La Liga

ဘာစီလိုနာအတွက် ဒီနေ့မှာ နောက်ဆုံးပါဝင်ကစားပေးသွားမယ့် ကစားသမား ၅ ဦး

ဘာစီလိုနာဟာ ဒီနေ့ည ဆီဗီလာနဲ့ ရာသီပိတ်ပွဲစဉ်အဖြစ် ကစားသွားမှာဖြစ်ပြီး နည်းပြ ဇာဗီအတွက် နောက်ဆုံးတာဝန်ယူကိုင်တွယ်တဲ့ပွဲစဉ်ဖြစ်လာမှာဖြစ်သလို ကစားသမား ၅ ဦးအတွက်လည်း နောက်ဆုံးပွဲ ဖြစ်လာနိုင်ပါတယ်။

လက်ရှိမှာတော့ အသင်း စီမံခန့်ခွဲမှုဌာနက အနာဂတ်အပေါ်မှာ အာရုံစိုက်နေပြီဖြစ်ပြီး ဘဏ္ဍာရေးအကြပ်အတည်း၊ ကစားသမားထွက်ခွာမှုတွေအပါအဝင် အမျိုးမျိုးသော စိန်ခေါ်မှုတွေကို ရင်ဆိုင်သွားဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

ဘာစီလိုနာဟာ သိသာထင်ရှားတဲ့ ဘဏ္ဍာရေးအခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် အသင်းရဲ့ အဓိကကစားသမားအချို့ကို မရောင်းထုတ်ချင်ဘဲ ရောင်းထုတ်ဖို့ စဉ်းစားရတော့မှာဖြစ်ပြီး ဒီနေ့ညပွဲမှာ ဘာစီလိုနာအတွက် နောက်ဆုံးပါဝင်ကစားပေးတာဖြစ်လာနိုင်တဲ့ကစားသမား ၅ ဦးအထိ ရှိနေပါတယ်။

ဂျာအို ဖဲလစ္စ

ဂျာအို ဖဲလစ္စရဲ့ ဘာစီလိုနာက အနာဂတ်ဟာ မရေမရာဖြစ်နေတယ်ဆိုတာ လျှို့ဝှက်ချက်တော့မဟုတ်ဘဲ အက်သလက်တီကို မက်ဒရစ်ကနေ အငှားနဲ့ လာကစားနေတဲ့ ပေါ်တူဂီကြယ်ပွင့်ဟာ ရာသီကို အားကောင်းတဲ့ပုံစံနဲ့ စတင်ခဲ့ပေမယ်လည်း ရာသီကြာလာလေ ပွဲထွက်ခွင့်ပျောက်ဆုံးလေဖြစ်ခဲ့တာပါ။ ဘာစီလိုနာဟာ အက်သလက်တစ် ဘီလ်ဘာအိုက နီကို ဝီလီယံစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် ဖဲလစ္စအနေနဲ့ အသင်းမှာ ဆက်နေလည်း ပွဲထွက်ခွင့်နေရာက နောက်ပိုရောက်ဖို့ပဲ ရှိလာတော့မှာပါ။ ဒါ့အပြင် ဖဲလစ္စရဲ့အနာဂတ်အတွက် အက်သလက်တီကို မက်ဒရစ်နဲ့ ဆွေးနွေးမှုကလည်း ရှုပ်ထွေးနေပြီး ဘာစီလိုနာကတော့ အခုအချိန်မှာ ပေါ်တူဂီကြယ်ပွင့်ကို နောက်ထပ် အငှားစာချုပ်နဲ့ပဲ ထပ်ခေါ်ထားချင်ပေမယ့် အက်သလက်တီကိုကတော့ များပြားတဲ့ ပြောင်းရွှေ့ကြေးတောင်းပြီး အပြီးရောင်းထုတ်ဖို့ပဲ ဆန္ဒရှိနေတာကြောင့် နူးကမ့်မှာ ဖဲလစ္စ ဆက်ရှိနေဖို့က မဖြစ်နိုင်လောက်တော့ပါဘူး။

