International

ပြီးခဲ့တဲ့ ၁၀ စုနှစ်အတွင်း လူမုန်းအများဆုံး ဘောလုံးကစားသမား ၅ ဦး

ဘောလုံးအားကစားဟာ လှပတဲ့ ပြိုင်ပွဲတစ်ခုဖြစ်ပြီး အဲဒီပြိုင်ပွဲထဲက ကစားသမားတွေဟာ ကမ္ဘာတလွှားက ပရိသတ်တွေရဲ့ ချစ်ခင်မြတ်နိုးခြင်းကို ခံရသူတွေ ဖြစ်ကြပါတယ်။

ဒါပေမယ့်လည်း ကစားသမားအချို့ဟာ ပရော်ဖက်ရှင်နယ် မပီသမှု၊ လူမျိုးရေးခွဲခြားမှု၊ စိတ်ဓာတ်မကောင်းမွန်မှု၊ မနာလိုစရာကောင်းလောက်အောင် ခြေစွမ်းကောင်းမွန်မှုတို့ကြောင့် လူမုန်းလည်း ခံရတာမျိုး ရှိပါတယ်။ ပြီးခဲ့တဲ့ ၁၀ စုနှစ်တစ်ခုအတွင်း ကမ္ဘာ့အဆင့် ကစားသမားအများအပြား ပေါ်ထွက်ခဲ့သလို လူမုန်းအများဆုံးကစားသမားတွေလည်း ပေါ်ထွက်ခဲ့ပြီး အဲဒီလို လူမုန်းအခံရဆုံးကစားသမားတွေထဲက ၅ ဦးကို ဖော်ပြပေးလိုက်ပါတယ်။

၁။ လူးဝစ္စ ဆွာရက်ဇ်

ဆွာရက်ဇ်လို့ ပြောလိုက်တာနဲ့ အဆုံးသတ်ပိုင်းကောင်းမွန်ပြီး ပါရမီရှိတဲ့ကစားသမားဆိုတာထက် ပြိုင်ဘက်ကစားသမားတွေကို ကိုက်တာ၊ ဟန်ဆောင်ဒိုင်ဗင်ထိုးတာ စတဲ့မကောင်းတဲ့အချက်တွေကို အရင်ဆုံးပြေးမြင်မိကြမှာဖြစ်ပါတယ်။ ဆွာရက်ဇ်ဟာ ၂၀၁၂ ခုနှစ်တုန်းက မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးလ်အသင်းတို့ကြား ပြင်းထန်တဲ့ပြိုင်ဆိုင်မှုရှိပြီးသားအခြေအနေကို ပိုမိုပြင်းထန်အောင် ပြုလုပ်ခဲ့တဲ့အတွက် တာဝန်ရှိသူဖြစ်ပြီး ပက်ထရစ် အီဗရာကို နောက်ထပ်တစ်ကြိမ် ပြန်လည်တွေ့ဆုံရာမှာ လူမျိုးရေးခွဲခြားပြီး လက်ဆွဲနှုတ်ဆက်ဖို့ ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆွာရက်ဇ်ဟာ ဘာစီလိုနာအသင်းမှာ ပိုမိုကောင်းမွန်တဲ့ ကစားသမားဖြစ်လာခဲ့ပြီး ပြိုင်ဘက်ကစားသမားတွေကို ပရီးမီးယားလိဂ်မှာတုန်းကလောက် ဒုက္ခပေးတာ သိပ်မရှိတော့တာဖြစ်ပါတယ်။

