Article Premier League

Opinion: အာဆင်နယ်တို့ရဲ့ လူပြောစရာ အောင်ပွဲခံပုံက ဘာကြောင့်ဖြစ်လာခဲ့တာလဲ

အာဆင်နယ်အသင်းအနေနဲ့ ပြီးခဲ့တဲ့ အက်စ်တန်ဗီလာနဲ့ပွဲမှာ ဖလားရသလို အောင်ပွဲခံခဲ့တယ်လို့ ပြိုင်ဘက်ကစားသမား အက်ရှ်လီယန်းက ခနဲ့လိုက်ပြီး ဝုလ်ဗ်စ်နဲ့ ပွဲမှာလည်း သူတို့ရဲ့ အောင်ပွဲခံပုံကို တစ်ဖက်ကွင်းလယ်လူ ရူဘင် နာဗက်စ်က ဝေဖန်ခဲ့တဲ့နောက်မှာ ပရိသတ်တွေအနေနဲ့ သို့လော သို့လော မေးခွန်းထုတ်စရာတွေ များလာခဲ့ပါတယ်။

ဒါပေမယ့် သူတို့တွေအနေနဲ့ နောက်ပိုင်းပွဲတွေမှာ အောင်ပွဲခံတယ်ဆိုတာက အပြုအမူ ပျော်ရွှင်ပုံသက်သက်ထက် ပရိသတ်တွေနဲ့ ဘောလုံးလောကကို Message ပေးချင်တဲ့ သဘောလည်းဖြစ်နေခဲ့ပြီး သူတို့ရဲ့ အင်အား၊ ဖိနှိပ်ခံရမှုတွေနဲ့ ခက်ခဲမှုတွေကို ကျော်ဖြတ်ခဲ့တဲ့အခါ ဒီလို ပြုလုပ်ဖို့ ထိုက်တန်တယ်လို့ပဲ ဆိုရမှာပါ။

သူတို့တွေကို စပြောတဲ့အဖြစ်ကတော့ ဝုလ်ဗ်စ်နဲ့ အဝေးကွင်းနိုင်ပွဲမှာ စခဲ့တာပါ။ ဒိုင်လူကြီး မိုက်ကယ် အိုလီဗာအနေနဲ့ လူငယ်တောင်ပံသမား ဂါဘရီယယ်လ် မာတီနယ်လီကို ပွဲချိန် ၆၉ မိနစ်မှာ အဝါနှစ်ကြိမ် ဆက်တိုက်ပြပြီး ရည်ရွယ်ချက်ရှိရှိ ထုတ်ပယ်ခဲ့သလို အဲ့ဒီနောက်မှာတော့ တစ်သင်းလုံး အနေနဲ့ အိမ်ရှင်တွေရဲ့ တိုက်စစ်ကို ကြံ့ကြံ့ခံ ကာကွယ်ခဲ့ရတာဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ အာဆင်နယ်တို့ ထိုက်တန်တဲ့ သုံးမှတ်နဲ့ ညစ်ပတ်မှုတွေကို ကျော်လွှားနိုင်ခဲ့တာတွေအတွက် အောင်ပွဲခံခဲ့ကြပြီး သူတို့ရဲ့ အသင်းကြီးချင်းယှဉ်ရင် တစ်ဆင့်နိမ့်နေသလို အင်ပြည့်အားပြည့်မရှိလှတဲ့ လူစာရင်းနဲ့ အဝေးကွင်းနိုင်ပွဲအတွက် အောင်ပွဲခံခဲ့ကြတာဖြစ်သလို ဇန်နဝါရီမှာ လူမခေါ်နိုင်ခဲ့တဲ့ အသင်းတာဝန်ရှိသူတွေ သတိထားမိအောင်လို့ ပြသလိုက်တာလို့လည်း ဆိုနိုင်ခဲ့တာပါ။

ပြီးခဲ့တဲ့ ဗီလာနဲ့ပွဲမတိုင်ခင်ကတည်း အာတီတာအနေနဲ့ အသင်းကို တစ်ရာသီမှာ ဂိုး ၉၀-၁၀၀ ရအောင် တိုက်စစ်မှူး ခေါ်ယူပြီး ပြောင်းလဲဖို့ တောင်းဆိုလိုက်သလို လက်ရှိပုံစံအတိုင်းဆိုရင်တော့ တစ်ရာသီမှာ Clean Sheet ၃၀ ရယူရမယ်လို့ ခနဲ့လိုက်ပြီး လက်ကျန် ၁၁ ပွဲမှာလည်း တစ်ပွဲ တစ်ဂိုးသွင်းပြီး Clean Sheet ယူရင် ၃၃ မှတ်ရလိမ့်မယ်လို့ သက်ဆိုင်သူတိုင်းကို ထိုးနှက်ထားတာဖြစ်ပါတယ်။

