La Liga

RFEFဥက္ကဟောင်း၊ UEFA ဥက္ကဌတို့နဲ့ ငွေကြေးအရှုပ်တော်ပုံမှာ ပါဝင်ခဲ့တဲ့ မက်ဆီနဲ့ ပီကေး

ဘာစီလိုနာကြယ်ပွင့်ဟောင်းတွေဖြစ်တဲ့ လီယွန်နယ် မက်ဆီ၊ ဂျရတ် ပီကေးတို့ ယူအီးအက်ဖ်အေဥက္ကဌ အလက်ဆန်းဒါး ဆီဖီရင်၊ RFEF ဥက္ကဌ လူးဝစ္စ ရူဘီယာလက်စ်တို့နဲ့ ပြောဆိုခဲ့တဲ့ မက်ဆေ့တွေနဲ့ အသံဖိုင်တွေ ပေါက်ကြားလာခဲ့ပြီးနောက် ဥရောပဖက်ဒရေးရှင်းဆီကနေ ငွေကြေးရယူဖို့ ကြိုးပမ်းခဲ့တာ ပေါ်ပေါက်လာခဲ့ပါတယ်။

ပေါက်ကြားလာတဲ့ မက်ဆေ့တွေနဲ့ အသံဖိုင်တွေအရ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း လစာလျှော့ခံထားရတဲ့ ကစားသမားတွေအတွက် လျော်ကြေးအနေနဲ့ ပေးဖို့ လုပ်ခဲ့တာလို့ သိရပါတယ်။ ဘာစီလိုနာရဲ့ နာမည်ကြီးကစားသမားတွေဟာ RFEF နဲ့ ယူအီးအက်ဖ်အေတို့ဆီကနေ ငွေကြေးဆုံးရှုံးခဲ့မှုတွေအတွက် လျော်ကြေးအနေနဲ့ ငွေကြေးရယူဖို့ ကြိုးစားခဲ့ကြတယ်လို့ The Objective ရဲ့ အထူးသတင်းမှာ ဖွင့်ချခဲ့ပါတယ်။

ကိုဗစ်ကာလတုန်းက ဘာစီလိုနာအသင်းက အပြင်းအထန် ထိခိုက်ဆုံးရှုံးမှုတွေ ရှိနေတာကြောင့် ကစားသမားတွေရဲ့ လစာကို ၇၀ ရာခိုင်နှုန်းအထိ လျှော့ချခဲ့တာဖြစ်ပြီး ပထမဆုံး ပြောဆိုမှုဟာ ၂၀၂၀ ခုနှစ် ဧပြီလမှာ စတင်ခဲ့တာဖြစ်ပါတယ်။ ဂျရတ် ပီကေးနဲ့ ရူဘီယာလက်စ်တို့ဟာ တယ်လီဖုန်းနဲ့ ပြောဆိုခဲ့ကြပြီး စပိန်နောက်ခံလူက လီယွန်နယ် မက်ဆီက ကိုဗစ်ကာလအတွင်း လစာလျှော့ခံထားရမှုနဲ့ပတ်သက်ပြီး စိုးရိမ်နေတဲ့အကြောင်း ပြောဆိုခဲ့တာဖြစ်ပါတယ်။

အဲဒီနေ့ညနေ ၄ နာရီ ၁၉ မိနစ်မှာ လူးဝစ္စ ရူဘီယာလက်စ်က ယူအီးအက်ဖ်အေ ဥက္ကဌ ဆီဖီရင်ဆီကို Whatsapp အသံဖိုင်ပေးပို့ခဲ့ပြီး အဲဒီထဲမှာ ဂျရတ် ပီကေးနဲ့ ပြောခဲ့တဲ့ကိစ္စတွေကို ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

အသံဖိုင်ထဲမှာ ရူဘီယာလက်စ်က လစာနိမ့်ကစားသမားတွေအတွက် လျော်ကြေးပေးဖို့ ယူအီးအက်ဖ်အေရန်ပုံငွေကို အသုံးပြုနိုင်မယ့် နည်းလမ်းရှာဖို့ ပြောဆိုခဲ့ပြီး စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ(အဲဒီအချိန်က)က မက်ဆီဟာ ဒီဆွေးနွေးညှိနှိုင်းမှုကို လုံးဝကို ထိပ်တန်းလျှို့ဝှက်ဖြစ်စေချင်တယ်လို့ ပြောဆိုခဲ့ပါသေးတယ်။

“သူတို့(ပီကေးနဲ့မက်ဆီ)တွေက ကျွန်တော့်ကို ရှင်းရှင်းလင်းလင်းပဲ ပြောခဲ့တယ်။ ကျေးဇူးပြုပြီး ဘယ်သူမှ ကျွန်တော်တို့ ပိုက်ဆံကိစ္စနဲ့ပတ်သက်ပြီး ပြောကြတာကို မသိကြပါစေနဲ့တဲ့။ လူတွေသာ သိသွားရင် သူတို့တွေ ကျွန်တော်တို့ကို သတ်လိမ့်မယ်တဲ့”လို့ ရူဘီယာလက်စ်က ဆီဖီရင်ကို ပေးပို့ခဲ့တဲ့ အသံဖိုင်ထဲမှာ ပြောဆိုထားခဲ့တာဖြစ်ပါတယ်။

