La Liga Transfer News

အမ်ဘာပေရောက်ရင် ရီးရဲလ်တို့ ရုံခါပြီး နေရာရှင်းသွားမယ့် ကစားသမား ၅ ဦး

ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ပီအက်စ်ဂျီ တိုက်စစ်မှူး ခီလီယန် အမ်ဘာပေကို သူ့အမေက ပိုက်ဆံဘယ်လောက်တောင်းတောင်း ဖြစ်တဲ့နည်းနဲ့ ခေါ်ယူမယ်ဆိုတာက လူတိုင်းသိတဲ့ လျှို့ဝှက်ချက်ကြီးဖြစ်နေခဲ့ချိန်မှာ လိုအပ်သမျှ ဘဏ္ဏာရေးထောက်ပံ့မှုကို ရက်ရက်ရောရောပေးနိုင်ဖို့အတွက် အသင်းက နာမည်ကြီးနဲ့ လစာကြီးကစားသမားတွေကို ရာသီကုန်မှာ ရှင်းထုတ်သွားဖို့ ရှိနေပါတယ်။

၅။ မာဆယ်လို
ဘရာဇီးလ်နောက်ခံလူဟာ ရီးရဲလ်မက်ဒရစ်အသင်းကို သူ့ရဲ့ ဆယ်ကျော်သက်နေ့ရက်တွေကတည်းက ရောက်လာခဲ့သူဖြစ်ပြီး ရော်ဘတ်တို ကားလို့စ်ကို ဘာနေဗျူးပရိသတ်တွေ မလွမ်းအောင် ခြေစွမ်းပြရင်း အသည်းကွဲ ဝေဒနာတွေကို ကုစားပေးနိုင်ခဲ့သူလည်းဖြစ်သလို အသက် ၃၀-၃၁ အရွယ်လောက်မှာ တဖြည်းဖြည်း ကစားခွင့် လျော့ကျလာခဲ့ပြီး ဒီရာသီမှာ ပွဲထွက် ၃ ပွဲနဲ့ လူစားဝင် ၆ ပွဲသာ ကစားထားရတာလည်းဖြစ်ပါတယ်။

အသက် ၃၃ နှစ်အရွယ် ရှိသွားခဲ့ပြီဖြစ်တဲ့ ဘရာဇီးလ်သားကြီးကို စာချုပ်သက်တမ်းတိုးဖို့ အသင်းဘက်က ဆန္ဒမရှိတော့သလို သူ့ရဲ့ မြင့်မားတဲ့ လုပ်ခလစာငွေကို လျှော့ချချင်နေပြီး ၂၀၂၂ နွေရာသီမှာ ကုန်ဆုံးမယ့် လက်တွဲမှုအပြီးမှာ သူ့အနေနဲ့ အသက် ၁၈ နှစ်အရွယ်ကတည်းက ခွဲခွာလာခဲ့တဲ့ လူငယ်ဘဝအသင်းဟောင်း ဖလူမီနန်စီကို ပြန်မလား ဥရောပမှာပဲ ဆက်လက်ကျင်လည်ဦးမလားတော့ စောင့်ကြည့်ရမှာပါ။

၄။ အစ္စကို
ဖရန်စစ္စကို ရိုမန် အယ်လ်ကော်ကွန် ဆွာရက်ဇ်ဆိုတဲ့ အသက် ၂၀ အရွယ်လူငယ်တစ်ယောက်ဟာ မာလာဂါအသင်းမှာ ဥရောပအကောင်းဆုံး လူငယ်ဆု Golden Boy Award ကို ရရှိခဲ့အပြီးမှာ ရီးရဲလ်ကို ယူရိုသန်း ၃၀ နဲ့ ရောက်ရှိလာခဲ့ပေမယ့် နိုင်ငံခြားကြယ်ပွင့်ဦးစားပေး ဂလက်တီကို အစီအစဉ်မှာတော့ တော်သလောက် မကျော်ခဲ့ရတာလည်းဖြစ်ပါတယ်။

