Bundesliga La Liga Premier League

ေကာ္တင္ဟိုကို အန္းဖီးလ္ကို ျပန္ေခၚသင့္တယ္လို႔ ေျပာဆိုလိုက္တဲ့ လီဗာပူးလ္ၾကယ္ပြင့္ေဟာင္း

ဘာစီလိုနာအသင္းကို ေရာင္းခ်ၿပီးေနာက္ပုိင္း အံမဝင္မွဳအျပင္ ေျခစြမ္းက်ဆင္းလာခဲ့ၿပီး ဘုိင္ယန္ျမဴးနစ္အသင္းကို အငွားခ်ခံထားရတဲ့ ကြင္းလယ္လူ ဖလိပီ ေကာ္တင္ဟိုကို ေႏြရာသီမွာ ျပန္လည္ေခၚယူဖုိ႔ အသင္းေတာင္ပံကစားသမားေဟာင္း စတိဗ္ မက္မာနာမန္က တုိက္တြန္းလုိက္ပါတယ္။

ဘရားဇီးလ္စတား ေကာ္တင္ဟိုဟာ ဘာစီလိုနာအသင္းကို ​ ေပါင္ ၁၄၂ သန္းနဲ႔ ၂၀၁၈ ေႏြရာသီက ေျပာင္းေ႐ႊ႕သြားခဲ့တာျဖစ္ၿပီး ႏူးကမ့္ရဲ႕ ကစားကြက္ေဖာ္ေဆာင္မွဳမွာေတာ့ သူဟာ အသင္းေခါင္းေဆာင္ မက္ဆီရဲ႕ ေတာင္ပံကေန အတြင္းကို ဝင္ကစားပုံခ်င္း တူေနခဲ့လို႔ မၾကာခဏ ႐ွဳပ္ေထြးမွဳေတြနဲ႔ ကစားကြက္က်ပ္ေနခဲ့ၿပီးေနာက္ပုိင္း ဘုိင္ယန္ကို အငွားခ်ခံခဲ့ရတာလည္းျဖစ္ပါတယ္။

လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္ဟာ တိုက္စစ္အားသန္ ကြင္းလယ္ကစားသမားတစ္ေယာက္ကို ရွာေဖြေနတာျဖစ္ၿပီး ေလဗာကူဆင္က ကိုင္ဟာဗက္ဇ္ကို ေခၚယူဖို႔ ခ်ိတ္ဆက္ေနခဲ့ၿပီး ဒီကိစၥ မေအာင္ျမင္ခဲ့ရင္ေတာ့ ကစားသမားေဟာင္း ေကာ္တင္ဟိုဘက္ကို ျပန္လွည့္ဖို႔ ရွိေနခဲ့တာပါ။

လီဗာပူးလ္အသင္းဟာ ၿပီးခဲ့တဲ့ရာသီေတြက ေျပာင္းလဲမႈမ်ားစြာ ျပဳလုပ္ခဲ့ၿပီး ဗာဂ်ီးလ္ ဗန္ဒိုက္၊ အယ္လီဆန္၊ ဖာဘင္ဟို၊ နာဘီ ကီတာတို႔အတြက္ ေပါင္သန္း ၂၃၀ သုံးစြဲထားခဲ့ပါတယ္။ သုံးစြဲထားခဲ့သေလာက္ အက်ိဳးမ်ားခဲ့ၿပီး ခ်န္ပီယံလိဂ္ဖလားပါ ရယူႏိုင္ခဲ့သလို ႏွစ္ေပါင္းသုံးဆယ္ေဝးကြာေနတဲ့ ပရီးမီးယားလိဂ္ဖလားကို ျပန္ရယူေပးဖို႔ လက္တစ္ကမ္းအလို ေရာက္ေနခဲ့ၿပီျဖစ္ပါတ္။

“ေကာ္တင္ဟိုက အရည္အခ်င္းရွိတဲ့ ကစားသမားတစ္ေယာက္ပါ။ သူ႔ကို သင့္ေတာ္သေလာက္ ေပးၿပီးျပန္ေခၚၿပီး အသင္းမွာ အသုံးမ၀င္တဲ့ ကစားသမားေတြကို ေရာင္းထုတ္ပစ္ရမယ္။ ကြၽန္ေတာ္ကေတာ့ ေကာ္တင္ဟိုကို လီဗာပူးလ္ကို ျပန္ေရာက္လာေစခ်င္တယ္။ သူက အသင္းရဲ႕ကစားပုံ ဆိုး႐ြားေနရင္ေတာင္ ျပန္တည့္မတ္ေပးႏိုင္တဲ့ ကစားသမားမ်ိဳးဗ်”ဆိုၿပီး မက္မာနာမန္က ဆိုခဲ့လို႔ ေကာ္တင္ဟိုကို အန္းဖီးလ္ကြင္းမွာ ျပန္ျမင္ရဦးမလား ဆိုတာကိုေတာ့ ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေရးသားလိုက္ရပါတယ္။

REF: MIRROR
PHOTOS CREDIT TO OWNERS
ECKO
SPORTS A2Z.

