Analysis Article Premier League

တန်းမဆင်းရရေးနဲ့ ရာထူးအတွက် လမ်းပတ်နဲ့ အဲဗာတန် ပြင်ဆင်ရမယ့် အချက် 5 ချက်

နွေရာသီမှာ ပိုက်ဆံသုံးမထားခဲ့တဲ့ အဲဗာတန်တို့ ဆောင်းရာသီအဝင်မှာ ကိုးယိုးကားကားဖြစ်လာခဲ့ပြီး ရှိတဲ့လူနဲ့ ဒုက္ခရောက်လာခဲ့ချိန်မှာ တာဝန်ရှိသူတွေအနေနဲ့ ရာဖာ ဘင်နီတက်ဇ်ကို ထုတ်ခဲ့သလို ဖရန့် လမ်းပတ်လက်ထဲ အသင်းကို ထိုးအပ်လိုက်ပြီး ကစားသမားသစ်တွေ ခေါ်ယူခဲ့ပေမယ့် လက်ရှိအချိန်အထိ ပုံစံက တက်မလာသေးဘဲ ဖရိုဖရဲဖြစ်နေခဲ့ရပါတယ်။

လမ်းပတ်အတွက် ရိန်းဂျားစ်နောက်ခံလူ နာသန် ပက်တာဆန်ကို ပေါင် ၁၂ သန်း၊ ဒီနာမိုကိဗ်က ဗီတာလီ မစ်ကိုလန်ကို,ကို ပေါင် ၁၇ သန်းနဲ့ စပါးစ်က ဒယ်လီ အယ်လီကို ပေါင်သန်း ၄၀ အထိ ပေးချေရနိုင်တဲ့ သဘောတူညီမှုတွေနဲ့ ခေါ်ယူခဲ့ပေမယ့် နည်းပြကိုယ်တိုင်ကတော့ သူတို့တွေကို ဘယ်လို သုံးစွဲရမယ်ဆိုတာ အဖြေမရှာနိုင်သေးဘဲ ခံစစ် ၅ ယောက်တန်းနဲ့ပါ ကစားပြီး ကြောင်ပျောက်နေခဲ့သေးတာပါ။

ဒီအတွက် ဒါဘီကောင်တီနဲ့ ချဲလ်ဆီးနည်းပြဟောင်းအနေနဲ့ ဘာတွေပြင်ဆင်သင့်ပြီး ခရစ္စတယ်လ်ပဲလေ့စ်အသင်းကို အရှက်တကွဲ ရှုံးခဲ့ရတဲ့ အဲဗာတန်အသင်းကို တန်းဆင်းဇုန်ကနေ ရုန်းထွက်ဖို့၊ နည်းပြရာထူးကို မဆုံးရှုံးရဖို့နဲ့ နေရာမှန်ကို ပြန်ပို့နိုင်ဖို့ အောက်ပါအချက်တွေကို လုပ်ဆောင်ရနိုင်လိမ့်မယ်လို့ ကျွမ်းကျင်သူတွေက တိုက်တွန်းထားပါတယ်။

၁။ ခံစစ်ငါးယောက်တန်းကို မသုံးဖို့
ပဲလေ့စ်ကို ရှုံးခဲ့တာဟာ လူများပြီး ပွဲမစည်တဲ့ ခံစစ်အုပ်စုက ဂိုးသမား ပစ်ခ်ဖို့ဒ်ရှေ့မှာ ဝင်ရှုပ်နေလို့ဆိုပြီး ခေါင်းစဉ်တပ်နိုင်ခဲ့ပါတယ်။ ဒီရာသီမှာ နောက်တန်းတွေနဲ့ ပစ်ခ်ဖို့ဒ်ရဲ့ အစေးမကပ်မှုက များနေခဲ့ပြီး သူ့ရှေ့မှာ လူများလေ၊ သူ့မြင်ကွင်း ပိုပိတ်ပြီး ကာကွယ်ရတာ ပိုခက်လေလေလို့ အင်္ဂလန် နံပါတ်တစ်အနေနဲ့ ထင်မြင်နေပုံဖြစ်သလို ဒီအတိုင်းလည်း တစ်ဖက်က ကန်သမျှကို သူချည်းပဲ ဒိုင်ခံဖမ်းနေခဲ့ရတာပါ။

