La Liga Match Report

ဘာစီလိုနာရဲ႕ ရွဳံးနိမ့္မွဳနဲ႔အတူ ရီးရဲလ္မက္ဒရစ္တုိ႔ ၃၄ ႀကိမ္ေျမာက္ လာလီဂါဖလားနဲ႔ ေအာင္ပြဲခံ

စပိန္လာလီဂါရဲ႕ ခ်န္ပီယံဆုအတြက္ကေတာ့ ပြဲစဥ္ ၃၇ မွာ ျပတ္ျပတ္သားသားျဖစ္သြားခဲ့ၿပီျဖစ္ၿပီး ဘာစီလိုနာတုိ႔ရဲ႕ အိမ္ကြင္းမွာ ရွဳံးနိမ့္မွဳနဲ႔အတူ ဒီၿပဳိင္ပြဲရဲ႕ အစဥ္အလာအႀကီးမားဆုံး ရီးရဲလ္မက္ဒရစ္က အိမ္ကြင္းမွာ ၃၄ ႀကိမ္ေျမာက္ ဆုဖလားကို ရယူၿပီး ေအာင္ပြဲခံႏုိင္ခဲ့ပါတယ္။

အိမ္ကြင္းမွာ ဗီလာရီးရဲလ္နဲ႔ ကစားခဲ့ရတဲ့ ရီးရဲလ္မက္ဒရစ္ဟာ ဒီေန႔ပြဲမွာ ပြဲခ်ိန္ ၂၉ မိနစ္မွာ မိုဒရစ္ရဲ႕ ဖန္တီးေပးပုိ႔မွဳကေန ဘန္ဇီးမား သြင္းယူခဲ့တဲ့ အဖြင့္ဂိုးနဲ႔ ဦးေဆာင္ႏုိင္ခဲ့ၿပီး ပြဲခ်ိန္ ၇၇ မိနစ္မွာေတာ့ ပင္နယ္တီကေန သူကပဲ ဒုတိယဂိုး သြင္းခဲ့ၿပီး ဗီလာရီးရဲလ္ရဲ႕ အီဘုိရာကေတာ့ ပြဲခ်ိန္ မိနစ္ ၈၀ မွာ ျပန္လည္ေခ်ပခဲ့ပါတယ္။

Head to Head အရ ဒုတိယေနရာက မဟာၿပဳိင္ဘက္ ဘာစီလိုနာကို အႏုိင္ရရွိထားခဲ့ ရီးရဲလ္မက္ဒရစ္အသင္းအေနနဲ႔ ဒီတစ္ပတ္မွာ ကာတာလန္သားေတြ အႏုိင္ရရွိခဲ့ရင္ေတာင္မွ ေအာင္ပြဲခံႏုိင္မွာျဖစ္ေပမယ့္ ႏူးကမ့္က ပြဲကေတာ့ ထင္သလိုမျဖစ္ဘဲ အဆင့္ ၁၁ ေနရာက အုိဆာဆူနာက ႏွစ္ဂိုး-တစ္ဂိုးနဲ႔ အႏုိင္ယူသြားခဲ့တာပါ။

ပြဲခ်ိန္ ၁၅ မိနစ္မွာကတည္း ရရွိခဲ့တဲ့ ဟိုေဆး အာေနးဇ္ရဲ႕ ဂိုးနဲ႔ ပထမပုိင္းမွာ အုိဆာဆူနာတုိ႔ ဦးေဆာင္ႏုိင္ခဲ့ၿပီး ဒုတိယပိုင္း ၆၂ မိနစ္မွာေတာ့ ဘာစီလိုနာအသင္းေခါင္းေဆာင္ လီယြန္နယ္ မက္ဆီက ဖရီးကစ္ကို တုိက္႐ိုက္ကန္သြင္းၿပီး ျပန္လည္ေခ်ပခဲ့ပါတယ္။ ဒါေပမယ့္ ပြဲခ်ိန္ ၉၄ မိနစ္မွာေတာ့ တစ္ေယာက္ေလ်ာ့ အုိဆာဆူနာက တန္ျပန္တုိက္စစ္ကေန ေရာ္ဘတ္တို ေတာရက္စ္ရဲ႕ ဂိုးနဲ႔ အႏုိင္ယူခဲ့တာေၾကာင့္ ႏူးကမ့္မွာ ဘာစီလိုနာတုိ႔ မ်က္ႏွာ မလွျဖစ္ခဲ့ရပါတယ္။

ဒီေန႔ပြဲမွာ ထြက္ေပၚခဲ့တဲ့ ခ်န္ပီယံရလဒ္အရ ရီးရဲလ္မက္ဒရစ္အသင္းက လာလီဂါမွာ ၃၄ ႀကိမ္ ဗိုလ္စြဲ၊ ၂၃ ႀကိမ္ ဒုတိယနဲ႔ ဒီႏွစ္ခ်န္ပီယံဆုကို ၇ မွတ္ အကြာကေန လက္လႊတ္လုိက္ရတဲ့ ဘာစီလိုနာရဲ႕ ၂၆ ႀကိမ္ ဗိုလ္စြဲ၊ ၂၆ ႀကိမ္ ဒုတိယမွတ္တမ္းထက္ ၈ ႀကိမ္အသာနဲ႔ လာလီဂါဆုဖလားမွတ္တမ္းကို တုိးျမႇင့္ႏုိင္ခဲ့တာျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: REAL MADRID & BARCELONA TWITTER
PHOTOS & TWEEETS CREDIT TO OWNERS
SPORTS A2Z.