ပီကေးက သူဟာ လီယွန်နယ် မက်ဆီရဲ့ တောင်းဆိုမှုကို ကြားခံ ပြောဆိုပေးတာဖြစ်တယ်လို့ အထပ်ထပ် ပြောဆိုခဲ့ပြီး ယူအီးအက်ဖ်အေဥက္ကဌကို ဒီကိစ္စအတွက် လျှိုု့ဝှက်ထားပေးဖို့ တောင်းဆိုခဲ့ရာမှာ သူ့ခွေးတောင် ဒီကိစ္စကို သိလို့မရဘူးလို့ ပြောဆိုခဲ့ပါတယ်။

ရူဘီယာလက်စ်ရဲ့ ဖြေရှင်းနည်းကတော့ စပိန်ဘောလုံးအဖွဲ့ချုပ်ကနေ ငွေကြေးကို သွယ်ဝိုက်ပြီး ဘာစီလိုနာက လီယွန်နယ် မက်ဆီအပါအဝင် လစာအများအပြား လျှော့ခံထားရတဲ့ နာမည်ကြီးကစားသမားတွေကို ပေးဖို့ဖြစ်ပါတယ်။

“မက်ဆီနဲ့ ကျန်တဲ့နာမည်ကြီးကစားသမားတွေ ကျွန်တော်တို့နဲ့အတူ ရှိနေဖို့က အရေးကြီးတယ်လို့ ကျွန်တော် ပြောခဲ့တယ်။ ပိုက်ဆံပေးစရာမလိုဘဲနဲ့ပေါ့။ အသင်းငယ်လေးတွေကိုပဲ ပိုက်ဆံဆက်ပေးနေပြီး ကျွန်တော်တို့ ကံကြမ္မာကို ပြောင်းလဲရလိမ့်မယ်။”လို့ ရူဘီယာလက်စ်က ပြောဆိုခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘာစီလိုနာၾကယ္ပြင့္ေဟာင္းေတြျဖစ္တဲ့ လီယြန္နယ္ မက္ဆီ၊ ဂ်ရတ္ ပီေကးတို႔ ယူအီးအက္ဖ္ေအဥကၠဌ အလက္ဆန္းဒါး ဆီဖီရင္၊ RFEF ဥကၠဌ လူးဝစၥ ႐ူဘီယာလက္စ္တို႔နဲ႔ ေျပာဆိုခဲ့တဲ့ မက္ေဆ့ေတြနဲ႔ အသံဖိုင္ေတြ ေပါက္ၾကားလာခဲ့ၿပီးေနာက္ ဥေရာပဖက္ဒေရးရွင္းဆီကေန ေငြေၾကးရယူဖို႔ ႀကိဳးပမ္းခဲ့တာ ေပၚေပါက္လာခဲ့ပါတယ္။

ေပါက္ၾကားလာတဲ့ မက္ေဆ့ေတြနဲ႔ အသံဖိုင္ေတြအရ ကိုဗစ္-၁၉ ကပ္ေရာဂါကာလအတြင္း လစာေလွ်ာ့ခံထားရတဲ့ ကစားသမားေတြအတြက္ ေလ်ာ္ေၾကးအေနနဲ႔ ေပးဖို႔ လုပ္ခဲ့တာလို႔ သိရပါတယ္။ ဘာစီလိုနာရဲ႕ နာမည္ႀကီးကစားသမားေတြဟာ RFEF နဲ႔ ယူအီးအက္ဖ္ေအတို႔ဆီကေန ေငြေၾကးဆုံးရႈံးခဲ့မႈေတြအတြက္ ေလ်ာ္ေၾကးအေနနဲ႔ ေငြေၾကးရယူဖို႔ ႀကိဳးစားခဲ့ၾကတယ္လို႔ The Objective ရဲ႕ အထူးသတင္းမွာ ဖြင့္ခ်ခဲ့ပါတယ္။

ကိုဗစ္ကာလတုန္းက ဘာစီလိုနာအသင္းက အျပင္းအထန္ ထိခိုက္ဆုံးရႈံးမႈေတြ ရွိေနတာေၾကာင့္ ကစားသမားေတြရဲ႕ လစာကို ၇၀ ရာခိုင္ႏႈန္းအထိ ေလွ်ာ့ခ်ခဲ့တာျဖစ္ၿပီး ပထမဆုံး ေျပာဆိုမႈဟာ ၂၀၂၀ ခုႏွစ္ ဧၿပီလမွာ စတင္ခဲ့တာျဖစ္ပါတယ္။ ဂ်ရတ္ ပီေကးနဲ႔ ႐ူဘီယာလက္စ္တို႔ဟာ တယ္လီဖုန္းနဲ႔ ေျပာဆိုခဲ့ၾကၿပီး စပိန္ေနာက္ခံလူက လီယြန္နယ္ မက္ဆီက ကိုဗစ္ကာလအတြင္း လစာေလွ်ာ့ခံထားရမႈနဲ႔ပတ္သက္ၿပီး စိုးရိမ္ေနတဲ့အေၾကာင္း ေျပာဆိုခဲ့တာျဖစ္ပါတယ္။

