International

အင်စတာဂရမ်အကောင့်ကို ယူကရိန်းဆရာဝန်ဆီ အံ့အားသင့်ဖွယ်လွှဲပြောင်းပေးခဲ့တဲ့ ဘက်ခမ်း

ဒေးဗစ် ဘက်ခမ်းရဲ့ အင်စတာဂရမ်အကောင့်ကို ယနေ့မှာ ယူကရိန်းနိုင်ငံမှာရှိတဲ့ ဆရာဝန်တစ်ဦးက ၎င်းတို့ရဲ့ ဆေးဘက်ဆိုင်ရာ အထောက်အကူပြုပစ္စည်းတွေနဲ့ပတ်သက်ပြီး ရုန်းကန်နေရတဲ့ အဖြစ်မှန်ကို ပြသဖို့အတွက် လွှဲပြောင်းရယူခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ဒေးဗစ် ဘက်ခမ်းက တုန်လှုပ်ခြောက်ခြားဖွယ်အခြေအနေမှာ အလုပ်လုပ်နေကြတဲ့ မယုံနိုင်ဖွယ်ကောင်းတဲ့လူတွေကို အားပေးထောက်ခံမှုတွေ ပြုလုပ်ကြဖို့ ၎င်းရဲ့ ပရိသတ်တွေကို လှိုက်လှိုက်လှဲလှဲ အသနားခံတဲ့ ဗီဒီယိုကို ထုတ်ပြန်ခဲ့ပါတယ်။ ဘက်ခမ်းက တနင်္ဂနွေနေ့မှာ ၎င်းရဲ့ လူမှုကွန်ရက်အကောင့်ကို လွှဲပြောင်းမပေးခင် ဒေသဆိုင်ရာ သားဖွားမီးယပ်ဌာနရဲ့ အကြီးအကဲနဲ့ ကလေးမေ့ဆေးဆရာဝန် အီရီနာကို ချီးကျူး ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ယူကရိန်းနိုင်ငံမှာ စစ်ပွဲ ပြင်းထန်နေချိန်အတွင်း ခါကိဗ်မြို့က မွေးကင်းစကလေးငယ်တွေနဲ့ မိခင်တွေကို ပြုစုစောင့်ရှောက်ပေးနေရတဲ့ သူမရဲ့ အခက်အခဲတွေကို နှလုံးလှ ဆရာဝန်က အသေးစိတ် ပြောကြားခဲ့တာဖြစ်ပါတယ်။ အီရီနာက ပြင်းထန်တဲ့ ပဋိပက္ခစတင်တဲ့ ပထမဆုံးနေ့မှာပဲ ကိုယ်ဝန်ဆောင်အမျိုးသမီးများနဲ့ မိခင်တွေကို မြေအောက်ခန်းကို ရွှေ့ပြောင်းနေရာချပေးခဲ့ရပုံကို ပြောကြားခဲ့ပါတယ်။

“အဲဒါက ကျွန်မတို့ အတူတူ အချိန်ကုန်ဆုံးခဲ့ရတဲ့ ကြောက်မက်ဖွယ် ၃ နာရီဖြစ်ခဲ့ပါတယ်။ ကံဆိုးစွာနဲ့ ကျွန်မတို့ အသက်ကယ်ကိရိယာတွေအပေါ် မှီခိုနေရတဲ့ အထူးကြပ်မတ်ကုသဆောင်မှာရှိနေတဲ့ ကလေးငယ်လေးတွေကို မြေအောက်ခန်းကို မခေါ်ဆောင်နိုင်ခဲ့ပါဘူး”

“ပထမဆုံးဖြစ်တဲ့နေ့က အခက်ခဲဆုံးဖြစ်ခဲ့ပါတယ်။ ကျွန်မတို့ ဗုံးကြဲတိုက်ခိုက်မှုတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေကြားထဲမှာ ဘယ်လိုအလုပ်လုပ်ရမလဲဆိုတာကို သင်ယူခဲ့ရပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့ ဗီဒီယိုဖိုင်ထဲမှာ ခနော်နီ ခနော်နဲ့ မြေအောက်ခန်းကို မီးဖွားပြီးခါစ မိခင်သစ်တွေနဲ့ မိခင်လောင်းတွေအတွက် စစ်ဘေးရှောင်စခန်းအဖြစ် ပြောင်းလဲထားတဲ့မြင်ကွင်းကို ပြသထားပါတယ်။