အဲ့ဒီပွဲမှာတော့ ဆာကာကို ခပ်ကြမ်းကြမ်း ချကစားနေတဲ့ အက်စ်တန်ဗီလာကစားသမားတွေအနေနဲ့ ကိုယ့်လိပ်ပြာ ကိုယ်လုံနေသေးတာတော့ အံ့ဩစရာဖြစ်ခဲ့သလို ပွဲအပြီးမှာ သူ့အသင်းဟောင်း အဆင့် ၄ ဝင်အောင်လုပ်ကြိုးစားပေးနေတဲ့ အက်ရှ်လီယန်းက ထုတ်ပြောခဲ့တာကတော့ ဟားစရာပဲ ဖြစ်ခဲ့ရပြီး ဒါကို ဘုမသိဘမသိ အာဆင်နယ်ဖန်တချို့က နားယောင်ခဲ့တာကတော့ ပိုအံ့ဩစရာလည်းဖြစ်ခဲ့ရတာပါ။

ဒီရာသီမှာ ဒိုင်တော်တော်များများက အာဆင်နယ်ကို ဖိနှိပ်နေတာ၊ ပေးရမယ့် အခွင့်အရေးတွေကို မပေးဘဲ မျက်ကွယ်ပြုနေတာတွေက အားလုံး အသိပဲဖြစ်နေချိန်မှာ ပင်နယ်တီဆို တောင်းမနေနဲ့လို့ပါ ပရိသတ်တွေကြားမှာ လှောင်ပြောင်နေခဲ့ကြပြီးနောက်ပိုင်းမှာတော့ နည်းပြ မီခယ်လ် အာတီတာနဲ့ သူ့လူတွေက နိုင်ပွဲအပြီးတွေမှာ ဒီလိုမျိုး တုံ့ပြန်ပြီး စိတ်ဓာတ်စစ်ဆင်ခဲ့ကြတာဖြစ်ပါတယ်။

ဒီကြားထဲ အသင်းရဲ့ လိုအပ်ချက်တွေဖြစ်တဲ့ ကွင်းလယ်၊ ညာနောက်ခံနဲ့ တိုက်စစ်မှူး စုစုပေါင်း သုံးဦးကို ဇန်နဝါရီတစ်လလုံး အချိန်ရတာတောင် ခေါ်ယူမပေးနိုင်ဘဲ အဖြစ်မရှိတဲ့ နည်းစနစ်ဒါရိုက်တာ အီဒူးနဲ့ တာဝန်ရှိသူတွေကြောင့် သောမတ်စ် ပါတေးနဲ့ ဂရာနစ် ချာကာတို့ မကစားနိုင်ရင် အစားထိုးဖို့ မရှိအောင်ဖြစ်နေခဲ့ရချိန်မှာ အားလုံးရဲ့ ပေါက်ကွဲရာက ပွဲပြီးအောင်ပွဲခံချိန်တွေ ဖြစ်လာခဲ့တာပါ။

အသင်းကို ဘယ်သူမှ ထင်မထားတဲ့ အနှိမ်ခံဘဝကနေ ကာလအတော်ကြာ ဝေးကွာနေတဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ထိပ်ဆုံးလေးသင်းဆီ ပြန်လည် ပို့ဆောင်နိုင်ဖို့ ကြိုးစားနေတဲ့ အာတီတာနဲ့ အသင်းသားတွေအနေနဲ့ Against all odds လို့ ခေါ်တဲ့ ထင်ကြေးတွေအားလုံးကို ပြောင်းပြန်လှန်နိုင်တဲ့ စွမ်းဆောင်ရည်မျိုးအတွက် စံသတ်မှတ်ကြိုးစားနေခဲ့ချိန်မှာ အောင်ပွဲခံပုံအတွက်တော့ မျက်တောင်မွေးတစ်ဆုံး မကြည့်ဘဲ မျက်စိတစ်ဆုံးကြည့်မှသာ သဘောပေါက်နားလည်နိုင်မှာဖြစ်ကြောင်း သုံးသပ်လိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းအေနနဲ႔ ၿပီးခဲ့တဲ့ အက္စ္တန္ဗီလာနဲ႔ပြဲမွာ ဖလားရသလို ေအာင္ပြဲခံခဲ့တယ္လို႔ ၿပိဳင္ဘက္ကစားသမား အက္ရွ္လီယန္းက ခနဲ႔လိုက္ၿပီး ဝုလ္ဗ္စ္နဲ႔ ပြဲမွာလည္း သူတို႔ရဲ႕ ေအာင္ပြဲခံပုံကို တစ္ဖက္ကြင္းလယ္လူ ႐ူဘင္ နာဗက္စ္က ေဝဖန္ခဲ့တဲ့ေနာက္မွာ ပရိသတ္ေတြအေနနဲ႔ သို႔ေလာ သို႔ေလာ ေမးခြန္းထုတ္စရာေတြ မ်ားလာခဲ့ပါတယ္။