UNICODE: ဘာစီလိုနာအသင်းကို ရောင်းချပြီးနောက်ပိုင်း အံမဝင်မှုအပြင် ခြေစွမ်းကျဆင်းလာခဲ့ပြီး ဘိုင်ယန်မြူးနစ်အသင်းကို အငှားချခံထားရတဲ့ ကွင်းလယ်လူ ဖလိပီ ကော်တင်ဟိုကို နွေရာသီမှာ ပြန်လည်ခေါ်ယူဖို့ အသင်းတောင်ပံကစားသမားဟောင်း စတိဗ် မက်မာနာမန်က တိုက်တွန်းလိုက်ပါတယ်။

ဘရားဇီးလ်စတား ကော်တင်ဟိုဟာ ဘာစီလိုနာအသင်းကို ပေါင် ၁၄၂ သန်းနဲ့ ၂၀၁၈ နွေရာသီက ပြောင်းရွှေ့သွားခဲ့တာဖြစ်ပြီး နူးကမ့်ရဲ့ ကစားကွက်ဖော်ဆောင်မှုမှာတော့ သူဟာ အသင်းခေါင်းဆောင် မက်ဆီရဲ့ တောင်ပံကနေ အတွင်းကို ဝင်ကစားပုံချင်း တူနေခဲ့လို့ မကြာခဏ ရှုပ်ထွေးမှုတွေနဲ့ ကစားကွက်ကျပ်နေခဲ့ပြီးနောက်ပိုင်း ဘိုင်ယန်ကို အငှားချခံခဲ့ရတာလည်းဖြစ်ပါတယ်။

လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်ဟာ တိုက်စစ်အားသန် ကွင်းလယ်ကစားသမားတစ်ယောက်ကို ရှာဖွေနေတာဖြစ်ပြီး လေဗာကူဆင်က ကိုင်ဟာဗက်ဇ်ကို ခေါ်ယူဖို့ ချိတ်ဆက်နေခဲ့ပြီး ဒီကိစ္စ မအောင်မြင်ခဲ့ရင်တော့ ကစားသမားဟောင်း ကော်တင်ဟိုဘက်ကို ပြန်လှည့်ဖို့ ရှိနေခဲ့တာပါ။

လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ရာသီတွေက ပြောင်းလဲမှုများစွာ ပြုလုပ်ခဲ့ပြီး ဗာဂျီးလ် ဗန်ဒိုက်၊ အယ်လီဆန်၊ ဖာဘင်ဟို၊ နာဘီ ကီတာတို့အတွက် ပေါင်သန်း ၂၃၀ သုံးစွဲထားခဲ့ပါတယ်။ သုံးစွဲထားခဲ့သလောက် အကျိုးများခဲ့ပြီး ချန်ပီယံလိဂ်ဖလားပါ ရယူနိုင်ခဲ့သလို နှစ်ပေါင်းသုံးဆယ်ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ဖလားကို ပြန်ရယူပေးဖို့ လက်တစ်ကမ်းအလို ရောက်နေခဲ့ပြီဖြစ်ပါတ်။

“ကော်တင်ဟိုက အရည်အချင်းရှိတဲ့ ကစားသမားတစ်ယောက်ပါ။ သူ့ကို သင့်တော်သလောက် ပေးပြီးပြန်ခေါ်ပြီး အသင်းမှာ အသုံးမဝင်တဲ့ ကစားသမားတွေကို ရောင်းထုတ်ပစ်ရမယ်။ ကျွန်တော်ကတော့ ကော်တင်ဟိုကို လီဗာပူးလ်ကို ပြန်ရောက်လာစေချင်တယ်။ သူက အသင်းရဲ့ကစားပုံ ဆိုးရွားနေရင်တောင် ပြန်တည့်မတ်ပေးနိုင်တဲ့ ကစားသမားမျိုးဗျ”ဆိုပြီး မက်မာနာမန်က ဆိုခဲ့လို့ ကော်တင်ဟိုကို အန်းဖီးလ်ကွင်းမှာ ပြန်မြင်ရဦးမလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာဖြစ်ကြောင်း ရေးသားလိုက်ရပါတယ်။

REF: MIRROR
PHOTOS CREDIT TO OWNERS
ECKO
SPORTS A2Z.