ဂျာအို ကန်ဆယ်လို

မန်စီးတီးကနေ အငှားနဲ့ လာကစားနေတဲ့ ကန်ဆယ်လိုဟာ အကောင်းအဆိုးရောထွေးနေတဲ့ ရာသီကို ပိုင်ဆိုင်ခဲ့ပြီး အချိန်တော်တော်များများမှာ ကောင်းကောင်း စွမ်းဆောင်ပြနိုင်ခဲ့ပေမယ့်လည်း အရေးကြီးတဲ့ပွဲတွေမှာ အမှားလုပ်ခဲ့တာတွေကြောင့် သူ့ရဲ့အနာဂတ်ဟာ သံသယဖြစ်စရာဖြစ်လာခဲ့တာပါ။ ဘာစီလိုနာက မန်စီးတီးသာ ကန်ဆယ်လိုကို ပြန်မလာလေကောင်းလေဆိုပြီး သဘောထားမယ်ဆိုရင်တောင်မှ အပြီးသတ်ဝယ်ယူခွင့်ပါဝင်တဲ့ နောက်ထပ် အငှားစာချုပ်နဲ့ပဲ ဆက်ထိန်းသိမ်းထားချင်နေပေမယ့် မန်စီးတီးကတော့ အဲဒါကို သဘောတူမှာမဟုတ်ဘဲ အပြီးသတ်ပဲ ခေါ်ယူစေချင်မှာပါ။

ရော်နယ် အာရာအူဟို

အာရာအူဟိုဟာ ဘာစီလိုနာအသင်းရဲ့ အသင်းခေါင်းဆောင်တွေထဲကတစ်ဦးနဲ့ အဓိကကစားသမားတစ်ဦးဖြစ်ပေမယ့်လည်း အနာဂတ်မရေမရာဖြစ်နေပြီး မန်ချက်စတာယူနိုက်တက်ရော ဘိုင်ယန်မြူးနစ်ကပါ အသက် ၂၅ နှစ်အရွယ်နောက်ခံလူကို စိတ်ဝင်စားကြောင်း ပြသခဲ့တာ အချိန်အတော်ကြာခဲ့ပါပြီ။ အခုအချိန်မှာတော့ ဘာစီလိုနာဟာ စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းမှုကို မတုံ့ပြန်ခဲ့တဲ့ အာရာအူဟိုကို စာချုပ်သစ် ချုပ်ဆိုဖို့အတွက် ကြိုးပမ်းမှုက ဘာမှ တိုးတက်မှုမရှိလာတာကြောင့် အသင်းမှာ ဆက်ရှိနေဖို့က မသေချာတော့ပါဘူး။

ဖရန်ကီ ဒီယုံး

ဘာစီလိုနာဟာ ဒီနွေရာသီမှာ ဖရန်ကီ ဒီယုံးအတွက် ကမ်းလှမ်းမှုတွေကို လက်ခံသွားချင်နေပြီး ဒတ်ချ်ကွင်းလယ်လူဟာ အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ စိတ်ဝင်စားခြင်းမရှိပုံပေါ်ပြီး ဒီတိုင်းသာ ဆက်သွားနေမယ်ဆိုရင် စိတ်ဝင်စားမှု ဆက်ရှိနေသေးတဲ့ မန်ယူနိုက်တက်နဲ့ ဖလားတစ်လုံးမှ မရဘဲ ရာသီပြီးဆုံးခဲ့ရလို့ သွေးသစ်လောင်း ပြောင်းလဲမှုတွေ လုပ်ချင်နေတဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့ ခေါ်ယူဖို့ ကြိုးပမ်းခြင်းကို ခံရနိုင်ပါတယ်။ ဒီယုံးဟာ ဘာစီလိုနာအတွက် အရေးကြီးတဲ့ကစားသမားဖြစ်ခဲ့ပေမယ့်လည်း သူ့ရဲ့ စျေးကွက်ပေါက်စျေးနဲ့ စိတ်ဝင်စားတဲ့အသင်းတွေ များပြားနေတာကြောင့် အသင်းရဲ့ဘဏ္ဍာရေးပြဿနာတွေကို ဖြေရှင်းဖို့အတွက် ရောင်းထုတ်ခံရနိုင်ပါတယ်။