ဒါေပမယ့္ သူတို႔ေတြအေနနဲ႔ ေနာက္ပိုင္းပြဲေတြမွာ ေအာင္ပြဲခံတယ္ဆိုတာက အျပဳအမူ ေပ်ာ္႐ႊင္ပုံသက္သက္ထက္ ပရိသတ္ေတြနဲ႔ ေဘာလုံးေလာကကို Message ေပးခ်င္တဲ့ သေဘာလည္းျဖစ္ေနခဲ့ၿပီး သူတို႔ရဲ႕ အင္အား၊ ဖိႏွိပ္ခံရမႈေတြနဲ႔ ခက္ခဲမႈေတြကို ေက်ာ္ျဖတ္ခဲ့တဲ့အခါ ဒီလို ျပဳလုပ္ဖို႔ ထိုက္တန္တယ္လို႔ပဲ ဆိုရမွာပါ။

သူတို႔ေတြကို စေျပာတဲ့အျဖစ္ကေတာ့ ဝုလ္ဗ္စ္နဲ႔ အေဝးကြင္းႏိုင္ပြဲမွာ စခဲ့တာပါ။ ဒိုင္လူႀကီး မိုက္ကယ္ အိုလီဗာအေနနဲ႔ လူငယ္ေတာင္ပံသမား ဂါဘရီယယ္လ္ မာတီနယ္လီကို ပြဲခ်ိန္ ၆၉ မိနစ္မွာ အဝါႏွစ္ႀကိမ္ ဆက္တိုက္ျပၿပီး ရည္႐ြယ္ခ်က္ရွိရွိ ထုတ္ပယ္ခဲ့သလို အဲ့ဒီေနာက္မွာေတာ့ တစ္သင္းလုံး အေနနဲ႔ အိမ္ရွင္ေတြရဲ႕ တိုက္စစ္ကို ႀကံ့ႀကံ့ခံ ကာကြယ္ခဲ့ရတာျဖစ္ပါတယ္။

ပြဲအၿပီးမွာေတာ့ အာဆင္နယ္တို႔ ထိုက္တန္တဲ့ သုံးမွတ္နဲ႔ ညစ္ပတ္မႈေတြကို ေက်ာ္လႊားႏိုင္ခဲ့တာေတြအတြက္ ေအာင္ပြဲခံခဲ့ၾကၿပီး သူတို႔ရဲ႕ အသင္းႀကီးခ်င္းယွဥ္ရင္ တစ္ဆင့္နိမ့္ေနသလို အင္ျပည့္အားျပည့္မရွိလွတဲ့ လူစာရင္းနဲ႔ အေဝးကြင္းႏိုင္ပြဲအတြက္ ေအာင္ပြဲခံခဲ့ၾကတာျဖစ္သလို ဇန္နဝါရီမွာ လူမေခၚႏိုင္ခဲ့တဲ့ အသင္းတာဝန္ရွိသူေတြ သတိထားမိေအာင္လို႔ ျပသလိုက္တာလို႔လည္း ဆိုႏိုင္ခဲ့တာပါ။

ၿပီးခဲ့တဲ့ ဗီလာနဲ႔ပြဲမတိုင္ခင္ကတည္း အာတီတာအေနနဲ႔ အသင္းကို တစ္ရာသီမွာ ဂိုး ၉၀-၁၀၀ ရေအာင္ တိုက္စစ္မႉး ေခၚယူၿပီး ေျပာင္းလဲဖို႔ ေတာင္းဆိုလိုက္သလို လက္ရွိပုံစံအတိုင္းဆိုရင္ေတာ့ တစ္ရာသီမွာ Clean Sheet ၃၀ ရယူရမယ္လို႔ ခနဲ႔လိုက္ၿပီး လက္က်န္ ၁၁ ပြဲမွာလည္း တစ္ပြဲ တစ္ဂိုးသြင္းၿပီး Clean Sheet ယူရင္ ၃၃ မွတ္ရလိမ့္မယ္လို႔ သက္ဆိုင္သူတိုင္းကို ထိုးႏွက္ထားတာျဖစ္ပါတယ္။