၂။ ဂျွန် တယ်ရီ

ဂျွန် တယ်ရီလို့ ပြောလိုက်တာနဲ့ ချဲလ်ဆီးအသင်းခေါင်းဆောင်လက်ပတ်နဲ့အတူ ခေါင်းဆောင်မှုအရည်အချင်းအပြည့်နဲ့ ခံစစ်တံတိုင်းကြီးသဖွယ် ကာရံထားနိုင်သူလို့ ဘောလုံးပရိသတ်တွေ မှတ်မိနေကြမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ၎င်းရဲ့ အကျင့်စရိုက်နဲ့ပတ်သက်ပြီးတော့ စိတ်ကသိကအောက်ဖြစ်စရာများစွာရှိနေပြီး တယ်ရီဟာ အိမ်ထောင်ရေးဖောက်ပြန်မှုကနေ ကိုယ်ဝန်ဖျက်ချတဲ့အထိ လူ့ကျင့်ဝတ်ချိုးဖောက်တဲ့ ဖြစ်ရပ်များစွာမှာ ပါဝင်ပတ်သက်ခဲ့ပြီး ၎င်းရဲ့ ပုံရိပ်ကို သန့်ရှင်းအောင် ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်ရဦးမှာဖြစ်ပါတယ်။ အင်္ဂလန်အသင်းဖော် ရီယို ဖာဒီနန်ရဲ့ ညီ အန်တန် ဖာဒီနန်ကို လူမျိုးရေးခွဲခြားမှုကြောင့် အက်ဖ်အေရဲ့ ကြီးလေးတဲ့ ဒဏ်ငွေပြစ်ဒဏ်နဲ့အတူ အဲဒီအရှုပ်တော်ပုံအပြီးမှာ အင်္ဂလန်လူစာရင်းကနေ နုတ်ထွက်ခဲ့တာဖြစ်ပါတယ်။

၃။ ဂျိုဝီ ဘာတန်

ကျူပီအာ ကွင်းလယ်လူဟာ ဘောလုံးသမားတစ်ယောက်အနေနဲ့ အရည်အချင်း အရမ်းကြီးရှိသူမဟုတ်သလို အသင်းရဲ့အဓိကအစိတ်အပိုင်းလည်း မဟုတ်ပေမယ့်လည်း သတင်းခေါင်းစည်းတွေမှာ မကောင်းသတင်းနဲ့ ကျော်ဇောခဲ့သူဖြစ်ပါတယ်။ ဂျိုဝီ ဘာတန်ဟာ မန်ချက်စတာယူနိုက်တက်ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်နဲ့ပတ်သက်ပြီး လေးစားမှုမရှိတဲ့ မှတ်ချက်၊ ရွိုင်း ဟော့ဒ်ဆန်ရဲ့ စီမံခန့်ခွဲမှုစွမ်းရည်နဲ့ပတ်သက်ပြီး နောင်တရခြင်းမရှိတဲ့ အမြင်၊ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း အငြင်းပွားစရာတွေနဲ့ပဲ အဆုံးသတ်စေခဲ့တဲ့ တွစ်တာက ပို့စ်တွေကြောင့် သတင်းခေါင်းစည်းတွေမှာ နေရာယူနိုင်ခဲ့ပါတယ်။ ဘာတန်ရဲ့ လောကကြီးကို အဆိုးမြင်ပြီး ဂျစ်ကန်ကန် ရှုမြင်တတ်တဲ့အကျင့်က သေရာပါသွားမယ့်ပုံပါပဲ။

