La Liga

ဒမ္ဘီလီကို ေျခာက္လဆုံးရွဳံးရေတာ့မွာျဖစ္ၿပီး အစားထိုးေခၚယူခြင့္ရႏိုင္တဲ့ ဘာစီလိုနာ

ဘာစီလိုနာအသင္းအေနနဲ႔ သူတုိ႔ရဲ႕ ေတာင္ပံကစားသမား အူစမာနီ ဒမ္ဘီလီကို ေပါင္တြင္းအရြတ္စုတ္ျပဲမွဳဒဏ္ရာေၾကာင့္ ေျခာက္လအထိ ဆုံးရွဳံးရေတာ့မွာျဖစ္ၿပီး အသင္းရဲ႕ ဒီရာသီလက္က်န္ပြဲစဥ္ေတြကို လြဲေခ်ာ္ေတာ့မွာျဖစ္တယ္လို႔ ၿပီးခဲ့တဲ့ ရက္ပုိင္းက ခြဲစိတ္မွဳမွာ အတည္ျပဳခဲ့ပါတယ္။

အသက္ ၂၂ ႏွစ္အရြယ္ ျပင္သစ္ေတာင္ပံကစားသမားဟာ ဒဏ္ရာမ်ားျပားလြန္းတဲ့သူလည္းျဖစ္ၿပီး ေဒ့ါမြန္အသင္းကေန ေရာက္ရွိလာခဲ့စဥ္ကတည္းက မၾကာခဏ အနားယူခဲ့ရသလို ဒီရာသီမွာလည္း ဒဏ္ရာရခ်ိန္အထိ ၉ ပြဲသာ ကစားႏုိင္ခဲ့သလုိ နည္းျပ ကီေကး ဆီတီယန္အတြက္ေတာ့ ထိုးႏွက္ခ်က္တစ္ခုလည္း ျဖစ္ခဲ့ပါတယ္။

သူ႕အေနနဲ႔ ျပင္သစ္အသင္းရဲ႕ ယူ႐ို ၂၀၂၀ ၿပဳိင္ပြဲကိုပါ လြဲေခ်ာ္ဖို႔ အလြန္နီးစပ္တဲ့ အေျခအေနကို ေရာက္ရွိေနခဲ့သလို ဒီကစားသမားအတြက္ ခြဲစိတ္မွဳကိုေတာ့ ဖင္လန္ႏုိင္ငံ၊ တာကူၿမဳိ႕က ေဒါက္တာ လက္ဆီ လမ္ပုိင္နန္ရဲ႕ ေဆာင္ရြက္ေပးခဲ့ၿပီး ဒဏ္ရာဟာ အေတာ္ေလးဆုိးရြားခဲ့တယ္လုိ႔လည္း ဆုိပါတယ္။

၂၀၁၇ ေႏြရာသီမွာ အသင္းကို ေရာက္ရွိလာခဲ့တဲ့ ဒမ္ဘီလီဟာ သုံးရာသီအတြင္းမွာ ဘာစီလိုနာအသင္းအတြက္ ၇၄ ပြဲသာ ကစားႏိုင္ခဲ့ၿပီး ၁၉ ဂိုးသာ သြင္းယူေပးထားႏုိင္ခဲ့သလို ဘယ္လိုပဲ ေကာင္းမြန္တဲ့ လူငယ္ကစားသမားတစ္ဦးျဖစ္ေပမယ့္ အသင္းအတြက္ ထိထိေရာက္ေရာက္ ကူညီႏိုင္မွဳ နည္းပါးခဲ့ၿပီး သူ႕ထက္ အသက္ ၁၇ ႏွစ္အရြယ္ကစားသမား အန္ဆူ ဖာတီကေတာင္မွ ပုိၿပီးအက်ဳိးျပဳခဲ့တာကို ေတြ႕ျမင္ခဲ့ရပါတယ္။

တုိက္စစ္မွဴး လူးဝစ္ ဆြာရက္ဇ္ ဒဏ္ရာေၾကာင့္ အနားယူေနရခ်ိန္မွာ အသင္းရဲ႕ လူ ၂၅ ဦးစာရင္းအတြက္ ဒမ္ဘီလီကပါ ပဲ့ပါသြားခဲ့ၿပီး ကစားသမားတစ္ဦး အေနနဲ႔ ငါးလနဲ႔အထက္ ဒဏ္ရာေၾကာင့္ နားရမယ္ဆုိရင္ ကာလတုိစာခ်ဳပ္နဲ႔ လူစားထိုး ေခၚယူႏုိင္တယ္ဆုိတဲ့ လာလီဂါရဲ႕ စည္းမ်ဥ္းကို ဘာစီလိုနာတုိ႔ အသုံးခ်သြားမလား ေစာင့္ၾကည့္ရမွာျဖစ္ၿပီး ျပည္တြင္းကလပ္ေတြက ကစားသမားတခ်ဳိ႕ကို ခ်ိတ္ဆက္ေနတယ္လုိ႔ေတာ့ သိရွိရပါတယ္။