အဲ့ဒီပြဲမွာေတာ့ ဆာကာကို ခပ္ၾကမ္းၾကမ္း ခ်ကစားေနတဲ့ အက္စ္တန္ဗီလာကစားသမားေတြအေနနဲ႔ ကိုယ့္လိပ္ျပာ ကိုယ္လုံေနေသးတာေတာ့ အံ့ဩစရာျဖစ္ခဲ့သလို ပြဲအၿပီးမွာ သူ႔အသင္းေဟာင္း အဆင့္ ၄ ဝင္ေအာင္လုပ္ႀကိဳးစားေပးေနတဲ့ အက္ရွ္လီယန္းက ထုတ္ေျပာခဲ့တာကေတာ့ ဟားစရာပဲ ျဖစ္ခဲ့ရၿပီး ဒါကို ဘုမသိဘမသိ အာဆင္နယ္ဖန္တခ်ိဳ႕က နားေယာင္ခဲ့တာကေတာ့ ပိုအံ့ဩစရာလည္းျဖစ္ခဲ့ရတာပါ။

ဒီရာသီမွာ ဒိုင္ေတာ္ေတာ္မ်ားမ်ားက အာဆင္နယ္ကို ဖိႏွိပ္ေနတာ၊ ေပးရမယ့္ အခြင့္အေရးေတြကို မေပးဘဲ မ်က္ကြယ္ျပဳေနတာေတြက အားလုံး အသိပဲျဖစ္ေနခ်ိန္မွာ ပင္နယ္တီဆို ေတာင္းမေနနဲ႔လို႔ပါ ပရိသတ္ေတြၾကားမွာ ေလွာင္ေျပာင္ေနခဲ့ၾကၿပီးေနာက္ပိုင္းမွာေတာ့ နည္းျပ မီခယ္လ္ အာတီတာနဲ႔ သူ႔လူေတြက ႏိုင္ပြဲအၿပီးေတြမွာ ဒီလိုမ်ိဳး တုံ႔ျပန္ၿပီး စိတ္ဓာတ္စစ္ဆင္ခဲ့ၾကတာျဖစ္ပါတယ္။

ဒီၾကားထဲ အသင္းရဲ႕ လိုအပ္ခ်က္ေတြျဖစ္တဲ့ ကြင္းလယ္၊ ညာေနာက္ခံနဲ႔ တိုက္စစ္မႉး စုစုေပါင္း သုံးဦးကို ဇန္နဝါရီတစ္လလုံး အခ်ိန္ရတာေတာင္ ေခၚယူမေပးႏိုင္ဘဲ အျဖစ္မရွိတဲ႔ နည္းစနစ္ဒါ႐ိုက္တာ အီဒူးနဲ႔ တာဝန္ရွိသူေတြေၾကာင့္ ေသာမတ္စ္ ပါေတးနဲ႔ ဂရာနစ္ ခ်ာကာတို႔ မကစားႏိုင္ရင္ အစားထိုးဖို႔ မရွိေအာင္ျဖစ္ေနခဲ့ရခ်ိန္မွာ အားလုံးရဲ႕ ေပါက္ကြဲရာက ပြဲၿပီးေအာင္ပြဲခံခ်ိန္ေတြ ျဖစ္လာခဲ့တာပါ။

အသင္းကို ဘယ္သူမွ ထင္မထားတဲ့ အႏွိမ္ခံဘဝကေန ကာလအေတာ္ၾကာ ေဝးကြာေနတဲ့ ခ်န္ပီယံလိဂ္ဝင္ခြင့္ ထိပ္ဆုံးေလးသင္းဆီ ျပန္လည္ ပို႔ေဆာင္ႏိုင္ဖို႔ ႀကိဳးစားေနတဲ့ အာတီတာနဲ႔ အသင္းသားေတြအေနနဲ႔ Against all odds လို႔ ေခၚတဲ့ ထင္ေၾကးေတြအားလုံးကို ေျပာင္းျပန္လွန္ႏိုင္တဲ့ စြမ္းေဆာင္ရည္မ်ိဳးအတြက္ စံသတ္မွတ္ႀကိဳးစားေနခဲ့ခ်ိန္မွာ ေအာင္ပြဲခံပုံအတြက္ေတာ့ မ်က္ေတာင္ေမြးတစ္ဆုံး မၾကည့္ဘဲ မ်က္စိတစ္ဆုံးၾကည့္မွသာ သေဘာေပါက္နားလည္ႏိုင္မွာျဖစ္ေၾကာင္း သုံးသပ္လိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.