Article Bundesliga La Liga Ligue1 Premier League UCL&UEL

ချန်ပီယံလိဂ်ရဲ့ နာမည်ကြီးနည်းပြတွေထဲက ပွဲ ၅၀ မှာ နိုင်ပွဲအများဆုံး ၅ ဦး

ချန်ပီယံလိဂ်ရဲ့ နာမည်ကြီးနည်းပြတွေ များစွာရှိတဲ့အနက် ပွဲပေါင်းများစွာ ကိုင်တွယ်ခဲ့ဖူးသူတွေလည်း ဒုနဲ့ဒေး ရှိနေပါတယ်။ ဒါပေမယ့် အသင်းတစ်သင်းကို ထိထိရောက်ရောက်နဲ့ နိုင်ပွဲရာနှုန်းအများဆုံးရအောင် ကိုင်တွယ်နိုင်ခဲ့ပြီး ပွဲ ၅၀ ပြည့်မြောက်ထားသူတွေထဲမှာ အကောင်းဆုံးပုံစံကို ရရှိအောင် လမ်းညွှန်ပေးထားနိုင်သူကတော့ ရှားပါးပြီး ဒီထဲက ထိပ်ဆုံး ၅ ဦးကို ကြည့်ကြရအောင်ပါ။

၅။ ဒီယေဂို ဆီမီယွန်နီ
ဘယ်သူမှ သူ့ကို မချစ်ပါဘူး။ ဒါပေမယ့် သူကလည်း ဂရုမစိုက်ပါဘူး။ လူတွေကို မခံချင်အောင်လုပ်ပြီး ခံစစ်ပိတ်ကစားတဲ့ ဗျူဟာနဲ့ နှိပ်စက်ရတာကိုပဲ သူက ပျော်နေတာပါ။ ဘယ်နည်းပြတွေက ဘယ်လို ဆွဲဆောင်မှုရှိတဲ့ ကစားဟန်တွေကို ဘောလုံးလောကဆီ တင်သွင်းလာပါစေ၊ သူကတော့ ရှေးရိုးနည်းစဉ်၊ မာကျောတဲ့ ခံစစ်၊ လျင်မြန်တဲ့ တောင်ပံသမားတွေနဲ့ အဆုံးသတ်တိကျတဲ့ တိုက်စစ်မှူးတွေကို ရွေးချယ်လေ့ရှိပါတယ်။

ခံစစ်ကစားပေမယ့် နိုင်ပွဲရရှိမှုကတော့ မနည်းသလို အဆုံးအဖြတ်ဂိုးတွေ သွင်းယူနိုင်တဲ့ ကောင်တာအားသန် ကစားသမားတွေနဲ့ လမိုင်းကပ်ခဲ့ပြီး ချန်ပီယံလိဂ်မှာ အာဂျင်တီးနားသား ဆီမီယွန်နီနဲ့ အက်သလက်တီကို မက်ဒရစ်တို့ရဲ့ ပူးပေါင်းမှုကတော့ ပွဲ ၅၀ ပြည့်မြောက်ချိန်မှာ နိုင်ပွဲ ၂၈ ပွဲကို ရရှိခဲ့ပြီး ရာခိုင်နှုန်းအရတော့ ၅၆ ရာခိုင်နှုန်းဖြစ်ပါတယ်။

၄။ ဗီဆင်တေး ဒဲလ်ဘော့စ်ကေး
ရီးရဲလ်မက်ဒရစ်နဲ့ စပိန်နည်းပြဟောင်းကြီးဟာ သူ့ရဲ့ ရွှေခေတ်တွေကို ၂၀၀၀ ပြည့်နှစ်ဝန်းကျင်တွေမှာ ပိုင်ဆိုင်ခဲ့ဖူးတာပါ။ ကလပ်အသင်းနည်းပြဘဝမှာ တော်ဝင် မက်ဒရစ်အသင်းရဲ့ ယာယီနည်းပြအဖြစ် တာဝန်ယူရာကနေ ၁၉၉၆ ကနေ ၂၀၀၂ ခုနှစ်အထိ တာဝန်ယူခဲ့ပြီး အသင်းနဲ့ ချန်ပီယံလိဂ် ဖလားနှစ်လုံးကိုလည်း ရရှိခဲ့ဖူးတာဖြစ်ပါတယ်။