UNICODE: စပိန်လာလီဂါရဲ့ ချန်ပီယံဆုအတွက်ကတော့ ပွဲစဉ် ၃၇ မှာ ပြတ်ပြတ်သားသားဖြစ်သွားခဲ့ပြီဖြစ်ပြီး ဘာစီလိုနာတို့ရဲ့ အိမ်ကွင်းမှာ ရှုံးနိမ့်မှုနဲ့အတူ ဒီပြိုင်ပွဲရဲ့ အစဉ်အလာအကြီးမားဆုံး ရီးရဲလ်မက်ဒရစ်က အိမ်ကွင်းမှာ ၃၄ ကြိမ်မြောက် ဆုဖလားကို ရယူပြီး အောင်ပွဲခံနိုင်ခဲ့ပါတယ်။

အိမ်ကွင်းမှာ ဗီလာရီးရဲလ်နဲ့ ကစားခဲ့ရတဲ့ ရီးရဲလ်မက်ဒရစ်ဟာ ဒီနေ့ပွဲမှာ ပွဲချိန် ၂၉ မိနစ်မှာ မိုဒရစ်ရဲ့ ဖန်တီးပေးပို့မှုကနေ ဘန်ဇီးမား သွင်းယူခဲ့တဲ့ အဖွင့်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီး ပွဲချိန် ၇၇ မိနစ်မှာတော့ ပင်နယ်တီကနေ သူကပဲ ဒုတိယဂိုး သွင်းခဲ့ပြီး ဗီလာရီးရဲလ်ရဲ့ အီဘိုရာကတော့ ပွဲချိန် မိနစ် ၈၀ မှာ ပြန်လည်ချေပခဲ့ပါတယ်။

Head to Head အရ ဒုတိယနေရာက မဟာပြိုင်ဘက် ဘာစီလိုနာကို အနိုင်ရရှိထားခဲ့ ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ဒီတစ်ပတ်မှာ ကာတာလန်သားတွေ အနိုင်ရရှိခဲ့ရင်တောင်မှ အောင်ပွဲခံနိုင်မှာဖြစ်ပေမယ့် နူးကမ့်က ပွဲကတော့ ထင်သလိုမဖြစ်ဘဲ အဆင့် ၁၁ နေရာက အိုဆာဆူနာက နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ယူသွားခဲ့တာပါ။

ပွဲချိန် ၁၅ မိနစ်မှာကတည်း ရရှိခဲ့တဲ့ ဟိုဆေး အာနေးဇ်ရဲ့ ဂိုးနဲ့ ပထမပိုင်းမှာ အိုဆာဆူနာတို့ ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယပိုင်း ၆၂ မိနစ်မှာတော့ ဘာစီလိုနာအသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီက ဖရီးကစ်ကို တိုက်ရိုက်ကန်သွင်းပြီး ပြန်လည်ချေပခဲ့ပါတယ်။ ဒါပေမယ့် ပွဲချိန် ၉၄ မိနစ်မှာတော့ တစ်ယောက်လျော့ အိုဆာဆူနာက တန်ပြန်တိုက်စစ်ကနေ ရော်ဘတ်တို တောရက်စ်ရဲ့ ဂိုးနဲ့ အနိုင်ယူခဲ့တာကြောင့် နူးကမ့်မှာ ဘာစီလိုနာတို့ မျက်နှာ မလှဖြစ်ခဲ့ရပါတယ်။

ဒီနေ့ပွဲမှာ ထွက်ပေါ်ခဲ့တဲ့ ချန်ပီယံရလဒ်အရ ရီးရဲလ်မက်ဒရစ်အသင်းက လာလီဂါမှာ ၃၄ ကြိမ် ဗိုလ်စွဲ၊ ၂၃ ကြိမ် ဒုတိယနဲ့ ဒီနှစ်ချန်ပီယံဆုကို ၇ မှတ် အကွာကနေ လက်လွှတ်လိုက်ရတဲ့ ဘာစီလိုနာရဲ့ ၂၆ ကြိမ် ဗိုလ်စွဲ၊ ၂၆ ကြိမ် ဒုတိယမှတ်တမ်းထက် ၈ ကြိမ်အသာနဲ့ လာလီဂါဆုဖလားမှတ်တမ်းကို တိုးမြှင့်နိုင်ခဲ့တာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: REAL MADRID & BARCELONA TWITTER
PHOTOS & TWEEETS CREDIT TO OWNERS
SPORTS A2Z.