၄။ ပီပီ

ရီးရဲလ်မက်ဒရစ်နောက်ခံလူဟောင်းဟာ ဖဲသမားတွေထက်တောင် ကတ်တွေကို ပိုမြင်ဖူးတဲ့သူဖြစ်ပြီး ဥရောပမှာမဟုတ်ရင်တောင် စပိန်မှာတော့ လူမုန်းအများဆုံးသူဖြစ်ပါတယ်။ ပီပီဟာ ၎င်းရဲ့ အဆင်အခြင်မဲ့ ဖျက်ထုတ်မှုနဲ့ အယ်လ်ကလက်စီကို ပွဲတစ်ပွဲမှာ မက်ဆီကို ပရော်ဖက်ရှင်နယ်မပီသတဲ့အပြုအမူအချို့ လုပ်ဆောင်ခဲ့တဲ့အတွက် ဘာစီလိုနာပရိသတ်တွေအားလုံး အသေသတ်ချင်တဲ့သူဖြစ်ခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာတောင် သောမတ်စ် မူလာကို ပြင်းထန်လွန်းတဲ့ ဖျက်ထုတ်မှုနဲ့ အနီကတ် ရယူပြီး ဂျာမန်ပရိသတ်တွေရဲ့ အော့နှလုံးနာခြင်းကို ခံယူခဲ့သူဖြစ်ပါတယ်။ ပေါ်တူဂီဝါရင့်နောက်ခံလူဟာ လက်ရှိ ပေါ်တိုအသင်းအတွက် ကစားပေးနေပြီး မကြာခဏ ပေါ်တူဂီလိဂ်မှာ ဖြစ်ပွားနေတဲ့ ရန်ပွဲကြီးတွေရဲ့ ဗဟိုချက်အဖြစ် ပါဝင်နေတာကြောင့် သေတောင် အချိုးပြင်မယ့်သူမျိုးမဟုတ်ဘူးလို့ ပြောရင် လွန်မယ်မထင်ပါဘူး။

၅။ ဇလာတန် အီဘရာဟီမိုဗစ်

ဆွီဒင်ဝါရင့်တိုက်စစ်မှူးဟာ ကွင်းအတွင်းမှာ စောင့်ကြည့်ရမယ့် အလှတစ်ပါးဖြစ်ပေမယ့် ၎င်းရဲ့စကားလုံးတွေက အလှဆုံးပန်းပွင့်တွေထက်တောင် ပိုလှတယ်လို့ ဆိုနိုင်ပါတယ်။ အီဘရာဟီမိုဗစ်ရဲ့ ကိုယ်တိုင်ရေး အထ္ထုပတ္တိဖြစ်တဲ့ ‘I Am Zlatan Ibrahimovic’စာအုပ်မှာ ဆွီဒင်တိုက်စစ်မှူးရဲ့ မောက်မာမှုကို အပြည့်အဝမြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ အဲဒီစာအုပ်ထဲမှာ အာဆင်နယ်အသင်းနဲ့ အစမ်းလေ့ကျင့်ရေးမလုပ်ချင်လို့ ငြင်းခဲ့တာ၊ ဘာစီလိုနာနည်းပြဟောင်း ဂွါဒီယိုလာနဲ့ နူးကမ့်မှာတုန်းက ရန်ဖြစ်ပြီး အသင်းရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဂရုမစိုက်တာ စတဲ့အရာတွေကို ထည့်သွင်းရေးသားထားတာဖြစ်ပါတယ်။ အေစီမီလန်ဝါရင့်တိုက်စစ်မှူးကြီးဟာ အနိုင်ကျင့်တတ်သူအဖြစ်လည်း စွပ်စွဲခံခဲ့ရပြီး ပီအက်စ်ဂျီဒါရိုက်တာ လီယိုနာဒိုကို ပွဲအတွင်းမှာ အော်ဟစ်နေခဲ့တာကိုလည်း ဗီဒီယိုရိုက်ကူးခြင်းခံခဲ့ရတာဖြစ်ပါတယ်။ ဘောလုံးပရိသတ်တွေဟာ အီဘရာဟီမိုဗစ်ရဲ့ ဘောလုံးစွမ်းရည်နဲ့ တော်ကီကြွယ်မှုကြောင့် နှစ်သက်ကြပြီး အခုထက်ပိုပြီး လူသားဆန်လာရင် ပိုလို့တောင် ချစ်ခင်ကြဦးမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ေဘာလုံးအားကစားဟာ လွပတဲ့ ၿပိဳင္ပြဲတစ္ခုျဖစ္ၿပီး အဲဒီၿပိဳင္ပြဲထဲက ကစားသမားေတြဟာ ကမၻာတလႊားက ပရိသတ္ေတြရဲ့ ခ်စ္ခင္ျမတ္နိုးျခင္းကို ခံရသူေတြ ျဖစ္ၾကပါတယ္။