ယူကရိန်းနိုင်ငံတလွှားမှာရှိတဲ့ သားဖွားဆေးရုံတွေကို ပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်ခဲ့တဲ့အတွက် ကမ္ဘာက ထိတ်လန့် တုန်လှုပ်ခဲ့ရပြီး ယူကရိန်းသမ္မတ ဇီလန်းစကီးက ဒီလို ထိခိုက်လွယ်တဲ့ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေကို ပစ်မှတ်ထားပြီး ရက်စက်ကြမ်းကြုတ်တဲ့တိုက်ခိုက်မှုတွေ ပြုလုပ်နေတာဟာ လူမျိုးတုန်းသတ်ဖြတ်တဲ့လုပ်ရပ်လို့ ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

အီရီနာက သူမအနေနဲ့ ဆေးရုံအကြီးအကဲ၊ ကလေးမေ့ဆေးအထူးကုဆရာဝန်အဖြစ်အပြင် ထောက်ပံ့ပို့ဆောင်ရေးကို စီမံခန့်ခွဲပေးရပြီး လူနာတွေကို စိတ်ပိုင်းဆိုင်ရာအားပေးမှုတွေ ပြုလုပ်ရင်း ဆေးရုံမှာ တစ်နေ့လုံး ဇယ်ဆက်သလို အလုပ်လုပ်နေရတယ်လို့ ပြောကြားခဲ့ပါတယ်။

ပြီးတဲ့နောက်မှာ အီရီနာက ယာနာနဲ့ သူမရဲ့ မွေးကင်းစကလေးငယ် သားယောကျ်ားလေး မိုင်ခေလိုလို့ အမည်ရတဲ့ သားအမိ ၂ ဦးရဲ့ ရင်နင့်ဖွယ်ရာ ဇာတ်လမ်းကိုလည်း မျှဝေပေးခဲ့ပြီး သနားဂရုဏာသက်ဖွယ်ကောင်းတဲ့ သားငယ်လေးဟာ စစ်ပွဲ ဒုတိယမြောက်နေ့မှာ အသက်ရှူရခက်တဲ့ပြသနာနဲ့အတူ မွေးဖွားလာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“သူက အခုတော့ အခြေအနေပိုကောင်းလာပါပြီ။ ဒါပေမယ့် သူတို့မိသားစုရဲ့အိမ်ဟာ ဖျက်ဆီးခံလိုက်ရပြီဖြစ်တာကြောင့် သူတို့ ပြန်သွားစရာအိမ်မရှိတော့ပါဘူး။ အသက်ရှူစက်တွေကို ကျွန်မတို့ မြေအောက်ခန်းထဲက ကလေးငယ်တွေအတွက် အောက်ဆီဂျင်ထောက်ပံ့ကူညီပေးတဲ့ ယူနီဆက်ဖ်ကနေ လက်ခံရရှိခဲ့ပါတယ်။ ကျွန်မတို့အနေနဲ့ ကိုယ့်အသက်ကို စွန့်စားနေတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ကျွန်မတို့ အဲဒီအကြောင်းကို လုံးဝ မတွေးခဲ့ပါဘူး။ ကျွန်မတို့ရဲ့အလုပ်ကို ကျွန်မတို့ ချစ်မြတ်နိုးတယ်”လို့ အီရီနာက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

လူမှုကွန်ရက်အသုံးပြုသူများဟာ ရဲစွမ်းသတ္တိရှိလှတဲ့ ကလေးမေ့ဆေးဆရာဝန် အီရီနာနဲ့ ဒီလှုပ်ရှားမှုနောက်ကွယ်မှာ ကူညီပံ့ပိုးပေးခဲ့တဲ့ ဒေးဗစ် ဘက်ခမ်းတို့ကို ချီးကျူးတဲ့ မှတ်ချက်ပေါင်းများစွာကို ရေးသားခဲ့ကြပါတယ်။

