Match Report Premier League

ပြဲပန္းမွဳေတြၾကားက အေဝးကြင္းမွာ လိုခ်င္တဲ့ ရလဒ္နဲ႔ အႏုိင္ယူခဲ့တဲ့ မန္ခ်က္စတာယူႏုိက္တက္

မန္ခ်က္စတာယူႏုိက္တက္ကေတာ့ ဒီေန႔ပြဲမွာ ဘယ္ေနာက္ခံလူႏွစ္ေယာက္စလုံး ဒဏ္ရာရေနလို႔ ဖိုဆူမန္ဆားကို ဘယ္ေနာက္ခံလူအျဖစ္ သုံးစြဲခဲ့ရၿပီး ကြင္းလယ္မွာေတာ့ မာတစ္ခ်္ကို အနားေပးထားခဲ့ၿပီး မက္ေတာ္မီေနးကို ထည့္သြင္းခဲ့ေပမယ့္ တုိက္စစ္ပုိင္း ၅ ဦးကေတာ့ အေျပာင္းအလဲ မရွိဘဲ ပြဲထြက္ခဲ့ပါတယ္။

အဓိကအားျဖင့္ေတာ့ တုိက္စစ္မွဴးေတြရဲ႕ လုပ္အားႏွဳန္းက အရင္ပြဲေတြကထက္ အနည္းငယ္ေလ်ာ့က်သြားခဲ့ၿပီး လူငယ္ကစားသမား ေမဆန္ ဂရင္းဝုဒ္မွာေတာ့ ပုိမိုသိသာခဲ့ၿပီး ယူႏုိက္တက္တုိ႔ ေဘာလုံးကိုင္ကစားခဲ့ေပမယ့္ သူ႕ရဲ႕ အက်ဳိးျပဳမွဳက အရင္ပြဲေတြေလာက္ မျဖစ္ထြန္းခဲ့တာကိုလည္း ေတြ႕ရပါတယ္။

ပြဲခ်ိန္ တစ္မိနစ္ေက်ာ္ေက်ာ္မွာပဲ မီလီဗိုေယဗစ္ခ်္ ေပးတဲ့ ေဘာလုံးကို ယူႏုိက္တက္ကစားသမားေဟာင္း ဇာဟာက အသင္းေဖာ္ေဟာင္း ဝန္ဘစ္ဆာကာကို ေခါက္ၿပီး ကန္တဲ့ ေဘာလုံးကို ဒေဟးယား ပုတ္ထုတ္ကာကြယ္ခဲ့ရၿပီး အိမ္ရွင္တုိ႔ စတင္ေသြးတုိးစမ္းခဲ့ေပမယ့္ အငိုက္မမိခဲ့တာကိုေတာ့ ေတြ႕ရပါတယ္။

ယူႏုိက္တက္ဘက္က မက္ဂြဳိင္ယားရဲ႕ ေထာင့္ကန္ေဘာေခါင္းတုိက္ခ်က္ေတြ လြဲေခ်ာ္ေနခဲ့တာကေတာ့ မထူးဆန္းခဲ့ေပမယ့္ ဒီေန႔ပြဲမွာ ပြဲပန္းလုိ႔လား အာ႐ုံပ်ံ႕လြင့္ေနလုိ႔လား မသိတဲ့ ဂရင္းဝုဒ္ရဲ႕ မိနစ္ ၃၀ မွာ ရရွိတဲ့ အခြင့္အေရးကို ေခ်ာ္ကန္ခဲ့တဲ့ ပုံစံကေတာ့ အရင္သိခဲ့တဲ့ လူငယ္ၾကယ္ပြင့္နဲ႔ မတူသလိုပဲ ျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၄၀ မွာေတာ့ လင္ဒီေလာ့ဖ္ ေရာင္းတာကို ပဲေလ့စ္ဘက္က ေဂ်ာ္ဒန္ အာယူးကန္သြင္းရာမွာ ဒေဟးယား ကာကြယ္ႏုိင္ခဲ့လို႔ အဖြင့္ဂိုးမေပးဘဲ သက္သာခဲ့ရၿပီး နာက်င္အခ်ိန္ပို ၁ မိနစ္မွာေတာ့ ရက္ရွ္ဖို႔ဒ္က ဘ႐ူႏို ဖာနန္ဒက္စ္ ေပးတဲ့ ေဘာလုံးကေန ဦးေဆာင္ဂိုးသြင္းယူႏုိင္ခဲ့ပါတယ္။