အဲဒီေန႔ညေန ၄ နာရီ ၁၉ မိနစ္မွာ လူးဝစၥ ႐ူဘီယာလက္စ္က ယူအီးအက္ဖ္ေအ ဥကၠဌ ဆီဖီရင္ဆီကို Whatsapp အသံဖိုင္ေပးပို႔ခဲ့ၿပီး အဲဒီထဲမွာ ဂ်ရတ္ ပီေကးနဲ႔ ေျပာခဲ့တဲ့ကိစၥေတြကို ေျပာဆိုခဲ့တယ္လို႔ သိရပါတယ္။

အသံဖိုင္ထဲမွာ ႐ူဘီယာလက္စ္က လစာနိမ့္ကစားသမားေတြအတြက္ ေလ်ာ္ေၾကးေပးဖို႔ ယူအီးအက္ဖ္ေအရန္ပုံေငြကို အသုံးျပဳႏိုင္မယ့္ နည္းလမ္းရွာဖို႔ ေျပာဆိုခဲ့ၿပီး စပိန္ေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠဌ(အဲဒီအခ်ိန္က)က မက္ဆီဟာ ဒီေဆြးေႏြးညႇိႏႈိင္းမႈကို လုံးဝကို ထိပ္တန္းလွ်ိဳ႕ဝွက္ျဖစ္ေစခ်င္တယ္လို႔ ေျပာဆိုခဲ့ပါေသးတယ္။

“သူတို႔(ပီေကးနဲ႔မက္ဆီ)ေတြက ကြၽန္ေတာ့္ကို ရွင္းရွင္းလင္းလင္းပဲ ေျပာခဲ့တယ္။ ေက်းဇူးျပဳၿပီး ဘယ္သူမွ ကြၽန္ေတာ္တို႔ ပိုက္ဆံကိစၥနဲ႔ပတ္သက္ၿပီး ေျပာၾကတာကို မသိၾကပါေစနဲ႔တဲ့။ လူေတြသာ သိသြားရင္ သူတို႔ေတြ ကြၽန္ေတာ္တို႔ကို သတ္လိမ့္မယ္တဲ့”လို႔ ႐ူဘီယာလက္စ္က ဆီဖီရင္ကို ေပးပို႔ခဲ့တဲ့ အသံဖိုင္ထဲမွာ ေျပာဆိုထားခဲ့တာျဖစ္ပါတယ္။

ပီေကးက သူဟာ လီယြန္နယ္ မက္ဆီရဲ႕ ေတာင္းဆိုမႈကို ၾကားခံ ေျပာဆိုေပးတာျဖစ္တယ္လို႔ အထပ္ထပ္ ေျပာဆိုခဲ့ၿပီး ယူအီးအက္ဖ္ေအဥကၠဌကို ဒီကိစၥအတြက္ လွ်ိဳု႔ဝွက္ထားေပးဖို႔ ေတာင္းဆိုခဲ့ရာမွာ သူ႔ေခြးေတာင္ ဒီကိစၥကို သိလို႔မရဘူးလို႔ ေျပာဆိုခဲ့ပါတယ္။

႐ူဘီယာလက္စ္ရဲ႕ ေျဖရွင္းနည္းကေတာ့ စပိန္ေဘာလုံးအဖြဲ႕ခ်ဳပ္ကေန ေငြေၾကးကို သြယ္ဝိုက္ၿပီး ဘာစီလိုနာက လီယြန္နယ္ မက္ဆီအပါအဝင္ လစာအမ်ားအျပား ေလွ်ာ့ခံထားရတဲ့ နာမည္ႀကီးကစားသမားေတြကို ေပးဖို႔ျဖစ္ပါတယ္။

“မက္ဆီနဲ႔ က်န္တဲ့နာမည္ႀကီးကစားသမားေတြ ကြၽန္ေတာ္တို႔နဲ႔အတူ ရွိေနဖို႔က အေရးႀကီးတယ္လို႔ ကြၽန္ေတာ္ ေျပာခဲ့တယ္။ ပိုက္ဆံေပးစရာမလိုဘဲနဲ႔ေပါ့။ အသင္းငယ္ေလးေတြကိုပဲ ပိုက္ဆံဆက္ေပးေနၿပီး ကြၽန္ေတာ္တို႔ ကံၾကမၼာကို ေျပာင္းလဲရလိမ့္မယ္။”လို႔ ႐ူဘီယာလက္စ္က ေျပာဆိုခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.