အက်ဖ်အေဖလားနေ ပြုတ်ခဲ့တဲ့ ပွဲကတော့ လမ်းပတ်ရဲ့ အညံ့ဆုံးပွဲတွေထဲက တစ်ပွဲဖြစ်ခဲ့ပြီး Wing Back တွေဟာ အလယ်တန်းတောင်ပံတွေမှာ အသုံးတော်ခံရမယ့်အစား သာမန်ခံစစ်အားပြုတဲ့ အစွန်လူတွေအဖြစ် 3 Back အစား 5 Back ဖြစ်သွားခဲ့ပြီး ကွင်းလယ်မှာ လူနည်းသွားတဲ့အခါ ပဲ့လေ့စ်တို့ လုပ်ချင်တိုင်း လုပ်ပြသွားခဲ့ပါ။ ဒါကြောင့် လမ်းပတ်အနေနဲ့ ဒီလူတွေကို ဆက်သုံးမယ်ဆိုရင် 4 Back နဲ့ အဆင်ပြေအောင်ပဲ ကြိုးစားရပါလိမ့်မယ်။

၂။ ကွင်းလယ်သုံးယောက်တန်း နေရာချဖို့
အဲဗာတန်အသင်းရဲ့ ကွင်းလယ်မှာ တကယ်တမ်းပြောရရင် ပရီးမီးယားလိဂ်အသင်းချင်း အားကျရမယ့်သူတွေကိုတောင် ပိုင်ဆိုင်ထားတာပါ။ အက်ဘ်ဒူလာယေး ဒူကူရေးဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးတွေထဲက တိုက်စစ်ရော ခံစစ်ပါ အကောင်းဆုံးကစားနိုင်သူဖြစ်ပြီး သူ့ကို ဥရောပ အတွေ့အကြုံရင့် အန်ဒရီ ဂိုမက်စ်၊ ဘရာဇီးလ်သား အယ်လန်တို့နဲ့ တွဲပေးနိုင်ခဲ့ရင် လှည့်ကြည့်စရာမလိုတဲ့ အစုအဖွဲ့ဖြစ်ဖို့ ရှိနေပါတယ်။

လမ်းပတ်အနေနဲ့ ဒူကူရေးနဲ့ အယ်လန်တို့ကို ပင်တိုင်သုံးပြီး တစ်ဖက်အသင်းအနေအထားအရ ဒွန်နီ ဗန်ဒဘိခ်၊ အန်ဒရီ ဂိုမက်စ်နဲ့ ဒယ်လီ အယ်လီတို့ကို နေရာချနိုင်ခွင့်ရှိနေသလို ကွင်းလယ်မှာ ၄-၂-၁-၃၊ ၄-၃-၂-၁ ပုံစံအမျိုးမျိုးကို သုံးစွဲနိုင်ပြီး တွမ်ဒေးဗီးစ်နဲ့ ဖာဘီယန် ဒဲ့လ်ဖ်တို့သာ ဒဏ်ရာက ပြန်လာခဲ့ရင် ဒီထက်ပိုပြီး အင်အားတောင့်တင်းဦးမှာလို့ မမိုက်ဖို့ပဲ လိုနေတာပါ။

၃။ အယ်လီအတွက် နေရာ ရှာပေးဖို့
ဒယ်လီ အယ်လီအတွက် အဲဗာတန်တို့ ပေးချေရမယ့် ပြောင်းရွှေ့ကြေးက ပေါင်သန်း ၄၀ အထိလည်း ဖြစ်သွားနိုင်သလို လစာငွေ မြင့်မားတဲ့ ကစားသမားမျိုးလည်းဖြစ်လို့ ဒါက လမ်းပတ် ကြိုက်ကြိုက် မကြိုက်ကြိုက် ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုလည်းဖြစ်နေပါတယ်။ ပြဿနာကတော့ ဒီကစားသမားအနေနဲ့ ကစားတတ်တဲ့ နေရာရှားပါးတဲ့ Non-Versatile Player မျိုးဖြစ်လို့ သူ့စိတ်ကြိုက်နေရာကို ဖန်တီးပေးရဖို့ပဲ ရှိနေတာပါ။