ရာဖင်ညာ

ဘာစီလိုနာရဲ့ နီကို ဝီလီယံစ်ကို စိတ်ဝင်စားနေမှုက နူးကမ့်က ရာဖင်ညာရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ကောလာဟလတွေ ထွက်ပေါ်လာစေခဲ့ပြီး ဒီရာသီမှာ ပုံမှန်စွမ်းဆောင်ရည်ပြသခဲ့တဲ့ကစားသမားဖြစ်ခဲ့ပေမယ့်လည်း ဘရာဇီးလ်ကြယ်ပွင့်ကို ရောင်းထုတ်ပြီး ငွေကြေးရှာဖွေသွားဖို့ ကတ်တလန်အသင်းက စဉ်းစားနေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရာဖင်ညာက ဘာစီလိုနာအသင်းကို စွန့်ခွာလိုတဲ့ဆန္ဒမရှိဘဲ အထူးသဖြင့် ဆော်ဒီ အာရေဗျကို ပြောင်းရွှေ့လိုခြင်းမရှိတာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ပရီးမီးယားလိဂ်ကနေ မက်မောလောက်ဖွယ် ကမ်းလှမ်းမှုတွေ ရှိနေပြီး လက်ရှိအချိန်မှာ ဘာစီလိုနာရဲ့ နီကို ဝီလီယံစ်ကို ခေါ်ယူဖို့ အစီအစဉ်ဟာ ရာဖင်ညာကြောင့် နှောင့်နှေးနေတဲ့အတွက် ဘရာဇီးလ်ကြယ်ပွင့်က စတေးခံရဖွယ်ရှိပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ဘာစီလိုနာဟာ ဒီေန႔ည ဆီဗီလာနဲ႔ ရာသီပိတ္ပြဲစဥ္အျဖစ္ ကစားသြားမွာျဖစ္ၿပီး နည္းျပ ဇာဗီအတြက္ ေနာက္ဆုံးတာဝန္ယူကိုင္တြယ္တဲ့ပြဲစဥ္ျဖစ္လာမွာျဖစ္သလို ကစားသမား ၅ ဦးအတြက္လည္း ေနာက္ဆုံးပြဲ ျဖစ္လာႏိုင္ပါတယ္။

လက္ရွိမွာေတာ့ အသင္း စီမံခန႔္ခြဲမႈဌာနက အနာဂတ္အေပၚမွာ အာ႐ုံစိုက္ေနၿပီျဖစ္ၿပီး ဘ႑ာေရးအၾကပ္အတည္း၊ ကစားသမားထြက္ခြာမႈေတြအပါအဝင္ အမ်ိဳးမ်ိဳးေသာ စိန္ေခၚမႈေတြကို ရင္ဆိုင္သြားဖို႔ ျပင္ဆင္ေနတာျဖစ္ပါတယ္။

ဘာစီလိုနာဟာ သိသာထင္ရွားတဲ့ ဘ႑ာေရးအခက္အခဲေတြနဲ႔ ရင္ဆိုင္ခဲ့ရတာေၾကာင့္ အသင္းရဲ႕ အဓိကကစားသမားအခ်ိဳ႕ကို မေရာင္းထုတ္ခ်င္ဘဲ ေရာင္းထုတ္ဖို႔ စဥ္းစားရေတာ့မွာျဖစ္ၿပီး ဒီေန႔ညပြဲမွာ ဘာစီလိုနာအတြက္ ေနာက္ဆုံးပါဝင္ကစားေပးတာျဖစ္လာႏိုင္တဲ့ကစားသမား ၅ ဦးအထိ ရွိေနပါတယ္။

