Match Report Premier League

အိမ္ကြင္းညံ့တဲ့ စိန္႔တုိ႔ကို ဇင္ေယာ္ေတြ သေရကစားႏုိင္ခဲ့ၿပီး တန္းမဆင္းရဖို႔ ၉၉ ရာခိုင္ႏွဳန္းေသခ်ာ

ပရီးမီးယားလိဂ္ကေန တန္းမဆင္းရဖို႔ ႀကဳိးစားေနတဲ့ အဆင့္ ၁၅ ေနရာက ဘ႐ိုက္တန္တုိ႔အေနနဲ႔ ဒီေန႔ပြဲမွာ ဦးေဆာင္ဂိုးသြင္းယူႏုိင္ခဲ့ၿပီးမွ သေရတစ္မွတ္ ျပန္လည္ခြဲေပးခဲ့ရၿပီး တန္းဆင္းဇုန္က ျပတ္ျပတ္သားသား လြတ္ေျမာက္ဖို႔ အခြင့္အေရးကေန လာမယ့္ပြဲစဥ္အထိ ေစာင့္ဆုိင္းရဦးမွာျဖစ္ေပမယ့္ ဒီၿပဳိင္ပြဲမွာ ဆက္ရွိေနဖို႔ ရာႏွဳန္းျပည့္နီးပါး ေသခ်ာသြားခဲ့ပါတယ္။

ေဆာက္သမ္တန္တုိ႔ကေတာ့ အေဝးကြင္းထက္ အိမ္ကြင္းရလဒ္ ပုိၿပီး မေကာင္းမြန္တတ္တဲ့ အစဥ္အလာအတုိင္းပဲ အိမ္ကြင္းမွာ ေဘာလုံးပုိင္ဆုိင္မွဳ ၆၈ ရာခိုင္ႏွဳန္း၊ ဂိုးသြင္းခြင့္ အႀကိမ္ ၂၀ ရခဲ့ၿပီး အသာစီးနဲ႔ ဖိကစားႏုိင္ခဲ့ေပမယ့္ အခြင့္အေရးေတြကို အသုံးမခ်ႏုိင္ခဲ့လို႔ ေနာက္က လိုက္ၿပီး ကစားခဲ့ရတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၁၇ မိနစ္မွာေတာ့ ဘ႐ုိက္တန္တုိ႔ လက္ပစ္ေဘာကေန ရရွိသြားခဲ့တဲ့ ေဘာလုံးကို ဂလင္း မာေရး ေခါင္းတုိက္ခ်ေပးခဲ့ၿပီး ဒါကို ရွင္းထုတ္ဖို႔ ေႏွာင့္ေႏွးေနတဲ့ ေဆာက္သမ္တန္ေနာက္ခံလူ ဘက္ဒ္နာရက္ခ္နဲ႔ ယွဥ္ေျပးခဲ့တဲ့ ေမာ္ေပက ဘယ္ေျခနဲ႔ ဆန္႔က်င္ဘက္ေထာင့္ကို ျပန္ခ်ဳိးကန္ခဲ့တာမွာ ဂိုးသမား မကၠာသီ မလွဳပ္လုိက္ရဘဲ ဂိုးေပးခဲ့ရတာပါ။

ပထမပုိင္းမွာ ဒန္နီအင္းစ္ တစ္ဂိုးျပန္သြင္းခဲ့ေပမယ့္ လူကၽြံေနခဲ့ၿပီး ေဘာလုံးပုိင္ဆုိင္မွဳ အသာစီးရခဲ့တဲ့ ေဆာက္သမ္တန္ရဲ႕တုိက္စစ္ကို ဘ႐ိုက္တန္ေနာက္တန္းနဲ႔ ဂိုးသမား ႐ိုင္ယန္ ကာကြယ္သြားႏုိင္ခဲ့လုိ႔ ၄၅ မိနစ္အၿပီးမွာ ဂေရဟမ္ ေပါ့တာနဲ႔ ဧည့္သည္ေတြက တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ပါတယ္။