ဒီဂိုးကေတာ့ မာစီယယ္လ္၊ ရက္ရွ္ဖို႔ဒ္နဲ႔ ဖာနန္ဒက္စ္တို႔ရဲ႕ တြဲလုံးကေန ရရွိခဲ့တာျဖစ္ၿပီး ရက္ရွ္ဖို႔ဒ္က သူ႕ကို ေဘာ္ဒီလိုက္ခုထားတဲ့ ဗန္အန္ေဟာ့လ္ကို လိမ္ေခါက္ၿပီး ညာေျခနဲ႔ အနီးကပ္ ကန္သြင္းခဲ့ရာမွာ ဂိုးသမား ဂြဳိင္တာ ကာကြယ္ဖို႔ နီးကပ္လြန္းတဲ့ အေနအထားမုိ႔လုိ႔ ခြင့္ျပဳလုိက္ရၿပီး ဒီဂိုးအၿပီးမွာ ဇာဟာရဲ႕ ပင္နယ္တီအခြင့္အေရး ျငင္းပယ္ခံခဲ့ရလို႔ ပထမပုိင္းကို ယူႏုိက္တက္တုိ႔ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ခဲ့ပါတယ္။

ဒုတိယပုိင္းမွာေတာ့ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ကြင္းလယ္ကစားအားက က်ဆင္းလာခဲ့ၿပီး အျမဲတမ္း သက္လုံေကာင္းေလ့ရွိတဲ့ ပဲေလ့စ္တို႔ရဲ႕ ၿခိမ္းေျခာက္မွဳေတြကို မၾကာခဏ ခံေနခဲ့ရၿပီး ပြဲခ်ိန္ ၅၄ မိနစ္မွာ ဇာဟာရဲ႕ ျဖတ္တင္ေဘာကေန အာယူးရဲ႕ သြင္းဂိုးကို VAR ျပန္ၾကည့္အၿပီးမွာ ပယ္ဖ်က္ခဲ့ရပါတယ္။

ဒီေနာက္ပုိင္းမွာေတာ့ Vulnerable ျဖစ္လာတဲ့ ကြင္းလယ္နဲ႔ ခံစစ္ပုိင္းၾကားက ကြက္လပ္ေတြကို အေတြ႕ႀကဳံနဲ႔ ထိန္းသိမ္းကစားႏုိင္ဖို႔ နည္းျပ ဆုိးလ္ရွားအေနနဲ႔ သင္ခန္းစာေတြကေန အေျမာ္အျမင္ရွိတဲ့ ဆုံးျဖတ္ခ်က္ကို ခ်မွတ္ခဲ့ၿပီး ဂရင္းဝုဒ္ေနရာမွာ လင္ဂတ္နဲ႔ မက္ေတာ္မီေနး ေနရာမွာ မာတစ္ခ်္တုိ႔ကို ထည့္သြင္းခဲ့ပါတယ္။

ဒီေနာက္ပုိင္းမွာေတာ့ ယူႏုိက္တက္ကြင္းလယ္ ျပန္ၿငိမ္လာခဲ့ၿပီး မာတစ္နဲ႔ ေပါ့ဘာရဲ႕ ပညာသားပါတဲ့ ဝါရင့္ကစားပုံေတြက စီးမိလာခဲ့ေပမယ့္ ၿပီးခဲ့တဲ့ ပြဲကလိုမ်ဳိး တစ္ဂိုးအသာမွာ ႏွစ္မွတ္လြတ္က်ခဲ့တာမ်ဳိးမျဖစ္ေအာင္ ဖိဖိစီးစီးကစားခဲ့သလို တုိက္စစ္ကိုေတာ့ မာစီယယ္လ္နဲ႔ ရက္ရွ္ဖို႔ဒ္တုိ႔ရဲ႕ ဘယ္ေတာင္ပံကပဲ အဓိက ကစားခဲ့ပါတယ္။

ပြဲခ်ိန္ ၇၄ မိနစ္မွာေတာ့ ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ အပုိင္အခြင့္အေရး တုိင္ထိထြက္ခဲ့ၿပီး ၇၈ မိနစ္မွာေတာ့ တုိက္စစ္မွဴးႏွစ္ဦးနဲ႔ ဖာနန္ဒက္စ္တို႔ရဲ႕ တြဲလုံးကေနပဲ ရက္ရွ္ဖို႔ဒ္ ထည့္ေပးတဲ့ ေဘာလုံးကို မာစီယယ္လ္က ဆြဲေျပးၿပီး သူ႕ရဲ႕ Idol သီယာရီ အြန္နရီရဲ႕ စတုိင္အတုိင္း အဆုံးသတ္ ဂိုးသြင္းႏုိင္ခဲ့ပါတယ္။ ဒီဂိုးမွာ မာစီယယ္လ္ လဲက်ခဲ့ခ်ိန္မွာ သူ႕ကိုယ္လုံးနဲ႔ ေျခေထာက္ကို ပိမိခဲ့တဲ့ ဗန္အန္ေဟာ့လ္ နာသြားခဲ့ၿပီး လူစားလဲခဲ့ရတာကေတာ့ စိတ္မေကာင္းစရာတစ္ရပ္ျဖစ္ခဲ့ပါတယ္။

