆိုခဲ့တာျဖစ္ၿပီး ဂ်ာမန္ကြင္းလယ္ကစားသမားက ရက္ရက္စက္စက္ကို ျငင္းပယ္လိုက္တာျဖစ္ပါတယ္။

“ဟင့္အင္း၊ ဟင့္အင္း။ အဲဒါက ျဖစ္လာမွာမဟုတ္ဘူး”လို႔ ေျပာခဲ့ေပမယ့္လည္း ဓာတ္ပုံရိုက္ကူးဖို႔အတြက္ ေဒါသထြက္ေနတဲ့ မ်က္ႏွာအမူအရာနဲ႔ ပို႔စ္ေပးခဲ့တာျဖစ္ပါတယ္။ အိုေဇးလ္ကို အဲဒီ ပရိသတ္က အာတီတာရဲ့ အာဆင္နယ္ရွပ္အေဟာင္းေပၚမွာ လက္မွတ္ထိုးေပးဖို႔ ေတာင္းဆိုခဲ့ေသးၿပီး အံ့အားသင့္စရာမေကာင္းစြာနဲ႔ပဲ မေအာင္ျမင္ခဲ့ျပန္တာျဖစ္ပါတယ္။

စိတ္ကသိကေအာင့္ျဖစ္စရာ ေတြ႕ဆုံမႈဟာ လူမႈကြန္ရက္ေပၚက အာဆင္နယ္ပရိသတ္ေတြကို အမ်ိဳးအမည္မသိတဲ့ ခံစားခ်က္ေတြနဲ႔ က်န္ရစ္ေစခဲ့ၿပီး အခ်ိဳ႕ပရိသတ္ေတြကေတာ့ အိုေဇးလ္ရဲ့ အသင္းအေပၚ စိတ္နာနာနဲ႔ သံေယာဇဥ္ ျဖတ္ေတာက္လိုက္တဲ့ လုပ္ရပ္နဲ႔ပတ္သက္ၿပီး ဝမ္းနည္းခဲ့ၾကပါတယ္။ “စိတ္မေကာင္းစရာပဲ။ ဒီလိုပုံစံမ်ိဳးနဲ႔ေတာ့ အဆုံးမသတ္သင့္ခဲ့ပါဘူး။ သူနဲ႔ပတ္သက္ၿပီး ေကာင္းပါတယ္။ အာဆင္နယ္ဆီကေန သူရခဲ့တဲ့ မေလးစားမႈက ရြံရွာစက္ဆုပ္ဖြယ္ေကာင္းခဲ့တာပါ”လို႔ ပရိသတ္တစ္ဦးက ေရးသားခဲ့ပါတယ္။

ဒါေပမယ့္ အျခားပရိသတ္တစ္ဦးက “အိုေဇးလ္က အာဆင္နယ္အတြက္ ကစားဖို႔ ရွိသင့္တာထက္ ပိုၿပီး တန္ဖိုးအထားခံရဆုံး၊ ရသင့္တဲ့လစာထက္ ပိုရခဲ့တဲ့ ကစားသမားပဲ။ သူ ထြက္သြားခဲ့တာ ဝမ္းသာတယ္”လို႔ မွတ္ခ်က္ေပးခဲ့ၿပီး အျခားပရိသတ္တစ္ဦးကလည္း “ဘရို အိုေဇးလ္အေၾကာင္း ဘယ္ေကာင္မွ ဂ႐ုမစိုက္ဘူး”လို႔ ဝင္ေရးခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.