ဒုတိယပုိင္း ၅၆ မိနစ္မွာ ေဆာက္သမ္တန္ဂိုး ေခ်ပဂိုး ျပန္ရဖို႔ နီးစပ္ခဲ့ၿပီး ဘယ္ျခမ္းက ဆြဲယူလာခဲ့တဲ့ ေဘာလုံးကို ဒန္နီအင္းစ္က အေဝးတုိင္ဆီ ေဝ့ဝိုက္ကန္သြင္းခဲ့ရာမွာ တုိင္ထိထြက္ခဲ့သလို ေနာက္က လိုက္ပါလာခဲ့တဲ့ အက္ဒမ္စ္ရဲ႕ ကန္သြင္းခ်က္ကိုေတာ့ လူးဝစၥ ဒန္႔ခ္က ဂိုးစည္းေပၚကေန ပိတ္ဆို႔ႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၆၆ မိနစ္မွာေတာ့ ဘ႐ိုက္တန္တုိ႔ မထိန္းႏိုင္ခဲ့ဘဲ ေတာက္ေလွ်ာက္ေပါက္ထြက္ေနခဲ့တဲ့ ဘယ္ျခမ္းက ဒန္နီအင္းစ္ကပဲ ရက္ဒ္မြန္႔ရဲ႕ ေပးပုိ႔မွဳကို တစ္ကိုယ္ေတာ္ ဆြဲေျပးၿပီး ဂိုးသမား ႐ိုင္ယန္နဲ႔ အေတြ႕မွာ ေျမလွိမ့္ေဘာကန္သြင္းၿပီး ဒီရာသီ သူ႕ရဲ႕ ဂိုး ၂၀ ေျမာက္အျဖစ္ ရယူၿပီး အသင္း တုိက္စစ္မွဴးေဟာင္း ဂ်ိမ္းစ္ ဘီတီရဲ႕ ဂိုး ၂၀ အထက္ ရရွိတဲ့ စံခ်ိန္ကို လိုက္မီႏုိင္ခဲ့ပါတယ္။

တစ္ဂိုးစီနဲ႔ ရမွတ္တစ္မွတ္စီ ခြဲယူခဲ့ရတဲ့ ဒီေန႔ပြဲရလဒ္ကို ေဆာက္သမ္တန္တုိ႔ ရင္ခုန္စရာ မရွိခဲ့ေပမယ့္ ဘ႐ိုက္တန္ကေတာ့ ဒီတစ္မွတ္ေၾကာင့္ အဆင့္ ၁၈ နဲ႔ ၁၉ က ဘုန္းေမာက္နဲ႔ ဗီလာတုိ႔ထက္ ႏွစ္ပြဲအက်န္မွာ ၆ မွတ္အသာ၊ ဂိုးကြာျခားခ်က္ ၉ ဂိုးနဲ႔ လက္က်န္ႏွစ္ပြဲစလုံးမွာ ဒီကြာျခားခ်က္ကို မျဖဳန္းတီးခဲ့ရင္ တန္းမဆင္းရဖို႔ ရာႏွဳန္းျပည့္နီးပါး ေသခ်ာႏုိင္ခဲ့ၿပီျဖစ္ေၾကာင္းလည္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ပရီးမီးယားလိဂ်ကနေ တန်းမဆင်းရဖို့ ကြိုးစားနေတဲ့ အဆင့် ၁၅ နေရာက ဘရိုက်တန်တို့အနေနဲ့ ဒီနေ့ပွဲမှာ ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပြီးမှ သရေတစ်မှတ် ပြန်လည်ခွဲပေးခဲ့ရပြီး တန်းဆင်းဇုန်က ပြတ်ပြတ်သားသား လွတ်မြောက်ဖို့ အခွင့်အရေးကနေ လာမယ့်ပွဲစဉ်အထိ စောင့်ဆိုင်းရဦးမှာဖြစ်ပေမယ့် ဒီပြိုင်ပွဲမှာ ဆက်ရှိနေဖို့ ရာနှုန်းပြည့်နီးပါး သေချာသွားခဲ့ပါတယ်။

