Premier League

ကျန်တဲ့ ၉ ပွဲလုံး ဗိုလ်လုပွဲလို ကစားသွားမယ်လို့ အာဆင်နယ်ကို သတိပေးလိုက်တဲ့ ကွန်တီ

တော့တင်ဟမ်ဟော့စပါးနည်းပြ အန်တိုနီယို ကွန်တီက အာဆင်နယ်အနေနဲ့ ထိပ်ဆုံး ၄ နေရာပြိုင်ပွဲမှာ အသာစီးရနေပေမယ့်လည်း စပါးစ်က ဖြစ်တဲ့နည်းနဲ့ တိုက်ပွဲဝင်သွားဖို့ အဆင်သင့်ပဲလို့ သတိပေးခဲ့ပါတယ်။

တော့တင်ဟမ်ဟော့စပါးဟာ တနင်္ဂနွေနေ့ညနေက ဝက်စ်ဟမ်းကို အနိုင်ယူပြီး ဒီဇင်ဘာလအစောပိုင်းနောက်ပိုင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ် ၂ ပွဲဆက်နိုင်ပွဲရယူပြီးနောက် အဆင့် ၅ နေရာကို တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ ကတ် ဇူးမားရဲ့ ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိခဲ့တဲ့ဂိုး၊ ဆွန်ဟောင်မင်ရဲ့ သွင်းဂိုး အားလုံးကို ဟာရီ ကိန်းက ဖန်တီးပေးခဲ့တာဖြစ်ပြီး ကွန်တီရဲ့အသင်းဟာ မြောက်လန်ဒန်ပြိုင်ဘက် အာဆင်နယ်နဲ့ ၃ မှတ်အကွာကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းက တစ်ပွဲလျော့နေသေးပြီး ယခုရာသီရဲ့ ဒုတိယမြောက် မြောက်လန်ဒန်ဒါဘီပွဲစဉ်ကို ဘယ်တော့ကျင်းပမလဲဆိုတာကို အတည်ပြုရခြင်း မရှိသေးတာဖြစ်ပါတယ်။ “အာဆင်နယ်ကို ဖိအားပေးနိုင်ဖို့ တစ်ခုတည်းသောနည်းလမ်းက ၃ မှတ်ရယူဖို့ပါ။ နိုင်ပွဲရယူဖို့ပါ။ ကျွန်တော်တို့ ကစားဖို့ ၉ ပွဲကျန်ရှိနေသေးပြီး ပွဲတိုင်းက ကျွန်တော်တို့အတွက် ဗိုလ်လုပွဲ ဖြစ်ရမှာပါ။ ကျွန်တော် ယှဉ်ပြိုင်နိုင်စွမ်းရှိသူဖြစ်လာဖို့ တိုက်ပွဲဝင်ချင်ပါတယ်။ တိုက်ပွဲဝင်ဖို့ ဖြစ်နိုင်ခြေရှိလာဖို့နဲ့ ပြီးတော့ အနိုင်ရနိုင်တဲ့အသင်းက တစ်သင်းပဲရှိမယ်ဆိုတာကို ခင်ဗျား ကောင်းကောင်းကြီးသိနေမှာပါ။ ဒါပေမယ့် ကျွန်တော့်ရဲ့အတိတ်က ကျွန်တော့်ကို အခွင့်အရေးပေးလိမ့်မယ်လို့ ထင်ပါတယ်”

ကွန်တီက အာတီတာရဲ့ အာဆင်နယ်မှာ အချိန်ကာလပိုမိုကြာရှည် တာဝန်ယူကိုင်တွယ်ခဲ့ခြင်းက မြောက်လန်ဒန်ကလပ်အသင်းကို ပိုမိုအသာစီးရရှိစေခဲ့ပေမယ့်လည်း နိုဝင်ဘာလမှာ စပါးစ်ကို ကိုင်တွယ်ဖို့ ရောက်ရှိလာချိန်ကတည်းက စပါးစ်အသင်း လှမ်းခဲ့တဲ့ ပြတ်သားတဲ့ ခြေလှမ်းတွေကနေ ကြီးမားတဲ့ ယုံကြည်မှု ရရှိခဲ့တာဖြစ်ပါတယ်။