ကလေး ၄ ယောက်ဖခင် ဒေးဗစ် ဘက်ခမ်းနဲ့ ဇနီးဖြစ်သူ ဗစ်တိုးရီးယားတို့ဟာ ယူနီဆက်ဖ်က စစ်ဒဏ်သင့်နေတဲ့ တိုင်းပြည်အတွက် အရေးပေါ် အကူအညီတောင်းခံမှုတွေ ပြုလုပ်ချိန်မှာ အစောပိုင်းတုန်းက ယူကရိန်းပြည်သူတွေအတွက် စတာလင်ပေါင် ၁ သန်းကို လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ဂန္တဝင်ကွင်းလယ်ကစားသမားဟာ ၂၀၀၅ ခုနှစ်မှာ ယူနီဆက်ဖ်ရဲ့ သံတမန်တစ်ဦးဖြစ်လာခဲ့သူဖြစ်ပြီး ၎င်းရဲ့ အင်စတာဂရမ်က ပရိသတ်ပေါင်း ၇၁.၂ သန်းကို မြေပြင်မှာ အရေးကြီးတဲ့အလုပ်တွေ လုပ်ဆောင်ဖို့ ရန်ပုံငွေ ထည့်ဝင်ကူညီပေးကြဖို့အတွက် အကူအညီတောင်းခံခဲ့တာဖြစ်ပါတယ်။

ဒေးဗစ် ဘက်ခမ်းဟာ ယူနီဆက်ဖ်အတွက် ၁၇ နှစ်ကြာ သံတမန်အဖြစ် ဆောင်ရွက်ပေးခဲ့သူဖြစ်ပြီး ပေးအပ်လာတဲ့တာဝန်တွေကို လူသိရှင်ကြားရော၊ လျှို့ဝှက်ပြီးပါ မနားမနေ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ေဒးဗစ္ ဘက္ခမ္းရဲ့ အင္စတာဂရမ္အေကာင့္ကို ယေန႔မွာ ယူကရိန္းနိုင္ငံမွာရွိတဲ့ ဆရာဝန္တစ္ဦးက ၎တို႔ရဲ့ ေဆးဘက္ဆိုင္ရာ အေထာက္အကူျပဳပစၥည္းေတြနဲ႔ပတ္သက္ၿပီး ႐ုန္းကန္ေနရတဲ့ အျဖစ္မွန္ကို ျပသဖို႔အတြက္ လႊဲေျပာင္းရယူခဲ့ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ဂႏၲဝင္ ေဒးဗစ္ ဘက္ခမ္းက တုန္လႈပ္ေျခာက္ျခားဖြယ္အေျခအေနမွာ အလုပ္လုပ္ေနၾကတဲ့ မယုံနိုင္ဖြယ္ေကာင္းတဲ့လူေတြကို အားေပးေထာက္ခံမႈေတြ ျပဳလုပ္ၾကဖို႔ ၎ရဲ့ ပရိသတ္ေတြကို လွိုက္လွိုက္လွဲလွဲ အသနားခံတဲ့ ဗီဒီယိုကို ထုတ္ျပန္ခဲ့ပါတယ္။ ဘက္ခမ္းက တနဂၤေႏြေန႔မွာ ၎ရဲ့ လူမႈကြန္ရက္အေကာင့္ကို လႊဲေျပာင္းမေပးခင္ ေဒသဆိုင္ရာ သားဖြားမီးယပ္ဌာနရဲ့ အႀကီးအကဲနဲ႔ ကေလးေမ့ေဆးဆရာဝန္ အီရီနာကို ခ်ီးက်ဴး ေျပာဆိုမႈေတြ ျပဳလုပ္ခဲ့ပါတယ္။

ယူကရိန္းနိုင္ငံမွာ စစ္ပြဲ ျပင္းထန္ေနခ်ိန္အတြင္း ခါကိဗ္ၿမိဳ႕က ေမြးကင္းစကေလးငယ္ေတြနဲ႔ မိခင္ေတြကို ျပဳစုေစာင့္ေရွာက္ေပးေနရတဲ့ သူမရဲ့ အခက္အခဲေတြကို ႏွလုံးလွ ဆရာဝန္က အေသးစိတ္ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ အီရီနာက ျပင္းထန္တဲ့ ပဋိပကၡစတင္တဲ့ ပထမဆုံးေန႔မွာပဲ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးမ်ားနဲ႔ မိခင္ေတြကို ေျမေအာက္ခန္းကို ေရႊ႕ေျပာင္းေနရာခ်ေပးခဲ့ရပုံကို ေျပာၾကားခဲ့ပါတယ္။