ဒဲလ်ဘော့စ်ကေးဟာ ဒီအသင်းရဲ့ ဂန္ထဝင်တစ်ဦးလို့လည်း ဆိုနိုင်ပြီး ကစားသမားဘဝမှာ ကွင်းလယ်အဖျက်ကစားသမားအဖြစ် ရီးရဲလ်တို့အတွက် ၄၄၅ ပွဲကစားပြီး ဂိုး ၃၀ သွင်းယူပေးခဲ့သလို ဇီနီဒန်း ဇီဒန်းနောက်မှာ အအောင်မြင်ဆုံးနည်းပြအဖြစ် ချန်ပီယံလိဂ်မှာတော့ သူ့ရဲ့ ပထမဆုံး ပွဲ ၅၀ ကို ၂၉ ပွဲ နိုင်ပွဲရယူနိုင်ခဲ့ပြီး ရာခိုင်နှုန်းအရတော့ ၅၈ ရာခိုင်နှုန်း ရှိခဲ့တာပါ။

၃။ ဂျိုးဆက်ပ်(ပက်ပ်) ဂွါဒီယိုလာ
ဘာစီလိုနာအသင်းရဲ့ ဂန္ထဝင်ကွင်းလယ်လူကတော့ သူ့ရဲ့ အသင်းကြီးနည်းပြဘဝ ပထမဆုံးရာသီမှာပဲ ဖလားသုံးလုံးရယူပေးခဲ့တာဖြစ်ပြီး တီကီတာကာစတိုင်က ဘောလုံးလောကသားတွေအားလုံး အားကျအတုယူစရာလည်းဖြစ်ခဲ့ရတာပါ။ သူ့ရဲ့ အောင်မြင်မှုတွေကြောင့် နူးကမ့်က ထွက်ခွာအပြီးမှာ ဘိုင်ယန်မြူးနစ်နဲ့ မန်ချက်စတာစီးတီးတို့က အရခေါ်ယူခဲ့ကြပြီး လက်ရှိမှာတော့ ပရီးမီးယားလိဂ်ဖလား သုံးလုံးကိုလည်း ပိုင်ဆိုင်ထားပါတယ်။

စပိန်မြေကို စွန့်ခွာအပြီးမှာ ချန်ပီယံလိဂ်ဖလားကို ရယူဖို့ အကောင်အထည်မဖော်နိုင်သေးတဲ့ ဂွါဒီယိုလာအနေနဲ့ သူ့ရဲ့ ဆန္ဒတွေရော ရည်မှန်းချက်ကြီးမားတဲ့ အသင်းတွေရဲ့ တူညီတဲ့ ဆန္ဒတွေကို ပြည့်ဝနိုင်စေဖို့ ကြိုးစားနေခဲ့ပြီး တစ်နှစ်ထက် တစ်နှစ်တော့ ဆုဖလားနဲ့ နီးစပ်လာခဲ့သလို သူ့ရဲ့ ပထမဆုံး ပွဲ ၅၀ မှာတော့ နိုင်ပွဲ ၃၀ အထိ ရယူထားနိုင်ခဲ့ပြီး ရာခိုင်နှုန်းအရတော့ ၆၀ ရာခိုင်နှုန်း ရှိခဲ့တာဖြစ်ပါတယ်။

၂။ ဇီနီဒန်း ဇီဒန်း
ရီးရဲလ်မက်ဒရစ်အသင်းရဲ့ လူငယ်နည်းပြကနေ အသင်းကြီးနည်းပြဖြစ်လာတဲ့ ပြင်သစ်ဂန္ထဝင်ဟာ အစဉ်အလာပြိုင်ဘက် ဘာစီလိုနာရဲ့ ဂွါဒီယိုလာလိုပဲ အောင်မြင်ခဲ့တာဖြစ်ပြီး လာလီဂါဖလားနှစ်ကြိမ်ကို ရှုံးပွဲ ၃ ပွဲတည်းနဲ့ နှစ်ကြိမ်စလုံး ဆွတ်ခူးနိုင်ခဲ့သလို ချန်ပီယံလိဂ်ဖလားသုံးလုံးကို အမြင့်မားဆုံးစံချိန်အဖြစ် ဘော့ဘ် ပေ့စ်လီနဲ့ ကာလို အန်ချယ်လော့တီတို့နဲ့အပြိုင် ရယူထားနိုင်ခဲ့တာဖြစ်ပါတယ်။