အသင်းအတွက် ပြိုင်ပွဲစုံ ပွဲ ၃၅၀ ကစားအပြီးမှာ ၅၃ ဂိုး သွင်းယူထားတဲ့ အသက် ၂၉ နှစ်အရွယ် စပိန်သားအတွက် ပြီးခဲ့တဲ့ ရာသီတွေကတည်းက ကမ်းလှမ်းမှုတွေကို ရှာဖွေနေခဲ့ပေမယ့် ကိုဗစ်ကြောင့် ကျပ်တည်းသွားတဲ့ အခြေအနေမှာ ဘယ်သူကမှ မခေါ်နိုင်ခဲ့သလို ရာသီကုန်မှာ သက်တမ်းကုန်မယ့် သူ့ရဲ့ စာချုပ်ကိုတော့ ရီးရဲလ်တို့ဘက်က တိုးမြှင့်တော့မှာ မဟုတ်ဘူးလို့ပဲ အကြမ်းဖျင်း သိထားရတာပါ။

၃။ ဂါရက်သ် ဘေးလ်
ပြီးခဲ့တဲ့ ရာသီက စပါးစ်ကို အငှားချခံခဲ့ရပြီး လစာငွေကို တစ်ဝက် ချွေတာခံခဲ့ရတဲ့ ဘေးလ်ရဲ့ ကျောနံပါတ်က လက်ရှိမှာ ၁၈ ဖြစ်သွားခဲ့ပြီဆိုရင် ဒီအသင်းက သူ့ကို ဘယ်လိုသဘောထားသလဲ သိသာကြမှာပါ။ ဒဏ်ရာတွေနဲ့ နပမ်းလုံးခဲ့ရတဲ့ ဝေးလ်စ်ကပ္ပတိန်ဟာ ၅ ပွဲမှာ ၁ ဂိုးသာ ရယူပေးထားနိုင်ပြီး နည်းပြတွေရဲ့ စိတ်ထဲမှာလည်း သူ့ကို မရှိတော့သလို နည်းပြ ကာလို အန်ချယ်လော့တီကလည်း အလိုမရှိတော့တာဖြစ်ပါတယ်။

သူ့လိုပဲ ဒဏ်ရာများတဲ့ မားကို့စ် အဆန်စီယိုကို ဦးစားပေးသုံးစွဲနေခဲ့အပြီးမှာ လစာတစ်ပတ်ကို ပေါင်ငါးသိန်းရရှိနေတဲ့ ဘေးလ်အနေနဲ့ ကိုးနှစ်အကြာမှာ ဘာနေဗျူးနဲ့ လမ်းခွဲရဖို့ ရှိနေခဲ့ပြီး ရာသီကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာနိုင်မယ့်အချိန်မှာ ပရီးမီးယားလိဂ်အသင်းတွေဆီကိုပဲ ပြန်လာနိုင်ပြီး စပါးစ်နဲ့ ဆောက်သမ်တန် ဘယ်သူ့ရွေးမလဲ၊ ဒါမှမဟုတ် စကော့တလန်များဖြစ်သွားမလား စောင့်ကြည့်ရမှာပါ။

၂။ လူကာ ယိုဗစ်ချ်
ဖရန့်ဖတ်က ခေါ်လိုက်ကတည်းက ပြောင်းရွှေ့ကြေးနဲ့ရော မျှော်လင့်ချက်နဲ့ပါ တစ်ခုမှ အံမဝင်သေးတဲ့ ဆားဘီးယားတိုက်စစ်မှူးဟာ ရီးရဲလ်မက်ဒရစ်ရဲ့ အဆင့်အတန်းမဟုတ်ဘူးလို့လည်း ဝေဖန်ခံနေခဲ့ရတာဖြစ်ပါတယ်။ အသင်းဟောင်းကိုပါ အငှားနဲ့ ပြန်ထွက်ကစားခဲ့ရတဲ့ ယိုဗစ်ချ်ဟာ လက်ရှိအချိန်အထိ ဘာနေဗျူးအတွက် ကစားပြီးသမျှ ၄၉ ပွဲမှာ ၃ ဂိုးသာ သွင်းယူနိုင်တာနိုင်ဖြစ်ပြီး ဥရောပအဆင့်မှာ ဂိုးပေါက်ရှာမတွေ့ခဲ့တာလည်းဖြစ်ပါတယ်။