“အဲဒါက ကၽြန္မတို႔ အတူတူ အခ်ိန္ကုန္ဆုံးခဲ့ရတဲ့ ေၾကာက္မက္ဖြယ္ ၃ နာရီျဖစ္ခဲ့ပါတယ္။ ကံဆိုးစြာနဲ႔ ကၽြန္မတို႔ အသက္ကယ္ကိရိယာေတြအေပၚ မွီခိုေနရတဲ့ အထူးၾကပ္မတ္ကုသေဆာင္မွာရွိေနတဲ့ ကေလးငယ္ေလးေတြကို ေျမေအာက္ခန္းကို မေခၚေဆာင္နိုင္ခဲ့ပါဘူး”

“ပထမဆုံးျဖစ္တဲ့ေန႔က အခက္ခဲဆုံးျဖစ္ခဲ့ပါတယ္။ ကၽြန္မတို႔ ဗုံးၾကဲတိုက္ခိုက္မႈေတြ၊ ေလေၾကာင္းတိုက္ခိုက္မႈေတြၾကားထဲမွာ ဘယ္လိုအလုပ္လုပ္ရမလဲဆိုတာကို သင္ယူခဲ့ရပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။ ရင္ခုန္စိတ္လႈပ္ရွားစရာေကာင္းတဲ့ ဗီဒီယိုဖိုင္ထဲမွာ ခေနာ္နီ ခေနာ္နဲ႔ ေျမေအာက္ခန္းကို မီးဖြားၿပီးခါစ မိခင္သစ္ေတြနဲ႔ မိခင္ေလာင္းေတြအတြက္ စစ္ေဘးေရွာင္စခန္းအျဖစ္ ေျပာင္းလဲထားတဲ့ျမင္ကြင္းကို ျပသထားပါတယ္။

ယူကရိန္းနိုင္ငံတလႊားမွာရွိတဲ့ သားဖြားေဆး႐ုံေတြကို ျပင္းထန္တဲ့ ေလေၾကာင္းတိုက္ခိုက္မႈ ဆက္တိုက္ ျပဳလုပ္ခဲ့တဲ့အတြက္ ကမၻာက ထိတ္လန႔္ တုန္လႈပ္ခဲ့ရၿပီး ယူကရိန္းသမၼတ ဇီလန္းစကီးက ဒီလို ထိခိုက္လြယ္တဲ့ အမ်ိဳးသမီးေတြနဲ႔ ကေလးငယ္ေတြကို ပစ္မွတ္ထားၿပီး ရက္စက္ၾကမ္းၾကဳတ္တဲ့တိုက္ခိုက္မႈေတြ ျပဳလုပ္ေနတာဟာ လူမ်ိဳးတုန္းသတ္ျဖတ္တဲ့လုပ္ရပ္လို႔ ျပစ္တင္ရႈတ္ခ်ခဲ့ပါတယ္။

အီရီနာက သူမအေနနဲ႔ ေဆး႐ုံအႀကီးအကဲ၊ ကေလးေမ့ေဆးအထူးကုဆရာဝန္အျဖစ္အျပင္ ေထာက္ပံ့ပို႔ေဆာင္ေရးကို စီမံခန႔္ခြဲေပးရၿပီး လူနာေတြကို စိတ္ပိုင္းဆိုင္ရာအားေပးမႈေတြ ျပဳလုပ္ရင္း ေဆး႐ုံမွာ တစ္ေန႔လုံး ဇယ္ဆက္သလို အလုပ္လုပ္ေနရတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ၿပီးတဲ့ေနာက္မွာ အီရီနာက ယာနာနဲ႔ သူမရဲ့ ေမြးကင္းစကေလးငယ္ သားေယာက်္ားေလး မိုင္ေခလိုလို႔ အမည္ရတဲ့ သားအမိ ၂ ဦးရဲ့ ရင္နင့္ဖြယ္ရာ ဇာတ္လမ္းကိုလည္း မၽွေဝေပးခဲ့ၿပီး သနားဂ႐ုဏာသက္ဖြယ္ေကာင္းတဲ့ သားငယ္ေလးဟာ စစ္ပြဲ ဒုတိယေျမာက္ေန႔မွာ အသက္ရႉရခက္တဲ့ျပသနာနဲ႔အတူ ေမြးဖြားလာခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