ဘယ်တောင်ပံနဲ့ ကွင်းလယ်နံပါတ် ၈ တွေဟာ အယ်လီအကြိုက် နေရာမျိုး မဟုတ်တာကို သတိချပ်ထားရမှာဖြစ်ပြီး သူ့ကို နေရာပေးချင်ရင် တိုက်စစ်မှူးနောက် နံပါတ် ၁၀ နေရာမှာ ကွင်းလယ်နှစ်ဦးရှေ့က Link ချိတ်ကစားမယ့် နံပါတ် ၁၀ Second Striker ဖြစ်သာ တာဝန်ပေးရမှာဖြစ်သလို ဒါက သူ့ရဲ့ အအောင်မြင်ဆုံးဖြစ်ခဲ့တဲ့ စပါးစ်နေ့ရက်တွေမှာ ကစားခဲ့တဲ့ ပုံစံပါပဲ။ သူ့ကို နေရာချောင်စေမယ့် ကဲလ်ဗတ်-လူဝင်၊ ရစ်ချာလစ်ဆန်နဲ့ ဂေါ်ဒန်တို့က လွတ်လွတ်လပ်လပ် ခြေစွမ်းပြနိုင်အောင် ကူညီပေးနိုင်ပါလိမ့်မယ်။

၄။ နောက်ခံလူသစ်တွေကို အသုံးချဖို့
လမ်းပတ်တစ်ယောက် နာသန် ပက်တာဆန်နဲ့ ဗီတာလီ မစ်ကိုလန်ကိုတို့ကို သုံးဖို့ ဘာတွေ နှောင့်နှေးနေလဲ မသိသလို ဒါက အားမလိုအားမရ ဖြစ်စေပါတယ်။ ဘယ်ခြမ်းမှာ ညာသန် ဂျွန်ဂျိုး ကင်နီကို သုံးပြီး ညာခြမ်းမှာ အဘိုးအို ကိုးလ်မန်းကို သုံးနေတာက အဲဗာတန်ခံစစ်ကို ပျက်စီးစေသလို စကတည်းက အားနည်းပြီး တုံ့နှေးတဲ့ မိုက်ကယ် ကီးန်နဲ့ မေဆန် ဟိုလ်ဂိတ်တို့ကို ညံ့သထက် ညံ့သွားစေတာပါ။

ဒါကြောင့် လမ်းပတ်အနေနဲ့ ပက်တာဆန်နဲ့ မစ်ကိုလန်ကိုတို့ကို ရဲရဲနေရာပေးပြီး ယယ်ရီ မီနာ ပြန်မလာသေးခင်မှာ ကီးန်နဲ့ ဟိုလ်ဂိတ်တို့ထဲက တစ်ယောက်ပဲ ရွေးပြီး လျင်မြန်တဲ့ ခံစစ်မှူး ဘန် ဂေါ့ဖရီနဲ့ တွဲဖက်ပေးရမှာဖြစ်သလို ရလဒ်ဆိုးတွေအတွက် တာဝန်အရှိဆုံးဖြစ်နေတဲ့ ခံစစ်ကြောင်းကို ခိုင်မာစေဖို့နဲ့ ဂိုးသမား ပစ်ခ်ဖို့ဒ် စိတ်ဓာတ်ကျပြီး ဂိုးတွေ ပိုမပေးရစေဖို့ ပြင်ဆင်ပေးရမှာဖြစ်ပါတယ်။

၅။ ပွဲထွက်နဲ့ အရန်ကစားသမား ကွဲပြားဖို့
ဒါ့အပြင် ကစားသမားတွေကို စိတ်ဓာတ်မြှင့်တင်ပေးနိုင်ဖို့နဲ့ တိုက်စစ်မှာလည်း ပုံမှန်လူစာရင်းကို ထုတ်သုံးနိုင်ဖို့က အရေးကြီးနေပြီး တိုက်စစ်မှာ ကဲလ်ဗတ်-လူဝင်၊ ရစ်ချာလစ်ဆန်၊ အယ်လီ၊ ဂေါ်ဒန်၊ ဒီမာရိုင် ဂရေး၊ တောင်ဆန်းတို့ကို ပွဲထွက်နေရာ ရမယ့်သူနဲ့ အရန်ခုံက ဝင်ရမယ့်သူတွေကို ကစားဟန်နဲ့ ပုံစံကောင်းကို ထိန်းသိမ်းထားနိုင်မှုအပေါ် ပြတ်ပြတ်သားသား ခွဲခြားသတ်မှတ်ဖို့လည်း လိုအပ်နေပါတယ်။