ခံစစ်မှာ ခပ်မာမာ ကစားပြီး Direct Attacking Style နဲ့ ကစားခဲ့တဲ့ ဇီဒန်းရဲ့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ရဲ့ အတွဲအဖက်ကတော့ နတ်ရေးတဲ့ ဖူးစာဖက်လည်းဖြစ်ပြီး သူတို့တွေရဲ့ ဆုံစည်းမှု ပထမဆုံး ချန်ပီယံလိဂ် ပွဲ ၅၀ မှာ ဒီအသင်းအနေနဲ့ နိုင်ပွဲ ၃၁ ပွဲ ရရှိခဲ့ပြီး ရာခိုင်နှုန်းအရ ၆၂ ရာခိုင်နှုန်းရှိခဲ့သလို သွင်းဂိုး ၁၁၂ ဂိုးနဲ့ ဆုဖလား ၃ ကြိမ် ပိုင်ဆိုင်နိုင်ခဲ့တာပါ။

၁။ သောမတ်စ် တူဟယ်လ်
ပရိသတ်တွေရဲ့ ဘယ်လိုမှ ထင်မှတ်မထားတဲ့ အမြင့်မားဆုံး စံချိန်ကို ပိုင်ဆိုင်ထားသူကတော့ ချန်ပီယံလိဂ်ရဲ့ ပူပူနွေးနွေး ဆုဖလား ကာကွယ်မယ့် လက်ရှိ ချဲလ်ဆီးနည်းပြ သောမတ်စ် တူဟယ်လ် ဖြစ်ပြီး ဒေါ့မွန်၊ ပီအက်စ်ဂျီတို့နဲ့ နောက်လှည့်ပြန်ခဲ့ရသမျှကို သူ့ရဲ့ ၄ လတာ ကိုင်တွယ်မှုအတွင်း အနောက်လန်ဒန်အသင်းနဲ့ အောင်မြင်မှု ရယူနိုင်ခဲ့တာပါ။

ပြိုင်ပွဲရဲ့ ပွဲ ၅၀ ပြည့်မြောက်ခဲ့သူတွေထဲမှာ အမြင့်ဆုံး စံချိန်ကို ပိုင်ဆိုင်ထားနိုင်ခဲ့တဲ့ တူဟယ်လ်ရဲ့ ဂျာမန်၊ ပြင်သစ်၊ အင်္ဂလန်ကလပ်သုံးသင်းနဲ့ မှတ်တမ်းကတော့ နိုင်ပွဲ ၃၂ ပွဲဖြစ်ခဲ့ပြီး ရာခိုင်နှုန်းအရ ၆၄ ရာခိုင်နှုန်းဖြစ်ခဲ့သလို ၂၀၂၀ နဲ့ ၂၀၂၁ ခုနှစ်တွေမှာ နှစ်နှစ်ဆက်တိုက် ဗိုလ်လုပွဲဆီကို ရောက်ခဲ့မှုက သူ့ကို ဒီလိုမျိုး မှတ်တမ်းကို စုဆောင်းနိုင်စေခဲ့တာလည်းဖြစ်ပါတယ်။

လက်ရှိပြိုင်ပွဲမှတ်တမ်းမှာ တူဟယ်လ်နဲ့ နိုင်ပွဲ ၃၂ ပွဲချင်း တူညီခဲ့ပေမယ့် သူ့ထက် ပွဲလျှော့ပြီး ကိုင်တွယ်ထားသူတစ်ဦးတော့ ရှိနေခဲ့ပါတယ်။ သူကတော့ ရီးရဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်တို့နဲ့အတူ ချန်ပီယံလိဂ် ၂ ကြိမ် ဗိုလ်စွဲထားဖူးတဲ့ ဂျာမန်ဂန္ထဝင်နည်းပြ ဂျပ်(ပ်) ဟိုင်းကက်စ်ဖြစ်ပြီး သူကတော့ ဒီအသင်းတွေကို ကိုင်တွယ်ခဲ့တဲ့ ၄၇ ပွဲမှာ နိုင်ပွဲ ၃၂ ပွဲနဲ့ ရာခိုင်နှုန်းအရ ၆၈ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်န္ပီယံလိဂ္ရဲ႕ နာမည္ႀကီးနည္းျပေတြ မ်ားစြာရွိတဲ့အနက္ ပြဲေပါင္းမ်ားစြာ ကိုင္တြယ္ခဲ့ဖူးသူေတြလည္း ဒုနဲ႔ေဒး ရွိေနပါတယ္။ ဒါေပမယ့္ အသင္းတစ္သင္းကို ထိထိေရာက္ေရာက္နဲ႔ ႏိုင္ပြဲရာႏႈန္းအမ်ားဆုံးရေအာင္ ကိုင္တြယ္ႏိုင္ခဲ့ၿပီး ပြဲ ၅၀ ျပည့္ေျမာက္ထားသူေတြထဲမွာ အေကာင္းဆုံးပုံစံကို ရရွိေအာင္ လမ္းၫႊန္ေပးထားႏိုင္သူကေတာ့ ရွားပါးၿပီး ဒီထဲက ထိပ္ဆုံး ၅ ဦးကို ၾကည့္ၾကရေအာင္ပါ။

