La Liga

မက်ဆီကို ဆန့်ကျင်သူ နောက်တစ်ယောက်ဖြစ်လာခဲ့တဲ့ ဘာစီလိုနာဂိုးသမား

ပီအက်စ်ဂျီတိုက်စစ်မှူး လီယွန်နယ် မက်ဆီအနေနဲ့ ပြင်သစ်မြေကို ရောက်လာခဲ့တာဟာ “သေချင်တဲ့ကျား တောပြောင်း”ဆိုသလိုဖြစ်ခဲ့ရပြီး သူ့ရဲ့ အစဉ်အလာ၊ ဂုဏ်သိက္ခာနဲ့ မကိုက်ညီတဲ့ ဂိုးမိုးခေါင်မှုတွေ ဖြစ်နေခဲ့သလို ဘာစီလိုနာနဲ့မို့လို့ ဒီလောက်လုပ်ပြနိုင်ခဲ့တာပါကွာဆိုတဲ့ ပြိုင်ဘက် ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ပရိသတ်တွေဘက်ကလည်း လှောင်ပြောင်မှုတွေ ရှိနေခဲ့တာပါ။

ဘာစီလိုနာကို ပြန်ဖို့ သူ့ဖခင် ဟော်ဟဲက စကားပြောနေတယ်လို့ သတင်းထွက်ခဲ့ပေမယ့် နည်းပြ ဇာဗီက အလိုမရှိဘူးလို့ ဆိုနေခဲ့သလို ဒီတစ်ကြိမ်မှာတော့ ဥက္ကဌ လာပေါ်တာ သဘောတစ်ခုတည်းနဲ့ လုပ်ဖို့ မဖြစ်နိုင်တော့ဘဲ စီနီယာကစားသမားတချို့ကလည်း ကန့်ကွက်ထားကြတဲ့အပြင် မနှစ်ကတည်းက စာချုပ်သက်တမ်း မတိုးဖို့ တိုက်တွန်းခဲ့တဲ့ နောက်ခံလူ ဂျရတ် ပီကေးအနေနဲ့လည်း မျက်နှာပူစရာအဖြစ်ကို ရှောင်လွှဲချင်မှာဖြစ်ပါတယ်။

လက်ရှိမှာတော့ မက်ဆီဆိုတာ နူးကမ့်ရဲ့ အတိတ်တစ်ခုသာဖြစ်ကြောင်းကို သိသာစေမယ့် လုပ်ရပ်တစ်ခုကို ဘာစီလိုနာအသင်းရဲ့ ဂိုးသမား မာ့ခ်-အန်ဒရီ တာစတီဂျန်က ပြသလိုက်ပြန်ပြီး သူ့ရဲ့ အကောင်းဆုံးကစားသမား ၁၁ ယောက်ကို ရွေးချယ်ရာမှာ အာဂျင်တီးနားသားကြီးကို ချန်လှပ်ထားပြီး လူသိရှင်ကြား ထုတ်ဖော်လိုက်တာပါ။

ဘာစီလိုနာကစားသမား ၇ ဦးအထိ ပါဝင်လာတဲ့ ဂျာမန်ဂိုးသမားရဲ့ အကောင်းဆုံး XI မှာ သူတွဲကစားခဲ့ဖူးသမျှ ဂျာမနီနဲ့ ဘာစီလိုနာက အသင်းဖော်တွေကို ရွေးချယ်ခဲ့တာဖြစ်ပြီး ဘယ်လွန်ဒေါဆုကို ၇ ကြိမ်ရထားခဲ့တဲ့ ပီအက်စ်ဂျီတိုက်စစ်မှူးကိုတော့ သူ့ရဲ့ နာမည်ကျော် MSN အတွဲဖြစ်တဲ့ နေမာနဲ့ လူးဝစ် ဆွာရက်ဇ်တို့နဲ့တကွ ချန်လှပ်ခဲ့တာဖြစ်ပါတယ်။