“၅ လအတွင်းမှာ ကျွန်တော်တို့ ဒီလိုကစားသမားတွေနဲ့ ထူးခြားဆန်းကြယ်တဲ့အလုပ်ကို လုပ်ခဲ့ပြီး အခု ကျွန်တော်တို့ အင်္ဂလန်က အသင်းအများအပြားနဲ့ ကွာဟမှုကို လျှော့ချနိုင်ခဲ့ပြီလို့ ထင်ပါတယ်။ ဥပမာတစ်ခုက ပြီးခဲ့တဲ့ ၂ လတုန်းက ကျွန်တော်တို့ ချဲလ်ဆီးနဲ့ ၃ ကြိမ်ကစားခဲ့ပြီး ၃ ပွဲလုံးရှုံးခဲ့တယ။် အဲဒီ ၃ ပွဲစလုံး ရှုံးနိမ့်ခဲ့တာက အဆင်ပြေပါတယ်။ ဘာလို့လဲဆိုတော့ ချဲလ်ဆီးက ရှုထောင့်တိုင်းကနေ ကျွန်တော်တို့ထက် သာလွန်တယ်ဆိုတာ ပြသခဲ့လို့ပါ”

“အခု ၂ လ ကြာသွားတဲ့နောက်မှာ ကျွန်တော်တို့ရဲ့ အဆင့်အတန်းက ဘာလဲဆိုတာကို မြင်တွေ့ဖို့ နောက်ထပ်အခွင့်အရေး ကျွန်တော် ရရှိချင်ပါတယ်။ ကျွန်တော်တို့ရဲ့ အဆင့်အတန်းက အများကြီး တိုးတက်လာခဲ့ပြီဆိုတာ ကျွန်တော် အခု သေချာပါတယ်။ ချဲလ်ဆီးအနေနဲ့ ကျွန်တော်တို့ကို အနိုင်ရဖို့ အရင်တုန်းကထက် အများကြီး တိုက်ပွဲပိုဝင်ရလိမ့်မယ်ဆိုတာ ကျွန်တော် သေချာပါတယ်”

“စပါးစ်နဲ့အတူ ကျွန်တော် အခုအချိန်မှာ ဒီလိဂ်မှာ ရှိနေတဲ့ ထိပ်တန်းအသင်းတွေထက် အဆင့်ပိုနိမ့်တဲ့အသင်းတွေနဲ့ ယှဉ်ပြိုင်ခဲ့ရတယ်ဆိုတာ သေချာပါတယ်။ ဒါပေမယ့် တိုးတက်မှုတွေကို မြင်ရတာ အများကြီး ပျော်ရွှင်မိပြီး ဒီနေ့ ကျွန်တော် ခင်ဗျားဘောလုံးကစားတာကြည့်ပြီး ပျော်ရွှင်ခံစားချင်တယ်လို့ ပြောခဲ့တယ်။ အခုတော့ ကျွန်တော်တို့က တကယ်ကိုကောင်းတဲ့အသင်းတစ်သင်းဆိုတာ ကျွန်တော် မြင်နေရပါပြီ”

“အခု ကျွန်တော် ပွဲစဉ်တိုင်း၊ ပြိုင်ဘက်တိုင်းနဲ့ ရင်ဆိုင်ကစားဖို့ အဆင်သင့်ဖြစ်နေပြီး ဒီနေ့ ကျွန်တော်တို့နဲ့ ကစားရမှာက အရမ်းကို ခက်ခဲနေမယ်ဆိုတာ ကျွန်တော် သေချာပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ေတာ့တင္ဟမ္ေဟာ့စပါးနည္းၿပ အန္တိုနီယို ကြန္တီက အာဆင္နယ္အေနနဲ႔ ထိပ္ဆုံး ၄ ေနရာၿပိဳင္ပြဲမွာ အသာစီးရေနေပမယ့္လည္း စပါးစ္က ျဖစ္တဲ့နည္းနဲ႔ တိုက္ပြဲဝင္သြားဖို႔ အဆင္သင့္ပဲလို႔ သတိေပးခဲ့ပါတယ္။