၅။ ဒီေယဂို ဆီမီယြန္နီ
ဘယ္သူမွ သူ႔ကို မခ်စ္ပါဘူး။ ဒါေပမယ့္ သူကလည္း ဂ႐ုမစိုက္ပါဘူး။ လူေတြကို မခံခ်င္ေအာင္လုပ္ၿပီး ခံစစ္ပိတ္ကစားတဲ့ ဗ်ဴဟာနဲ႔ ႏွိပ္စက္ရတာကိုပဲ သူက ေပ်ာ္ေနတာပါ။ ဘယ္နည္းျပေတြက ဘယ္လို ဆြဲေဆာင္မႈရွိတဲ့ ကစားဟန္ေတြကို ေဘာလုံးေလာကဆီ တင္သြင္းလာပါေစ၊ သူကေတာ့ ေရွး႐ိုးနည္းစဥ္၊ မာေက်ာတဲ့ ခံစစ္၊ လ်င္ျမန္တဲ့ ေတာင္ပံသမားေတြနဲ႔ အဆုံးသတ္တိက်တဲ့ တိုက္စစ္မႉးေတြကို ေ႐ြးခ်ယ္ေလ့ရွိပါတယ္။

ခံစစ္ကစားေပမယ့္ ႏိုင္ပြဲရရွိမႈကေတာ့ မနည္းသလို အဆုံးအျဖတ္ဂိုးေတြ သြင္းယူႏိုင္တဲ့ ေကာင္တာအားသန္ ကစားသမားေတြနဲ႔ လမိုင္းကပ္ခဲ့ၿပီး ခ်န္ပီယံလိဂ္မွာ အာဂ်င္တီးနားသား ဆီမီယြန္နီနဲ႔ အက္သလက္တီကို မက္ဒရစ္တို႔ရဲ႕ ပူးေပါင္းမႈကေတာ့ ပြဲ ၅၀ ျပည့္ေျမာက္ခ်ိန္မွာ ႏိုင္ပြဲ ၂၈ ပြဲကို ရရွိခဲ့ၿပီး ရာခိုင္ႏႈန္းအရေတာ့ ၅၆ ရာခိုင္ႏႈန္းျဖစ္ပါတယ္။

၄။ ဗီဆင္ေတး ဒဲလ္ေဘာ့စ္ေကး
ရီးရဲလ္မက္ဒရစ္နဲ႔ စပိန္နည္းျပေဟာင္းႀကီးဟာ သူ႔ရဲ႕ ေ႐ႊေခတ္ေတြကို ၂၀၀၀ ျပည့္ႏွစ္ဝန္းက်င္ေတြမွာ ပိုင္ဆိုင္ခဲ့ဖူးတာပါ။ ကလပ္အသင္းနည္းျပဘဝမွာ ေတာ္ဝင္ မက္ဒရစ္အသင္းရဲ႕ ယာယီနည္းျပအျဖစ္ တာဝန္ယူရာကေန ၁၉၉၆ ကေန ၂၀၀၂ ခုႏွစ္အထိ တာဝန္ယူခဲ့ၿပီး အသင္းနဲ႔ ခ်န္ပီယံလိဂ္ ဖလားႏွစ္လုံးကိုလည္း ရရွိခဲ့ဖူးတာျဖစ္ပါတယ္။