ကစားသမားတွေရဲ့ အရေးပါမှုကို သတ်မှတ်နိုင်မှ နေရာအတွက် ကြိုးစားချင်စိတ်တွေ ရလာမှာဖြစ်ပြီး ခြေစွမ်းနဲ့ ပုံစံကောင်းကို ထိန်းသိမ်းထားနိုင်ကြမှာဖြစ်သလို အသင်းတစ်သင်းရဲ့ ကိုယ်စီတာဝန်ယူ တာဝန်ခံမှုကလည်း ရှိလာမှာပါ။ လက်ရှိအနေအထားအတိုင်း ဟိုလိုလို ဒီလိုလိုနဲ့ ဆက်သွားနေရင်တော့ လမ်းပတ်အနေနဲ့ ဒီအချက်တွေကို မဖြေရှင်းနိုင်ခဲ့ရင် ရာသီကုန်ချိန်မှာ သူ့ရဲ့ နည်းပြရာထူးကို အာမခံနိုင်မှာ မဟုတ်ဘူးလို့လည်း သုံးသပ်ထားပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေႏြရာသီမွာ ပိုက္ဆံသုံးမထားခဲ့တဲ့ အဲဗာတန္တို႔ ေဆာင္းရာသီအဝင္မွာ ကိုးယိုးကားကားျဖစ္လာခဲ့ၿပီး ရွိတဲ့လူနဲ႔ ဒုကၡေရာက္လာခဲ့ခ်ိန္မွာ တာဝန္ရွိသူေတြအေနနဲ႔ ရာဖာ ဘင္နီတက္ဇ္ကို ထုတ္ခဲ့သလို ဖရန႔္ လမ္းပတ္လက္ထဲ အသင္းကို ထိုးအပ္လိုက္ၿပီး ကစားသမားသစ္ေတြ ေခၚယူခဲ့ေပမယ့္ လက္ရွိအခ်ိန္အထိ ပုံစံက တက္မလာေသးဘဲ ဖ႐ိုဖရဲျဖစ္ေနခဲ့ရပါတယ္။

လမ္းပတ္အတြက္ ရိန္းဂ်ားစ္ေနာက္ခံလူ နာသန္ ပက္တာဆန္ကို ေပါင္ ၁၂ သန္း၊ ဒီနာမိုကိဗ္က ဗီတာလီ မစ္ကိုလန္ကို,ကို ေပါင္ ၁၇ သန္းနဲ႔ စပါးစ္က ဒယ္လီ အယ္လီကို ေပါင္သန္း ၄၀ အထိ ေပးေခ်ရႏိုင္တဲ့ သေဘာတူညီမႈေတြနဲ႔ ေခၚယူခဲ့ေပမယ့္ နည္းျပကိုယ္တိုင္ကေတာ့ သူတို႔ေတြကို ဘယ္လို သုံးစြဲရမယ္ဆိုတာ အေျဖမရွာႏိုင္ေသးဘဲ ခံစစ္ ၅ ေယာက္တန္းနဲ႔ပါ ကစားၿပီး ေၾကာင္ေပ်ာက္ေနခဲ့ေသးတာပါ။

ဒီအတြက္ ဒါဘီေကာင္တီနဲ႔ ခ်ဲလ္ဆီးနည္းျပေဟာင္းအေနနဲ႔ ဘာေတြျပင္ဆင္သင့္ၿပီး ခရစၥတယ္လ္ပဲေလ့စ္အသင္းကို အရွက္တကြဲ ရႈံးခဲ့ရတဲ့ အဲဗာတန္အသင္းကို တန္းဆင္းဇုန္ကေန ႐ုန္းထြက္ဖို႔၊ နည္းျပရာထူးကို မဆုံးရႈံးရဖို႔နဲ႔ ေနရာမွန္ကို ျပန္ပို႔ႏိုင္ဖို႔ ေအာက္ပါအခ်က္ေတြကို လုပ္ေဆာင္ရႏိုင္လိမ့္မယ္လို႔ ကြၽမ္းက်င္သူေတြက တိုက္တြန္းထားပါတယ္။

