Premier League Ukraine-Russian War

ပူတင်အုပ်စုနဲ့ သွားပတ်သက်မိတဲ့ မန်စီးတီးပိုင်ရှင် ဗြိတိန်ရဲ့ ပြဿနာရှာခံရဦးမှာလား

မန်ချက်စတာစီးတီးအသင်းရဲ့ ပိုင်ရှင် ရှိတ်မန်ဆော်အနေနဲ့ ချဲလ်ဆီးအုံနာ ရိုမန် အေဘရာမိုဗစ်ချ်အပြီးမှာ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေရဲ့ တရားလွန် ဩဇာလွှမ်းမိုးမှုကို မကြိုက်ဘဲ တစ်ကွက်မှားတာနဲ့ တောက်ချဖို့ ဝါသနာရှိနေတဲ့ ဗြိတိန်အစိုးရရဲ့ ပြဿနာရှာမှုကို ခံရနိုင်တယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

ယူအေအီးနိုင်ငံရဲ့ ဒုတိယဝန်ကြီးချုပ်အဖြစ်လည်း တာဝန်ထမ်းဆောင်နေတဲ့ ရှိတ်မန်ဆော်ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းက ဆီးရီးယား သမ္မတ ဘာရှား အယ်လ်အာဆတ်ရဲ့ အလည်ခရီး လာရောက်မှုမှာ ရင်းရင်းနှီးနှီး ပွေ့ဖက်နှုတ်ဆက်ခဲ့တာဖြစ်ပြီး ဒါဟာ အာရပ်ထုံးတမ်းစဉ်အလာအရ နှုတ်ဆက်မှုတစ်ခုဖြစ်ပေမယ့် စောင့်ကြည့်သူတွေကြားမှာတော့ ဝေဖန်မှု မြင့်တက်လျက်ရှိပါတယ်။

ဆီးရီးယားပြည်တွင်းစစ်ကို ၁၁ နှစ်ကြာအောင် တိုက်ခိုက်ပြီးမှ ရပ်တန့်နိုင်ခဲ့တဲ့ အာဆတ်ဟာ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ရဲ့ ကြီးမားတဲ့ အပေါင်းအပါတစ်ဦးဖြစ်ပြီး ယူကရိန်းကျူးကျော်မှုအတွက် စစ်သားအကူအညီတွေ ပေးထားခဲ့တယ်လို့တောင် ဖော်ပြနေကြချိန်မှာ သူနဲ့ ရှိတ်မန်ဆော်တို့ရဲ့ အတူတွဲတွေ့ခဲ့ရတဲ့ ပုံစံက ဗြိတိန်အစိုးရ တာဝန်ရှိသူတွေကြား ပြောစရာဖြစ်လာခဲ့တာပါ။

ဒီကိစ္စကို ပူတင်နဲ့ ပတ်သက်ပြီး အရေးယူဖို့ တောင်းဆိုခဲ့တဲ့ ဗြိတိန်လွှတ်တော်အမတ် ခရစ္စ ဘရိုင်ယန့်က ဝေဖန်ခဲ့ပြီး အေဘရာမိုဗစ်ချ်နဲ့ ချဲလ်ဆီး အသင်းရဲ့ ကိစ္စမှာလည်း အဓိက တောင်းဆိုခဲ့သူဖြစ်တဲ့ ရွန်ဒါကောင်တီက လေဘာပါတီအမတ် ဘရိုင်ယန့်ရဲ့ အစထောင်မှုအပြီး တစ်ပတ်အကြာမှာ ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆန်က စတင်ပိတ်ဆို့ခဲ့တာဖြစ်ပါတယ်။

ဘရိုင်ယန့်ကတော့ လူအခွင့်အရေးချိုးဖောက်တဲ့ ပြစ်မှုများစွာ ကျူးလွန်ထားသူဖြစ်တဲ့ ဆီးရီးယားသမ္မတ အာဆတ်ကို ယူအေအီးနဲ့ ရှိတ်မန်ဆော်တို့ရဲ့ လူရာသွင်းဆက်ဆံခဲ့တာအတွက် ဒေါသထွက်နေပြီး ပြစ်တင်ရှုတ်ချသွားခဲ့သလို ဗြိတိန်အနေနဲ့ ဒီကိစ္စအတွက် မန်ချက်စတာစီးတီးကို ပစ်မှတ်ထား ထိုးနှက်လာလိမ့်ဦးမယ်လို့ စပိန်သတင်းဌာန AS ကလည်း ခန့်မှန်းသွားခဲ့တာပါ။