၂၀၂၅ ခုနှစ်အထိ စာချုပ်ရှိနေသေးပြီး သုံးနှစ်ကျန်နေသေးတဲ့ ချည်နှောင်မှုအရတော့ ဆားဘီးယားသားကို ယူရိုသန်း ၂၀ ဝန်းကျင်မှာ အရှုံးခံပြီး ပြန်လည်ရောင်းချရဖို့ ရှိနေသလို ၂၄ နှစ်သားအနေနဲ့ လာလီဂါမှာတောင် မအောင်မြင်ချိန်မှာ ပရီးမီးယားလိဂ်ကတော့ လှည့်ကြည့်ဖို့ မရှိတော့ဘဲ ဂျာမနီနဲ့ အီတလီတစ်ခုခုကိုသာ ရွေးချယ်သွားဖို့ ရှိနေမှာပါ။

၁။ အီဒင် ဟာဇတ်
ဝနေတယ်၊ လေ့ကျင့်ခန်း မဆင်းနိုင်ဘူး၊ ကြံ့ခိုင်မှု ဘယ်တုန်းကမှ မပြည့်ဘူးလို့ အသံတွေ ထွက်နေခဲ့တဲ့ အီဒင် ဟာဇတ်ရဲ့ ရီးရဲလ်မက်ဒရစ် ခရီးကတော့ ထင်သလို မလှပခဲ့ဘဲ ထင်ရှားကျော်ကြားလှတဲ့ ကျောနံပါတ် ၇ ကို ဆက်ခံမှုကလည်း အားမရစရာပဲဖြစ်သွားခဲ့ရသလို ဘယ်လ်ဂျီယမ်သား အနေနဲ့ ဒီရာသီမှာ ပွဲထွက် ၇ ပွဲ၊ လူစားဝင် ၁၇ ပွဲမှာ တစ်ဂိုးမှ မရသေးဘဲ ဘုရင့်ဖလားမှာသာ တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်ပေးထားနိုင်ခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းက ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် အေဘရာမိုဗစ်ချ် မရှိတော့သလို ဆန်ရှင်လည်း ထိထားခဲ့ချိန်မှာ ၂၀၂၄ ခုနှစ်အထိ စာချုပ်ကျန်နေသေးတဲ့ အသက် ၃၁ နှစ်အရွယ် ကွင်းလယ်လူအတွက် ရောင်းချနိုင်မယ့်အသင်း နည်းပါးနေပြီး ရီးရဲလ်ဘက်ကတော့ သူ့ကို လက်လွှတ်ဖို့ပဲ ပြင်ဆင်ထားခဲ့သလို အမ်ဘာပေကိုလည်း ကျောနံပါတ်ကိုပါ လွှဲပေးဖို့ စီစဉ်နေခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်အနေနဲ့ သူတို့ရဲ့ ဘလွန်ဒေါဆုရှင် ကွင်းလယ်လူ လူကာ မိုဒရစ်ချ်ကိုလည်း စာချုပ်သက်တမ်းထပ်တိုးမလားဆိုတာ ဆုံးဖြတ်ရဖို့ ရှိနေသေးပြီး တခြားကွင်းလယ်လူတွေဖြစ်ကြတဲ့ အဆန်စီယို၊ ဒါနီ စီဘာယော့စ်နဲ့ တိုက်စစ်မှူး မာရီယာနို ဒီယက်ဇ်တို့ကိုလည်း ရောင်းချသွားဖို့ ရှိနေသလို ပီအက်စ်ဂျီကနေ ရောက်လာမယ့် အမ်ဘာပေရဲ့ ဂယက်ကတော့ တော်တော်လေး ကြီးမားနေကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ရီးရဲလ္မက္ဒရစ္အသင္းအေနနဲ႔ ပီအက္စ္ဂ်ီ တိုက္စစ္မႉး ခီလီယန္ အမ္ဘာေပကို သူ႔အေမက ပိုက္ဆံဘယ္ေလာက္ေတာင္းေတာင္း ျဖစ္တဲ့နည္းနဲ႔ ေခၚယူမယ္ဆိုတာက လူတိုင္းသိတဲ့ လွ်ိဳ႕ဝွက္ခ်က္ႀကီးျဖစ္ေနခဲ့ခ်ိန္မွာ လိုအပ္သမွ် ဘဏၰာေရးေထာက္ပံ့မႈကို ရက္ရက္ေရာေရာေပးႏိုင္ဖို႔အတြက္ အသင္းက နာမည္ႀကီးနဲ႔ လစာႀကီးကစားသမားေတြကို ရာသီကုန္မွာ ရွင္းထုတ္သြားဖို႔ ရွိေနပါတယ္။