၁။ ခံစစ္ငါးေယာက္တန္းကို မသုံးဖို႔
ပဲေလ့စ္ကို ရႈံးခဲ့တာဟာ လူမ်ားၿပီး ပြဲမစည္တဲ့ ခံစစ္အုပ္စုက ဂိုးသမား ပစ္ခ္ဖို႔ဒ္ေရွ႕မွာ ဝင္ရႈပ္ေနလို႔ဆိုၿပီး ေခါင္းစဥ္တပ္ႏိုင္ခဲ့ပါတယ္။ ဒီရာသီမွာ ေနာက္တန္းေတြနဲ႔ ပစ္ခ္ဖို႔ဒ္ရဲ႕ အေစးမကပ္မႈက မ်ားေနခဲ့ၿပီး သူ႔ေရွ႕မွာ လူမ်ားေလ၊ သူ႔ျမင္ကြင္း ပိုပိတ္ၿပီး ကာကြယ္ရတာ ပိုခက္ေလေလလို႔ အဂၤလန္ နံပါတ္တစ္အေနနဲ႔ ထင္ျမင္ေနပုံျဖစ္သလို ဒီအတိုင္းလည္း တစ္ဖက္က ကန္သမွ်ကို သူခ်ည္းပဲ ဒိုင္ခံဖမ္းေနခဲ့ရတာပါ။

အက္ဖ္ေအဖလားေန ျပဳတ္ခဲ့တဲ့ ပြဲကေတာ့ လမ္းပတ္ရဲ႕ အညံ့ဆုံးပြဲေတြထဲက တစ္ပြဲျဖစ္ခဲ့ၿပီး Wing Back ေတြဟာ အလယ္တန္းေတာင္ပံေတြမွာ အသုံးေတာ္ခံရမယ့္အစား သာမန္ခံစစ္အားျပဳတဲ့ အစြန္လူေတြအျဖစ္ 3 Back အစား 5 Back ျဖစ္သြားခဲ့ၿပီး ကြင္းလယ္မွာ လူနည္းသြားတဲ့အခါ ပဲ့ေလ့စ္တို႔ လုပ္ခ်င္တိုင္း လုပ္ျပသြားခဲ့ပါ။ ဒါေၾကာင့္ လမ္းပတ္အေနနဲ႔ ဒီလူေတြကို ဆက္သုံးမယ္ဆိုရင္ 4 Back နဲ႔ အဆင္ေျပေအာင္ပဲ ႀကိဳးစားရပါလိမ့္မယ္။

၂။ ကြင္းလယ္သုံးေယာက္တန္း ေနရာခ်ဖို႔
အဲဗာတန္အသင္းရဲ႕ ကြင္းလယ္မွာ တကယ္တမ္းေျပာရရင္ ပရီးမီးယားလိဂ္အသင္းခ်င္း အားက်ရမယ့္သူေတြကိုေတာင္ ပိုင္ဆိုင္ထားတာပါ။ အက္ဘ္ဒူလာေယး ဒူကူေရးဟာ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံးေတြထဲက တိုက္စစ္ေရာ ခံစစ္ပါ အေကာင္းဆုံးကစားႏိုင္သူျဖစ္ၿပီး သူ႔ကို ဥေရာပ အေတြ႕အႀကဳံရင့္ အန္ဒရီ ဂိုမက္စ္၊ ဘရာဇီးလ္သား အယ္လန္တို႔နဲ႔ တြဲေပးႏိုင္ခဲ့ရင္ လွည့္ၾကည့္စရာမလိုတဲ့ အစုအဖြဲ႕ျဖစ္ဖို႔ ရွိေနပါတယ္။