REF: SKY SPORTS & DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: ဘာစီလိုနာအသင်းအနေနဲ့ သူတို့ရဲ့ တောင်ပံကစားသမား အူစမာနီ ဒမ်ဘီလီကို ပေါင်တွင်းအရွတ်စုတ်ပြဲမှုဒဏ်ရာကြောင့် ခြောက်လအထိ ဆုံးရှုံးရတော့မှာဖြစ်ပြီး အသင်းရဲ့ ဒီရာသီလက်ကျန်ပွဲစဉ်တွေကို လွဲချော်တော့မှာဖြစ်တယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ခွဲစိတ်မှုမှာ အတည်ပြုခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွယ် ပြင်သစ်တောင်ပံကစားသမားဟာ ဒဏ်ရာများပြားလွန်းတဲ့သူလည်းဖြစ်ပြီး ဒေ့ါမွန်အသင်းကနေ ရောက်ရှိလာခဲ့စဉ်ကတည်းက မကြာခဏ အနားယူခဲ့ရသလို ဒီရာသီမှာလည်း ဒဏ်ရာရချိန်အထိ ၉ ပွဲသာ ကစားနိုင်ခဲ့သလို နည်းပြ ကီကေး ဆီတီယန်အတွက်တော့ ထိုးနှက်ချက်တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

သူ့အနေနဲ့ ပြင်သစ်အသင်းရဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲကိုပါ လွဲချော်ဖို့ အလွန်နီးစပ်တဲ့ အခြေအနေကို ရောက်ရှိနေခဲ့သလို ဒီကစားသမားအတွက် ခွဲစိတ်မှုကိုတော့ ဖင်လန်နိုင်ငံ၊ တာကူမြို့က ဒေါက်တာ လက်ဆီ လမ်ပိုင်နန်ရဲ့ ဆောင်ရွက်ပေးခဲ့ပြီး ဒဏ်ရာဟာ အတော်လေးဆိုးရွားခဲ့တယ်လို့လည်း ဆိုပါတယ်။

၂၀၁၇ နွေရာသီမှာ အသင်းကို ရောက်ရှိလာခဲ့တဲ့ ဒမ်ဘီလီဟာ သုံးရာသီအတွင်းမှာ ဘာစီလိုနာအသင်းအတွက် ၇၄ ပွဲသာ ကစားနိုင်ခဲ့ပြီး ၁၉ ဂိုးသာ သွင်းယူပေးထားနိုင်ခဲ့သလို ဘယ်လိုပဲ ကောင်းမွန်တဲ့ လူငယ်ကစားသမားတစ်ဦးဖြစ်ပေမယ့် အသင်းအတွက် ထိထိရောက်ရောက် ကူညီနိုင်မှု နည်းပါးခဲ့ပြီး သူ့ထက် အသက် ၁၇ နှစ်အရွယ်ကစားသမား အန်ဆူ ဖာတီကတောင်မှ ပိုပြီးအကျိုးပြုခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။

တိုက်စစ်မှူး လူးဝစ် ဆွာရက်ဇ် ဒဏ်ရာကြောင့် အနားယူနေရချိန်မှာ အသင်းရဲ့ လူ ၂၅ ဦးစာရင်းအတွက် ဒမ်ဘီလီကပါ ပဲ့ပါသွားခဲ့ပြီး ကစားသမားတစ်ဦး အနေနဲ့ ငါးလနဲ့အထက် ဒဏ်ရာကြောင့် နားရမယ်ဆိုရင် ကာလတိုစာချုပ်နဲ့ လူစားထိုး ခေါ်ယူနိုင်တယ်ဆိုတဲ့ လာလီဂါရဲ့ စည်းမျဉ်းကို ဘာစီလိုနာတို့ အသုံးချသွားမလား စောင့်ကြည့်ရမှာဖြစ်ပြီး ပြည်တွင်းကလပ်တွေက ကစားသမားတချို့ကို ချိတ်ဆက်နေတယ်လို့တော့ သိရှိရပါတယ်။

REF: SKY SPORTS & DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.