ေတာ့တင္ဟမ္ေဟာ့စပါးဟာ တနဂၤေႏြေန႔ညေနက ဝက္စ္ဟမ္းကို အနိုင္ယူၿပီး ဒီဇင္ဘာလအေစာပိုင္းေနာက္ပိုင္း ပထမဆုံးအႀကိမ္ ပရီးမီးယားလိဂ္ ၂ ပြဲဆက္နိုင္ပြဲရယူၿပီးေနာက္ အဆင့္ ၅ ေနရာကို တက္လွမ္းနိုင္ခဲ့တာျဖစ္ပါတယ္။ ကတ္ ဇူးမားရဲ့ ကိုယ့္ဂိုးကိုယ္ျပန္သြင္းမိခဲ့တဲ့ဂိုး၊ ဆြန္ေဟာင္မင္ရဲ့ သြင္းဂိုး အားလုံးကို ဟာရီ ကိန္းက ဖန္တီးေပးခဲ့တာျဖစ္ၿပီး ကြန္တီရဲ့အသင္းဟာ ေျမာက္လန္ဒန္ၿပိဳင္ဘက္ အာဆင္နယ္နဲ႔ ၃ မွတ္အကြာကို ေရာက္ရွိလာခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္အသင္းက တစ္ပြဲေလ်ာ့ေနေသးၿပီး ယခုရာသီရဲ့ ဒုတိယေျမာက္ ေျမာက္လန္ဒန္ဒါဘီပြဲစဥ္ကို ဘယ္ေတာ့က်င္းပမလဲဆိုတာကို အတည္ျပဳရျခင္း မရွိေသးတာျဖစ္ပါတယ္။ “အာဆင္နယ္ကို ဖိအားေပးနိုင္ဖို႔ တစ္ခုတည္းေသာနည္းလမ္းက ၃ မွတ္ရယူဖို႔ပါ။ နိုင္ပြဲရယူဖို႔ပါ။ ကၽြန္ေတာ္တို႔ ကစားဖို႔ ၉ ပြဲက်န္ရွိေနေသးၿပီး ပြဲတိုင္းက ကၽြန္ေတာ္တို႔အတြက္ ဗိုလ္လုပြဲ ျဖစ္ရမွာပါ။ ကၽြန္ေတာ္ ယွဥ္ၿပိဳင္နိုင္စြမ္းရွိသူျဖစ္လာဖို႔ တိုက္ပြဲဝင္ခ်င္ပါတယ္။ တိုက္ပြဲဝင္ဖို႔ ျဖစ္နိုင္ေျခရွိလာဖို႔နဲ႔ ၿပီးေတာ့ အနိုင္ရနိုင္တဲ့အသင္းက တစ္သင္းပဲရွိမယ္ဆိုတာကို ခင္ဗ်ား ေကာင္းေကာင္းႀကီးသိေနမွာပါ။ ဒါေပမယ့္ ကၽြန္ေတာ့္ရဲ့အတိတ္က ကၽြန္ေတာ့္ကို အခြင့္အေရးေပးလိမ့္မယ္လို႔ ထင္ပါတယ္”

ကြန္တီက အာတီတာရဲ့ အာဆင္နယ္မွာ အခ်ိန္ကာလပိုမိုၾကာရွည္ တာဝန္ယူကိုင္တြယ္ခဲ့ျခင္းက ေျမာက္လန္ဒန္ကလပ္အသင္းကို ပိုမိုအသာစီးရရွိေစခဲ့ေပမယ့္လည္း နိုဝင္ဘာလမွာ စပါးစ္ကို ကိုင္တြယ္ဖို႔ ေရာက္ရွိလာခ်ိန္ကတည္းက စပါးစ္အသင္း လွမ္းခဲ့တဲ့ ျပတ္သားတဲ့ ေျခလွမ္းေတြကေန ႀကီးမားတဲ့ ယုံၾကည္မႈ ရရွိခဲ့တာျဖစ္ပါတယ္။