ဂ်ာအို ဖဲလစၥ

ဂ်ာအို ဖဲလစၥရဲ႕ ဘာစီလိုနာက အနာဂတ္ဟာ မေရမရာျဖစ္ေနတယ္ဆိုတာ လွ်ိဳ႕ဝွက္ခ်က္ေတာ့မဟုတ္ဘဲ အက္သလက္တီကို မက္ဒရစ္ကေန အငွားနဲ႔ လာကစားေနတဲ့ ေပၚတူဂီၾကယ္ပြင့္ဟာ ရာသီကို အားေကာင္းတဲ့ပုံစံနဲ႔ စတင္ခဲ့ေပမယ္လည္း ရာသီၾကာလာေလ ပြဲထြက္ခြင့္ေပ်ာက္ဆုံးေလျဖစ္ခဲ့တာပါ။ ဘာစီလိုနာဟာ အက္သလက္တစ္ ဘီလ္ဘာအိုက နီကို ဝီလီယံစ္ကို ေခၚယူဖို႔ စိတ္ဝင္စားေနတာေၾကာင့္ ဖဲလစၥအေနနဲ႔ အသင္းမွာ ဆက္ေနလည္း ပြဲထြက္ခြင့္ေနရာက ေနာက္ပိုေရာက္ဖို႔ပဲ ရွိလာေတာ့မွာပါ။ ဒါ့အျပင္ ဖဲလစၥရဲ႕အနာဂတ္အတြက္ အက္သလက္တီကို မက္ဒရစ္နဲ႔ ေဆြးေႏြးမႈကလည္း ရႈပ္ေထြးေနၿပီး ဘာစီလိုနာကေတာ့ အခုအခ်ိန္မွာ ေပၚတူဂီၾကယ္ပြင့္ကို ေနာက္ထပ္ အငွားစာခ်ဳပ္နဲ႔ပဲ ထပ္ေခၚထားခ်င္ေပမယ့္ အက္သလက္တီကိုကေတာ့ မ်ားျပားတဲ့ ေျပာင္းေ႐ႊ႕ေၾကးေတာင္းၿပီး အၿပီးေရာင္းထုတ္ဖို႔ပဲ ဆႏၵရွိေနတာေၾကာင့္ ႏူးကမ့္မွာ ဖဲလစၥ ဆက္ရွိေနဖို႔က မျဖစ္ႏိုင္ေလာက္ေတာ့ပါဘူး။

ဂ်ာအို ကန္ဆယ္လို

မန္စီးတီးကေန အငွားနဲ႔ လာကစားေနတဲ့ ကန္ဆယ္လိုဟာ အေကာင္းအဆိုးေရာေထြးေနတဲ့ ရာသီကို ပိုင္ဆိုင္ခဲ့ၿပီး အခ်ိန္ေတာ္ေတာ္မ်ားမ်ားမွာ ေကာင္းေကာင္း စြမ္းေဆာင္ျပႏိုင္ခဲ့ေပမယ့္လည္း အေရးႀကီးတဲ့ပြဲေတြမွာ အမွားလုပ္ခဲ့တာေတြေၾကာင့္ သူ႔ရဲ႕အနာဂတ္ဟာ သံသယျဖစ္စရာျဖစ္လာခဲ့တာပါ။ ဘာစီလိုနာက မန္စီးတီးသာ ကန္ဆယ္လိုကို ျပန္မလာေလေကာင္းေလဆိုၿပီး သေဘာထားမယ္ဆိုရင္ေတာင္မွ အၿပီးသတ္ဝယ္ယူခြင့္ပါဝင္တဲ့ ေနာက္ထပ္ အငွားစာခ်ဳပ္နဲ႔ပဲ ဆက္ထိန္းသိမ္းထားခ်င္ေနေပမယ့္ မန္စီးတီးကေတာ့ အဲဒါကို သေဘာတူမွာမဟုတ္ဘဲ အၿပီးသတ္ပဲ ေခၚယူေစခ်င္မွာပါ။

ေရာ္နယ္ အာရာအူဟို

အာရာအူဟိုဟာ ဘာစီလိုနာအသင္းရဲ႕ အသင္းေခါင္းေဆာင္ေတြထဲကတစ္ဦးနဲ႔ အဓိကကစားသမားတစ္ဦးျဖစ္ေပမယ့္လည္း အနာဂတ္မေရမရာျဖစ္ေနၿပီး မန္ခ်က္စတာယူႏိုက္တက္ေရာ ဘိုင္ယန္ျမဴးနစ္ကပါ အသက္ ၂၅ ႏွစ္အ႐ြယ္ေနာက္ခံလူကို စိတ္ဝင္စားေၾကာင္း ျပသခဲ့တာ အခ်ိန္အေတာ္ၾကာခဲ့ပါၿပီ။ အခုအခ်ိန္မွာေတာ့ ဘာစီလိုနာဟာ စာခ်ဳပ္သက္တမ္းတိုးဖို႔ ကမ္းလွမ္းမႈကို မတုံ႔ျပန္ခဲ့တဲ့ အာရာအူဟိုကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔အတြက္ ႀကိဳးပမ္းမႈက ဘာမွ တိုးတက္မႈမရွိလာတာေၾကာင့္ အသင္းမွာ ဆက္ရွိေနဖို႔က မေသခ်ာေတာ့ပါဘူး။