၅။ မာဆယ္လို
ဘရာဇီးလ္ေနာက္ခံလူဟာ ရီးရဲလ္မက္ဒရစ္အသင္းကို သူ႔ရဲ႕ ဆယ္ေက်ာ္သက္ေန႔ရက္ေတြကတည္းက ေရာက္လာခဲ့သူျဖစ္ၿပီး ေရာ္ဘတ္တို ကားလို႔စ္ကို ဘာေနဗ်ဴးပရိသတ္ေတြ မလြမ္းေအာင္ ေျခစြမ္းျပရင္း အသည္းကြဲ ေဝဒနာေတြကို ကုစားေပးႏိုင္ခဲ့သူလည္းျဖစ္သလို အသက္ ၃၀-၃၁ အ႐ြယ္ေလာက္မွာ တျဖည္းျဖည္း ကစားခြင့္ ေလ်ာ့က်လာခဲ့ၿပီး ဒီရာသီမွာ ပြဲထြက္ ၃ ပြဲနဲ႔ လူစားဝင္ ၆ ပြဲသာ ကစားထားရတာလည္းျဖစ္ပါတယ္။

အသက္ ၃၃ ႏွစ္အ႐ြယ္ ရွိသြားခဲ့ၿပီျဖစ္တဲ့ ဘရာဇီးလ္သားႀကီးကို စာခ်ဳပ္သက္တမ္းတိုးဖို႔ အသင္းဘက္က ဆႏၵမရွိေတာ့သလို သူ႔ရဲ႕ ျမင့္မားတဲ့ လုပ္ခလစာေငြကို ေလွ်ာ့ခ်ခ်င္ေနၿပီး ၂၀၂၂ ေႏြရာသီမွာ ကုန္ဆုံးမယ့္ လက္တြဲမႈအၿပီးမွာ သူ႔အေနနဲ႔ အသက္ ၁၈ ႏွစ္အ႐ြယ္ကတည္းက ခြဲခြာလာခဲ့တဲ့ လူငယ္ဘဝအသင္းေဟာင္း ဖလူမီနန္စီကို ျပန္မလား ဥေရာပမွာပဲ ဆက္လက္က်င္လည္ဦးမလားေတာ့ ေစာင့္ၾကည့္ရမွာပါ။

၄။ အစၥကို
ဖရန္စစၥကို ႐ိုမန္ အယ္လ္ေကာ္ကြန္ ဆြာရက္ဇ္ဆိုတဲ့ အသက္ ၂၀ အ႐ြယ္လူငယ္တစ္ေယာက္ဟာ မာလာဂါအသင္းမွာ ဥေရာပအေကာင္းဆုံး လူငယ္ဆု Golden Boy Award ကို ရရွိခဲ့အၿပီးမွာ ရီးရဲလ္ကို ယူ႐ိုသန္း ၃၀ နဲ႔ ေရာက္ရွိလာခဲ့ေပမယ့္ ႏိုင္ငံျခားၾကယ္ပြင့္ဦးစားေပး ဂလက္တီကို အစီအစဥ္မွာေတာ့ ေတာ္သေလာက္ မေက်ာ္ခဲ့ရတာလည္းျဖစ္ပါတယ္။

အသင္းအတြက္ ၿပိဳင္ပြဲစုံ ပြဲ ၃၅၀ ကစားအၿပီးမွာ ၅၃ ဂိုး သြင္းယူထားတဲ့ အသက္ ၂၉ ႏွစ္အ႐ြယ္ စပိန္သားအတြက္ ၿပီးခဲ့တဲ့ ရာသီေတြကတည္းက ကမ္းလွမ္းမႈေတြကို ရွာေဖြေနခဲ့ေပမယ့္ ကိုဗစ္ေၾကာင့္ က်ပ္တည္းသြားတဲ့ အေျခအေနမွာ ဘယ္သူကမွ မေခၚႏိုင္ခဲ့သလို ရာသီကုန္မွာ သက္တမ္းကုန္မယ့္ သူ႔ရဲ႕ စာခ်ဳပ္ကိုေတာ့ ရီးရဲလ္တို႔ဘက္က တိုးျမႇင့္ေတာ့မွာ မဟုတ္ဘူးလို႔ပဲ အၾကမ္းဖ်င္း သိထားရတာပါ။