ဒဲလ္ေဘာ့စ္ေကးဟာ ဒီအသင္းရဲ႕ ဂႏၴဝင္တစ္ဦးလို႔လည္း ဆိုႏိုင္ၿပီး ကစားသမားဘဝမွာ ကြင္းလယ္အဖ်က္ကစားသမားအျဖစ္ ရီးရဲလ္တို႔အတြက္ ၄၄၅ ပြဲကစားၿပီး ဂိုး ၃၀ သြင္းယူေပးခဲ့သလို ဇီနီဒန္း ဇီဒန္းေနာက္မွာ အေအာင္ျမင္ဆုံးနည္းျပအျဖစ္ ခ်န္ပီယံလိဂ္မွာေတာ့ သူ႔ရဲ႕ ပထမဆုံး ပြဲ ၅၀ ကို ၂၉ ပြဲ ႏိုင္ပြဲရယူႏိုင္ခဲ့ၿပီး ရာခိုင္ႏႈန္းအရေတာ့ ၅၈ ရာခိုင္ႏႈန္း ရွိခဲ့တာပါ။

၃။ ဂ်ိဳးဆက္ပ္(ပက္ပ္) ဂြါဒီယိုလာ
ဘာစီလိုနာအသင္းရဲ႕ ဂႏၴဝင္ကြင္းလယ္လူကေတာ့ သူ႔ရဲ႕ အသင္းႀကီးနည္းျပဘဝ ပထမဆုံးရာသီမွာပဲ ဖလားသုံးလုံးရယူေပးခဲ့တာျဖစ္ၿပီး တီကီတာကာစတိုင္က ေဘာလုံးေလာကသားေတြအားလုံး အားက်အတုယူစရာလည္းျဖစ္ခဲ့ရတာပါ။ သူ႔ရဲ႕ ေအာင္ျမင္မႈေတြေၾကာင့္ ႏူးကမ့္က ထြက္ခြာအၿပီးမွာ ဘိုင္ယန္ျမဴးနစ္နဲ႔ မန္ခ်က္စတာစီးတီးတို႔က အရေခၚယူခဲ့ၾကၿပီး လက္ရွိမွာေတာ့ ပရီးမီးယားလိဂ္ဖလား သုံးလုံးကိုလည္း ပိုင္ဆိုင္ထားပါတယ္။

စပိန္ေျမကို စြန႔္ခြာအၿပီးမွာ ခ်န္ပီယံလိဂ္ဖလားကို ရယူဖို႔ အေကာင္အထည္မေဖာ္ႏိုင္ေသးတဲ့ ဂြါဒီယိုလာအေနနဲ႔ သူ႔ရဲ႕ ဆႏၵေတြေရာ ရည္မွန္းခ်က္ႀကီးမားတဲ့ အသင္းေတြရဲ႕ တူညီတဲ့ ဆႏၵေတြကို ျပည့္ဝႏိုင္ေစဖို႔ ႀကိဳးစားေနခဲ့ၿပီး တစ္ႏွစ္ထက္ တစ္ႏွစ္ေတာ့ ဆုဖလားနဲ႔ နီးစပ္လာခဲ့သလို သူ႔ရဲ႕ ပထမဆုံး ပြဲ ၅၀ မွာေတာ့ ႏိုင္ပြဲ ၃၀ အထိ ရယူထားႏိုင္ခဲ့ၿပီး ရာခိုင္ႏႈန္းအရေတာ့ ၆၀ ရာခိုင္ႏႈန္း ရွိခဲ့တာျဖစ္ပါတယ္။

၂။ ဇီနီဒန္း ဇီဒန္း
ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ လူငယ္နည္းျပကေန အသင္းႀကီးနည္းျပျဖစ္လာတဲ့ ျပင္သစ္ဂႏၴဝင္ဟာ အစဥ္အလာၿပိဳင္ဘက္ ဘာစီလိုနာရဲ႕ ဂြါဒီယိုလာလိုပဲ ေအာင္ျမင္ခဲ့တာျဖစ္ၿပီး လာလီဂါဖလားႏွစ္ႀကိမ္ကို ရႈံးပြဲ ၃ ပြဲတည္းနဲ႔ ႏွစ္ႀကိမ္စလုံး ဆြတ္ခူးႏိုင္ခဲ့သလို ခ်န္ပီယံလိဂ္ဖလားသုံးလုံးကို အျမင့္မားဆုံးစံခ်ိန္အျဖစ္ ေဘာ့ဘ္ ေပ့စ္လီနဲ႔ ကာလို အန္ခ်ယ္ေလာ့တီတို႔နဲ႔အၿပိဳင္ ရယူထားႏိုင္ခဲ့တာျဖစ္ပါတယ္။