ဒါေပမယ့္လည္း ကစားသမားအခ်ိဳ႕ဟာ ပေရာ္ဖက္ရွင္နယ္ မပီသမႈ၊ လူမ်ိဳးေရးခြဲျခားမႈ၊ စိတ္ဓာတ္မေကာင္းမြန္မႈ၊ မနာလိုစရာေကာင္းေလာက္ေအာင္ ေျခစြမ္းေကာင္းမြန္မႈတို႔ေၾကာင့္ လူမုန္းလည္း ခံရတာမ်ိဳး ရွိပါတယ္။ ၿပီးခဲ့တဲ့ ၁၀ စုႏွစ္တစ္ခုအတြင္း ကမၻာ့အဆင့္ ကစားသမားအမ်ားအျပား ေပၚထြက္ခဲ့သလို လူမုန္းအမ်ားဆုံးကစားသမားေတြလည္း ေပၚထြက္ခဲ့ၿပီး အဲဒီလို လူမုန္းအခံရဆုံးကစားသမားေတြထဲက ၅ ဦးကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ လူးဝစၥ ဆြာရက္ဇ္

ဆြာရက္ဇ္လို႔ ေျပာလိုက္တာနဲ႔ အဆုံးသတ္ပိုင္းေကာင္းမြန္ၿပီး ပါရမီရွိတဲ့ကစားသမားဆိုတာထက္ ၿပိဳင္ဘက္ကစားသမားေတြကို ကိုက္တာ၊ ဟန္ေဆာင္ဒိုင္ဗင္ထိုးတာ စတဲ့မေကာင္းတဲ့အခ်က္ေတြကို အရင္ဆုံးေျပးျမင္မိၾကမွာျဖစ္ပါတယ္။ ဆြာရက္ဇ္ဟာ ၂၀၁၂ ခုႏွစ္တုန္းက မန္ခ်က္စတာယူနိုက္တက္နဲ႔ လီဗာပူးလ္အသင္းတို႔ၾကား ျပင္းထန္တဲ့ၿပိဳင္ဆိုင္မႈရွိၿပီးသားအေျခအေနကို ပိုမိုျပင္းထန္ေအာင္ ျပဳလုပ္ခဲ့တဲ့အတြက္ တာဝန္ရွိသူျဖစ္ၿပီး ပက္ထရစ္ အီဗရာကို ေနာက္ထပ္တစ္ႀကိမ္ ျပန္လည္ေတြ႕ဆုံရာမွာ လူမ်ိဳးေရးခြဲျခားၿပီး လက္ဆြဲႏႈတ္ဆက္ဖို႔ ျငင္းပယ္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဆြာရက္ဇ္ဟာ ဘာစီလိုနာအသင္းမွာ ပိုမိုေကာင္းမြန္တဲ့ ကစားသမားျဖစ္လာခဲ့ၿပီး ၿပိဳင္ဘက္ကစားသမားေတြကို ပရီးမီးယားလိဂ္မွာတုန္းကေလာက္ ဒုကၡေပးတာ သိပ္မရွိေတာ့တာျဖစ္ပါတယ္။