သူ႕ကို ျပဳစုကုသခ်ိန္ ၾကာျမင့္ခဲ့တာေၾကာင့္ နာက်င္အခ်ိန္ပုိကို ၁၁ မိနစ္အထိ သတ္မွတ္ေပးခဲ့တဲ့ လက္က်န္အခ်ိန္ေတြမွာေတာ့ ယူႏုိက္တက္တို႔ အေကာင္းဆုံး ထိန္းခ်ဳပ္ကစားသြားခဲ့ၿပီး တုိက္စစ္ဆင္ႏုိင္ခဲ့ေပမယ့္ အဆုံးသတ္ပုိင္းေတြ မတိက်ခဲ့လုိ႔ ဒီေလာက္နဲ႔ပဲ ေက်နပ္ခဲ့ရၿပီး သုံးသင္းထဲက ႏွစ္သင္းသာ တင္က်န္ရစ္မယ့္ ခ်န္ပီယံလိဂ္ဝင္ခြင့္ၿပဳိင္ပြဲမွာ အမွားမခံဘဲ ခရစၥတယ္လ္ပဲေလ့စ္တို႔ဆီက သုံးမွတ္ရယူႏုိင္ခဲ့ပါတယ္။

ဒီပြဲကို အႏုိင္ရရွိခဲ့တဲ့ ယူႏုိက္တက္တို႔အေနနဲ႔ အဆင့္ ၃ က ခ်ဲလ္ဆီးနဲ႔ တစ္မွတ္အကြာ၊ အဆင့္ ၄ က လက္စတာနဲ႔ အမွတ္တူ၊ ဂိုးကြာျခားခ်က္ ၄ ဂိုးအကြာနဲ႔ အဆင့္ ၅ ေနရာမွာ ဆက္လက္ရပ္တည္ႏုိင္ခဲ့ၿပီး ပြဲစဥ္ ၃၇ မွာ ပြဲက်ပ္ေတြနဲ႔ ရင္ဆုိင္ဦးမယ့္ အေပၚက ႏွစ္သင္း အမွတ္မေလ်ာ့ခဲ့ဘူးဆိုရင္ ရာသီပိတ္ပြဲစဥ္ကို ကင္းပါဝါကြင္းမွာ လက္စတာကို ယူႏုိက္တက္တုိ႔ အႏုိင္ကစားဖို႔ အစြမ္းကုန္ ျပင္ဆင္ထားရမွာျဖစ္ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်ကတော့ ဒီနေ့ပွဲမှာ ဘယ်နောက်ခံလူနှစ်ယောက်စလုံး ဒဏ်ရာရနေလို့ ဖိုဆူမန်ဆားကို ဘယ်နောက်ခံလူအဖြစ် သုံးစွဲခဲ့ရပြီး ကွင်းလယ်မှာတော့ မာတစ်ချ်ကို အနားပေးထားခဲ့ပြီး မက်တော်မီနေးကို ထည့်သွင်းခဲ့ပေမယ့် တိုက်စစ်ပိုင်း ၅ ဦးကတော့ အပြောင်းအလဲ မရှိဘဲ ပွဲထွက်ခဲ့ပါတယ်။

အဓိကအားဖြင့်တော့ တိုက်စစ်မှူးတွေရဲ့ လုပ်အားနှုန်းက အရင်ပွဲတွေကထက် အနည်းငယ်လျော့ကျသွားခဲ့ပြီး လူငယ်ကစားသမား မေဆန် ဂရင်းဝုဒ်မှာတော့ ပိုမိုသိသာခဲ့ပြီး ယူနိုက်တက်တို့ ဘောလုံးကိုင်ကစားခဲ့ပေမယ့် သူ့ရဲ့ အကျိုးပြုမှုက အရင်ပွဲတွေလောက် မဖြစ်ထွန်းခဲ့တာကိုလည်း တွေ့ရပါတယ်။