ခံစစ္မွာ ခပ္မာမာ ကစားၿပီး Direct Attacking Style နဲ႔ ကစားခဲ့တဲ့ ဇီဒန္းရဲ႕ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုတို႔ရဲ႕ အတြဲအဖက္ကေတာ့ နတ္ေရးတဲ့ ဖူးစာဖက္လည္းျဖစ္ၿပီး သူတို႔ေတြရဲ႕ ဆုံစည္းမႈ ပထမဆုံး ခ်န္ပီယံလိဂ္ ပြဲ ၅၀ မွာ ဒီအသင္းအေနနဲ႔ ႏိုင္ပြဲ ၃၁ ပြဲ ရရွိခဲ့ၿပီး ရာခိုင္ႏႈန္းအရ ၆၂ ရာခိုင္ႏႈန္းရွိခဲ့သလို သြင္းဂိုး ၁၁၂ ဂိုးနဲ႔ ဆုဖလား ၃ ႀကိမ္ ပိုင္ဆိုင္ႏိုင္ခဲ့တာပါ။

၁။ ေသာမတ္စ္ တူဟယ္လ္
ပရိသတ္ေတြရဲ႕ ဘယ္လိုမွ ထင္မွတ္မထားတဲ့ အျမင့္မားဆုံး စံခ်ိန္ကို ပိုင္ဆိုင္ထားသူကေတာ့ ခ်န္ပီယံလိဂ္ရဲ႕ ပူပူေႏြးေႏြး ဆုဖလား ကာကြယ္မယ့္ လက္ရွိ ခ်ဲလ္ဆီးနည္းျပ ေသာမတ္စ္ တူဟယ္လ္ ျဖစ္ၿပီး ေဒါ့မြန္၊ ပီအက္စ္ဂ်ီတို႔နဲ႔ ေနာက္လွည့္ျပန္ခဲ့ရသမွ်ကို သူ႔ရဲ႕ ၄ လတာ ကိုင္တြယ္မႈအတြင္း အေနာက္လန္ဒန္အသင္းနဲ႔ ေအာင္ျမင္မႈ ရယူႏိုင္ခဲ့တာပါ။

ၿပိဳင္ပြဲရဲ႕ ပြဲ ၅၀ ျပည့္ေျမာက္ခဲ့သူေတြထဲမွာ အျမင့္ဆုံး စံခ်ိန္ကို ပိုင္ဆိုင္ထားႏိုင္ခဲ့တဲ့ တူဟယ္လ္ရဲ႕ ဂ်ာမန္၊ ျပင္သစ္၊ အဂၤလန္ကလပ္သုံးသင္းနဲ႔ မွတ္တမ္းကေတာ့ ႏိုင္ပြဲ ၃၂ ပြဲျဖစ္ခဲ့ၿပီး ရာခိုင္ႏႈန္းအရ ၆၄ ရာခိုင္ႏႈန္းျဖစ္ခဲ့သလို ၂၀၂၀ နဲ႔ ၂၀၂၁ ခုႏွစ္ေတြမွာ ႏွစ္ႏွစ္ဆက္တိုက္ ဗိုလ္လုပြဲဆီကို ေရာက္ခဲ့မႈက သူ႔ကို ဒီလိုမ်ိဳး မွတ္တမ္းကို စုေဆာင္းႏိုင္ေစခဲ့တာလည္းျဖစ္ပါတယ္။

လက္ရွိၿပိဳင္ပြဲမွတ္တမ္းမွာ တူဟယ္လ္နဲ႔ ႏိုင္ပြဲ ၃၂ ပြဲခ်င္း တူညီခဲ့ေပမယ့္ သူ႔ထက္ ပြဲေလွ်ာ့ၿပီး ကိုင္တြယ္ထားသူတစ္ဦးေတာ့ ရွိေနခဲ့ပါတယ္။ သူကေတာ့ ရီးရဲလ္မက္ဒရစ္၊ ဘိုင္ယန္ျမဴးနစ္တို႔နဲ႔အတူ ခ်န္ပီယံလိဂ္ ၂ ႀကိမ္ ဗိုလ္စြဲထားဖူးတဲ့ ဂ်ာမန္ဂႏၴဝင္နည္းျပ ဂ်ပ္(ပ္) ဟိုင္းကက္စ္ျဖစ္ၿပီး သူကေတာ့ ဒီအသင္းေတြကို ကိုင္တြယ္ခဲ့တဲ့ ၄၇ ပြဲမွာ ႏိုင္ပြဲ ၃၂ ပြဲနဲ႔ ရာခိုင္ႏႈန္းအရ ၆၈ ရာခိုင္ႏႈန္းကို ပိုင္ဆိုင္ထားေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.