“သူက အခုေတာ့ အေျခအေနပိုေကာင္းလာပါၿပီ။ ဒါေပမယ့္ သူတို႔မိသားစုရဲ့အိမ္ဟာ ဖ်က္ဆီးခံလိုက္ရၿပီျဖစ္တာေၾကာင့္ သူတို႔ ျပန္သြားစရာအိမ္မရွိေတာ့ပါဘူး။ အသက္ရႉစက္ေတြကို ကၽြန္မတို႔ ေျမေအာက္ခန္းထဲက ကေလးငယ္ေတြအတြက္ ေအာက္ဆီဂ်င္ေထာက္ပံ့ကူညီေပးတဲ့ ယူနီဆက္ဖ္ကေန လက္ခံရရွိခဲ့ပါတယ္။ ကၽြန္မတို႔အေနနဲ႔ ကိုယ့္အသက္ကို စြန႔္စားေနတာ ျဖစ္ေကာင္းျဖစ္ပါလိမ့္မယ္။ ဒါေပမယ့္ ကၽြန္မတို႔ အဲဒီအေၾကာင္းကို လုံးဝ မေတြးခဲ့ပါဘူး။ ကၽြန္မတို႔ရဲ့အလုပ္ကို ကၽြန္မတို႔ ခ်စ္ျမတ္နိုးတယ္”လို႔ အီရီနာက ထပ္ေလာင္း ေျပာၾကားခဲ့ပါတယ္။

လူမႈကြန္ရက္အသုံးျပဳသူမ်ားဟာ ရဲစြမ္းသတၱိရွိလွတဲ့ ကေလးေမ့ေဆးဆရာဝန္ အီရီနာနဲ႔ ဒီလႈပ္ရွားမႈေနာက္ကြယ္မွာ ကူညီပံ့ပိုးေပးခဲ့တဲ့ ေဒးဗစ္ ဘက္ခမ္းတို႔ကို ခ်ီးက်ဴးတဲ့ မွတ္ခ်က္ေပါင္းမ်ားစြာကို ေရးသားခဲ့ၾကပါတယ္။

ကေလး ၄ ေယာက္ဖခင္ ေဒးဗစ္ ဘက္ခမ္းနဲ႔ ဇနီးျဖစ္သူ ဗစ္တိုးရီးယားတို႔ဟာ ယူနီဆက္ဖ္က စစ္ဒဏ္သင့္ေနတဲ့ တိုင္းျပည္အတြက္ အေရးေပၚ အကူအညီေတာင္းခံမႈေတြ ျပဳလုပ္ခ်ိန္မွာ အေစာပိုင္းတုန္းက ယူကရိန္းျပည္သူေတြအတြက္ စတာလင္ေပါင္ ၁ သန္းကို လႉဒါန္းေပးခဲ့တာျဖစ္ပါတယ္။ မန္ခ်က္စတာယူနိုက္တက္ဂႏၲဝင္ကြင္းလယ္ကစားသမားဟာ ၂၀၀၅ ခုႏွစ္မွာ ယူနီဆက္ဖ္ရဲ့ သံတမန္တစ္ဦးျဖစ္လာခဲ့သူျဖစ္ၿပီး ၎ရဲ့ အင္စတာဂရမ္က ပရိသတ္ေပါင္း ၇၁.၂ သန္းကို ေျမျပင္မွာ အေရးႀကီးတဲ့အလုပ္ေတြ လုပ္ေဆာင္ဖို႔ ရန္ပုံေငြ ထည့္ဝင္ကူညီေပးၾကဖို႔အတြက္ အကူအညီေတာင္းခံခဲ့တာျဖစ္ပါတယ္။

ေဒးဗစ္ ဘက္ခမ္းဟာ ယူနီဆက္ဖ္အတြက္ ၁၇ ႏွစ္ၾကာ သံတမန္အျဖစ္ ေဆာင္ရြက္ေပးခဲ့သူျဖစ္ၿပီး ေပးအပ္လာတဲ့တာဝန္ေတြကို လူသိရွင္ၾကားေရာ၊ လၽွို႔ဝွက္ၿပီးပါ မနားမေန လုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.