၂။ ဂၽြန္ တယ္ရီ

ဂၽြန္ တယ္ရီလို႔ ေျပာလိုက္တာနဲ႔ ခ်ဲလ္ဆီးအသင္းေခါင္းေဆာင္လက္ပတ္နဲ႔အတူ ေခါင္းေဆာင္မႈအရည္အခ်င္းအျပည့္နဲ႔ ခံစစ္တံတိုင္းႀကီးသဖြယ္ ကာရံထားနိုင္သူလို႔ ေဘာလုံးပရိသတ္ေတြ မွတ္မိေနၾကမွာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ၎ရဲ့ အက်င့္စရိုက္နဲ႔ပတ္သက္ၿပီးေတာ့ စိတ္ကသိကေအာက္ျဖစ္စရာမ်ားစြာရွိေနၿပီး တယ္ရီဟာ အိမ္ေထာင္ေရးေဖာက္ျပန္မႈကေန ကိုယ္ဝန္ဖ်က္ခ်တဲ့အထိ လူ႔က်င့္ဝတ္ခ်ိဳးေဖာက္တဲ့ ျဖစ္ရပ္မ်ားစြာမွာ ပါဝင္ပတ္သက္ခဲ့ၿပီး ၎ရဲ့ ပုံရိပ္ကို သန႔္ရွင္းေအာင္ ျပင္းျပင္းထန္ထန္ ႀကိဳးစားအားထုတ္ရဦးမွာျဖစ္ပါတယ္။ အဂၤလန္အသင္းေဖာ္ ရီယို ဖာဒီနန္ရဲ့ ညီ အန္တန္ ဖာဒီနန္ကို လူမ်ိဳးေရးခြဲျခားမႈေၾကာင့္ အက္ဖ္ေအရဲ့ ႀကီးေလးတဲ့ ဒဏ္ေငြျပစ္ဒဏ္နဲ႔အတူ အဲဒီအရႈပ္ေတာ္ပုံအၿပီးမွာ အဂၤလန္လူစာရင္းကေန ႏုတ္ထြက္ခဲ့တာျဖစ္ပါတယ္။

၃။ ဂ်ိဳဝီ ဘာတန္

က်ဴပီအာ ကြင္းလယ္လူဟာ ေဘာလုံးသမားတစ္ေယာက္အေနနဲ႔ အရည္အခ်င္း အရမ္းႀကီးရွိသူမဟုတ္သလို အသင္းရဲ့အဓိကအစိတ္အပိုင္းလည္း မဟုတ္ေပမယ့္လည္း သတင္းေခါင္းစည္းေတြမွာ မေကာင္းသတင္းနဲ႔ ေက်ာ္ေဇာခဲ့သူျဖစ္ပါတယ္။ ဂ်ိဳဝီ ဘာတန္ဟာ မန္ခ်က္စတာယူနိုက္တက္ဂႏၲဝင္နည္းျပႀကီး ဆာအဲလက္စ္ ဖာဂူဆန္နဲ႔ပတ္သက္ၿပီး ေလးစားမႈမရွိတဲ့ မွတ္ခ်က္၊ ရြိဳင္း ေဟာ့ဒ္ဆန္ရဲ့ စီမံခန႔္ခြဲမႈစြမ္းရည္နဲ႔ပတ္သက္ၿပီး ေနာင္တရျခင္းမရွိတဲ့ အျမင္၊ ၿပီးခဲ့တဲ့ ႏွစ္အနည္းငယ္အတြင္း အျငင္းပြားစရာေတြနဲ႔ပဲ အဆုံးသတ္ေစခဲ့တဲ့ တြစ္တာက ပို႔စ္ေတြေၾကာင့္ သတင္းေခါင္းစည္းေတြမွာ ေနရာယူနိုင္ခဲ့ပါတယ္။ ဘာတန္ရဲ့ ေလာကႀကီးကို အဆိုးျမင္ၿပီး ဂ်စ္ကန္ကန္ ရႈျမင္တတ္တဲ့အက်င့္က ေသရာပါသြားမယ့္ပုံပါပဲ။