“ယူကေရဲ့ ခိုင်မာပြီး မပြောင်းလဲနိုင်တဲ့ အမြင်ကတော့ ဆီးရီးယားရဲ့ အုပ်ချုပ်ကိုင်တွယ်မှုက ဘာမှမပြောင်းလဲတဲ့ ဖိနှိပ်မှုတွေ ဖြစ်နေဆဲပါပဲ။ နိုင်ငံတွင်းမှာ ငြိမ်းချမ်းရေးရဖို့နဲ့ တည်တံ့ကြာရှည်ဖို့အတွက်လည်း ဘာမှ တိုးတက်လုပ်ဆောင်မှုတွေ ရှိမနေသေးပါဘူး”လို့ ဗြိတိန်ရဲ့ နိုင်ငံခြားရေးရုံးက စကတည်းက သူတို့အမြင်ကို ထုတ်ပြန်ထားခဲ့ချိန်မှာ ဘရိုင်ယန့်ကတော့ မေးခွန်းထုတ်မှု စတင်ခဲ့ပါတယ်။

ဘရိုင်ယန့်အနေနဲ့ ဆီးရီးယားကို ဒီလိုမျိုး ဆက်ဆံခဲ့တဲ့ မန်စီးတီးအသင်းပိုင်ရှင်ဟာ ပရီးမီးယားလိဂ်ရဲ့ အသင်းတစ်သင်းကို ကိုယ်စားပြုဖို့ ပြည့်စုံလုံလောက်တဲ့ အရည်အချင်းရှိရဲ့လားလို့ မေးခွန်းထုတ်ခဲ့ပြီး ပြီးခဲ့တဲ့ ချဲလ်ဆီးအသင်းကို ထိုးနှက်မှုမှာလည်း အေဘရာမိုဗစ်ချ်ဟာ ဒါရိုက်တာတစ်ဦးအဖြစ် ကိုယ်စားပြုခွင့်ကို ဒီပုံစံနဲ့ ဆုံးရှုံးခဲ့ရတာပါ။

“ဒီလောက်ဖြစ်နေတာတောင်မှ လူတွေက သဘောထားပျော့ပြောင်းနေကြတုန်းပဲလား။ အာဆတ်ဆိုတာက ဆီးရီးယားမှာ လူတွေအပေါ် ရက်စက်ကြမ်းကြုတ်စွာနဲ့ အရိုင်းအစိုင်းတွေ သတ်ဖြတ်သလို ကျူးလွန်ထားတဲ့ လူသတ်သမားပဲလေ။ အခုကျတော့ ပူတင်က ယူကရိန်းကို ဒီလိုပုံစံနဲ့ပဲ ကျူးကျော်ပြီး အပြစ်မရှိတဲ့ ပြည်သူတွေကို သေစေခဲ့တယ်။ ဒီလိုလူတွေကို လူရာသွင်းနေတုန်းပဲလား”လို့ ဘရိုင်ယန့်က ဖိအားပေးလိုက်တာဖြစ်ပါတယ်။

ဒါကြောင့် ချဲလ်ဆီးအသင်းရဲ့ ပိတ်ပင်တားဆီး ဆန်ရှင်ချမှတ်မှုတွေနဲ့ အသင်းကို အမြန်ဆုံးရောင်းထုတ်ရမယ့် အခြေအနေအပြီးမှာ မန်ချက်စတာ စီးတီးအသင်းပိုင်ရှင် ရှိတ်မန်ဆော်တစ်ယောက် အပြုအမူနဲ့ အပြောအဆိုတွေကို တစ်စုံတစ်ရာ အပြုသဘောဆောင်မယ့် ပြောင်းလဲမှုမျိုး ရှိမလာခဲ့ဘူးဆိုရင် ဒေါသထွက်နေတဲ့ ဗြိတိန်ရဲ့ နောက်ထပ် ပိတ်ဆို့မှုပစ်မှတ်က ယူအေအီးပိုင်အသင်းဖြစ်လာနိုင်ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာစီးတီးအသင္းရဲ႕ ပိုင္ရွင္ ရွိတ္မန္ေဆာ္အေနနဲ႔ ခ်ဲလ္ဆီးအုံနာ ႐ိုမန္ ေအဘရာမိုဗစ္ခ်္အၿပီးမွာ ႏိုင္ငံျခားသား ရင္းႏွီးျမႇဳပ္ႏွံသူေတြရဲ႕ တရားလြန္ ဩဇာလႊမ္းမိုးမႈကို မႀကိဳက္ဘဲ တစ္ကြက္မွားတာနဲ႔ ေတာက္ခ်ဖို႔ ဝါသနာရွိေနတဲ့ ၿဗိတိန္အစိုးရရဲ႕ ျပႆနာရွာမႈကို ခံရႏိုင္တယ္လို႔ သတင္းေတြက ေဖာ္ျပေနၾကပါတယ္။