ဆောက်သမ်တန်တို့ကတော့ အဝေးကွင်းထက် အိမ်ကွင်းရလဒ် ပိုပြီး မကောင်းမွန်တတ်တဲ့ အစဉ်အလာအတိုင်းပဲ အိမ်ကွင်းမှာ ဘောလုံးပိုင်ဆိုင်မှု ၆၈ ရာခိုင်နှုန်း၊ ဂိုးသွင်းခွင့် အကြိမ် ၂၀ ရခဲ့ပြီး အသာစီးနဲ့ ဖိကစားနိုင်ခဲ့ပေမယ့် အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့လို့ နောက်က လိုက်ပြီး ကစားခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် ၁၇ မိနစ်မှာတော့ ဘရိုက်တန်တို့ လက်ပစ်ဘောကနေ ရရှိသွားခဲ့တဲ့ ဘောလုံးကို ဂလင်း မာရေး ခေါင်းတိုက်ချပေးခဲ့ပြီး ဒါကို ရှင်းထုတ်ဖို့ နှောင့်နှေးနေတဲ့ ဆောက်သမ်တန်နောက်ခံလူ ဘက်ဒ်နာရက်ခ်နဲ့ ယှဉ်ပြေးခဲ့တဲ့ မော်ပေက ဘယ်ခြေနဲ့ ဆန့်ကျင်ဘက်ထောင့်ကို ပြန်ချိုးကန်ခဲ့တာမှာ ဂိုးသမား မက္ကာသီ မလှုပ်လိုက်ရဘဲ ဂိုးပေးခဲ့ရတာပါ။

ပထမပိုင်းမှာ ဒန်နီအင်းစ် တစ်ဂိုးပြန်သွင်းခဲ့ပေမယ့် လူကျွံနေခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု အသာစီးရခဲ့တဲ့ ဆောက်သမ်တန်ရဲ့တိုက်စစ်ကို ဘရိုက်တန်နောက်တန်းနဲ့ ဂိုးသမား ရိုင်ယန် ကာကွယ်သွားနိုင်ခဲ့လို့ ၄၅ မိနစ်အပြီးမှာ ဂရေဟမ် ပေါ့တာနဲ့ ဧည့်သည်တွေက တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်း ၅၆ မိနစ်မှာ ဆောက်သမ်တန်ဂိုး ချေပဂိုး ပြန်ရဖို့ နီးစပ်ခဲ့ပြီး ဘယ်ခြမ်းက ဆွဲယူလာခဲ့တဲ့ ဘောလုံးကို ဒန်နီအင်းစ်က အဝေးတိုင်ဆီ ဝေ့ဝိုက်ကန်သွင်းခဲ့ရာမှာ တိုင်ထိထွက်ခဲ့သလို နောက်က လိုက်ပါလာခဲ့တဲ့ အက်ဒမ်စ်ရဲ့ ကန်သွင်းချက်ကိုတော့ လူးဝစ္စ ဒန့်ခ်က ဂိုးစည်းပေါ်ကနေ ပိတ်ဆို့နိုင်ခဲ့ပါတယ်။

ပွဲချိန် ၆၆ မိနစ်မှာတော့ ဘရိုက်တန်တို့ မထိန်းနိုင်ခဲ့ဘဲ တောက်လျှောက်ပေါက်ထွက်နေခဲ့တဲ့ ဘယ်ခြမ်းက ဒန်နီအင်းစ်ကပဲ ရက်ဒ်မွန့်ရဲ့ ပေးပို့မှုကို တစ်ကိုယ်တော် ဆွဲပြေးပြီး ဂိုးသမား ရိုင်ယန်နဲ့ အတွေ့မှာ မြေလှိမ့်ဘောကန်သွင်းပြီး ဒီရာသီ သူ့ရဲ့ ဂိုး ၂၀ မြောက်အဖြစ် ရယူပြီး အသင်း တိုက်စစ်မှူးဟောင်း ဂျိမ်းစ် ဘီတီရဲ့ ဂိုး ၂၀ အထက် ရရှိတဲ့ စံချိန်ကို လိုက်မီနိုင်ခဲ့ပါတယ်။

တစ်ဂိုးစီနဲ့ ရမှတ်တစ်မှတ်စီ ခွဲယူခဲ့ရတဲ့ ဒီနေ့ပွဲရလဒ်ကို ဆောက်သမ်တန်တို့ ရင်ခုန်စရာ မရှိခဲ့ပေမယ့် ဘရိုက်တန်ကတော့ ဒီတစ်မှတ်ကြောင့် အဆင့် ၁၈ နဲ့ ၁၉ က ဘုန်းမောက်နဲ့ ဗီလာတို့ထက် နှစ်ပွဲအကျန်မှာ ၆ မှတ်အသာ၊ ဂိုးကွာခြားချက် ၉ ဂိုးနဲ့ လက်ကျန်နှစ်ပွဲစလုံးမှာ ဒီကွာခြားချက်ကို မဖြုန်းတီးခဲ့ရင် တန်းမဆင်းရဖို့ ရာနှုန်းပြည့်နီးပါး သေချာနိုင်ခဲ့ပြီဖြစ်ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.