လမ္းပတ္အေနနဲ႔ ဒူကူေရးနဲ႔ အယ္လန္တို႔ကို ပင္တိုင္သုံးၿပီး တစ္ဖက္အသင္းအေနအထားအရ ဒြန္နီ ဗန္ဒဘိခ္၊ အန္ဒရီ ဂိုမက္စ္နဲ႔ ဒယ္လီ အယ္လီတို႔ကို ေနရာခ်ႏိုင္ခြင့္ရွိေနသလို ကြင္းလယ္မွာ ၄-၂-၁-၃၊ ၄-၃-၂-၁ ပုံစံအမ်ိဳးမ်ိဳးကို သုံးစြဲႏိုင္ၿပီး တြမ္ေဒးဗီးစ္နဲ႔ ဖာဘီယန္ ဒဲ့လ္ဖ္တို႔သာ ဒဏ္ရာက ျပန္လာခဲ့ရင္ ဒီထက္ပိုၿပီး အင္အားေတာင့္တင္းဦးမွာလို႔ မမိုက္ဖို႔ပဲ လိုေနတာပါ။

၃။ အယ္လီအတြက္ ေနရာ ရွာေပးဖို႔
ဒယ္လီ အယ္လီအတြက္ အဲဗာတန္တို႔ ေပးေခ်ရမယ့္ ေျပာင္းေ႐ႊ႕ေၾကးက ေပါင္သန္း ၄၀ အထိလည္း ျဖစ္သြားႏိုင္သလို လစာေငြ ျမင့္မားတဲ့ ကစားသမားမ်ိဳးလည္းျဖစ္လို႔ ဒါက လမ္းပတ္ ႀကိဳက္ႀကိဳက္ မႀကိဳက္ႀကိဳက္ ႀကီးမားတဲ့ ရင္းႏွီးျမႇဳပ္ႏွံမႈလည္းျဖစ္ေနပါတယ္။ ျပႆနာကေတာ့ ဒီကစားသမားအေနနဲ႔ ကစားတတ္တဲ့ ေနရာရွားပါးတဲ့ Non-Versatile Player မ်ိဳးျဖစ္လို႔ သူ႔စိတ္ႀကိဳက္ေနရာကို ဖန္တီးေပးရဖို႔ပဲ ရွိေနတာပါ။

ဘယ္ေတာင္ပံနဲ႔ ကြင္းလယ္နံပါတ္ ၈ ေတြဟာ အယ္လီအႀကိဳက္ ေနရာမ်ိဳး မဟုတ္တာကို သတိခ်ပ္ထားရမွာျဖစ္ၿပီး သူ႔ကို ေနရာေပးခ်င္ရင္ တိုက္စစ္မႉးေနာက္ နံပါတ္ ၁၀ ေနရာမွာ ကြင္းလယ္ႏွစ္ဦးေရွ႕က Link ခ်ိတ္ကစားမယ့္ နံပါတ္ ၁၀ Second Striker ျဖစ္သာ တာဝန္ေပးရမွာျဖစ္သလို ဒါက သူ႔ရဲ႕ အေအာင္ျမင္ဆုံးျဖစ္ခဲ့တဲ့ စပါးစ္ေန႔ရက္ေတြမွာ ကစားခဲ့တဲ့ ပုံစံပါပဲ။ သူ႔ကို ေနရာေခ်ာင္ေစမယ့္ ကဲလ္ဗတ္-လူဝင္၊ ရစ္ခ်ာလစ္ဆန္နဲ႔ ေဂၚဒန္တို႔က လြတ္လြတ္လပ္လပ္ ေျခစြမ္းျပႏိုင္ေအာင္ ကူညီေပးႏိုင္ပါလိမ့္မယ္။