ယူေအအီးႏိုင္ငံရဲ႕ ဒုတိယဝန္ႀကီးခ်ဳပ္အျဖစ္လည္း တာဝန္ထမ္းေဆာင္ေနတဲ့ ရွိတ္မန္ေဆာ္ဟာ ၿပီးခဲ့တဲ့ ရက္သတၱပတ္အတြင္းက ဆီးရီးယား သမၼတ ဘာရွား အယ္လ္အာဆတ္ရဲ႕ အလည္ခရီး လာေရာက္မႈမွာ ရင္းရင္းႏွီးႏွီး ေပြ႕ဖက္ႏႈတ္ဆက္ခဲ့တာျဖစ္ၿပီး ဒါဟာ အာရပ္ထုံးတမ္းစဥ္အလာအရ ႏႈတ္ဆက္မႈတစ္ခုျဖစ္ေပမယ့္ ေစာင့္ၾကည့္သူေတြၾကားမွာေတာ့ ေဝဖန္မႈ ျမင့္တက္လ်က္ရွိပါတယ္။

ဆီးရီးယားျပည္တြင္းစစ္ကို ၁၁ ႏွစ္ၾကာေအာင္ တိုက္ခိုက္ၿပီးမွ ရပ္တန႔္ႏိုင္ခဲ့တဲ့ အာဆတ္ဟာ ႐ုရွားသမၼတ ဗလာဒီမီယာ ပူတင္ရဲ႕ ႀကီးမားတဲ့ အေပါင္းအပါတစ္ဦးျဖစ္ၿပီး ယူကရိန္းက်ဴးေက်ာ္မႈအတြက္ စစ္သားအကူအညီေတြ ေပးထားခဲ့တယ္လို႔ေတာင္ ေဖာ္ျပေနၾကခ်ိန္မွာ သူနဲ႔ ရွိတ္မန္ေဆာ္တို႔ရဲ႕ အတူတြဲေတြ႕ခဲ့ရတဲ့ ပုံစံက ၿဗိတိန္အစိုးရ တာဝန္ရွိသူေတြၾကား ေျပာစရာျဖစ္လာခဲ့တာပါ။

ဒီကိစၥကို ပူတင္နဲ႔ ပတ္သက္ၿပီး အေရးယူဖို႔ ေတာင္းဆိုခဲ့တဲ့ ၿဗိတိန္လႊတ္ေတာ္အမတ္ ခရစၥ ဘ႐ိုင္ယန႔္က ေဝဖန္ခဲ့ၿပီး ေအဘရာမိုဗစ္ခ်္နဲ႔ ခ်ဲလ္ဆီး အသင္းရဲ႕ ကိစၥမွာလည္း အဓိက ေတာင္းဆိုခဲ့သူျဖစ္တဲ့ ႐ြန္ဒါေကာင္တီက ေလဘာပါတီအမတ္ ဘ႐ိုင္ယန႔္ရဲ႕ အစေထာင္မႈအၿပီး တစ္ပတ္အၾကာမွာ ဝန္ႀကီးခ်ဳပ္ ေဘာရစ္ ဂြၽန္ဆန္က စတင္ပိတ္ဆို႔ခဲ့တာျဖစ္ပါတယ္။

ဘ႐ိုင္ယန႔္ကေတာ့ လူအခြင့္အေရးခ်ိဳးေဖာက္တဲ့ ျပစ္မႈမ်ားစြာ က်ဴးလြန္ထားသူျဖစ္တဲ့ ဆီးရီးယားသမၼတ အာဆတ္ကို ယူေအအီးနဲ႔ ရွိတ္မန္ေဆာ္တို႔ရဲ႕ လူရာသြင္းဆက္ဆံခဲ့တာအတြက္ ေဒါသထြက္ေနၿပီး ျပစ္တင္ရႈတ္ခ်သြားခဲ့သလို ၿဗိတိန္အေနနဲ႔ ဒီကိစၥအတြက္ မန္ခ်က္စတာစီးတီးကို ပစ္မွတ္ထား ထိုးႏွက္လာလိမ့္ဦးမယ္လို႔ စပိန္သတင္းဌာန AS ကလည္း ခန႔္မွန္းသြားခဲ့တာပါ။