၃။ ဂါရက္သ္ ေဘးလ္
ၿပီးခဲ့တဲ့ ရာသီက စပါးစ္ကို အငွားခ်ခံခဲ့ရၿပီး လစာေငြကို တစ္ဝက္ ေခြၽတာခံခဲ့ရတဲ့ ေဘးလ္ရဲ႕ ေက်ာနံပါတ္က လက္ရွိမွာ ၁၈ ျဖစ္သြားခဲ့ၿပီဆိုရင္ ဒီအသင္းက သူ႔ကို ဘယ္လိုသေဘာထားသလဲ သိသာၾကမွာပါ။ ဒဏ္ရာေတြနဲ႔ နပမ္းလုံးခဲ့ရတဲ့ ေဝးလ္စ္ကပၸတိန္ဟာ ၅ ပြဲမွာ ၁ ဂိုးသာ ရယူေပးထားႏိုင္ၿပီး နည္းျပေတြရဲ႕ စိတ္ထဲမွာလည္း သူ႔ကို မရွိေတာ့သလို နည္းျပ ကာလို အန္ခ်ယ္ေလာ့တီကလည္း အလိုမရွိေတာ့တာျဖစ္ပါတယ္။

သူ႔လိုပဲ ဒဏ္ရာမ်ားတဲ့ မားကို႔စ္ အဆန္စီယိုကို ဦးစားေပးသုံးစြဲေနခဲ့အၿပီးမွာ လစာတစ္ပတ္ကို ေပါင္ငါးသိန္းရရွိေနတဲ့ ေဘးလ္အေနနဲ႔ ကိုးႏွစ္အၾကာမွာ ဘာေနဗ်ဴးနဲ႔ လမ္းခြဲရဖို႔ ရွိေနခဲ့ၿပီး ရာသီကုန္မွာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ထြက္ခြာႏိုင္မယ့္အခ်ိန္မွာ ပရီးမီးယားလိဂ္အသင္းေတြဆီကိုပဲ ျပန္လာႏိုင္ၿပီး စပါးစ္နဲ႔ ေဆာက္သမ္တန္ ဘယ္သူ႔ေ႐ြးမလဲ၊ ဒါမွမဟုတ္ စေကာ့တလန္မ်ားျဖစ္သြားမလား ေစာင့္ၾကည့္ရမွာပါ။

၂။ လူကာ ယိုဗစ္ခ်္
ဖရန႔္ဖတ္က ေခၚလိုက္ကတည္းက ေျပာင္းေ႐ႊ႕ေၾကးနဲ႔ေရာ ေမွ်ာ္လင့္ခ်က္နဲ႔ပါ တစ္ခုမွ အံမဝင္ေသးတဲ့ ဆားဘီးယားတိုက္စစ္မႉးဟာ ရီးရဲလ္မက္ဒရစ္ရဲ႕ အဆင့္အတန္းမဟုတ္ဘူးလို႔လည္း ေဝဖန္ခံေနခဲ့ရတာျဖစ္ပါတယ္။ အသင္းေဟာင္းကိုပါ အငွားနဲ႔ ျပန္ထြက္ကစားခဲ့ရတဲ့ ယိုဗစ္ခ်္ဟာ လက္ရွိအခ်ိန္အထိ ဘာေနဗ်ဴးအတြက္ ကစားၿပီးသမွ် ၄၉ ပြဲမွာ ၃ ဂိုးသာ သြင္းယူႏိုင္တာႏိုင္ျဖစ္ၿပီး ဥေရာပအဆင့္မွာ ဂိုးေပါက္ရွာမေတြ႕ခဲ့တာလည္းျဖစ္ပါတယ္။