၄။ ေနာက္ခံလူသစ္ေတြကို အသုံးခ်ဖို႔
လမ္းပတ္တစ္ေယာက္ နာသန္ ပက္တာဆန္နဲ႔ ဗီတာလီ မစ္ကိုလန္ကိုတို႔ကို သုံးဖို႔ ဘာေတြ ေႏွာင့္ေႏွးေနလဲ မသိသလို ဒါက အားမလိုအားမရ ျဖစ္ေစပါတယ္။ ဘယ္ျခမ္းမွာ ညာသန္ ဂြၽန္ဂ်ိဳး ကင္နီကို သုံးၿပီး ညာျခမ္းမွာ အဘိုးအို ကိုးလ္မန္းကို သုံးေနတာက အဲဗာတန္ခံစစ္ကို ပ်က္စီးေစသလို စကတည္းက အားနည္းၿပီး တုံ႔ေႏွးတဲ့ မိုက္ကယ္ ကီးန္နဲ႔ ေမဆန္ ဟိုလ္ဂိတ္တို႔ကို ညံ့သထက္ ညံ့သြားေစတာပါ။

ဒါေၾကာင့္ လမ္းပတ္အေနနဲ႔ ပက္တာဆန္နဲ႔ မစ္ကိုလန္ကိုတို႔ကို ရဲရဲေနရာေပးၿပီး ယယ္ရီ မီနာ ျပန္မလာေသးခင္မွာ ကီးန္နဲ႔ ဟိုလ္ဂိတ္တို႔ထဲက တစ္ေယာက္ပဲ ေ႐ြးၿပီး လ်င္ျမန္တဲ့ ခံစစ္မႉး ဘန္ ေဂါ့ဖရီနဲ႔ တြဲဖက္ေပးရမွာျဖစ္သလို ရလဒ္ဆိုးေတြအတြက္ တာဝန္အရွိဆုံးျဖစ္ေနတဲ့ ခံစစ္ေၾကာင္းကို ခိုင္မာေစဖို႔နဲ႔ ဂိုးသမား ပစ္ခ္ဖို႔ဒ္ စိတ္ဓာတ္က်ၿပီး ဂိုးေတြ ပိုမေပးရေစဖို႔ ျပင္ဆင္ေပးရမွာျဖစ္ပါတယ္။

၅။ ပြဲထြက္နဲ႔ အရန္ကစားသမား ကြဲျပားဖို႔
ဒါ့အျပင္ ကစားသမားေတြကို စိတ္ဓာတ္ျမႇင့္တင္ေပးႏိုင္ဖို႔နဲ႔ တိုက္စစ္မွာလည္း ပုံမွန္လူစာရင္းကို ထုတ္သုံးႏိုင္ဖို႔က အေရးႀကီးေနၿပီး တိုက္စစ္မွာ ကဲလ္ဗတ္-လူဝင္၊ ရစ္ခ်ာလစ္ဆန္၊ အယ္လီ၊ ေဂၚဒန္၊ ဒီမာ႐ိုင္ ဂေရး၊ ေတာင္ဆန္းတို႔ကို ပြဲထြက္ေနရာ ရမယ့္သူနဲ႔ အရန္ခုံက ဝင္ရမယ့္သူေတြကို ကစားဟန္နဲ႔ ပုံစံေကာင္းကို ထိန္းသိမ္းထားႏိုင္မႈအေပၚ ျပတ္ျပတ္သားသား ခြဲျခားသတ္မွတ္ဖို႔လည္း လိုအပ္ေနပါတယ္။

ကစားသမားေတြရဲ႕ အေရးပါမႈကို သတ္မွတ္ႏိုင္မွ ေနရာအတြက္ ႀကိဳးစားခ်င္စိတ္ေတြ ရလာမွာျဖစ္ၿပီး ေျခစြမ္းနဲ႔ ပုံစံေကာင္းကို ထိန္းသိမ္းထားႏိုင္ၾကမွာျဖစ္သလို အသင္းတစ္သင္းရဲ႕ ကိုယ္စီတာဝန္ယူ တာဝန္ခံမႈကလည္း ရွိလာမွာပါ။ လက္ရွိအေနအထားအတိုင္း ဟိုလိုလို ဒီလိုလိုနဲ႔ ဆက္သြားေနရင္ေတာ့ လမ္းပတ္အေနနဲ႔ ဒီအခ်က္ေတြကို မေျဖရွင္းႏိုင္ခဲ့ရင္ ရာသီကုန္ခ်ိန္မွာ သူ႔ရဲ႕ နည္းျပရာထူးကို အာမခံႏိုင္မွာ မဟုတ္ဘူးလို႔လည္း သုံးသပ္ထားပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.