ပွဲချိန် တစ်မိနစ်ကျော်ကျော်မှာပဲ မီလီဗိုယေဗစ်ချ် ပေးတဲ့ ဘောလုံးကို ယူနိုက်တက်ကစားသမားဟောင်း ဇာဟာက အသင်းဖော်ဟောင်း ဝန်ဘစ်ဆာကာကို ခေါက်ပြီး ကန်တဲ့ ဘောလုံးကို ဒဟေးယား ပုတ်ထုတ်ကာကွယ်ခဲ့ရပြီး အိမ်ရှင်တို့ စတင်သွေးတိုးစမ်းခဲ့ပေမယ့် အငိုက်မမိခဲ့တာကိုတော့ တွေ့ရပါတယ်။

ယူနိုက်တက်ဘက်က မက်ဂွိုင်ယားရဲ့ ထောင့်ကန်ဘောခေါင်းတိုက်ချက်တွေ လွဲချော်နေခဲ့တာကတော့ မထူးဆန်းခဲ့ပေမယ့် ဒီနေ့ပွဲမှာ ပွဲပန်းလို့လား အာရုံပျံ့လွင့်နေလို့လား မသိတဲ့ ဂရင်းဝုဒ်ရဲ့ မိနစ် ၃၀ မှာ ရရှိတဲ့ အခွင့်အရေးကို ချော်ကန်ခဲ့တဲ့ ပုံစံကတော့ အရင်သိခဲ့တဲ့ လူငယ်ကြယ်ပွင့်နဲ့ မတူသလိုပဲ ဖြစ်နေခဲ့ပါတယ်။

ပွဲချိန် မိနစ် ၄၀ မှာတော့ လင်ဒီလော့ဖ် ရောင်းတာကို ပဲလေ့စ်ဘက်က ဂျော်ဒန် အာယူးကန်သွင်းရာမှာ ဒဟေးယား ကာကွယ်နိုင်ခဲ့လို့ အဖွင့်ဂိုးမပေးဘဲ သက်သာခဲ့ရပြီး နာကျင်အချိန်ပို ၁ မိနစ်မှာတော့ ရက်ရှ်ဖို့ဒ်က ဘရူနို ဖာနန်ဒက်စ် ပေးတဲ့ ဘောလုံးကနေ ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ဒီဂိုးကတော့ မာစီယယ်လ်၊ ရက်ရှ်ဖို့ဒ်နဲ့ ဖာနန်ဒက်စ်တို့ရဲ့ တွဲလုံးကနေ ရရှိခဲ့တာဖြစ်ပြီး ရက်ရှ်ဖို့ဒ်က သူ့ကို ဘော်ဒီလိုက်ခုထားတဲ့ ဗန်အန်ဟော့လ်ကို လိမ်ခေါက်ပြီး ညာခြေနဲ့ အနီးကပ် ကန်သွင်းခဲ့ရာမှာ ဂိုးသမား ဂွိုင်တာ ကာကွယ်ဖို့ နီးကပ်လွန်းတဲ့ အနေအထားမို့လို့ ခွင့်ပြုလိုက်ရပြီး ဒီဂိုးအပြီးမှာ ဇာဟာရဲ့ ပင်နယ်တီအခွင့်အရေး ငြင်းပယ်ခံခဲ့ရလို့ ပထမပိုင်းကို ယူနိုက်တက်တို့ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ မန်ချက်စတာယူနိုက်တက်ရဲ့ ကွင်းလယ်ကစားအားက ကျဆင်းလာခဲ့ပြီး အမြဲတမ်း သက်လုံကောင်းလေ့ရှိတဲ့ ပဲလေ့စ်တို့ရဲ့ ခြိမ်းခြောက်မှုတွေကို မကြာခဏ ခံနေခဲ့ရပြီး ပွဲချိန် ၅၄ မိနစ်မှာ ဇာဟာရဲ့ ဖြတ်တင်ဘောကနေ အာယူးရဲ့ သွင်းဂိုးကို VAR ပြန်ကြည့်အပြီးမှာ ပယ်ဖျက်ခဲ့ရပါတယ်။