၄-၄-၂ စိန်ပွင့်ပုံစံနဲ့ နေရာချထားခဲ့တဲ့ လူစာရင်းမှာ ဂိုးသမားနေရာက ထူးထူးဆန်းဆန်း ပါဝင်လာသူကတော့ သူ့ရဲ့ မိုချန်ဂလာဘက်ချ်မှာ တွဲကစားဖူးတဲ့ အသင်းဖော် သူငယ်ချင်း ဂျာနစ် ဘလာစ်ဗစ်ချ်ဖြစ်ပြီး ချဲလ်ဆီးနောက်ခံလူ အန်တိုနီယို ရူဒီဂါနဲ့ ၂၀၁၄ ကမ္ဘာ့ဖလားရဲ့ ချန်ပီယံဂိုးရှင် မာရီယို ဂေါ့ဇာတို့လည်း ပါဝင်ခဲ့တာပါ။

အသင်းရဲ့ လူစာရင်း အပြည့်အစုံကတော့ (ဂိုး) ဂျာနစ် ဘလာစ်ဗစ်ချ်၊ (နောက်တန်း) အန်တိုနီယို ရူဒီဂါ၊ ဂျရတ် ပီကေး၊ ဒါနီ အဲလ်ဗက်စ်၊ ဂျော်ဒီ အယ်လ်ဘာ၊ (အလယ်တန်း) ဆာဂျီယို ဘူးစ်ကွက်စ်၊ ဇာဗီ ဟာနန်ဒက်ဇ်၊ အန်းဒရက်စ် အင်နီယေစတာ၊ ဖရင်ကီ ဒီယုံး၊ (ရှေ့တန်း) မာကို ရွိုက်စ်၊ မာရီယို ဂေါ့ဇာတို့ ဖြစ်ကြပါတယ်။

ဂျာမန်သားအနေနဲ့ “သူနဲ့ မက်ဆီကြားမှာ အချိန်တော်ကြာတဲ့ အသင်းဖော်တွေအဖြစ် ရှိခဲ့ကြပြီး အမြင်ချင်းကတော့ ဘယ်တုန်းကမှ မတူခဲ့ဘူးလို့ ဆိုပေမယ့် တူညီတဲ့ ဦးတည်ချက်ကို သွားခဲ့ကြပြီး ပွဲတစ်ပွဲအပေါ်မှာ နိုင်နိုင်ရှုံးရှုံး စိတ်ဓာတ်အပြည့်နဲ့ ကစားတာက တူညီခဲ့ကြောင်း အင်စတာဂရမ်မှာ ရေးသားခဲ့ဖူးတာပါ။

၄-၄-၂ ကစားကွက်နဲ့ ရွေးချယ်ခဲ့ရာမှာ ဗဟိုအားပြုတဲ့ ကစားကွက်ဖြစ်လို့ ရှေ့တန်းညာခြမ်းမှာ ပွဲထွက်လေ့ရှိပြီး ညာတောင်ပံကစားသမားလို့ လူတော်တော်များများက ယူဆလေ့ရှိတဲ့ မက်ဆီ ပါဝင်မလာတာလားလို့ ဘောလုံးပရိသတ်တွေကြားမှာတော့ မှတ်ချက်ပေးနေကြပြီး သို့လောသို့လော ဖြစ်နေခဲ့ကြပါတယ်။

ဒါပေမယ့် တကယ့် သူ့ရဲ့ အကောင်းဆုံးလို့ စိတ်ထဲက ယူဆသူတွေကို ရွေးချယ်မှုနဲ့ သဘောထားချင်း မတိုက်ဆိုင်လို့ ချန်လှပ်ခဲ့သူတွေထဲမှာ မက်ဆီပါ ပါဝင်သွားခဲ့တာကတော့ ဘာစီလိုနာကစားသမားတစ်ယောက်အတွက် တော်တော်လေးတော့ အငြင်းပွားစရာဖြစ်ခဲ့ပြီး တာစတီဂန်ဘက်ကတော့ ဒီအတွက် ဘာမှ ရှင်းလင်းပြောဆိုမထားကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပီအက္စ္ဂ်ီတိုက္စစ္မႉး လီယြန္နယ္ မက္ဆီအေနနဲ႔ ျပင္သစ္ေျမကို ေရာက္လာခဲ့တာဟာ “ေသခ်င္တဲ့က်ား ေတာေျပာင္း”ဆိုသလိုျဖစ္ခဲ့ရၿပီး သူ႔ရဲ႕ အစဥ္အလာ၊ ဂုဏ္သိကၡာနဲ႔ မကိုက္ညီတဲ့ ဂိုးမိုးေခါင္မႈေတြ ျဖစ္ေနခဲ့သလို ဘာစီလိုနာနဲ႔မို႔လို႔ ဒီေလာက္လုပ္ျပႏိုင္ခဲ့တာပါကြာဆိုတဲ့ ၿပိဳင္ဘက္ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ ပရိသတ္ေတြဘက္ကလည္း ေလွာင္ေျပာင္မႈေတြ ရွိေနခဲ့တာပါ။