၂၀၂၅ ခုႏွစ္အထိ စာခ်ဳပ္ရွိေနေသးၿပီး သုံးႏွစ္က်န္ေနေသးတဲ့ ခ်ည္ေႏွာင္မႈအရေတာ့ ဆားဘီးယားသားကို ယူ႐ိုသန္း ၂၀ ဝန္းက်င္မွာ အရႈံးခံၿပီး ျပန္လည္ေရာင္းခ်ရဖို႔ ရွိေနသလို ၂၄ ႏွစ္သားအေနနဲ႔ လာလီဂါမွာေတာင္ မေအာင္ျမင္ခ်ိန္မွာ ပရီးမီးယားလိဂ္ကေတာ့ လွည့္ၾကည့္ဖို႔ မရွိေတာ့ဘဲ ဂ်ာမနီနဲ႔ အီတလီတစ္ခုခုကိုသာ ေ႐ြးခ်ယ္သြားဖို႔ ရွိေနမွာပါ။

၁။ အီဒင္ ဟာဇတ္
ဝေနတယ္၊ ေလ့က်င့္ခန္း မဆင္းႏိုင္ဘူး၊ ႀကံ့ခိုင္မႈ ဘယ္တုန္းကမွ မျပည့္ဘူးလို႔ အသံေတြ ထြက္ေနခဲ့တဲ့ အီဒင္ ဟာဇတ္ရဲ႕ ရီးရဲလ္မက္ဒရစ္ ခရီးကေတာ့ ထင္သလို မလွပခဲ့ဘဲ ထင္ရွားေက်ာ္ၾကားလွတဲ့ ေက်ာနံပါတ္ ၇ ကို ဆက္ခံမႈကလည္း အားမရစရာပဲျဖစ္သြားခဲ့ရသလို ဘယ္လ္ဂ်ီယမ္သား အေနနဲ႔ ဒီရာသီမွာ ပြဲထြက္ ၇ ပြဲ၊ လူစားဝင္ ၁၇ ပြဲမွာ တစ္ဂိုးမွ မရေသးဘဲ ဘုရင့္ဖလားမွာသာ တစ္ဂိုးသြင္း၊ တစ္ဂိုးဖန္ေပးထားႏိုင္ခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းက ျပန္လည္ေခၚယူဖို႔ စိတ္ဝင္စားေနေပမယ့္ ေအဘရာမိုဗစ္ခ်္ မရွိေတာ့သလို ဆန္ရွင္လည္း ထိထားခဲ့ခ်ိန္မွာ ၂၀၂၄ ခုႏွစ္အထိ စာခ်ဳပ္က်န္ေနေသးတဲ့ အသက္ ၃၁ ႏွစ္အ႐ြယ္ ကြင္းလယ္လူအတြက္ ေရာင္းခ်ႏိုင္မယ့္အသင္း နည္းပါးေနၿပီး ရီးရဲလ္ဘက္ကေတာ့ သူ႔ကို လက္လႊတ္ဖို႔ပဲ ျပင္ဆင္ထားခဲ့သလို အမ္ဘာေပကိုလည္း ေက်ာနံပါတ္ကိုပါ လႊဲေပးဖို႔ စီစဥ္ေနခဲ့တာပါ။

ရီးရဲလ္မက္ဒရစ္အေနနဲ႔ သူတို႔ရဲ႕ ဘလြန္ေဒါဆုရွင္ ကြင္းလယ္လူ လူကာ မိုဒရစ္ခ်္ကိုလည္း စာခ်ဳပ္သက္တမ္းထပ္တိုးမလားဆိုတာ ဆုံးျဖတ္ရဖို႔ ရွိေနေသးၿပီး တျခားကြင္းလယ္လူေတြျဖစ္ၾကတဲ့ အဆန္စီယို၊ ဒါနီ စီဘာေယာ့စ္နဲ႔ တိုက္စစ္မႉး မာရီယာႏို ဒီယက္ဇ္တို႔ကိုလည္း ေရာင္းခ်သြားဖို႔ ရွိေနသလို ပီအက္စ္ဂ်ီကေန ေရာက္လာမယ့္ အမ္ဘာေပရဲ႕ ဂယက္ကေတာ့ ေတာ္ေတာ္ေလး ႀကီးမားေနေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.