“၅ လအတြင္းမွာ ကၽြန္ေတာ္တို႔ ဒီလိုကစားသမားေတြနဲ႔ ထူးျခားဆန္းၾကယ္တဲ့အလုပ္ကို လုပ္ခဲ့ၿပီး အခု ကၽြန္ေတာ္တို႔ အဂၤလန္က အသင္းအမ်ားအျပားနဲ႔ ကြာဟမႈကို ေလၽွာ့ခ်နိုင္ခဲ့ၿပီလို႔ ထင္ပါတယ္။ ဥပမာတစ္ခုက ၿပီးခဲ့တဲ့ ၂ လတုန္းက ကၽြန္ေတာ္တို႔ ခ်ဲလ္ဆီးနဲ႔ ၃ ႀကိမ္ကစားခဲ့ၿပီး ၃ ပြဲလုံးရႈံးခဲ့တယ။္ အဲဒီ ၃ ပြဲစလုံး ရႈံးနိမ့္ခဲ့တာက အဆင္ေျပပါတယ္။ ဘာလို႔လဲဆိုေတာ့ ခ်ဲလ္ဆီးက ရႈေထာင့္တိုင္းကေန ကၽြန္ေတာ္တို႔ထက္ သာလြန္တယ္ဆိုတာ ျပသခဲ့လို႔ပါ”

“အခု ၂ လ ၾကာသြားတဲ့ေနာက္မွာ ကၽြန္ေတာ္တို႔ရဲ့ အဆင့္အတန္းက ဘာလဲဆိုတာကို ျမင္ေတြ႕ဖို႔ ေနာက္ထပ္အခြင့္အေရး ကၽြန္ေတာ္ ရရွိခ်င္ပါတယ္။ ကၽြန္ေတာ္တို႔ရဲ့ အဆင့္အတန္းက အမ်ားႀကီး တိုးတက္လာခဲ့ၿပီဆိုတာ ကၽြန္ေတာ္ အခု ေသခ်ာပါတယ္။ ခ်ဲလ္ဆီးအေနနဲ႔ ကၽြန္ေတာ္တို႔ကို အနိုင္ရဖို႔ အရင္တုန္းကထက္ အမ်ားႀကီး တိုက္ပြဲပိုဝင္ရလိမ့္မယ္ဆိုတာ ကၽြန္ေတာ္ ေသခ်ာပါတယ္”

“စပါးစ္နဲ႔အတူ ကၽြန္ေတာ္ အခုအခ်ိန္မွာ ဒီလိဂ္မွာ ရွိေနတဲ့ ထိပ္တန္းအသင္းေတြထက္ အဆင့္ပိုနိမ့္တဲ့အသင္းေတြနဲ႔ ယွဥ္ၿပိဳင္ခဲ့ရတယ္ဆိုတာ ေသခ်ာပါတယ္။ ဒါေပမယ့္ တိုးတက္မႈေတြကို ျမင္ရတာ အမ်ားႀကီး ေပ်ာ္ရႊင္မိၿပီး ဒီေန႔ ကၽြန္ေတာ္ ခင္ဗ်ားေဘာလုံးကစားတာၾကည့္ၿပီး ေပ်ာ္ရႊင္ခံစားခ်င္တယ္လို႔ ေျပာခဲ့တယ္။ အခုေတာ့ ကၽြန္ေတာ္တို႔က တကယ္ကိုေကာင္းတဲ့အသင္းတစ္သင္းဆိုတာ ကၽြန္ေတာ္ ျမင္ေနရပါၿပီ”

“အခု ကၽြန္ေတာ္ ပြဲစဥ္တိုင္း၊ ၿပိဳင္ဘက္တိုင္းနဲ႔ ရင္ဆိုင္ကစားဖို႔ အဆင္သင့္ျဖစ္ေနၿပီး ဒီေန႔ ကၽြန္ေတာ္တို႔နဲ႔ ကစားရမွာက အရမ္းကို ခက္ခဲေနမယ္ဆိုတာ ကၽြန္ေတာ္ ေသခ်ာပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.