ဘာစီလိုနာကို ျပန္ဖို႔ သူ႔ဖခင္ ေဟာ္ဟဲက စကားေျပာေနတယ္လို႔ သတင္းထြက္ခဲ့ေပမယ့္ နည္းျပ ဇာဗီက အလိုမရွိဘူးလို႔ ဆိုေနခဲ့သလို ဒီတစ္ႀကိမ္မွာေတာ့ ဥကၠဌ လာေပၚတာ သေဘာတစ္ခုတည္းနဲ႔ လုပ္ဖို႔ မျဖစ္ႏိုင္ေတာ့ဘဲ စီနီယာကစားသမားတခ်ိဳ႕ကလည္း ကန႔္ကြက္ထားၾကတဲ့အျပင္ မႏွစ္ကတည္းက စာခ်ဳပ္သက္တမ္း မတိုးဖို႔ တိုက္တြန္းခဲ့တဲ့ ေနာက္ခံလူ ဂ်ရတ္ ပီေကးအေနနဲ႔လည္း မ်က္ႏွာပူစရာအျဖစ္ကို ေရွာင္လႊဲခ်င္မွာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ မက္ဆီဆိုတာ ႏူးကမ့္ရဲ႕ အတိတ္တစ္ခုသာျဖစ္ေၾကာင္းကို သိသာေစမယ့္ လုပ္ရပ္တစ္ခုကို ဘာစီလိုနာအသင္းရဲ႕ ဂိုးသမား မာ့ခ္-အန္ဒရီ တာစတီဂ်န္က ျပသလိုက္ျပန္ၿပီး သူ႔ရဲ႕ အေကာင္းဆုံးကစားသမား ၁၁ ေယာက္ကို ေ႐ြးခ်ယ္ရာမွာ အာဂ်င္တီးနားသားႀကီးကို ခ်န္လွပ္ထားၿပီး လူသိရွင္ၾကား ထုတ္ေဖာ္လိုက္တာပါ။

ဘာစီလိုနာကစားသမား ၇ ဦးအထိ ပါဝင္လာတဲ့ ဂ်ာမန္ဂိုးသမားရဲ႕ အေကာင္းဆုံး XI မွာ သူတြဲကစားခဲ့ဖူးသမွ် ဂ်ာမနီနဲ႔ ဘာစီလိုနာက အသင္းေဖာ္ေတြကို ေ႐ြးခ်ယ္ခဲ့တာျဖစ္ၿပီး ဘယ္လြန္ေဒါဆုကို ၇ ႀကိမ္ရထားခဲ့တဲ့ ပီအက္စ္ဂ်ီတိုက္စစ္မႉးကိုေတာ့ သူ႔ရဲ႕ နာမည္ေက်ာ္ MSN အတြဲျဖစ္တဲ့ ေနမာနဲ႔ လူးဝစ္ ဆြာရက္ဇ္တို႔နဲ႔တကြ ခ်န္လွပ္ခဲ့တာျဖစ္ပါတယ္။