ဒီနောက်ပိုင်းမှာတော့ Vulnerable ဖြစ်လာတဲ့ ကွင်းလယ်နဲ့ ခံစစ်ပိုင်းကြားက ကွက်လပ်တွေကို အတွေ့ကြုံနဲ့ ထိန်းသိမ်းကစားနိုင်ဖို့ နည်းပြ ဆိုးလ်ရှားအနေနဲ့ သင်ခန်းစာတွေကနေ အမြော်အမြင်ရှိတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ပြီး ဂရင်းဝုဒ်နေရာမှာ လင်ဂတ်နဲ့ မက်တော်မီနေး နေရာမှာ မာတစ်ချ်တို့ကို ထည့်သွင်းခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ယူနိုက်တက်ကွင်းလယ် ပြန်ငြိမ်လာခဲ့ပြီး မာတစ်နဲ့ ပေါ့ဘာရဲ့ ပညာသားပါတဲ့ ဝါရင့်ကစားပုံတွေက စီးမိလာခဲ့ပေမယ့် ပြီးခဲ့တဲ့ ပွဲကလိုမျိုး တစ်ဂိုးအသာမှာ နှစ်မှတ်လွတ်ကျခဲ့တာမျိုးမဖြစ်အောင် ဖိဖိစီးစီးကစားခဲ့သလို တိုက်စစ်ကိုတော့ မာစီယယ်လ်နဲ့ ရက်ရှ်ဖို့ဒ်တို့ရဲ့ ဘယ်တောင်ပံကပဲ အဓိက ကစားခဲ့ပါတယ်။

ပွဲချိန် ၇၄ မိနစ်မှာတော့ ဘရူနို ဖာနန်ဒက်စ်ရဲ့ အပိုင်အခွင့်အရေး တိုင်ထိထွက်ခဲ့ပြီး ၇၈ မိနစ်မှာတော့ တိုက်စစ်မှူးနှစ်ဦးနဲ့ ဖာနန်ဒက်စ်တို့ရဲ့ တွဲလုံးကနေပဲ ရက်ရှ်ဖို့ဒ် ထည့်ပေးတဲ့ ဘောလုံးကို မာစီယယ်လ်က ဆွဲပြေးပြီး သူ့ရဲ့ Idol သီယာရီ အွန်နရီရဲ့ စတိုင်အတိုင်း အဆုံးသတ် ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ဒီဂိုးမှာ မာစီယယ်လ် လဲကျခဲ့ချိန်မှာ သူ့ကိုယ်လုံးနဲ့ ခြေထောက်ကို ပိမိခဲ့တဲ့ ဗန်အန်ဟော့လ် နာသွားခဲ့ပြီး လူစားလဲခဲ့ရတာကတော့ စိတ်မကောင်းစရာတစ်ရပ်ဖြစ်ခဲ့ပါတယ်။

သူ့ကို ပြုစုကုသချိန် ကြာမြင့်ခဲ့တာကြောင့် နာကျင်အချိန်ပိုကို ၁၁ မိနစ်အထိ သတ်မှတ်ပေးခဲ့တဲ့ လက်ကျန်အချိန်တွေမှာတော့ ယူနိုက်တက်တို့ အကောင်းဆုံး ထိန်းချုပ်ကစားသွားခဲ့ပြီး တိုက်စစ်ဆင်နိုင်ခဲ့ပေမယ့် အဆုံးသတ်ပိုင်းတွေ မတိကျခဲ့လို့ ဒီလောက်နဲ့ပဲ ကျေနပ်ခဲ့ရပြီး သုံးသင်းထဲက နှစ်သင်းသာ တင်ကျန်ရစ်မယ့် ချန်ပီယံလိဂ်ဝင်ခွင့်ပြိုင်ပွဲမှာ အမှားမခံဘဲ ခရစ္စတယ်လ်ပဲလေ့စ်တို့ဆီက သုံးမှတ်ရယူနိုင်ခဲ့ပါတယ်။

ဒီပွဲကို အနိုင်ရရှိခဲ့တဲ့ ယူနိုက်တက်တို့အနေနဲ့ အဆင့် ၃ က ချဲလ်ဆီးနဲ့ တစ်မှတ်အကွာ၊ အဆင့် ၄ က လက်စတာနဲ့ အမှတ်တူ၊ ဂိုးကွာခြားချက် ၄ ဂိုးအကွာနဲ့ အဆင့် ၅ နေရာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပြီး ပွဲစဉ် ၃၇ မှာ ပွဲကျပ်တွေနဲ့ ရင်ဆိုင်ဦးမယ့် အပေါ်က နှစ်သင်း အမှတ်မလျော့ခဲ့ဘူးဆိုရင် ရာသီပိတ်ပွဲစဉ်ကို ကင်းပါဝါကွင်းမှာ လက်စတာကို ယူနိုက်တက်တို့ အနိုင်ကစားဖို့ အစွမ်းကုန် ပြင်ဆင်ထားရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.