၄။ ပီပီ

ရီးရဲလ္မက္ဒရစ္ေနာက္ခံလူေဟာင္းဟာ ဖဲသမားေတြထက္ေတာင္ ကတ္ေတြကို ပိုျမင္ဖူးတဲ့သူျဖစ္ၿပီး ဥေရာပမွာမဟုတ္ရင္ေတာင္ စပိန္မွာေတာ့ လူမုန္းအမ်ားဆုံးသူျဖစ္ပါတယ္။ ပီပီဟာ ၎ရဲ့ အဆင္အျခင္မဲ့ ဖ်က္ထုတ္မႈနဲ႔ အယ္လ္ကလက္စီကို ပြဲတစ္ပြဲမွာ မက္ဆီကို ပေရာ္ဖက္ရွင္နယ္မပီသတဲ့အျပဳအမူအခ်ိဳ႕ လုပ္ေဆာင္ခဲ့တဲ့အတြက္ ဘာစီလိုနာပရိသတ္ေတြအားလုံး အေသသတ္ခ်င္တဲ့သူျဖစ္ခဲ့ၿပီး ကမၻာ့ဖလားၿပိဳင္ပြဲမွာေတာင္ ေသာမတ္စ္ မူလာကို ျပင္းထန္လြန္းတဲ့ ဖ်က္ထုတ္မႈနဲ႔ အနီကတ္ ရယူၿပီး ဂ်ာမန္ပရိသတ္ေတြရဲ့ ေအာ့ႏွလုံးနာျခင္းကို ခံယူခဲ့သူျဖစ္ပါတယ္။ ေပၚတူဂီဝါရင့္ေနာက္ခံလူဟာ လက္ရွိ ေပၚတိုအသင္းအတြက္ ကစားေပးေနၿပီး မၾကာခဏ ေပၚတူဂီလိဂ္မွာ ျဖစ္ပြားေနတဲ့ ရန္ပြဲႀကီးေတြရဲ့ ဗဟိုခ်က္အျဖစ္ ပါဝင္ေနတာေၾကာင့္ ေသေတာင္ အခ်ိဳးျပင္မယ့္သူမ်ိဳးမဟုတ္ဘူးလို႔ ေျပာရင္ လြန္မယ္မထင္ပါဘူး။

၅။ ဇလာတန္ အီဘရာဟီမိုဗစ္

ဆြီဒင္ဝါရင့္တိုက္စစ္မႉးဟာ ကြင္းအတြင္းမွာ ေစာင့္ၾကည့္ရမယ့္ အလွတစ္ပါးျဖစ္ေပမယ့္ ၎ရဲ့စကားလုံးေတြက အလွဆုံးပန္းပြင့္ေတြထက္ေတာင္ ပိုလွတယ္လို႔ ဆိုနိုင္ပါတယ္။ အီဘရာဟီမိုဗစ္ရဲ့ ကိုယ္တိုင္ေရး အထၳဳပတၱိျဖစ္တဲ့ ‘I Am Zlatan Ibrahimovic’စာအုပ္မွာ ဆြီဒင္တိုက္စစ္မႉးရဲ့ ေမာက္မာမႈကို အျပည့္အဝျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။ အဲဒီစာအုပ္ထဲမွာ အာဆင္နယ္အသင္းနဲ႔ အစမ္းေလ့က်င့္ေရးမလုပ္ခ်င္လို႔ ျငင္းခဲ့တာ၊ ဘာစီလိုနာနည္းျပေဟာင္း ဂြါဒီယိုလာနဲ႔ ႏူးကမ့္မွာတုန္းက ရန္ျဖစ္ၿပီး အသင္းရဲ့ စည္းမ်ဥ္းစည္းကမ္းေတြကို ဂ႐ုမစိုက္တာ စတဲ့အရာေတြကို ထည့္သြင္းေရးသားထားတာျဖစ္ပါတယ္။ ေအစီမီလန္ဝါရင့္တိုက္စစ္မႉးႀကီးဟာ အနိုင္က်င့္တတ္သူအျဖစ္လည္း စြပ္စြဲခံခဲ့ရၿပီး ပီအက္စ္ဂ်ီဒါရိုက္တာ လီယိုနာဒိုကို ပြဲအတြင္းမွာ ေအာ္ဟစ္ေနခဲ့တာကိုလည္း ဗီဒီယိုရိုက္ကူးျခင္းခံခဲ့ရတာျဖစ္ပါတယ္။ ေဘာလုံးပရိသတ္ေတြဟာ အီဘရာဟီမိုဗစ္ရဲ့ ေဘာလုံးစြမ္းရည္နဲ႔ ေတာ္ကီႂကြယ္မႈေၾကာင့္ ႏွစ္သက္ၾကၿပီး အခုထက္ပိုၿပီး လူသားဆန္လာရင္ ပိုလို႔ေတာင္ ခ်စ္ခင္ၾကဦးမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.