၄-၄-၂ စိန္ပြင့္ပုံစံနဲ႔ ေနရာခ်ထားခဲ့တဲ့ လူစာရင္းမွာ ဂိုးသမားေနရာက ထူးထူးဆန္းဆန္း ပါဝင္လာသူကေတာ့ သူ႔ရဲ႕ မိုခ်န္ဂလာဘက္ခ်္မွာ တြဲကစားဖူးတဲ့ အသင္းေဖာ္ သူငယ္ခ်င္း ဂ်ာနစ္ ဘလာစ္ဗစ္ခ်္ျဖစ္ၿပီး ခ်ဲလ္ဆီးေနာက္ခံလူ အန္တိုနီယို ႐ူဒီဂါနဲ႔ ၂၀၁၄ ကမာၻ႔ဖလားရဲ႕ ခ်န္ပီယံဂိုးရွင္ မာရီယို ေဂါ့ဇာတို႔လည္း ပါဝင္ခဲ့တာပါ။

အသင္းရဲ႕ လူစာရင္း အျပည့္အစုံကေတာ့ (ဂိုး) ဂ်ာနစ္ ဘလာစ္ဗစ္ခ်္၊ (ေနာက္တန္း) အန္တိုနီယို ႐ူဒီဂါ၊ ဂ်ရတ္ ပီေကး၊ ဒါနီ အဲလ္ဗက္စ္၊ ေဂ်ာ္ဒီ အယ္လ္ဘာ၊ (အလယ္တန္း) ဆာဂ်ီယို ဘူးစ္ကြက္စ္၊ ဇာဗီ ဟာနန္ဒက္ဇ္၊ အန္းဒရက္စ္ အင္နီေယစတာ၊ ဖရင္ကီ ဒီယုံး၊ (ေရွ႕တန္း) မာကို ႐ြိဳက္စ္၊ မာရီယို ေဂါ့ဇာတို႔ ျဖစ္ၾကပါတယ္။

ဂ်ာမန္သားအေနနဲ႔ “သူနဲ႔ မက္ဆီၾကားမွာ အခ်ိန္ေတာ္ၾကာတဲ့ အသင္းေဖာ္ေတြအျဖစ္ ရွိခဲ့ၾကၿပီး အျမင္ခ်င္းကေတာ့ ဘယ္တုန္းကမွ မတူခဲ့ဘူးလို႔ ဆိုေပမယ့္ တူညီတဲ့ ဦးတည္ခ်က္ကို သြားခဲ့ၾကၿပီး ပြဲတစ္ပြဲအေပၚမွာ ႏိုင္ႏိုင္ရႈံးရႈံး စိတ္ဓာတ္အျပည့္နဲ႔ ကစားတာက တူညီခဲ့ေၾကာင္း အင္စတာဂရမ္မွာ ေရးသားခဲ့ဖူးတာပါ။

၄-၄-၂ ကစားကြက္နဲ႔ ေ႐ြးခ်ယ္ခဲ့ရာမွာ ဗဟိုအားျပဳတဲ့ ကစားကြက္ျဖစ္လို႔ ေရွ႕တန္းညာျခမ္းမွာ ပြဲထြက္ေလ့ရွိၿပီး ညာေတာင္ပံကစားသမားလို႔ လူေတာ္ေတာ္မ်ားမ်ားက ယူဆေလ့ရွိတဲ့ မက္ဆီ ပါဝင္မလာတာလားလို႔ ေဘာလုံးပရိသတ္ေတြၾကားမွာေတာ့ မွတ္ခ်က္ေပးေနၾကၿပီး သို႔ေလာသို႔ေလာ ျဖစ္ေနခဲ့ၾကပါတယ္။

ဒါေပမယ့္ တကယ့္ သူ႔ရဲ႕ အေကာင္းဆုံးလို႔ စိတ္ထဲက ယူဆသူေတြကို ေ႐ြးခ်ယ္မႈနဲ႔ သေဘာထားခ်င္း မတိုက္ဆိုင္လို႔ ခ်န္လွပ္ခဲ့သူေတြထဲမွာ မက္ဆီပါ ပါဝင္သြားခဲ့တာကေတာ့ ဘာစီလိုနာကစားသမားတစ္ေယာက္အတြက္ ေတာ္ေတာ္ေလးေတာ့ အျငင္းပြားစရာျဖစ္ခဲ့ၿပီး တာစတီဂန္ဘက္ကေတာ့ ဒီအတြက္ ဘာမွ ရွင္းလင္းေျပာဆိုမထားေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.