“ယူေကရဲ႕ ခိုင္မာၿပီး မေျပာင္းလဲႏိုင္တဲ့ အျမင္ကေတာ့ ဆီးရီးယားရဲ႕ အုပ္ခ်ဳပ္ကိုင္တြယ္မႈက ဘာမွမေျပာင္းလဲတဲ့ ဖိႏွိပ္မႈေတြ ျဖစ္ေနဆဲပါပဲ။ ႏိုင္ငံတြင္းမွာ ၿငိမ္းခ်မ္းေရးရဖို႔နဲ႔ တည္တံ့ၾကာရွည္ဖို႔အတြက္လည္း ဘာမွ တိုးတက္လုပ္ေဆာင္မႈေတြ ရွိမေနေသးပါဘူး”လို႔ ၿဗိတိန္ရဲ႕ ႏိုင္ငံျခားေရး႐ုံးက စကတည္းက သူတို႔အျမင္ကို ထုတ္ျပန္ထားခဲ့ခ်ိန္မွာ ဘ႐ိုင္ယန႔္ကေတာ့ ေမးခြန္းထုတ္မႈ စတင္ခဲ့ပါတယ္။

ဘ႐ိုင္ယန႔္အေနနဲ႔ ဆီးရီးယားကို ဒီလိုမ်ိဳး ဆက္ဆံခဲ့တဲ့ မန္စီးတီးအသင္းပိုင္ရွင္ဟာ ပရီးမီးယားလိဂ္ရဲ႕ အသင္းတစ္သင္းကို ကိုယ္စားျပဳဖို႔ ျပည့္စုံလုံေလာက္တဲ့ အရည္အခ်င္းရွိရဲ႕လားလို႔ ေမးခြန္းထုတ္ခဲ့ၿပီး ၿပီးခဲ့တဲ့ ခ်ဲလ္ဆီးအသင္းကို ထိုးႏွက္မႈမွာလည္း ေအဘရာမိုဗစ္ခ်္ဟာ ဒါ႐ိုက္တာတစ္ဦးအျဖစ္ ကိုယ္စားျပဳခြင့္ကို ဒီပုံစံနဲ႔ ဆုံးရႈံးခဲ့ရတာပါ။

“ဒီေလာက္ျဖစ္ေနတာေတာင္မွ လူေတြက သေဘာထားေပ်ာ့ေျပာင္းေနၾကတုန္းပဲလား။ အာဆတ္ဆိုတာက ဆီးရီးယားမွာ လူေတြအေပၚ ရက္စက္ၾကမ္းၾကဳတ္စြာနဲ႔ အ႐ိုင္းအစိုင္းေတြ သတ္ျဖတ္သလို က်ဴးလြန္ထားတဲ့ လူသတ္သမားပဲေလ။ အခုက်ေတာ့ ပူတင္က ယူကရိန္းကို ဒီလိုပုံစံနဲ႔ပဲ က်ဴးေက်ာ္ၿပီး အျပစ္မရွိတဲ့ ျပည္သူေတြကို ေသေစခဲ့တယ္။ ဒီလိုလူေတြကို လူရာသြင္းေနတုန္းပဲလား”လို႔ ဘ႐ိုင္ယန႔္က ဖိအားေပးလိုက္တာျဖစ္ပါတယ္။

ဒါေၾကာင့္ ခ်ဲလ္ဆီးအသင္းရဲ႕ ပိတ္ပင္တားဆီး ဆန္ရွင္ခ်မွတ္မႈေတြနဲ႔ အသင္းကို အျမန္ဆုံးေရာင္းထုတ္ရမယ့္ အေျခအေနအၿပီးမွာ မန္ခ်က္စတာ စီးတီးအသင္းပိုင္ရွင္ ရွိတ္မန္ေဆာ္တစ္ေယာက္ အျပဳအမူနဲ႔ အေျပာအဆိုေတြကို တစ္စုံတစ္ရာ အျပဳသေဘာေဆာင္မယ့္ ေျပာင္းလဲမႈမ်ိဳး ရွိမလာခဲ့ဘူးဆိုရင္ ေဒါသထြက္ေနတဲ့ ၿဗိတိန္ရဲ႕ ေနာက္ထပ္ ပိတ္ဆို႔မႈပစ္မွတ္က ယူေအအီးပိုင္အသင္းျဖစ္လာႏိုင္ေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.