ဖရန္ကီ ဒီယုံး

ဘာစီလိုနာဟာ ဒီေႏြရာသီမွာ ဖရန္ကီ ဒီယုံးအတြက္ ကမ္းလွမ္းမႈေတြကို လက္ခံသြားခ်င္ေနၿပီး ဒတ္ခ်္ကြင္းလယ္လူဟာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးဖို႔ စိတ္ဝင္စားျခင္းမရွိပုံေပၚၿပီး ဒီတိုင္းသာ ဆက္သြားေနမယ္ဆိုရင္ စိတ္ဝင္စားမႈ ဆက္ရွိေနေသးတဲ့ မန္ယူႏိုက္တက္နဲ႔ ဖလားတစ္လုံးမွ မရဘဲ ရာသီၿပီးဆုံးခဲ့ရလို႔ ေသြးသစ္ေလာင္း ေျပာင္းလဲမႈေတြ လုပ္ခ်င္ေနတဲ့ ဘိုင္ယန္ျမဴးနစ္တို႔ရဲ႕ ေခၚယူဖို႔ ႀကိဳးပမ္းျခင္းကို ခံရႏိုင္ပါတယ္။ ဒီယုံးဟာ ဘာစီလိုနာအတြက္ အေရးႀကီးတဲ့ကစားသမားျဖစ္ခဲ့ေပမယ့္လည္း သူ႔ရဲ႕ ေစ်းကြက္ေပါက္ေစ်းနဲ႔ စိတ္ဝင္စားတဲ့အသင္းေတြ မ်ားျပားေနတာေၾကာင့္ အသင္းရဲ႕ဘ႑ာေရးျပႆနာေတြကို ေျဖရွင္းဖို႔အတြက္ ေရာင္းထုတ္ခံရႏိုင္ပါတယ္။

ရာဖင္ညာ

ဘာစီလိုနာရဲ႕ နီကို ဝီလီယံစ္ကို စိတ္ဝင္စားေနမႈက ႏူးကမ့္က ရာဖင္ညာရဲ႕ အနာဂတ္နဲ႔ပတ္သက္ၿပီး ေကာလာဟလေတြ ထြက္ေပၚလာေစခဲ့ၿပီး ဒီရာသီမွာ ပုံမွန္စြမ္းေဆာင္ရည္ျပသခဲ့တဲ့ကစားသမားျဖစ္ခဲ့ေပမယ့္လည္း ဘရာဇီးလ္ၾကယ္ပြင့္ကို ေရာင္းထုတ္ၿပီး ေငြေၾကးရွာေဖြသြားဖို႔ ကတ္တလန္အသင္းက စဥ္းစားေနတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ရာဖင္ညာက ဘာစီလိုနာအသင္းကို စြန႔္ခြာလိုတဲ့ဆႏၵမရွိဘဲ အထူးသျဖင့္ ေဆာ္ဒီ အာေရဗ်ကို ေျပာင္းေ႐ႊ႕လိုျခင္းမရွိတာျဖစ္ပါတယ္။ တစ္ဖက္မွာလည္း ပရီးမီးယားလိဂ္ကေန မက္ေမာေလာက္ဖြယ္ ကမ္းလွမ္းမႈေတြ ရွိေနၿပီး လက္ရွိအခ်ိန္မွာ ဘာစီလိုနာရဲ႕ နီကို ဝီလီယံစ္ကို ေခၚယူဖို႔ အစီအစဥ္ဟာ ရာဖင္ညာေၾကာင့္ ေႏွာင့္ေႏွးေနတဲ့အတြက္ ဘရာဇီးလ္ၾကယ္ပြင့္က စေတးခံရဖြယ္ရွိပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.